backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ကဘာလဲ။

သိုင်းရွိုက်ဂလင်းက လိုတာထက် ပိုအလုပ်လုပ်နေမယ် ဆိုရင် သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ နာမကျန်းမှု ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းနောက်ကျောမှာ ရှိနေပြီး ခန္ဓါကိုယ် အတွင်း လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ သွေးထဲ ကယ်လ်ဆီယမ် အချိုးအစားကို စောင့်ကြည့်တာ၊ ဇီဝဓါတု ဖြစ်စဉ်ကို တိုးတက်စေတာ၊ နှလုံးကို အလုပ်လုပ်စေတာ၊ အာရုံကြောစနစ် နဲ့ ကိုယ်အပူချိန်ကို ပုံမှန် ဖြစ်စေတာ စသဖြင့် ပါဝင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းတွေက အရမ်းများနေမယ် ဆိုရင်တော့ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ဖြစ်လာနိုင်ပါတယ်။

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒါက ဖြစ်နေကျ ရောဂါဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၃ ဆ လောက် ပိုဖြစ်ပါတယ်။ အန္တရာယ်ဖြစ် တတ်တဲ့ အချက်တွေ ကို လျှော့ချခြင်း အားဖြင့် အူကျဖို့ အခွင့်အလမ်းများတာ ကို ရှောင်နိုင်ပါတယ်။ ထပ်သိချင်တယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

စိတ်လှုပ်ရှားတာ၊ ချွေးပြန်တာ၊ မောပန်းလွယ်တာ နဲ့ နှလုံးခုန်နှုန်း မြန်တာ၊ နှလုံးခုန်နှုန်းမူမမှန်တာတွေ ပါဝင်ပါတယ်။ တခြား လက္ခဏာတွေကတော့ မျက်လုံးထဲ နေမထိထိုင်မသာ ဖြစ်တာ၊ ကိုယ်အလေးချိန်ကျဆင်းတာ၊ အပူဒဏ်မခံနိုင်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာစသဖြင့် ဖြစ်ပါတယ်။ ဂရေ့ဗ် ရောဂါ ရှင်တွေ မှာဆိုရင် သိုင်းရွိုက်ဂလင်းဟာ အလွန်ကြီးမားနေပြီး မျက်လုံးတွေဟာလည်း ပြူးထွက်နေမှာ ဖြစ်ပါတယ်။

အပေါ်မှာ မပါတဲ့ တခြား ရောဂါ လက္ခဏာတွေလည်း ရှိပါတယ်။ ရောဂါ လက္ခဏာတွေ နဲ့ ပတ်သက်ပြီး စိတ်ပူစရာ ရှိနေမယ် ဆိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အဖြေမရှာနိုင်တဲ့ ကိုယ်အလေးချိန်ကျဆင်းမှု၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း၊ ပုံမှန်မဟုတ်ပဲ ချွေးထွက်ခြင်း၊ လည်ပင်းအောက်ပိုင်း မှာ ရောင်ရမ်းနေခြင်း ဒါမှမဟုတ် သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ ရောဂါ နဲ့ သက်ဆိုင်တဲ့ တခြား လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန် ပြပါ။ ဘာတွေပြောင်းလဲနေတယ် ဆိုတာ ကို သေချာပြောပြဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ ရောဂါ လက္ခဏာတွေက တခြား နာမကျန်းမှုတွေ နဲ့ လည်း ဆက်စပ်နိုင်လို့ ဖြစ်ပါတယ်။ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ ရောဂါကို ကုသတော့မယ်၊ ကုသနေဆဲ ကာလ ဖြစ်တယ် ဆိုရင် ဆရာဝန်နဲ့ ပုံမှန်တွေ့ပြီး ပုံမှန် စစ်ဆေးမှုကို ခံယူကာ ညွှန်ကြားချက်တွေကို နားထောင်ဖို့ လိုပါတယ်။

အကြောင်းရင်းများ

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တွေ့ရအများဆုံး ဖြစ်ပွားရခြင်း အကြောင်းရင်းကတော့ ဂရေ့ဗ် ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် ဖြစ်နိုင်ချေဟာ ၈၀ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်း အထိရှိပါတယ်။ တခြား အတွေ့ရနည်းတဲ့ အကြောင်းရင်းတွေထဲမှာ သိုင်းရွိုက်ရောင်ရမ်းတာ၊ ဂလင်းအကျိတ် အဆိပ်သင့်တာ နဲ့ သိုင်းရွိုက် ဆေးတွေ အလွန်မှီဝဲတာမျိုးတွေ ပါဝင်ပါတယ်။ ဂလင်းအကျိတ်ဆိုတာ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးတဲ့ အကျိတ် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်ပွားရတဲ့ အကြောင်းကို မသိနိုင်ပါဘူး။ နာမကျန်းမှုဟာ တစ်မိသားစုထဲ ဖြစ်နေပေမယ့် ကူးစက်ခံရတာတော့ မဟုတ်ပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း၊ ဂရေ့ဗ်ရောဂါ ဟာ တစ်မိသားစုထဲမှာ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ မိသားစုဝင် တခြားတစ်ယောက်မှာ သိုင်းရွိုက်ရောဂါ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သိုင်းရွိုက်မူမမှန်တာတွေ ကို စောင့်ကြည့်ဖို့ အကြံဉာဏ် ရယူပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ ဆေးကုသမှု မှတ်တမ်း၊ ပြင်ပန်းသဏ္ဍန် ၊ သွေးအတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏကို စစ်ဆေးတဲ့ သွေးစစ်ချက်တွေကို ကြည့်ပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ခန္ဓါကိုယ်ထဲက သိုင်းရွိုက် ဟော်မုန်းပမာဏကို လျော့စေခြင်းအား ဖြင့် ရောဂါကို ကုသပေးနိုင်ပါတယ်။ ဆေးဝါးတွေ၊ ဓါတ်ရောင်ခြည်ကုထုံး ဒါမှမဟုတ် ခွဲစိတ်ပြီး ဟော်မုန်းပမာဏကို လျှော့ချနိုင်ပါတယ်။

  • လအနည်းငယ်ကြာအောင်၊ ဒါမှမဟုတ် နှစ် အနည်းငယ်ကြာအောင် ဆေးသောက်ရပါမယ်။ သိုင်းရွိုက် ဟော်မုန်းထုတ် လုပ်မှုကို လျှော့ချပေးမယ့် propylthiouracil (PTU) နဲ့ methimazole တို့ ပါဝင်တဲ့ ဆေးဝါးတွေ ပါဝင်ပါလိမ့်မယ်။ အဓိက ကုသမှု အဖြစ်ဆေးပဲ သောက်နေနိုင်သလို တခြားကုထုံးတွေနဲ့ တွဲပြီးတော့လည်း ကုသမှု ခံယူနိုင်ပါတယ်။
  • ဓါတ်ရောင်ခြည်သင့် အိုင်အိုဒင်းကို သုံးပြီး သိုင်းရွိုက်ကို ဖျက်ဆီးနိုင်ပါတယ်။ အသက် ၂၁ နှစ်ထက် ကြီးသူတွေအတွက် အကောင်းဆုံး ဖြစ်ပြီး ဆေးနဲ့ ရောဂါမထိန်းနိုင်တဲ့ ငယ်ရွယ်သူတွေအတွက်လည်း သင့်တော်ပါတယ်။
  • ကြီးမားတဲ့ သိုင်းရွိုက်ဂလင်းက လည်ပင်းမှာ ရှိနေတဲ့ အခါ ခွဲစိတ် နိုင်ပါတယ်။ ဓါတ်ရောင်ခြည်သင့် အိုင်အိုဒင်းကို အသုံးမပြုလိုတဲ့ သူတွေကလည်း ခွဲစိတ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့လည်း ခွဲစိတ်ဖို့ လိုအပ်ပါလိမ့်မယ်။

နေထိုင်မှုပုံစံ နှင့် အိမ်တွင်းကုထုံးများ

သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ရောဂါကို ကုသဖို့ နေထိုင်မှု ပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေကို ဖော်ပြပါ။

အောက်ပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်း ကုထုံးတွေက ရောဂါကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။

  • ဂရှေ့ဗ်ရောဂါကြောင့် ဖြစ်ပေါ်တဲ့ မျက်လုံးဝေဒနာတွေ ရှိနေရင် မျက်လုံးကို ကာကွယ်ပါ။ နေကာမျက်မှန်နဲ့ မျက်စဉ်းခတ်ဆေးတွေ သုံးပြီး ညဖက်ကို မျက်လုံးကာ သုံးပါ။
  • ဓါတ်ရောင်ခြည်သင့်အိုင်အိုဒင်းကို ကိုယ်ဝန်ဆောင်များ မသုံးသင့်ပါ။ ကလေးငယ်ဟာ မဖွံ့ဖြိုးတဲ့ သိုင်းရွိုက် နာမကျန်းဖြစ်မှုကို ခံစားရပါလိမ့်မယ်။
  • ပြီးမြောက်တဲ့ ကုသမှုအတွက် တစ်သက်တာလုံး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကုသပြီးတဲ့နောက် သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်လုပ်သလား၊ ရောဂါ ထပ်ဖြစ်နိုင်ခြေရှိသေးလား ဆိုတာကို ဆရာဝန်က စစ်ဆေးပေးပါလိမ်မယ်။
  • ရင်တုန်ခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းခြင်း၊ ဝမ်းပျက်ဝမ်းလျှော နဲ့ တုန်ခြင်းတွေ ဖြစ်လာမယ် ဆိုရင် ဆရာဝန်ပြပါ။
  • စိတ်မထိန်းနိုင်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ဂဏာမငြိမ်တာတွေ ဖြစ်လာရင်လည်း ဆရာဝန်ပြပါ။
  • နာမကျန်းမှုကို မထိန်းချုပ်နိုင်သရွေ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ပါနဲ့။
  • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သေက်ခြင်းက မျက်လုံးကို ပိုဆိုးစေပါတယ်။
  • ခွဲစိတ်ကုသခြင်းကြောင့် အသံကြိုးတွေ မူမမှန်တာ၊ သိုင်းရွိုက်က သိပ်အလုပ်မလုပ်တော့တာနဲ့ ကယ်လ်ဆီယမ်ဓါတ် ပြဿနာတွေ ရှိလာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းတွေကို ဖယ်ထုတ် လိုက်ရင် ကယ်လ်ဆီယမ်ဓါတ် ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။

သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ရောဂါရှင် ၁၀% ကနေ ၁၅% လောက်ဟာ ခွဲစိတ်ကုသမှု ခံယူရလေ့ရှိပါတယ်။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement