အပေါ်မှာလည်းပြောခဲ့ပြီးပါပြီ။ လည်ချောင်းနာရတာက ဗိုင်းရပ်စ်ကြောင့်ဆိုတာကိုပါ။ ဒီတော့ လည်ချောင်းနာတဲ့ ဘက်တီးရီးယားတွေကို နှိမ်နှင်းပေးမယ့် ပါဝင်ပစ္စည်းတွေကို သိရင်ကိုဆေးဝယ်ဖို့က အဆင်ပြေပါပြီ။ ဒီတော့ လည်ချောင်းနာသက်သာစေဖို့ ဒါလေးတွေသတိထားပေးပါ။
ပရုပ်အေး – ပူရှိန်းရှိန်းခံစားမှုနဲ့အတူ လည်ချောင်းထဲက တစ်ရှုးတွေကို ထုံသွားစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးကင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
ယူကလစ်ဆီ – အသက်ရှုလမ်းကြောင်းနဲ့လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝပစ္စည်းတစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓါတ်မတည့်မှုပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်းကောင်းစေပြီးရောဂါပိုးတွေ ကူးစက်ခံရမှုကလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ပျားရည် – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လည်ချောင်းနာကိုတင် သက်သာစေမှာမဟုတ်ဘဲ ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ ၁ နှစ်အောက်ဘေဘီလေးတွေနဲ့တော့ မသင့်တော်ပါဘူး။
သံပုရာသီး – ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။
သံပရိုသီး – အချဉ်ဓါတ် ပါတာကြောင့် ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝတယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ခံတွင်းရှင်းစေပြီး အသက်ရှုစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။
ကဲ…ရာသီဥတု အခြေအနေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ အရာတွေနဲ့ ရောပါလာတဲ့ ဘက်တီးရီးယားတွေကြောင့် လည်ချောင်းနာနေပြီဆိုရင် အကြာကြီးမခံစားနဲ့တော့နော်။ မြန်မြန်သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ရွေးချယ်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။