backup og meta

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ အကြောင်း သိပြီးပြီလား! အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းက ခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲက နာသလိုတွေ ဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာတွေတောင် ဖြစ်တတ်ပါသေးတယ်။

    ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့ နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာ ပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။

    မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    လည်ချောင်းနာ တာကို ဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမက ဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –

    လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကြောင့်တစ်နေ့တာအလုပ်တွေအနှောင့်အယှက်မဖြစ်ချင်ဘူးဆိုရင်တော့

    လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံး တံထွေးမျိုချရင်တောင်တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် တစ်နေ့တာမှာ ထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။

    • ပြည့်ပြည့်ဝဝအနားယူပေးပါ – အိပ်ရေးဝဝအိပ်စက်တာမျိုးလုပ်ပေးပါ။ဖြစ်နိုင်ရင် အလုပ်တွေခဏဖယ်ထားပြီးအေးအေးဆေးဆေးနားလိုက်ပါ။
    • အရည်များများသောက်ပါသောက်ရေ၊ စွပ်ပြုတ်ကစလို့ သစ်သီးဖျော်ရည်အဆုံး ခန္ဓါကိုယ်အတွက်ရေဓါတ်ြဖည့်ပေးနိုင်မယ့် အရည်တွေသောက်သုံးပေးပါ။ ဒါပေမယ့် သကြားများတာတွေ၊ ကော်ဖီနဲ့ အရက်ဘီယာတို့ကတော့ အဆင်မပြေပါဘူး။
    • ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – ပတ်ဝန်းကျင်က မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့အတွက် ကိုယ်နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။
    • အစိုဓါတ်ထိန်းစက်ဖွင့်ထားပါ – ကိုယ်ရှိနေတဲ့ အခန်းထဲမှာ အစိုဓါတ်ရှိနေစေဖို့ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးလုပ်ပေးပါ။
    • ရေနွေးနဲ့အာလုပ်ကျင်းပါ – လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက်ရေနွေးခပ်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးပါ။
    • ဆားရည်နဲ့အာလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပေါ့။ရေနွေးထဲမှာ ဆားထည့်ပြီး ပလုပ်ကျင်းပေးရုံပါ။
    • ဆေးလိပ်ငွေ့လိုမျိုး ဓါတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကိုရှောင်ပါ – လည်ချောင်းနာ နေချိန်မှာဆေးလိပ်လုံးဝမသောက်ပါနဲ့။ တဆင့်ခံဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှရှောင်ပါ။
    • ငုံဆေးငုံပါ – လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်းရပါတယ်။
    • ပျားရည်စားပေးပါ – သဘာဝဆေးဖက်ဝင်ဖြစ်တဲ့ ပျားရည်စစ်စစ်ကိုသောက်ပေးမယ်ဆိုရင်လည်း လည်ချောင်းနာတာကို သက်သာစေမှာပါ။
    • ကြက်သွန်ဖြူစားသုံးပေးပါ ကြက်သွန်ဖြူများများထည့်ထားတဲ့ ဟင်းခါးသောက်တာမျိုးလုပ်ပေးရင်လည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
    • ပဲနံ့သာစေ့စားသုံးပေးပါ -ရေနွေးထဲကို သန့်စင်နေအောင်ဆေးကြောထားတဲ့ ပဲနံ့သာစေ့ထည့်ပြီးသောက်သုံးပေးလို့ရပါတယ်။

    လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်မလဲ…..

    • အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။
    • ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
    • တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • အာဟာရြပည့်ဝမျှတအောင်စားသုံးပေးပါ။
    • အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
    • ဓါတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
    • ဆေးလိပ် နဲ့ အရက်ကိုတတ်နိုင်သမျှရှောင်ပါ။

    အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာ တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement