နား၊ နှာခေါင်း၊ လည်ချောင်း

ဘဝကြီးမှာ နေပျော်ဖို့၊ အရာရာကို ထိတွေ့ခံစားနိုင်ဖို့ ကျွန်တော်တို့ရဲ့ နား၊ နှာခေါင်းနဲ့ လည်ချောင်းတွေ ကျန်းမာနေဖို့ လိုပါတယ်။ ဒီစာမျက်နှာမှာ သူတို့ကို ကျန်းမာနေစေဖို့ နည်းလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နား၊ နှာခေါင်း၊ လည်ချောင်း

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ  ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာတာက အဖြစ်များလား! လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။  အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ အာသီးရောင်တာ ဆေးလိပ်သောက်တာ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ […]

နား၊ နှာခေါင်း၊ လည်ချောင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နား၊ နှာခေါင်း၊ လည်ချောင်း ကို ရှာဖွေမည်။

နားပြဿနာများ

သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ

နားအူ တယ်ဆိုတာ နားထဲမှာ အသံစူးစူးတွေကို ကြားနေရတာပဲ ဖြစ်ပါတယ်။ ပြင်ပအသံမရှိဘဲ အလိုလို ကြားနေရတာပါ။ နားတစ်ဖက် ဒါမှမဟုတ် ၂ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။ နားအူတာက အဖြစ်များပါတယ်။ အထူးသဖြင့် လူကြီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အခုတစ်ခေါက်တော့ သတိထားနိုင်စေဖို့ သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ ကို ပြောပြပေးချင်ပါတယ်။ နားအူခြင်းရဲ့ လက္ခဏာများ နားအူတယ်ဆိုတာ နားထဲမှာ -ခြင်အော်သလို တဝီဝီ -လှိုဏ်သံ -နာရီလက်တံလို တချက်ချက်အသံ -အသံစူးစူး -ညည်းသံ စတဲ့ အသံမျိုးစုံကြားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီအသံတွေက တိုးတိုးနဲ့ ထွက်နေတတ်ပါတယ်။ တချို့တွေမှာတော့ အလုပ်လုပ်လို့မရအောင် အူနေတာမျိုး ရှိနိုင်ပါတယ်။ ဆက်တိုက်ကြားနေရတာ ဖြစ်နိုင်သလို ဖြစ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး  နှလုံးခုန်တာကို လိုက်ပြီး နားအူတာဖြစ်တတ်ပါတယ်။ နှလုံးက ဒုတ်လို့ ခုန်လိုက်တိုင်းမှာ နားထဲကနေ လေထွက်သလို ရှူးခနဲဖြစ်သွားတာ၊ နားထဲမှာပါ တဒုတ်ဒုတ် လိုက်မြည်တာမျိုးပါ။ သင့်ကို […]


နားပြဿနာများ

နားစည်ပေါက် တိုင်း နားကန်းသလား။

ကလေးကို နားရင်းမအုပ်နဲ့၊ နားစည်ပေါက် ပြီး ကန်းသွားတတ်တယ်။ နားထဲကို ဇွတ်မကလော်နဲ့။ နားစည်ပေါက်ပြီး ကန်းသွားမယ် စသဖြင့် လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ နားစည်ပေါက်တိုင်း နားကန်းနိုင်သလား။ ကုမရဘူးလား။ တကယ်ဘဲ မျက်စိအဆုံး၊ နားအရှုံး ဖြစ်တော့မှာလား။ ဒါတွေ မပြောခင် ဘာလုပ်ရင် နားစည်ပေါက်နိုင်လဲ ဆိုတာက စရအောင်။ နားစည်ပေါက် နိုင်တဲ့ အကြောင်းရင်းတွေက နားပိုးဝင်တာ - အထူးသဖြင့် နားအလယ်ပိုင်းမှာ ပိုးဝင်ပြီး အရည်တွေ စုလာတဲ့အခါ အရည်တွေရဲ့ ဖိအားကြောင့် နားစည်ပေါက်တတ်ပါတယ်။ လေဖိအား ပြင်းပြင်း ခံရတာ - နားထဲက ဖိအားနဲ့ ပြင်ပက ဖိအားနဲ့ ကွာခြားလွန်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဖိအားများတဲ့အခါ နားစည်ပေါက်တတ်ပါတယ်။ ဥပမာ ပြောရရင် ရေငုပ်တာ၊ နားကို တိုက်ရိုက် ထိခိုက်မိတာ […]


နားပြဿနာများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးဝါးတွေကို ရောဂါကုသဖို့ သုံးတယ်ဆိုပေမယ့် တစ်ခါတလေမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီထဲမှာ Ototoxicityလို့ ခေါ်တဲ့ နားထိခိုက်တာလည်း ပါဝင်ပါတယ်။ Ototoxicity မှာ အကြားအာရုံ ထိခိုက်တာ၊ နားအူတာ၊ ဟန်ချက်မထိန်းနိုင်ဘဲ မူးနေတာ  စတာတွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ ဆေးအမျိုးပေါင်း ၂၀၀ လောက်က အကြားအာရုံ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ တချို့ဆေးတွေက ယာယီပဲ ထိခိုက်ပြီး တချို့ဆေးတွေကတော့ တစ်သက်လုံး ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်နိုင်ပါတယ်။ သင့်ရဲ့ အကြားအာရုံကို ထိခိုက်စေတဲ့ ဆေးဝါးများ အကြားအာရုံထိခိုက်စေတဲ့ ဆေးအမျိုးအစား အများကြီးထဲမှာ အသုံးများတဲ့ ဆေးတွေကတော့ Aminoglycoside  ဒီဆေးတွေထဲမှာ streptomycin, gentamicin, amikacin စသဖြင့် “mycin” or “cin” တို့နဲ့ ဆုံးတဲ့ ဆေးတွေ ပါပါတယ်။ ပိုးသတ်ဆေး […]


လည်ချောင်းပြဿနာများ

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ပြီ ဟစ်ပြီဟေ့ဆိုရင် လည်ချောင်းနာ မယ်၊ အသံဝင်မယ်၊ ချောင်းဆိုးမယ် စတာတွေက ခံစားရနိုင်တဲ့ ဝေဒနာတွေပါပဲ။ ဒါတွေက တစ်ရက် နှစ်ရက်နဲ့ ပျောက်တာ မဟုတ်တော့ အော်ကလည်း အော်ချင် နာကလည်းနာဆို ဒုက္ခများပါတယ်။ ဒါဆိုရင် ဒီဝေဒနာတွေကို အမြန်သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းလေးများ မရှိဘူးလား။ ဒီဆောင်းပါးမှာတော့ လည်ချောင်းနာတာ သက်သာအောင် လုပ်နိုင်မယ့် အလွယ်နည်းလေးတွေ၊ လည်ချောင်းနာနေချိန်မှာ စားရ၊ မစားရမယ့် အစားအစာတွေကို ပြောပြပေးပါ့မယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ ဆေးဝါးမလိုဘဲ လည်ချောင်းနာ အမြန်သက်သာစေမယ့် နည်းလမ်းများ ရေနွေးနွေးတွေ၊ ရေအေးအေးတွေ အလွယ်တကူရနိုင်တဲ့ ရေနွေးဖြူဖြစ်ဖြစ်၊ ရေနွေးကြမ်းဖြစ်ဖြစ် အာစွတ်ရုံနဲ့ ခဏခဏ သောက်ပေးပါ။ ဒါမှမဟုတ် ရေအေးအေး (ရေခဲရည်မဟုတ်)၊ သစ်သီးဖျော်ရည် အေးအေးလေးတွေ သောက်နိုင်ပါတယ်။ ဒီအရည်တွေက လည်ချောင်းမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ […]


လည်ချောင်းပြဿနာများ

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ အသံတွေ ဝင်နေတယ်၊ အသံတွေ နာနေတယ်ဆို တော်သေး။ ဒီထက်ပိုဆိုးပြီး လည်ချောင်းကွဲ သွေးစတွေပါလာပြီဆိုရင် စိုးရိမ်လာကြပါပြီ။ ကဲ ဘယ်လိုဖြေရှင်းကြမလဲ။ ဒါအရေးပေါ်အခြေအနေလား။ လည်ချောင်းကွဲ ရတဲ့ အကြောင်းရင်း လည်ချောင်းကွဲတယ်ဆိုပေမယ့် အများထင်ထားသလို လည်ချောင်းကြီး ကွဲထွက်သွားတာ မဟုတ်ပါဘူး။ အော်လွန်းလို့ ဖိအားတွေ များပြီး လည်ချောင်းထဲက သွေးကြောလေးတွေ ပေါက်ကုန်တာပါ။ အော်တဲ့အခါ ရှိုက်ရှူတဲ့ လေကြောင့် လည်ချောင်းခြောက်သွေ့ပြီး သွေးကြောလေးတွေ ပိုပေါက်လွယ်ပါတယ်။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။ အသံကို အားပြင်းပြင်းသုံးပြီး ကြာကြာအော်တဲ့သူ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နဂိုတည်းက ချောင်းဆိုးနေတဲ့သူတွေ ဆေးလိပ်သောက်တဲ့သူတွေ ညစ်ညမ်းတဲ့ လေထုကို ရှူရတဲ့သူတွေ ပတ်ဝန်းကျင်မှာ မီးခိုးငွေ့တွေ၊ အမှုန်အမွှားတွေ ရှိရင် လည်ချောင်းပိုခြောက်ပြီး ကွဲလွယ်ပါတယ်။ လည်ချောင်းကွဲ တာရဲ့ လက္ခဏာတွေက အကောင်းကြီးကနေ လည်ချောင်းတန်းကွဲတာထက် ရှေ့မှာ ရှေ့ပြေးလက္ခဏာလေးတွေ ပြပြီးမှ […]


နှာခေါင်းပြဿနာများ

ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ လျော့နည်းအောင်

ဆောင်းတွင်းမှာ  နှာခေါင်းသွေးထွက် တဲ့ ပြဿနာက အဖြစ်များပါတယ်။ နှာခေါင်းက သိသိသာသာ သွေးမထွက်သည့်တိုင် နှာခေါင်းကလော်လိုက်ရင် အရင်ကနဲ့ မတူဘဲ သွေးစလေးတွေ ပါလာတာကို သတိထားမိမှာပါ။ ဆောင်းတွင်းမှာ ဘာလို့ နှာခေါင်းသွေးထွက်ဖို့ လွယ်တာလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ပြောပြပေးပါ့မယ်။ ဆောင်းတွင်းမှာ ဘာကြောင့် နှာခေါင်းသွေးထွက် လွယ်ရတာလဲ။  နှာခေါင်းထဲက သွေးကြောလေးတွေက သာမန်အချိန်မှာလည်း သိပ်ပြီး ထိခိုက်ခံတဲ့အမျိုးအစား မဟုတ်ပါဘူး။ ဒါ့ပြင် ပြင်ပမျက်နှာပြင်နဲ့လည်း နီးနေတဲ့အခါကျတော့ ထိမိခိုက်မိဖို့ ပိုလွယ်ကူပါတယ်။ ဒါကြောင့် နှာခေါင်းသွေးထွက်ဖို့ဆိုတာ အင်မတန်မှ လွယ်ပါတယ်။ ဆောင်းတွင်းမှာ သွေးပိုထွက်ရတဲ့ အကြောင်းရင်းကတော့ ရှူတဲ့လေ ခြောက်လို့ အေးပြီး ခြောက်သွေ့တဲ့ လေကို ရှူရတဲ့ အခါကျတော့ နှာခေါင်းအတွင်းသားတွေပါ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နှာခေါင်းယားပြီး အတွင်းထဲကို ကုတ်မိ၊ နှိုက်မိရင် သွေးကြောလေးတွေ  ထိလို့ […]


နားပြဿနာများ

အဖြစ်များတဲ့ နားပြဿနာ များ

မျက်စိအဆုံး နားအရှုံးလို့ ဆိုကြသလိုပဲ အသံတွေ မကြားရတာဟာ လူ့ဘဝမှာ အရှုံးတစ်ခုပဲမို့လို့ နားကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ နားဆိုတဲ့ အစိတ်အပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ဒီနားသေးသေးလေးတွေကနေ အသံပေါင်းစုံကို ကြားပြီး မှတ်မိနေတာက အံ့သြဖွယ်ရာပါ။ အသံတွေဘယ်လိုကြားနေရတာလဲ။ အဖြစ်များတဲ့ နားပြဿနာ တွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ အသံကြားရပုံ အသံကြားဖို့ဆိုရင် နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု ထွက်လာပြီဆိုရင် အသံလှိုင်း တုန်ခါမှုတွေက external auditory canalလို့ ခေါ်တဲ့ နားအပြင်ဘက် ပြွန်ကနေ ဝင်လာပြီး နားစည်ကို ရိုက်ခတ်ပါတယ်။ ဒီအခါမှာ နားစည်ပါ လိုက်တုန်ပြီး ဒီတုန်ခါမှုတွေက နားအလယ်ပိုင်းက အရိုးသေးသေးလေးတွေဆီကို ရောက်သွားပါတယ်။ အရိုးသေးသေးလေးတွေက အသံကို ချိန်ညှိပြီး လှိုင်းတွေကို နားအတွင်းပိုင်းက အရည်တွေနဲ့ ပြည့်နေတဲ့ cochleaလို့ ခေါ်တဲ့ နေရာကို သယ်သွားပါတယ်။ နားအတွင်းပိုင်းကို […]


နှာခေါင်းပြဿနာများ

နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။

နား၊ နှာခေါင်း ၊ လည်ချောင်းရောဂါတွေထဲမှာ နှာခေါင်းမှာလည်း ရောဂါပေါင်းစုံဖြစ်တတ်ပါတယ်။ သာမန်အနံ့ပျောက်ရာကစလို့ နှာခေါင်းအသားပို၊ ကင်ဆာတွေအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ နှာခေါင်းရောဂါတွေရဲ့ လက္ခဏာတွေက သာမန်လက္ခဏာတွေပဲ ဖြစ်တာကြောင့် ရောဂါတစ်ခုရယ်လို့ သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကိုတော့ သိထားဖို့လိုပါတယ်။ ဒါမှစောစောစီးစီး ကုသမှု ခံယူနိုင်မှာပါ။ နှာခေါင်း ကနေ အနံ့တွေ ဘယ်လိုရတာလဲ။ အနံ့ရနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။ -နှာခေါင်းကနေရှူပြီးရတဲ့ အနံ့ရယ် -ပါးစပ်ထဲကနေ ဆန်တက်လာတဲ့ အနံ့ရယ်ဆိုပြီးတော့ ရှိပါတယ်။ ( ပါးစပ်ကနေ တစ်ခုခုကို ဝါးလိုက်ရင် အရသာတင် ရတာမဟုတ်ပါဘူး။ အနံ့လည်း ရပါတယ်။ ဒါကြောင့် အနံ့အရသာနဲ့ ပြည့်စုံတယ်လို့ ပြောကြတာပါ။ ဒါ့ပြင် အနံ့မရတဲ့သူက အရသာပါ မရတော့ဘူးဆိုပြီးလည်း ပြောတတ်ကြပါသေးတယ်။  ) နှာခေါင်း ကနေ အနံ့ဘယ်လိုရသလဲဆိုတာ ကြည့်ရအောင်။ ပန်းတစ်ပွင့်ကို ရှိုက်ရှူလိုက်တယ်ဆိုပါစို့။ […]


လည်ချောင်းပြဿနာများ

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း ဟာ ပြင်ပက ပစ္စည်းတွေ ဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကို ဝင်တဲ့ နေရာဖြစ်တဲ့အတွက် ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ပြင်ပပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ရောဂါပိုးမွှားတွေကိုလည်း ကြိုးစားပြီး တိုက်ထုတ်ရပါတယ်။ လည်ချောင်းမှာ ခံစားရတာတွေက လက္ခဏာသက်သက်သာ ဖြစ်ပြီး သူ့နောက်ကွယ်မှာ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ လည်ချောင်းနာတာ လူတိုင်း လည်ချောင်းနာဖူးပါတယ်။ လည်ချောင်းနာတာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သိပ်မပြင်းထန်ပါဘူး။ ဘက်တီးရီးယားကြောင့်လည်း နာနိုင်ပြီး လေးဖက်နာပိုးက အဖြစ်အများဆုံးပါပဲ။ တခြားအကြောင်းရင်းတွေကတော့ ဓာတ်မတည့်တာ၊ လည်ချောင်းခြောက်တာ၊ စားချဉ့်ပြန်ရောဂါ၊ အကျိတ် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသံဝင်တာ လည်ချောင်း တွေနာပြီး အသံတွေအက်တာလည်း လူတိုင်း ဖြစ်ဖူးမှာပါပဲ။ အထူးသဖြင့် အအေးမိ ချောင်းတွေဆိုးပြီး အသံဝင်တာ ပိုဖြစ်တတ်ကြပါတယ်။ ဒါ့ပြင် အသံအသုံးများတာ (ဥပမာ […]


နား၊ နှာခေါင်း၊ လည်ချောင်း

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ

နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီ သွားရင်လေ မှန်ပြောင်းလေးတွေ၊ မီးလေးတွေ ထိုးကြည့်တာ မြင်ဖူးကြမှာပါ။ နားတို့၊ နှာခေါင်းတို့၊ လည်ချောင်းဆိုတာက လှိုဏ်ခေါင်းလိုပဲ အပြင်ကနေ အထဲကို ဝင်သွားတဲ့ အစိတ်အပိုင်းတွေမို့လို့ အသေးစိတ်မြင်ချင်တယ်ဆိုရင် ရိုးရိုးကြည့်လို့ မရပါဘူး။ မှန်ပြောင်းလေးတွေ၊ ဓာတ်မီးလေးတွေနဲ့ ထိုးကြည့်မှ သေသေချာချာ မြင်ရတာပါ။ ဒီတစ်ခေါက်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ အကြောင်း လေ့လာကြည့်ရအောင်နော်။ လူနာအနေနဲ့ကတော့ ဆရာဝန်ဆိုရင် နားကြပ်နဲ့ စမ်းတာလောက်ကိုပဲ ရင်းနှီးတာကြောင့် ဒီပစ္စည်းလေးတွေ ဘယ်လိုသုံးတာလဲ။ ဒါလေးတွေနဲ့ဆို ဘာတွေများ ပိုကောင်းသွားမှာလဲ။ ဒါတွေနဲ့ စမ်းသပ်ရင် နာမှာလား စတဲ့အကြောင်းလေးတွေကို ပြောပြပေးပါ့မယ်။ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ နား၊ နှာခေါင်း၊ လည်ချောင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်