backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ကဘာလဲ။

ခန္ဓါကိုယ်မှာရှိတဲ့ အသံကြိုးနှစ်ချောင်းကို အလွန်အကျွံ အသုံးပြုတဲ့အတွက် ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ထလာခြင်းကို အသံကြိုး အဖုထွက်ခြင်းလို့ခေါ်ပါတယ်။ အသံကြိုးကို ထပ်ကာထပ်ကာ အလွန်အကျွံ အသုံးပြုတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အသံကြိုးတစ်ချောင်းချင်းစီမှာ ခပ်ပျော့ပျော့ ခပ်ဖောင်းဖောင်းနေရာတွေ ဖြစ်ပေါ်လာတတ်ပြီး နောက်ပိုင်းမှာ Nodule လို့ခေါ်တဲ့ အသားမာတက်သလို အဖုမာမာတွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ အသံကြိုးကို အချိန်ကြာကြာ အလွန်အကျွံ သုံးလေလေ ဒီအဖုတွေ ပိုကြီးထွားလေလေ ပိုမာလေလေ ဖြစ်ပါတယ်။

Polyp လို့ခေါ်တဲ့ နောက်ထပ်အဖုတစ်မျိုးကတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအဖုတွေဟာလည်း အသံကြိုးကို အလွန်အကျွံ အသုံးပြုတဲ့အတွက် ရံဖန်ရံခါပေါ်လာတတ်ပြီး အသံကြိုးတစ်ချောင်းထဲမှာဖြစ်စေ၊ နှစ်ချောင်းလုံးမှာဖြစ်စေ ဖြစ်တတ်ပါတယ်။ အသားမာဖုပုံစံ၊ အညှာပါတဲ့ အဖုပုံစံ၊ အရည်ကြည်ဖုပုံစံ စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ ဖြစ်တတ်ပြီး Nodule ထက် အရွယ်အစားကြီးတာများပါတယ်။ ဒီအဖုတွေကို Polypoid degeneration၊ Reinke’s edema စတဲ့ အခြားအမည်တွေနဲ့လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။ Polyp နဲ့ Nodule ကို အလွယ်ဆုံးခွဲခြားနိုင်မယ့် နည်းလမ်းကတော့ Nodule ကို အသားမာဖုအဖြစ် မှတ်ယူပြီး Polyp ကို အရည်ကြည်ဖုအဖြစ် မှတ်ယူဖို့ပါပဲ။

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ အသားမာဖုတွေက ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်း တိတိကျကျ မသိရပေမယ့် အသံကြိုးအဖုတွေဟာ အသက် ၂၀နဲ့ ၅၀ကြား အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသံကြိုးအဖုထွက်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

အသံသြခြင်း

လေတိုးသံထွက်ခြင်း

အသံကြမ်းကြမ်းထွက်ခြင်း

တဂျစ်ဂျစ်မြည်သံလို အသံထွက်ခြင်း

ရှတတအသံထွက်ခြင်း

နားကိုက်ခြင်း

လည်ချောင်းထဲတစ်ဆို့နေသလို ခံစားရခြင်း

လည်ပင်းနာခြင်း

အမြင့်သံမထွက်နိုင်ခြင်း

အသံနာခြင်း၊ ခြေကုန်လက်ပန်းကျခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသားမာဖုတွေက အသံကြိုးကို အလွန်အကျွံအသုံးပြုခြင်း သို့မဟုတ် နည်းလမ်းမမှန်ဘဲ အသုံးပြုခြင်းကြောင့် ဖြစ်တတ်ပြီး အရည်ကြည်ဖုတွေကတော့ အသံကြိုးကို ကာလရှည်ကြာ အလွန်အကျွံအသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပေမယ့် ဂီတဖျော်ဖြေပွဲမှာ အော်ဟစ်သီဆိုရတာမျိုး တစ်ကြိမ်ထဲနဲ့ ဒဏ်ဖြစ်စေတဲ့ အပြုအမူတွေကြောင့် အများဆုံးဖြစ်လေ့ရှိပါတယ်။ ကာလရှည်ကြာ စီးကရက်သောက်သူ၊ သိုင်းရွိုက်ဟော်မုန်း အားနည်းတဲ့ရောဂါ၊ အစာအိမ်အချဉ်ပေါက် ရောဂါရှိသူတွေမှာလည်း အသံကြိုးအရည်ကြည်ဖု ထွက်တတ်ပါတယ်။ အသံကြိုးကို အလွန်အကျွံအသုံးပြုတဲ့ အခြေအနေတွေကတော့

ဓါတ်မတည့်ခြင်း

ဆေးလိပ်သောက်ခြင်း

ကြွက်သားတောင့်တင်းခြင်း

သီချင်းဆိုခြင်း

အော်ဟစ်ညွှန်ကြားရခြင်း

(မိမိအားကစားအသင်းကို) အော်ဟစ်အားပေးရခြင်း

စကားကျယ်ကျယ်ပြောခြင်း

လည်ချောင်းနှင့် အသံကြိုးကို ခြောက်သွေ့စေသည့် ကဖိန်းဓါတ်ပါသည့် အရည်အသောက်များခြင်း၊ အရက်သောက်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အကယ်၍သင်ဟာ နှစ်ပတ်၊ သုံးပတ်ထက်ပိုပြီး အသံသြနေတာကို ခံစားရမယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်တစ်ယောက်ယောက်နဲ့ ဆွေးနွေးသင့်ပါတယ်။ သင့်ရဲ့အသံနဲ့ပတ်သက်ပြီး အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုနိုင်ပါတယ်။

နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်ဆီမှာ အသံစစ်ဆေးခြင်း

ဘာသာစကားနဲ့ စကားပြောခြင်းဆိုင်ရာ ရောဂါအထူးကုဆီမှာ အသံစစ်ဆေးခြင်း

ဦးနှောက်နှင့်အာရုံကြော စမ်းသပ်စစ်ဆေးခြင်း

အထက်မှာဖော်ပြထားတဲ့ ကျွမ်းကျင်ပညာရှင်တွေက သင့်အသံရဲ့ အရည်အသွေး၊ အနိမ့်အမြင့်၊ ကျယ်လောင်မှု၊ ဆွဲငင်နိုင်မှုနဲ့ အခြားလက္ခဏာရပ်တွေကို စစ်ဆေးအကဲဖြတ်မှာဖြစ်ပါတယ်။ နှာခေါင်းသို့မဟုတ် ပါးစပ်ထဲ ဓါတ်မီးတပ်ဆင်ထားတဲ့ မှန်ပြောင်းထည့်ပြီး အသံကြိုးနဲ့ အသံအိုးတို့ရဲ့ ယေဘုယျလှုပ်ရှားမှုကို ကြည့်ရှုလေ့လာတဲ့ စစ်ဆေးမှုမျိုးလည်း ပြုလုပ်ရနိုင်ပါတယ်။

Vocal cord nodules and polyps (အသံကြိုး အဖုထွက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါကို ဆေးဝါး၊ ခွဲစိတ်မှုအပြင် အပြုအမူပြောင်းလဲခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။ အသံကြိုးအဖုဟာ အရွယ်အစားကြီးမယ်၊ ကာလရှည်ကြာရှိနေမယ်ဆိုမှသာ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။ ကလေးတွေမှာတော့ ဒီနည်းလမ်းကို အသုံးပြုလေ့မရှိပါဘူး။ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ အစာအိမ်အချဉ်ပေါက်ရောဂါ၊ ဓါတ်မတည့်ရောဂါ၊ သိုင်းရွိုက်ရောဂါတွေကိုလည်း ကုသဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့၊ စိတ်ဖိစီးမှုကို လျော့ချနိုင်ဖို့ ဆေးဝါးအကူအညီယူဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။

ဒီရောဂါရှိသူအများစုဟာ အပြုအမူဆိုင်ရာ ကုထုံး သို့မဟုတ် အသံကုထုံးခံယူဖို့ ဘာသာစကားနဲ့ စကားပြောခြင်းဆိုင်ရာ ရောဂါအထူးကုနဲ့ ဆွေးနွေးလေ့ရှိပါတယ်။ အသံကုထုံးဆိုတာကတော့ အသံကို ကောင်းမွန်စွာအသုံးပြုတတ်တဲ့ အလေ့အထတည်ဆောက်ဖို့၊ အသံအလွန်အကျွံအသုံးပြုခြင်းကို လျော့ချဖို့/ ရပ်တန့်ဖို့ နည်းလမ်းတွေ သင်ကြားပြသပေးခြင်းဖြစ်ပါတယ်။ အသံအနိမ့်အမြင့်၊ အတိုးအကျယ်ကို တိုက်ရိုက်ပြောင်းလဲကုသခြင်းနဲ့ အသံကောင်းမွန်စွာ ထွက်နိုင်အောင် အသက်ရှုလေ့ကျင့်ခန်းပြုလုပ်စေခြင်းတို့ ပါဝင်မှာဖြစ်ပြီး စိတ်ဖိစီးမှုလျော့ချနိုင်မယ့်နည်းလမ်းတွေ၊ ကိုယ်စိတ်ဖြေလျော့တဲ့ နည်းလမ်းတွေကိုလည်း သင်ကြားပြသပေးမှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသံကြိုးအဖုထွက်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement