backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း)


Dr.Nyan Linn မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကဘာလဲ။

မျက်နှာအကြောလိုက်ခြင်းဆိုသည်မှာ ထိန်းချုပ်မရပဲအလိုအလျောက် မျက်နှာရှိ ကြွက်သားများ တောင့်ခြင်း၊ ကျုံ့ခြင်းကိုဆိုလိုသည်။ဥပမာ နှာခေါင်းရှံု့နေခြင်း မျက်တောင်အလျင်အမြန်

ခက်နေခြင်းတို့ဖြစ်သည်။ အလိုအလျောက်ဖြစ်၍ထိန်းချုပ်မရသော်လည်း တခါတရံပြန်လည်

ထိန်းချုပ်နိုင်တတ်သည်။ မျက်နှာအကြောလိုက်ခြင်းမှာ ပြင်းထန်သောရောဂါတခုမဟုတ်ပါ။ ကလေးအများစုတွင် မွေးဖွားပြီး

လအနည်းငယ်အတွင်းထိ ထိုကဲ့သို့

ဖြစ်ပွားနိုင်ကြသည်။

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အကြောလိုက်ခြင်းသည် ကလေးဘဝတွင်သာဖြစ်နိုင်သော်လည်း အသက်ကြီးသည်အထိ

တခါတရံတွင်ဖြစ်လာနိုင်သည်။ ယောင်္ကျားလေးများတွင် မိန်းကလေးများထက် သုံးဆ၊လေးဆ

နီးပါးပိုအဖြစ်များသည်။ ကလေးအရေအတွက်၏ လေးပုံတပုံခန့်ပင် တခါတရံဖြစ်ပွားနိုင်သည်။

ဆရာဝန်နှင့် ထပ်မံသိရှိလိုပါက တိုင်ပင်ပြသရန်။

လက္ခဏာများ

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်နှာအကြောလိုက်ခြင်းသည် ထပ်ကာထပ်ကာထိန်းချုပ်မရသော မျက်နှာကျံှု့ခြင်း

များဖြစ်ပွားနိုင်သည်။

  • မျက်တောင်ခဏဏခက်ခြင်း
  • မျက်နှာတွန့်ရှံု့ခြင်း
  • ပါးစပ်ရွဲ့ခြင်း
  • အလိုအလျောက် နှာခေါင်းရှံု့နေခြင်း
  • မျက်စိစွေခြင်း
  • ချောင်းခဏဏဟန့်ရခြင်း စသည်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။

အထက်ပါလက္ခဏာရပ်များအပြင် ထပ်မံကျန်ရှိနိုင်သေးသည်။ စိုးရိမ်ရပါက

ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်နှာအကြောလိုက်ခြင်းမှာ ရောဂါပေါင်းမြောက်မြားစွာ၏ လက္ခဏာရပ်များတွင်ပါဝင်သည်။ ပြင်းထန်မှုနှင့်ဖြစ်ပွားမှု အကြိမ်ရေပေါ်လိုက်ပြီး မည်သည့်ရောဂါဖြစ်နေကြောင်းကိုခွဲခြားပေးနိုင်သည်။

ယာယီ အကြောလိုက်ခြင်း

ခဏတာ အကြောလိုက်ခြင်း သာဖြစ်သည်။ တစ်လလုံး နေ့တိုင်းလိုလို ဖြစ်ပွားနိုင်သော်လည်း တနှစ်ပတ်လုံးမဖြစ်ပွားပေ။ ကုသမှုမခံယူရပဲ အလိုအလျောက်ပျောက်ကင်းသွားတတ်သည်။ ကလေးများတွင်အဖြစ်များပြီး တောရက် ရောဂါစု၏ အပျော့စားရောဂါတခုဟု ယုံကြည်ယူဆရသည်။

ထိုကဲ့သို့ဖြစ်ပွားပါက ထိန်းချုပ်မရနိုင်သော လှုပ်ရှားမှု (သို့) အသံထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အဆိုပါအရာများတွင်

  • မျက်တောင်ခတ်ခြင်း
  • နှာခေါင်းရှံု့ခြင်း
  • မျက်ခုံးပင့်ခြင်း
  • ပါးစပ်ပွင့်ဟနေခြင်း
  • လျှာကိုက်မိခြင်း
  • လည်ချောင်းဟန့်ခြင်း
  • တအိအိအသံထွက်ခြင်း စသည်ဖြင့် ပါဝင်ပြီး အများအားဖြင့် ကုသရန်မလိုအပ်ပါ။
  • နာတာရှည်မျက်နှာအကြောလိုက်ခြင်းယာယီအကြောလိုက်ခြင်းထက် အဖြစ်နည်းသော်လည်း တောရက် ရောဂါစုထက်စာလျှင်ပိုအဖြစ်များလေ့ရှိသည်။ တစ်ခါအကြောလိုက်လျှင်သုံးလထက်ကြာရှည်

    ပြီး တစ်နှစ်ကျော်အထိ ပျောက်လိုက် ဖြစ်လိုက်ဖြစ်ပွားနေပါက နာတာရှည်အကြောလိုက်ခြင်းဟုသတ်မှတ်သည်။ လွန်ကဲစွာ မျက်တောင်ခက်ခြင်း၊မျက်နှာရှံူ့ခြင်း၊တွန့်ခြင်း တို့နှင့်ပတ်သတ်ပြီး အိပ်နေသော အချိန်များ

    တွင်လည်းဖြစ်ပွားနိုင်ပါသည်။

  • specific treatment will depend on the severity of the tics.နာတာရှည်အကြောလိုက်နေသောကလေးများတွင် အသက် 6 နှစ်နှင့်8 နှစ်ကြားဖြစ်ပါက ကုသရန်မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအသက်အရွယ်တွင် လက္ခဏာများသည်

    သက်သာအောင်လုပ်ပေးနိုင်ပြီး အလိုအလျောက်ပျောက်ကင်းသွားတတ်သောကြောင့်ဖြစ်

    သည်။ ထို အသက်အရွယ်ထက်ကျော်လာသောအခါ ဖြစ်ပွားပါက ကုသရန်လိုအပ်လာသည်။

    တိကျသောကုသမှုမှာ ပြင်းထန်မှုအပေါ်သာမူတည်သည်။

    တောရက်ရောဂါစု

    ကလေးဘဝတွင်ဖြစ်ပွားနိုင်ပြီး အများအားဖြင့် အသက် 7နှစ်အရွယ်တွင်ဖြစ်လေ့ရှိသည်။ ဖြစ်ပွားပါက ခေါင်း၊လက်မောင်းနှင့် မျက်နှာများတွင် ကြွက်သားများ တောင့်ခြင်း၊ကျုံ့ခြင်း များဖြစ်ပွားနိုင်သည်။ ပိုမိုဆိုးရွားလာပါက အခြားသောနေရာများအထိပါ တောင့်ခြင်း၊ ကျုံ့ခြင်းများ ပြန့်နှံ့ဖြစ်ပွားလာနိုင်သည်။ သို့သော် အသက်အရွယ်ကြီးလာသောအခါ ပြင်းထန်မှုလျော့ပါးသွားတတ်သည်။

    တောရက်ရောဂါစုတွင်

    • လက်မောင်းများတုန်ခါနေခြင်း
    • လျှာထွက်နေခြင်း
    • ပခုံး သည် ထန်းမရအောင် လှုပ်ခါနေခြင်း
    • မလျော်ညီသော ထိတွေ့ကိုင်တွယ်မှုများပြုလုပ်ခြင်း
    • ညစ်ညမ်းသောစကားလုံးများကို ပြောနေမိခြင်း
    • လူမြင်မကောင်းသော အမူအရာများကို ပြု လုပ်နေမိခြင်း စသည်ဖြင့် ပါဝင်သည်။

တောရက် ဟုသတ်မှတ်ရာတွင် ခန္ဓါကိုယ်၏မူမမှန်သော လှုပ်ရှားမှုများသာမက

အသံပေါင်းစုံထွက်ခြင်းလည်း ပါဝင်ရသည်။ ဆိုလိုသည်မှာ ကြို့ထိုးနေခြင်း၊အော်ဟစ်ခြင်း၊ချောင်းဟန့်ခြင်းတို့ဖြစ်သည်။ အချို့သောဝေဒနာရှင်

များကား ပြောပြီးသားစကားလုံးများကို ထပ်ခါထပ်ခါပြောနေမိတတ်သည်။ တောရက်အားကုသရာတွင် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲကျင့်ကြံနေထိုင်ခြင်းပါဝင်ပြီး တခါတရံတွင်ဆေးကုသမှုများလည်းပါဝင်လေ့ရှိသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ချေများစေသော အကြောင်းအရင်းများမှာ အဘယ်နည်း

များပြားလှသော အကြောင်းအရာများပါဝင်သည် ဥပမာ

  • အလုပ်ဖိစီးခြင်း
  • စိတ်လှုပ်ရှားခြင်း
  • မောပန်းနမ်းနွယ်ခြင်း
  • အပူရှိန်
  • အချို့သော အာရုံကြောအားသက်ရောက်စေသော ဆေးဝါးများ
  • အာရုံမစိုက်နိုင်သော ဂနာမငြိမ်သည့်ရောဂါများ
  • အစွဲအလမ်းကြောင့် စိတ်ကစဉ့်ကလျားဖြစ်ခြင်း စသည်ဖြင့်ပါဝင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်ပေါ်လာသော လက္ခဏာများအား ဆရာဝန်မှ မေးမြန်းခြင်းဖြင့် ရောဂါရှိကြောင်းသိရှိနိုင်သည်။ စိတ်ကျန်းမာရေးဆေးရုံထံသို့လည်း စိတ်ပိုင်းဆိုင်ရာစစ်ဆေးရန် လွှဲပြောင်းပေးနိုင်သည်။ ခန္ဓါကိုယ်ချို့ယွင်းမှုကြောင့် ဖြစ်ပွားသော

အကြောလိုက်မှုများကို စစ်ဆေးအတည်ပြုပေးရန်လိုအပ်သည်။ အခြားသောလက္ခဏာများရှိမရှိကိုလည်း ဆရာဝန်မှ သင့်တော်သော စစ်ဆေးမှုများပြုလုပ်ရန် မေးမြန်းနိုင်သည်။

ဦးနှောက် ရွေ့လျားဓါတ်မှန်ရိုက်ရန်လည်းလိုအပ်တတ်ပြီးထိုစစ်ဆေးမှုကား အတက်ရောဂါများကြောင့် ဤကဲ့သို့ဖြစ်ပွားမှုရှိမရှိကို သေချာစေခြင်းဖြစ်သည်။

နှလုံးကြွက်သားလျှပ်စစ်ဓါတ်မှန်လည်း ရိုက်ရန်လိုအပ်တတ်ပြီး ထိုစစ်ဆေးမှုကား

ကြွက်သားများတဆက်ဆက်တုန်ခြင်း တောင့်ခြင်းများကို ဖြစ်စေနိုင်သည့် ရောဂါများ

ရှိမရှိကို စစ်ဆေးရန်ဖြစ်ပါသည်။

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အများအားဖြင့် ဆေးကုသမှုသည်မလိုအပ်ပါ။ သို့သော် ထိုရောဂါရှိသော မိမိ၏ကလေးငယ်များကို ဆူပူမကြိမ်းမောင်းသင့်ပါ။ အကြောလိုက်ခြင်းများ ထ၍အစပျိုးနိုင်ခြင်း

ကြောင့်ဖြစ်သည်။ မိမိ၏ကလေးကို ရောဂါအကြောင်းသေချာနားလည်အောင်ရှင်းပြထားရန်လိုအပ်သည်။

ကလေးငယ်၏သူငယ်ချင်းများ ပတ်ဝန်းကျင်ရှိသူများကို ထိုကလေးမှ နားလည်အောင် ပြန်ရှင်းပြတတ်ရန်ဖြစ်သည်။ ကျောင်း၊အလုပ် နှင့် လူမူရေးများကို ထိခိုက်စေနိုင်တဲ့အထိဖြစ်ပေါ်လာပါက ဆေးကုသမှုခံယူရပါမည်။

ထိုကုသမှုများမှာ

  • စိတ်ဖိစီးမှုလျှော့ချခြင်းနည်းများ
  • စိတ်ပိုင်းဆိုင်ရာကုသဆွေးနွှေးခြင်းများ
  • အနေအထိုင်ပြောင်းလဲစေခြင်း
  • ဒိုပါမင်းပါသော ဆေးများအသုံးပြုခြင်း
  • နောက်ခံရောဂါများကို ကုသခြင်း
  • ဘိုကျူလီနမ် ထိုးဆေးပေး၍ မျက်နှာကြွက်သားများအား ယာယီပျော့ပြောင်းသွားအောင်လုပ်ခြင်း တို့ဖြစ်သည်။

လက်ရှိတွေ့ရှိချက်များအရ ဦးနှောက်အား လှံု့ဆော်ပေးခြင်းဖြင့် တောရက်ရောဂါအား ကုသရာတွင် အကူအညီဖြစ်ကြောင်းတွေ့ရှိရသည်။ဦးနှောက်အားလှံု့ဆော်ခြင်းဆိုသည်မှာ

ခွဲစိတ်ခြင်းတမျို းဖြစ်ပြီး ဦးနှောက်အတွင်းသို့ဝိုင်ယာကြိုးဖြင့်ချိတ်ထားသော

သေးငယ်သည့် ဓါတ်သတ္တုပြားလေးများ

ခေါ် အီလက်ထရုတ် ပြားလေးများ ကို ထည့်သွင်းကာ ကုသခြင်းဖြစ်သည်။ လျှပ်စစ်လှိုင်းလေးများအား လွှတ်၍ကုသခြင်းဖြင့်ဦးနှောက်ဆဲလ်လေးများ

တခုနှင့်တခုကြားဆက်သွယ်ဆောင်ရွက်မှုကို အားပေးသည်။ တောရက် ရောဂါစုအား ကုသရန်ကူညီပေးနိုင်သော်လည်း ပို၍တိကျသေချာသော လေ့လာမှုများလိုအပ်နေသေကြောင်းတွေ့ရှိရသည်။

လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ

အောက်ပါအနေအထိုင်အပြုအမူများက အထောက်အကူပြုနိုင်ပါသည်။

အများစုမှာ ကြိုတင်ကာကွယ်၍မရနိုင်ပါ။ စိတ်ဖိစီးမှုလျှော့ချခြင်း သည် အကူအညီပေးနိုင်

ကြောင်းတွေ့ရှိရသည်။ ဆွေးနွှေးအကူညီပေးခြင်းဖြင့်လည်း ကလေးငယ်များ၏ စိတ်ဖိစီးမှု

အားလျှော့ချနိုင်သည်။

သိရှိလိုသော မေးခွန်းများအား ဆရာဝန်အား မေးမြန်းပြသတိုင်ပင်ခြင်း သည်သာ အကောင်းဆုံးဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Nyan Linn မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement