backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ကဘာလဲ။

ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း ဆိုတာဘာလဲ

ပန်းဂေါ်ဘီနှင့်တူသောနားအသားမာတက်ခြင်းကိုနားအရိုးနုဘေးတွင်ဖြစ်ပေါ်လာသော သွေးခဲ (သို့) နပန်းသမားနား ဟုလည်း ခေါ်ပြီး နားတွင် ထိခိုက်မှုတခုကြောင့်ဖြစ်ပေါ်လာသော အသားမာကိုဆိုလိုသည်။

နား၏အပြင်ပိုင်းသည်တစုံတခုနှင့်ရိုက်မိလျှင် (သို့)ညက်မိလျှင်

ထိုနားအပြင်ပိုင်းတွင်သွေးခဲဖြစ်လာသည်။

ထိုသို့ဖြစ်လာပါက ချက်ချင်းကုသမှုခံယူရန်လိုအပ်သည်။ အကယ်၍

ထိခိုက်မှုဖြစ်ပြီးချက်ချင်းကုသမှုမယူရသေးသော်လည်းကြိုတင်ကာကွယ်နိုင်သည်။

ထို့ကြောင့် သတိထားသင့်သည့်အချက်များကိုသိရန်လိုအပ်ပြီး ချက်ချင်း

ထိရောက်စွာဆောင်ရွက်ရန်လည်းလိုအပ်သည်။

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အမင်းအဖြစ်နည်းသည်။ အထူးသဖြင့်အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။

အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေရှိသော အမူအကျင့်များကို ရှောင်ကြည်၍ ဖြစ်ပွားမှုအားလျှော့ချနိုင်သည်။ ကျန်ရှိသောအကြောင်းအရာများအား

ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကယ်၍နားတွင်ထိခိုက်မှုရှိလာပါကဖြစ်သည့်ဘက်တွင်သွေးခြေဥနေခြင်း ယောင်ရမ်းလာခြင်းများရှိမရှိကို မှန်ကြည့်၍စစ်ဆေးပါ။ နား၏ပုံစံပျက်နေသည်ကိုလည်းသတိထားမိနိုင်သည်။

ထိခိုက်နေရာတွင် သွေးများစုပုံလာသောအခါ ထိုနေရာသို့သွေးကြောထောက်ပံ့မှုလည်း

ပြတ်တောက်သွားပြီး မကုသပဲထားပါက

နားအူခြင်း

နားကန်းသွားခြင်း

ခေါင်းကိုက်ခြင်း နှင့် အမြင်ေဝဝါးခြင်းများဖြစ်ပွားနိုင်သည်။

အာရှဂျာနယ်ဆိုသောအားကစားဂျာနယ်တခုတွင် ရေးသားထားသည့် လေ့လာမှုတခုအရ

ထိုကဲ့သို့နားအသားမာတက်နေသော နပန်းသမား၊လက်ဝှေ့သမားများသည် အခြားသော

နပန်းသမားများထက်စာလျှင်ပို၍အကြားအာရုံဆုံးရှံူးရန်

အခွင့်အရေးပိုများနေကြောင်းတွေ့ရသည်။ ထို့အပြင်နားအတွင်းပိုးဝင်ခြင်းများလည်းဖြစ်ရန်

အလားအလာကောင်းသွားနိုင်သည်။ ထို့ကြောင့် အစပျိုးသော လက္ခဏာရပ်များကို သိရှိပါက

နောက်ဆက်တွဲပြဿနာများနှင့် နားပုံပျက်ပန်းပျက်ခြင်းကို ကာကွယ်ပေးနိုင်သည်။

အထက်တွင်မပါသော လက္ခဏာရပ်များလည်းဖြစ်ပွားနိုင်သည်။ သိရှိလိုပါက သက်ဆိုင်ရာ

ဆရာဝန်နှင့်ပြသသင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်များဆုံးအကြောင်းအရင်းမှာ

နားကို ရိုက်မိ ခိုက်မိခြင်း (သို့) အကြိမ်ကြမ်ထိခိုက်မိခြင်းဖြစ်ပြီး ထိုမှတဆင့် သွေးခဲခြင်း သွေးများစုပုံခြင်းဖြင့် နားသို့အာဟာရပေးနေသည့် သွေးထောက်ပံ့မှုကို လျော့နည်းစေသည်။

နားအားပုံဖော်ပေးနေသော အပြင်ပိုင်းနားရွက်၏အရေပြားကို နားရိုးနုဆီမှ ဆွဲထုတ်ဖယ်ခွာ

မိသကဲ့သို့ဖြစ်ပွားလျှင်လည်း ထိုကဲ့သို့ သွေးခဲခြင်းများဖြစ်နိုင်သည်။ အများအားဖြင့်

အားကစားလုပ်ရင်း ထိခိုက်မှုကြောင့်ဖြစ်တတ်သော်လည်း အမြဲတမ်းမဟုတ်ပေ။ နား၏

မည်သည့်ထိခိုက်မှုများမဆို ထိုသို့ဖြစ်ပွားနိုင်သည်။ ထို့ပြင် နားရွက်တွင်ပိုးဝင်ခြင်းကြောင့်

လည်း ထိုသို့ဖြစ်ပွားနိုင်သေးသည်။

သွေးထောက်ပံ့မှုပိတ်ဆို့သွားပါက သွေးမရသော အရိုးနုသည် ပျက်စီးသေဆုံးသွားသည်။

အမာရွတ်တက်စေခြင်းဖြင့် ပုံပန်းမလှသော ယောင်ရမ်းနေသည့် နားရွက်ကိုဖြစ်စေသည်။

အချိန်ကြာလာသည်နှင့်အမျှပိုမိုသိသာလာပြီး ပုံသေဖြစ်သွားတော့သည်။ သတင်းကောင်းကိုဆို

ရလျှင် ထိုကဲ့သို့ထိခိုက်မှုဖြစ်ပွားသော်လည်း နားအသားမာမတက်ရန် ကာကွယ်ထားနိုင်ခြင်း

ပင်ဖြစ်ပေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အများအားဖြင့် ထိကပ်ကာ တွန်းတွန်းတိုက်တိုက်ကစားရသော အားကစားများ ဥပမာ

လက်ဝှေ့နှင့် နပန်း တို့တွင်အဖြစ်များသည်။ နပန်းသတ်ခြင်းတွင် ဥပမာအားဖြင့် ပြိုင်ဘက်၏

ခေါင်းနှင့် သော်လည်းကောင်း နပန်းသတ်ရာ ခုံနှင့် ပွတ်တိုက်ထိခိုက်မိခြင်းတို့ကြောင့်ဖြစ်

တတ်သည်။ ထိုကဲ့သို့အားအင်စိုက်သုံး၍တွန်းတွန်းတိုက်တိုက်ကစားရသော

အားကစားသမားများနှင့်

စစ်ရေး (သို့) အတိုက်အခိုက်လေ့ကျင့်သူများတွင်

အခြားသူများထက် ဖြစ်နိုင်ချေများ

နေသည်။ သို့သော် အားကစားပွဲမဟုတ်သော အခြားကိစ္စရပ်များ ဥပမာ မတော်တဆထိခိုက်

ဒဏ်ရာရမှုများတွင်လည်းဖြစ်ပွားနိုင်ပါသည်။ နားဖောက်ခြင်းကဲ့သို့သော ကိစ္စရပ်များတွင်

လည်းမသန့်ရှင်းပါက ပိုးဝင်ပြီး ထိုကဲ့သို့ဖြစ်ပွားနိုင်ပါသေးသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရှေးဦးစွာ ကုသခြင်း – ထိခိုက် ဒဏ်ရာအား ဖြစ်နိုင်သမျှမြန်မြန် 15မိနစ်စာ ရေခဲအုပ်ထားပါ

ထိုသို့ပြုလုပ်ခြင်းဖြင့် ရောင်ရမ်းမှုအား သက်သာစေပြီး နားအသားမာတက်ခြင်းကို ကာကွယ်ပေးနိုင်သည်။ ဆေးထည့်ရန်လည်း ချက်ချင်းပြုလုပ်သင့်ပါသည်။

ဖောက်ထုတ်ကုသခြင်း – ဆရာဝန်သည် သင်၏နားရှိ စုပုံနေသော သွေးတို့ကို အနည်းငယ်မျှ

ထိခိုက်ဒဏ်ရာအား ဓါးရာပေးခြင်းဖြင့် ဖောက်ထုတ်ပေးနိုင်သည်။ ထို့နောက် ပိုးသတ်ဆေး

သောက်သုံးရန်ပေးလေ့ရှိသည်။ နားရှိအနာအားလည်း ဆေးဖြင့် ကျပ်စည်းကာပုံမပျက်ပဲ

အနာကျက်စေသည်။ နောက်ထပ်အနာတရများ အနာမကျက်ခင် ထပ်မဖြစ်ရန်လည်း အချို့

သော လှုပ်ရှားမှုများကို ရှောင်ကြဉ်ရသည်။ မည်သည့်အချိန်တွင်ပုံမှန်လှုပ်ရှားသွားလာနိုင်

ကြောင်းကိုဆရာဝန်အား မေးမြန်းကာ ညွှန်ကြားချက်များကို သေချာလိုက်နာရမည်။

ထိုကဲ့သို့အသားမာတက်ခြင်းသည် ပြန်လည်ဖြစ်ပွားနိုင်သည့်အတွက်ကြောင့် ရောင်ရမ်း

လာခြင်းရှိမရှိကို ဖောက်ထုတ်ကုသအပြီးတွင် သေချာစောင့်ကြည့်ရမည်။ ကုသမှုမအောင်

မြင်သည်ဖြစ်စေ၊လျင်လျင်မြန်မြန်မကုသလိုက်နိုင်သည်ဖြစ်စေ နားအရိုးနုလေးသည် အမာ

ရွတ်ကဲ့သို့သော ပန်းဂေါ်ဘီပုံစံ အသားမာတက်သွားနိုင်သည်ဟု ကလေးနား၊နှာခေါင်း

ဆရာဝန် ဒေါက်တာ ငုရင်ဖန် က ပြောကြားထားသည်။

ခွဲစိတ်ကုသခြင်း – နားအသားမာတက်ခြင်းသည် ပုံသေဖြစ်သော်လည်း တခါတရံတွင်ခွဲစိတ်

ပြုပြင်၍ရနိုင်သည်။ ဆရာဝန်သည် နားအနောက်ဘက်မှ ဓါးရာပေး၍ မကောင်းတော့သော

အရိုးနုများကို ဖြတ်ထုတ်ခြင်း (သို့) ပုံပျက်နေသော အရိုးနုများကိုပြုပြင်ပုံဖော်ခြင်းများပြုလုပ်

သည်။ သာမာန်ထုံဆေးဖြစ်စေ မေ့ဆေးဖြစ်စေ လိုအပ်တတ်သည်။ ဆရာဝန်ှ မှ ကြာမြင့်စွာ

အနားယူရန် အကြံပေးတတ်သော်လည်း ခွဲစိတ်ပြီး ခြောက်ပတ်အတွင်း

ပြန်လည်လှုပ်ရှားလာနိုင်သင့်သည်။

လူနေမှုပုံစံနှင့် အိမ်သုံးကုထုံးများ

မည်ကဲ့သို့သောအလေ့အကျင့်အနေအထိုင်များက ကုသရာတွင်အထောက်အပံ့ဖြစ်စေ

သနည်း

ကာကွယ်မှုပြုရန်အရေးကြီးဆုံးအချက်မှာ သင့်တော်သော ခေါင်းစွပ် (သို့) ခေါင်းအားအကာ

အကွယ်တခုခုကို ထိခိုက်ဒဏ်ရာရနိုင်သောအခြေအနေများ ဥပမာ – နပန်းသတ်ခြင်း၊လက်

ဝှေ့ထိုးခြင်းတို့တွင် အသုံးပြုရန်ဖြစ်သည်။ သင့်တော်သော ခေါင်းအကာကွယ်တခုဖြစ်ရန်

အလွန်အရေးကြီးသည်။ ခါးမောက်သည်ချောင်ချိနေပါက ကျွတ်ထွက်ကာ ထိခိုက်မှုအား

ကာကွယ်ရန် လွဲချော်နိုင်ပြီး အရမ်းတင်းကြပ်နေပါကလည်း မိမိ၏နားများကို ထိခိုက်စေနိုင်

သည်။ အထူးသဖြင့် ဝတ်ဆင်ခြင်း ပြန်ချွတ်ခြင်း တို့ကို အကြိမ်ဖန်များစွာလုပ်ဆောင်နေပါက

ပွတ်တိုက်မိနိုင်သည်။

ကစားသမားများသည် အားကစားလုပ်တိုင်းခေါင်းအားကာကွယ်မှုပြုလုပ်ရန်သတိ

ထားသင့်ပြီး နားဖောက်မည့်သူများသည်လည်း ဆရာဝန်နှင့်အရင်တိုင်ပင်သင့်သည်။

နောက်ထပ်အရေးကြီးသော အချက်မှာ နားအသားမာ ဖြစ်နိုင်ချေများကို သိရှိပြီး

အပေါ်ယံအနာတရများ ကိုလည်းမပေါ့ဆပဲဆရာဝန်နှင့်ပြသတိုင်ပင်ရန်ဖြစ်သည်။

ကုသမှုများသည် နားရွက်၏ ပုံပျက်ပန်းပျက်ဖြစ်ခြင်းကို ကာကွယ်နိုင်သော်လည်း အချိန်မီ

ဆောင်ရွက်ကုသမှသာ ထိရောက်သောရလဒ်ရရှိမည်ဖြစ်သည်။

ထပ်မံသိရှိလိုပါက ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement