နားပြဿနာများ

နားပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး နားကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နားပြဿနာများ

နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!

နားယားတာက အတော်လေး ကသိကအောက် ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ! နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ နားပိုးဝင်တာ နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူ အဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နားထဲမှာ နားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်း နားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။  […]

နားပြဿနာများ ကို ရှာဖွေမည်။

နားပြဿနာများ

သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ

နားအူ တယ်ဆိုတာ နားထဲမှာ အသံစူးစူးတွေကို ကြားနေရတာပဲ ဖြစ်ပါတယ်။ ပြင်ပအသံမရှိဘဲ အလိုလို ကြားနေရတာပါ။ နားတစ်ဖက် ဒါမှမဟုတ် ၂ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။ နားအူတာက အဖြစ်များပါတယ်။ အထူးသဖြင့် လူကြီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အခုတစ်ခေါက်တော့ သတိထားနိုင်စေဖို့ သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ ကို ပြောပြပေးချင်ပါတယ်။ နားအူခြင်းရဲ့ လက္ခဏာများ နားအူတယ်ဆိုတာ နားထဲမှာ -ခြင်အော်သလို တဝီဝီ -လှိုဏ်သံ -နာရီလက်တံလို တချက်ချက်အသံ -အသံစူးစူး -ညည်းသံ စတဲ့ အသံမျိုးစုံကြားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီအသံတွေက တိုးတိုးနဲ့ ထွက်နေတတ်ပါတယ်။ တချို့တွေမှာတော့ အလုပ်လုပ်လို့မရအောင် အူနေတာမျိုး ရှိနိုင်ပါတယ်။ ဆက်တိုက်ကြားနေရတာ ဖြစ်နိုင်သလို ဖြစ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး  နှလုံးခုန်တာကို လိုက်ပြီး နားအူတာဖြစ်တတ်ပါတယ်။ နှလုံးက ဒုတ်လို့ ခုန်လိုက်တိုင်းမှာ နားထဲကနေ လေထွက်သလို ရှူးခနဲဖြစ်သွားတာ၊ နားထဲမှာပါ တဒုတ်ဒုတ် လိုက်မြည်တာမျိုးပါ။ သင့်ကို […]


နားပြဿနာများ

နားစည်ပေါက် တိုင်း နားကန်းသလား။

ကလေးကို နားရင်းမအုပ်နဲ့၊ နားစည်ပေါက် ပြီး ကန်းသွားတတ်တယ်။ နားထဲကို ဇွတ်မကလော်နဲ့။ နားစည်ပေါက်ပြီး ကန်းသွားမယ် စသဖြင့် လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ နားစည်ပေါက်တိုင်း နားကန်းနိုင်သလား။ ကုမရဘူးလား။ တကယ်ဘဲ မျက်စိအဆုံး၊ နားအရှုံး ဖြစ်တော့မှာလား။ ဒါတွေ မပြောခင် ဘာလုပ်ရင် နားစည်ပေါက်နိုင်လဲ ဆိုတာက စရအောင်။ နားစည်ပေါက် နိုင်တဲ့ အကြောင်းရင်းတွေက နားပိုးဝင်တာ - အထူးသဖြင့် နားအလယ်ပိုင်းမှာ ပိုးဝင်ပြီး အရည်တွေ စုလာတဲ့အခါ အရည်တွေရဲ့ ဖိအားကြောင့် နားစည်ပေါက်တတ်ပါတယ်။ လေဖိအား ပြင်းပြင်း ခံရတာ - နားထဲက ဖိအားနဲ့ ပြင်ပက ဖိအားနဲ့ ကွာခြားလွန်းတဲ့အခါ ဖြစ်တတ်ပါတယ်။ ဖိအားများတဲ့အခါ နားစည်ပေါက်တတ်ပါတယ်။ ဥပမာ ပြောရရင် ရေငုပ်တာ၊ နားကို တိုက်ရိုက် ထိခိုက်မိတာ […]


နားပြဿနာများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးဝါးတွေကို ရောဂါကုသဖို့ သုံးတယ်ဆိုပေမယ့် တစ်ခါတလေမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီထဲမှာ Ototoxicityလို့ ခေါ်တဲ့ နားထိခိုက်တာလည်း ပါဝင်ပါတယ်။ Ototoxicity မှာ အကြားအာရုံ ထိခိုက်တာ၊ နားအူတာ၊ ဟန်ချက်မထိန်းနိုင်ဘဲ မူးနေတာ  စတာတွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ ဆေးအမျိုးပေါင်း ၂၀၀ လောက်က အကြားအာရုံ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ တချို့ဆေးတွေက ယာယီပဲ ထိခိုက်ပြီး တချို့ဆေးတွေကတော့ တစ်သက်လုံး ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်နိုင်ပါတယ်။ သင့်ရဲ့ အကြားအာရုံကို ထိခိုက်စေတဲ့ ဆေးဝါးများ အကြားအာရုံထိခိုက်စေတဲ့ ဆေးအမျိုးအစား အများကြီးထဲမှာ အသုံးများတဲ့ ဆေးတွေကတော့ Aminoglycoside  ဒီဆေးတွေထဲမှာ streptomycin, gentamicin, amikacin စသဖြင့် “mycin” or “cin” တို့နဲ့ ဆုံးတဲ့ ဆေးတွေ ပါပါတယ်။ ပိုးသတ်ဆေး […]


နားပြဿနာများ

အဖြစ်များတဲ့ နားပြဿနာ များ

မျက်စိအဆုံး နားအရှုံးလို့ ဆိုကြသလိုပဲ အသံတွေ မကြားရတာဟာ လူ့ဘဝမှာ အရှုံးတစ်ခုပဲမို့လို့ နားကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ နားဆိုတဲ့ အစိတ်အပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ဒီနားသေးသေးလေးတွေကနေ အသံပေါင်းစုံကို ကြားပြီး မှတ်မိနေတာက အံ့သြဖွယ်ရာပါ။ အသံတွေဘယ်လိုကြားနေရတာလဲ။ အဖြစ်များတဲ့ နားပြဿနာ တွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။ အသံကြားရပုံ အသံကြားဖို့ဆိုရင် နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု ထွက်လာပြီဆိုရင် အသံလှိုင်း တုန်ခါမှုတွေက external auditory canalလို့ ခေါ်တဲ့ နားအပြင်ဘက် ပြွန်ကနေ ဝင်လာပြီး နားစည်ကို ရိုက်ခတ်ပါတယ်။ ဒီအခါမှာ နားစည်ပါ လိုက်တုန်ပြီး ဒီတုန်ခါမှုတွေက နားအလယ်ပိုင်းက အရိုးသေးသေးလေးတွေဆီကို ရောက်သွားပါတယ်။ အရိုးသေးသေးလေးတွေက အသံကို ချိန်ညှိပြီး လှိုင်းတွေကို နားအတွင်းပိုင်းက အရည်တွေနဲ့ ပြည့်နေတဲ့ cochleaလို့ ခေါ်တဲ့ နေရာကို သယ်သွားပါတယ်။ နားအတွင်းပိုင်းကို […]


နားပြဿနာများ

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားဖောက်ချိန်မှာ နားဖောက်လိုသူရော ဖောက်ပေးသူပါ ရောဂါပိုးကာကွယ်နိုင်ဖို့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ပစ္စည်းကိရိယာများကိုလည်း ပိုးသတ်သန့်ရှင်းထားဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ရောဂါပိုးဝင်ရောက်ကူးစက်ပြီး နောက်ဆက်တွဲပြဿနာတွေ ဝင်လာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ လူတိုင်း သတိထားမိနိုင်စေဖို့အတွက် နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း အကြောင်းလေးပြောပြပေးချင်ပါတယ်။ နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း နားဖောက်ခြင်းတိုင်းမှာ အနာဖြစ်စေပြီး ပုံမှန်အားဖြင့် သေချာအနာကျက်ဖို့ တစ်လခွဲခန့်ထိ ကြာနိုင်ပါတယ်။ နားရဲ့ အရိုးနုလို မာတဲ့နေရာကိုဖောက်မယ်ဆိုရင် အနာကျက်ဖို့ ပိုပြီးကြာနိုင်ပါတယ်။ အနာကျက်ဖို့ အချိန်ကြာလေ ရောဂါပိုးဝင်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ နားပေါက်ကနေ နည်းမျိုးစုံနဲ့ ရောဂါပိုး ဝင်နိုင်ပါတယ်။ နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ နားဖောက်တဲ့ကိရိယာများဟာ ပိုးသန့်စင်ထားတဲ့ ကိရိယာတွေ ဖြစ်ရပါမယ်။ ပစ္စည်းကိရိယာများမသန့်ရှင်းဘဲ လက်အိတ်မဝတ်ဘဲ ကိုင်တွယ်ရင် ပိုးဝင်နိုင်ခြေ […]


နားပြဿနာများ

နားကိုက် တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်းများ

နားကိုက် တာ သွားကိုက်သလိုပါပဲ။ ကိုက်ကလည်းကိုက် ကုတ်မရ ဖဲ့မရ၊ အတွင်းထဲကဆို ပိုဆိုး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိပါဘူး။ လတ်တလောမှာ ဆေးခန်းမသွားဖြစ်ရင်တောင် ကိုယ်သိထားတဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ထားနိုင်ရင် အကိုက်သက်သာတာပေါ့။ ဒါပေမယ့် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်သွားပြဖို့ မမေ့ပါနဲ့နော်။ ပြီးတော့ နားကိုက်ရတဲ့ အကြောင်းရင်းတွေကို ရှာပြီး ကုရဦးမယ်မဟုတ်လား။ နားကိုက် တာ သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ သောက်ဆေးများ ဆေးဆိုင်မှာ ဆရာဝန်ဆေးစာ မလိုဘဲ ဝယ်လို့ရတဲ့ over the counterအကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်လို့ရပါတယ်။ ဥပမာပြောရရင် ပါရာစီတမောတို့၊ ibuprofenတို့၊ အက်စပရင်တို့ပေါ့။ ကလေးငယ်တွေဆိုရင်တော့ အက်စပရင် မတိုက်ပါနဲ့။ အသက်၂နှစ်အောင် ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှ မတိုက်တာ အကောင်းဆုံးပါပဲ။ လူကြီးတွေအနေနဲ့လည်း အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲမသောက်ဖို့ […]


နားပြဿနာများ

သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

နားကိုက်တာကို တော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ နားကိုက်တာကို ဘယ်လိုအရာတွေက နားကိုက်စေနိုင်လဲ ဆိုတာကိုရော သိပြီးပြီးလား! ဒါဆိုရင်တော့ သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာတွေကြောင့်လဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ နားကိုက် တယ်ဆိုတာ သိပ်ကို ခံရခက်တဲ့ ရောဂါပါ။ ဘာကြောင့်ကိုက်လဲဆိုတာ ထားဦး။ လက်ရှိကိုက်နေတဲ့ အနေအထားကနေ အမြန်သက်သာချင်တာ လူနာတိုင်းရဲ့ ဆန္ဒပါပဲ။ နားကိုက်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ တစ်ဖက်တည်း ကိုက်နိုင်သလို နှစ်ဖက်လုံးကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာက ကြာနေပြီဆိုရင် ဒီတိုင်း ပစ်မထားသင့်ပါဘူး။ ကြာလာရင် နားမကြားတော့တာ ဖြစ်လာနိုင်လို့ အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ နားပိုးဝင်တာကြောင့်ဆို ပိုဆိုးပါတယ်။ ဒီတိုင်းထားလိုက်ရာက ပိုးက ဦးနှောက်ထဲရောက်ပြီး ဦးနှောက်အမြှေးရောင်တာအထိ ဖြစ်နိုင်လို့ပါ။ နားကိုက် ရတဲ့ အကြောင်းရင်းတွေ နားကို […]


နားပြဿနာများ

နားဖောက် ထားတဲ့သူတွေ ဂရုစိုက်ဖို့ လိုအပ်တဲ့အချက်များ

ဒီလို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ နားကပ်လှလှလေးတွေ တပ်ဖို့ မိန်းကလေးအတော်များများက နားဖောက် လာကြပါတယ်။ နောက်ပိုင်း မိန်းကလေးတွေတင်မကဘဲ ယောကျ်ားလေးတွေမှာလည်း နားဖောက်တာက ပိုပြီးခေတ်စားလာတာ၊ trend တစ်ခုဖြစ်လာတာကို တွေ့ရပါတယ်။ နားဖောက်တဲ့အခါမှာလည်း ပုံမှန်ဖောက်တဲ့ နားဆံသီး (earlobe) တွေမှာတင်မကဘဲ အခြား အရိုးနုရှိတဲ့ နားရွက်ပတ်ပတ်လည်နေရာတွေမှာပါ အလှဖောက်လာကြပါတယ်။ ဒီလို နားဖောက်တာဟာ များသောအားဖြင့်တော့ ပိုးသတ်ထားပြီး သန့်စင်တဲ့နေရာမှာ ကျွမ်းကျင်သူတွေနဲ့ ဖောက်မယ်ဆိုရင် ပြသနာမရှိပါဘူး။ ဒါပေမယ့် ဖောက်ပြီးတဲ့အခါမှာလည်း ကိုယ်တိုင်က ဂရုမစိုက်မိရင် ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ ပိုးဝင်ခြင်းစတဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နားဖောက်တဲ့အခါမှာ ပိုးသေချာသန့်စင်ထားပြီး ကျွမ်းကျင်တဲ့သူဖောက်ပေးတဲ့ နေရာကို ရွေးချယ်သင့်တဲ့အပြင် ကိုယ်တိုင်လည်း အိမ်မှာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နားဖောက်ပြီးတဲ့အခါ အိမ်မှာ ဘယ်လို […]


နားပြဿနာများ

Motion sickness (ကားမူးခြင်း )

Motion sickness ဆိုတာဟာ တစ်နည်းအားဖြင့် ရွေ့လျားမှုကြောင့် ဖြစ်တဲ့ နေထိုင်မကောင်းဖြစ်ခြင်း တစ်မျိုးပါပဲ။ ဥပမာ- ကားမူးတာ၊ လှိုင်းမူးတာ၊ လေယာဉ်စီးရင်မူးတာ စသဖြင့်ပေါ့။ အချို့သူတွေမှာ အဲ့ဒီလို Motion sickness ဖြစ်လေ့ရှိပြီး ဖြစ်လာတဲ့အခါမှာ မူးတာအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောလာခြင်း၊ ချွေးစေးပြန်လာခြင်း၊ အသားအရောင်ဖြူဖျော့လာခြင်း စတဲ့ လက္ခဏာတွေပါ ဖြစ်လေ့ရှိပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ နဲ့ အချို့သော ဆေးတွေ(ဥပမာ- စိတ်ကျခြင်းကို ကုသတဲ့ဆေးတွေ၊ ပိုးသတ်ဆေးအချို့၊ နဲ့ ပန်းနာရင်ကျပ်ဆေးတွေ) သောက်နေတဲ့ သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဓိကအားဖြင့် motion sickness တွေဖြစ်လာတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်ကြမယ်၊ နောက်ထပ် မဖြစ်အောင် ဘယ်လို […]


နား၊ နှာခေါင်း၊ လည်ချောင်း

နား သွေးခြည်ဥခြင်း

တချို့သော အားကစားသမားတွေ၊ လက်ဝှေ့ထိုးတဲ့ သူတွေရဲ့ နား ကို သတိထားကြည့်ဖူးပါသလား။ ထူပိန်းပိန်းလေးနဲ့ နည်းနည်းလေး ပုံပျက်နေတယ်လေ။ ဒါအရင်က နားကို ထိခိုက်ဒဏ်ရာ ရဖူးလို့ ဒဏ်ဖြစ်သွားတာပါ။ ဆေးပညာ အရ Haematoma auris လို့ ခေါ်ပါတယ်။ နားက ပန်းဂေါ်ဖီပွင့်လို ကားထွက်နေလို့ Cauliflower ear လို့လည်း ခေါ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပေမယ့် သေချာမကုရင် ခဏခဏပြန်ဖြစ်တာ၊ အရှင်း မပျောက်တာ ဖြစ်တတ်ပါတယ်။ ဒီတော့ နားက ပုံပျက်နေတာပေါ့။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ။ မတော်တဆများ ကိုယ်ကြုံခဲ့ရင် ဘာလုပ်နိုင်လဲဆိုတာကို ပြောပြပေးပါ့မယ်။ ဘာကြောင့် နား သွေးခြည်ဥရတာလဲ။ အဓိက အကြောင်းရင်းကတော့ နားကို တစ်ခုခုနဲ့ ရိုက်မိ ခိုက်မိလို့ပါပဲ။ အထူးသဖြင့် ထပ်ခါထပ်ခါ ထိခိုက်မိရင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်