backup og meta

သင့်ကလေးမှာ နားတွင်းပိုးကူးစက်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးမှာ နားတွင်းပိုးကူးစက်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ

    ကလေးတစ်ယောက်၌ နားရောဂါရှိလာပြီဆိုပါက နာကျင်မှုသည် အသိသာ အထင်ရှားဆုံး လက္ခဏာပင်ဖြစ်သည်။ သူတို့ နားကိုက်ကြောင်း ပြောပါလိမ့်မည်။ မပြောနိုင်လျှင်တောင် သူတို့ကိုကြည့်လိုက်လျှင် မသက်မသာပုံ သို့ ညစ်ညူးနေသည့်ပုံကို တွေ့ရနိုင်ပါသည်။ ကလေးသည် နားကိုဆွဲလိုက် ထိလိုက်လုပ်နေသည်ကိုမြင်ရသည်မှာ အတော်လေးစိတ်မကောင်းဖွယ်ရာပင်။ သူ့၌ သာမန်အအေးမိ တုပ်ကွေးဖြစ်တာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် နားအတွင်း ပိုးဝင်နေတာလည်း ဖြစ်နိုင်ပါသည်။

    နားအတွင်းပိုးဝင်ရသည့်အကြောင်းရင်းများ

    အသက် ၃ နှစ်အောက် ကလေးများသည် ရောဂါနှင့် ကူးစက်ပိုးဝင်နိုင်ချေများကြောင်း သိထားရမည်။ သူတို့၏ ကိုယ်ခံအားစနစ်သည် မသန်စွမ်းသေးပဲ အလွယ်တကူ အတိုက်ခံရနိုင်သည်။

    ထို့ကြောင့် အပြင်မှလှုံ့စော်ချက်ပေးလိုက်သည်နှင့် နားအတွင်းရှိအရည်များ ထွက်လာစေနိုင်သည်။ တိုတောင်းသော အူစတက်ချီယမ်ပြွန်များတွင် အရည်နှင့် ရောဂါပိုးများရှိနေတတ်ပြီး နားအလယ်ပိုင်းတွင် ပိတ်မိနေတတ်၏။

    ငယ်ရွယ်သောကလေးများ၌ အူစတက်ချီယမ်ပြွန်များသည် (နားအလယ်ပိုင်းနှင့် လည်ချောင်းကိုစပ်ထားသော ပြွန်)သည် ရေပြင်ညီပုံစံအတိုင်း ရှိနေတတ်ပြီး အရည်များကို ထုတ်ရမိအစား စုပုံနေတတ်ပါသည်။ ထိုအခြေအနေမှ နားတွင်းပိုးဝင်ခြင်း ဖြစ်လာစေ၏။

    အကြောင်းရင်းအနည်းငယ်ကို အောက်၌ စာရင်းပြုစုထားပါသည်။

    • နေ့မစေ့လမစေ့ကလေးများ၏နားသည် ဖွံဖြိုးမှုနောက်ကျသောကြောင့် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။
    • အအေးမိခြင်းကြောင့် ရောင်ခြင်း သို့မဟုတ် ဖောင်းကြွခြင်းကြောင့် အူစတက်ချီယမ်ပြွန်များ ပိတ်ရာမှ ပိုးဝင်ခြင်း။
    • အလက်ဂျီကြောင့်နှာစေးခြင်း
    • စီးကရက်သောက်ခြင်း
    • နို့ဗူးကို သင့်တော်စွာမတိုက်ခြင်း သို့မဟုတ် နို့သေချာမတိုက်ခြင်း (ထိုမှ နို့များနားထဲသို့စီးဝင်နိုင်၏။)

    နားပိုးဝင်ခြင်းရှိမရှိ ဘယ်လိုသတ်မှတ်မလဲ။

    အောက်ပါလက္ခဏာများရှိလာပါက ကလေးဆရာဝန်ဆီသွားပြပါ။

    • အဖျားကြီးခြင်း (၁၀၂.၂ ထက်ပိုဖျားခြင်း)
    • နားကိုကိုင်လိုက် ဆွဲလိုက်လုပ်နေလျှင်
    • အစားအသောက်ပျက်လျှင်
    • ငိုခြင်း၊ ညည်းခြင်း၊ စိတ်မရှည်ခြင်း
    • နို့တိုက်စဉ် အစာကျွေးစဉ်အန်ခြင်း
    • ဝမ်းလျှောခြင်း

    တခြားသော သတိပြုရမည့်လက္ခဏာများမှာ ခဏတာ နားမကြားရခြင်း သို့မဟုတ် အဝါရောင် အညိုရောင်အရည်များ နားအတွင်းမှ ထွက်လာခြင်း။

    နားအတွင်းပိုးမဝင်အောင် ကာကွယ်ခြင်း

    ကျွမ်းကျင်သူများမှ အကြံပြုချက်များ

    ပထမတစ်နှစ်ကို နို့ပဲတိုက်ပါ။ မိခင်နို့တွင် ပဋိပစ္စည်းများပါသောကြောင့် နားပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ နို့ဗူးတိုက်မည်ဆိုပါက ကလေးကိုထိုင်လျက်တိုက်ပါ။ လှဲနေရင်းနို့ဗူးစို့ပါ နားအလယ်ပိုင်းသို့ နို့များ အလွယ်တကူရောက်သွားနိုင်ပါသည်။

    အအေးမမိစေရန် ဂရုစိုက်နိုင်သလောက် စိုက်ပါ။ ကလေးလက်များကို မကြာခဏသန့်ရှင်းပေးပါ။ ဖြစ်နိုင်ပါက အုပ်စုလိုက်လှုပ်ရှားမှုမျိုးကို ကန့်သတ်ပေးပါ။ သို့မဟုတ် ကလေးနည်းမည့် နေရာမျိုးကို ရွေးချယ်ပြီးထားပါ။

    သင့်ကလေး၏အလက်ဂျီကို ထိန်းပါ။ အလက်ဂျီကြောင့်ထွက်သော အကျိအချွဲများသည် အူစတက်ချီယမ်ပြွန်များကို ပိတ်စေနိုင်သောကြောင့် နားအတွင်းပိုင်းပိုးဝင်နိုင်ချေများသွားနိုင်သည်။

    ဆေးလိပ်မသောက်ပါနှင့်။ တစ်ချို့လေ့လာမှုများအရ ဆေးလိပ်ငွေ့ရှုရသော ကလေးများတွင် တခြားကလေးများနှင့်ယှဉ်ပါက နားတွင်းပိုးဝင်နိုင်ချေ နှစ်ဆ သုံးဆ မြင့်သွားကြောင်း တွေ့ရသည်။

    ကာကွယ်ဆေးများထိုးပါ။ ကလေးဆရာဝန်အား နမိုကော့ကယ်၊ တုပ်ကွေးနှင့် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများအကြောင်းမေးပါ။ သုတေသနများအရ ကာကွယ်ဆေးထိုးထားသော ကလေးများတွင် နားတွင်းပိုးဝင်နိုင်ချေနည်းကြောင်း တွေ့ရပါသည်။

    နားအတွင်းပိုးဝင်ခြင်းကို အသက်သုံးနှစ်အောက်ကလေးများတွင် အတွေ့များရသည်သာမက အချိန်မှီမကုလျှင် ခြိမ်းခြောက်နိုင်သည့်ရောဂါဖြစ်သည်။

    ထို့ကြောင့် ကလေးတွင်ဖြစ်နေသောလက္ခဏာများကို စောလျင်စွာ သိရှိနိုင်ရန် အရေးကြီးပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement