Generic Name: Zytee Rb (ဇိုင်တီး အာဘီ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zytee Rb (ဇိုင်တီး အာဘီ) ကို ဘာအတွက်အသုံးပြုကြသလဲ

Zytee RB® ကို အာခံတွင်းအနာများ၊သွားတုများ၊သွားစတင်ပေါက်ခြင်း စသည်တို့ကြောင့် နာကျင်ခြင်းများကို ကုသရန် အများဆုံး အသုံးပြုပါတယ်။

Zytee Rb (ဇိုင်တီး အာဘီ) ဘယ်လိုသောက်သုံးသင့်သလဲ

အနာဖြစ်သော/နာကျင်သောနေရာကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ညင်သာစွာ လိမ်းပေးရပါမယ်။ဆေးညွှန်းမှာ ပါဝင်သမျှ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊သတ်မှတ်ထားတဲ့ ကာလထက် ပိုသုံးစွဲခြင်းတို့ကို ရှောင်ကျဉ်ရပါမယ်။

Zytee Rb (ဇိုင်တီး အာဘီ) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Zytee RB® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zytee RB® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Zytee RB® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Zytee RB® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Zytee RB® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zytee Rb (ဇိုင်တီး အာဘီ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Zytee RB® ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • Xeltabine® ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။
  • အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ ဟင်းလင်းပွင့်နေတဲ့ အနာတွေရှိခဲ့ရင် ဒီဆေးကို အသုံးမပြုသင့်ပါဘူး။ဆေးထည့်အပြီး နာရီဝက်အတွင်းမှာ သွားတု၊သွားမှာတပ်တဲ့ စတီးကြိုးစတာတွေကို ပြန်မတပ်ဘဲ ထားထားရပါမယ်။ဆရာဝန်က အထူးတလည်ညွှန်ကြားထားခြင်းမရှိဘဲ ဒီဆေးကို တပတ်ထက်ပိုပြီး မသုံးစွဲရပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zytee Rb (ဇိုင်တီး အာဘီ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zytee Rb (ဇိုင်တီး အာဘီ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zytee RB® ကို သုံးစွဲခြင်းကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအချို့က

  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • ဓာတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း။
  • တက်ခြင်း။
  • အသက်ရှုရာတွင် အသုံးပြုသော ကြွက်သားများ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။
  • အန်ခြင်း။
  • ကာလကြာရှည်စွာ သတိလစ်မေ့မြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zytee Rb (ဇိုင်တီး အာဘီ) နဲ့ ဓာတ်ပြုနိုင်သလဲ

Zytee RB® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Zytee Rb (ဇိုင်တီး အာဘီ) နဲ့ ဓာတ်ပြုနိုင်သလား

Zytee RB® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zytee Rb (ဇိုင်တီး အာဘီ) နဲ့ ဓာတ်ပြုနိုင်သလဲ

Zytee RB® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zytee Rb (ဇိုင်တီး အာဘီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏကတော့ အနာဖြစ်နေတဲ့နေရာကို အစက် တစက်၊နှစ်စက်လောက် ညင်သာစွာ ချပေးရပါမယ်။ဒီလိုမျိုး အစက်ချတာကို လိုအပ်ရင်လိုအပ်သလို သုံးလေးနာရီခြားတခါ လုပ်ပေးနိုင်သလို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလည်း သုံးစွဲနိုင်ပါသေးတယ်။

ကလေးတွေအတွက် Zytee Rb (ဇိုင်တီး အာဘီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Zytee Rb (ဇိုင်တီး အာဘီ) ကိုဘယ်လိုရရှိနိုင်သလဲ

Zytee RB® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Zytee RB® ဂျဲလ် ၁၀ စီစီ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zytee RB® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ