backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zolpidem (ဇိုပီဒန်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Zolpidem (ဇိုပီဒန်) ကို ဘာအတွက်အသုံးပြုကြသလဲ

အိပ်မပျော်သည့်ဝေဒနာခံစားနေရသည့်အရွယ်ရောက်ပြီးသူများတွင်Zolpidemကိုအများဆုံးအသုံးပြုကြသည်။ အကယ်၍သင်သည်အိပ်မပျော်သည့် ဝေဒနာကိုခံစားနေရပါက Zolpidemသည်သင့်ကိုအလျင်အမြန်အိပ်ပျော်အောင်ကူညီပေးခြင်းဖြင့်သင့်ကိုအိပ်ရေးဝစေသည်။ Zolpidemသည်အိပ်ဆေး၊စိတ်ငြိမ်ဆေးအမျိုးအစားထဲတွင်ပါဝင်သော ဆေးတစ်မျိုးဖြစ်သည်။၎င်းသည်သင့်ဦးနှောက်အပေါ်အကျိုးသက်ရောက်စေခြင်းအားဖြင့်စိတ်ငြိမ်စေ သည့်အကျိုးအာနိသင်ကို ပေးစွမ်းနိုင်သည်။Zolpidemကိုရက်သတ္တပတ်၁ပတ်သို့မဟုတ်၂ပတ်အထိသာအများဆုံးသုံးစွဲရမည်။

Zolpidem (ဇိုပီဒန်) ဘယ်လိုသောက်သုံးသင့်သလဲ

Zolpidem ကိုမသောက်သုံးမီသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူထံမှလမ်းညွှန်အကြံပြုချက်များကိုလိုက်နာပါ။ အကယ်၍မရှင်းလင်းသည်များရှိပါက ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူထံ မေးမြန်းဆွေးနွေးပါ။

ဆေးတွင်ပါဝင်လာသော ဆေးညွှန်းကို သေချာစွာဖတ်ရှုပါ။ မရှင်းလင်းသည်များရှိပါကဆရာဝန်ထံ မေးမြန်းပါ။

Zolpidemကိုအစာနှင့်ဝေးသောအချိန်တွင်ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ(ပုံမှန်အားဖြင့်တစ်ည တစ်လုံးဖြစ်သည်)။ Zolpidemသည်လျင်မြန်စွာ ဆေးစွမ်းပြသည့်ဆေးဖြစ်သဖြင့်သင်အိပ်ယာဝင်ခါနီးမှ သောက်ပါ။ အစာနှင့်အတူတကွသို့မဟုတ်အစာစားပြီးကာစတွင်မသောက်ပါနှင့်။ ထိုသို့သောက်ပါက Zolpidemသည်လျင်မြန်စွာအစွမ်းပြနိုင်မည်မဟုတ်ချေ။

တစ်ညလျင်အနည်းဆုံး၇နာရီ၊၈နာရီခန့်လုံလောက်စွာအိပ်ရန်အချိန်မရှိပါကဤဆေးကိုမသောက်ပါနှင့်။ အကယ်၍သင်သည်အထက်ဖော်ပြပါအချိန်အတိုင်းအတာထက် စော၍အိပ်ယာထရမည်ဆိုလျင်ယာယီမှတ်ဉာဏ်ဆုံးရှုံးခြင်းကိုခံစားရနိုင်သည့်အပြင်အမြဲသတိရှိနေရန်လိုအပ်သောလုပ်ငန်းဆောင်တာများဖြစ်သည့်ကားမောင်းခြင်း၊စက်ကိရိယာများကိုင်တွယ်မောင်းနှင်ခြင်းစသည်တို့ကို အန္ဓရာယ်ကင်းစွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။

သောက်ရမည့်ဆေးအချိုးအစားပမာဏသည်ကျား၊မ၊အသက်အရွယ်၊ကျန်းမာရေးအခြေအနေ၊အခြားသောက်သုံးနေသော ဆေးဝါးများ၊ ဆေး၏တုန့်ပြန်မှုအနေအထားစသည်တို့ အပေါ်မူတည်သည်။ ဆရာဝန်ညွှန်ကြားထားသည်ထက်ပို၍ ဆေးပမာဏတိုးသောက်ခြင်း၊ အကြိမ်ရေတိုးသောက်ခြင်းသို့မဟုတ် ကာလရှည်ကြာစွာ သောက်သုံးခြင်းတို့ကိုမပြုလုပ်ရပါ။ တနေ့လျှင်၁၀မီလီဂရမ်ထက်ပိုမသောက်ရပါ။ ဆေးကိုခန္ဓါကိုယ်မှစွန့်ထုတ်ရန်အချိန်သည်အမျိုးသမီးများတွင်ပို၍ကြာသဖြင့်အမျိုးသမီးများအတွက် သောက်ရမည့်ဆေးပမာဏသည်အမျိုးသားများထက်ပို၍နည်းလေ့ရှိသည်။ အသက်အရွယ်ကြီးသူများတွင် ဆေး၏ဘေးထွက်ဆိုးကျိုးနည်းစေရန် ဆေးပမာဏကို လျှော့၍ပေးလေ့ရှိသည်။

Zolpidemကိုကာလကြာရှည်စွာပုံမှန်သောက်သုံးသူသို့မဟုတ်ပမာဏများပြားစွာ သောက်သုံးသူများတွင် ဆေးဖြတ်သည့် ဝေဒနာကိုအထူးသဖြင့်ခံစားရလေ့ရှိသည်။ ထိုသို့သောသူများတွင် ဆေးကိုရုတ်တရက်ရပ်လိုက်သည့်အခါ ဆေးဖြတ်သည့်လက္ခဏာများ ဖြစ်သည့်ပျို့ခြင်း၊အန်ခြင်း၊မျက်နှာနီရဲခြင်း၊ဗိုက်အောင့်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်းစသည်တို့ကိုခံစားရနိုင်သည်။ အဆိုပါ ဆေးဖြတ်သည့်လက္ခဏာများကိုကာကွယ်နိုင်ရန်သင့်ဆရာဝန်က ဆေးပမာဏကိုတဖြည်းဖြည်းချင်းလျှော့ချပေးသွားပါလိမ့်မည်။ အသေးစိတ်သိရှိလိုပါကသင့်ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတို့နှင့်တိုင်ပင်ပါ။ ဆေးဖြတ်သည့်လက္ခဏာများ ပေါ်ပေါက်လာပါကလည်းဆရာဝန်ထံအမြန်သွားပြပါ။

ဤဆေးသည် ကောင်းကျိုးများစွာရှိသော်လည်းရှားရှားပါးပါးဆိုသလို ဆေးစွဲခြင်းကိုလည်း ဖြစ်စေနိုင်သည်။ အကယ်၍သင်သည်အရက်သောက်ခြင်း၊မူးယစ်ဆေးဝါးသုံးစွဲဖူးခြင်းစသည့်အချက်များရှိပါက ဆေးစွဲလမ်းမှုဖြစ်ရန်အခွင့်အလမ်းပိုများသည်။ ဆေးစွဲခြင်းမှကာကွယ်နိုင်ရန်ဤဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းအတိအကျသုံးစွဲရန်အလွန်အရေးကြီးပါသည်။Zolpidemကိုကာလကြာရှည်စွာသုံးစွဲပါက ဆေးမတိုးတော့ခြင်းလည်း ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါအခြေအနေဖြစ်ပေါ်လာပါကဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။

ဆေးသောက်သော်လည်း၇ရက်မှ၁၀ရက်ကြာသည့်တိုင် ရောဂါမသက်သာလျင်သို့မဟုတ်ပိုဆိုးလာလျင်ဆရာဝန်ထံအကြောင်းကြားပါ။

ဆေးသုံးစွဲမှုရပ်လိုက်ပြီးပထမရက်အနည်းငယ်တွင်အိပ်မပျော်သည့် ဝေဒနာကို ပြန်လည်ခံစားကောင်းခံစားရနိုင်သည်။ဤအခြေအနေသည်ပုံမှန်ဖြစ်ပြီး ဆေးပညာအသုံးအနှုန်းအရ rebound insomnia ဟု ခေါ်သည်။ ပထမတစ်ညနှစ်ညပြီးလျှင် ပျောက်သွားမည်ဖြစ်ပြီးထို့ထက်ပို၍ဆက်ဖြစ်နေပါကဆရာဝန်နှင့် ပြန်လည်တိုင်ပင်ပါ။

Zolpidem (ဇိုပီဒန်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)

Zolpidemကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Zolpidemကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Zolpidem ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Zolpidemကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ်ဆိုတာ နဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါး ကျွမ်းကျင်ပညာရှင် နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Zolpidemကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zolpidem (ဇိုပီဒန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Zolpidem ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကိုသတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Zolpidemဆေးနှင့်သို့မဟုတ်အခြားသောဆေးများနှင့်ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးပါကဆရာဝန်ကို သေချာစွာအသိပေးပါ (ဆေးသာမကအစားအသောက်၊ ဆိုးဆေး၊ အစားအစာများကိုတာရှည်ခံအောင် အသုံးပြုသည့် ပစ္စည်းများသို့မဟုတ် တိရစ္ဆာန်များ နှင့်ဓါတ်မတည့်ခြင်းများ ပါအကျုံးဝင်သည်)။ ဆရာဝန်ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

• ကလေးသူငယ်များ

ကလေးငယ်များတွင် Zolpidem၏အကျိုးသက်ရောက်မှုကိုလုံလောက်စွာသုတေသနပြုလုပ်ထားခြင်းမရှိသေးပါ။ ထို့ကြောင့် ဆေး၏အကျိုးအာနိသင်ထိရောက်မှုသို့မဟုတ်လုံခြုံစိတ်ချရမှုကိုမသိရှိနိုင်ပါ။

• သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရသက်ကြီးရွယ်အိုများတွင် Zolpidem၏အသုံးဝင်မှု ဆေးစွမ်းကိုကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော်သက်ကြီးရွယ်အိုများသည်လူငယ်များထက် ဆေးဒါဏ်ကိုခံနိုင်ရည်အားနည်းသဖြင့်မူးဝေခြင်း၊စိတ်ရှုပ်ထွေးခြင်းနှင့် ချော်လဲခြင်းစသည်တို့တို့ ဖြစ်ရန်အခွင့်အလမ်းပိုများသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zolpidem (ဇိုပီဒန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Zolpidem (ဇိုပီဒန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Zolpidemသည်ဆိုးရွားပြင်းထန်သောဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်။ အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါက ဆေးသုံးစွဲခြင်းကိုချက်ချင်းရပ်ပြီးအရေးပေါ်ကုသမှုကိုခံယူရပါမည်။

စိတ်ကျဝေဒနာခံစားလာရခြင်း၊စိုးရိမ်ပူပန်မှုများခြင်း၊ရန်လိုလာခြင်း၊စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ပုံမှန်မဟုတ်သည့်အတွေးများပေါ်လာခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊မှတ်ဉာဏ်ပြဿနာများရှိလာခြင်း၊စိတ်နေစိတ်ထား ပြောင်းလဲလာခြင်း၊အန္တရာယ်ရှိသည့်အပြုအမူများကိုလုပ်မိလာခြင်း၊မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနည်းပါးလာခြင်း၊ကြောက်စိတ်မရှိတော့ခြင်း၊မိမိကိုယ်ကိုထိခိုက်နာကျင်အောင်လုပ်ရန်သို့မဟုတ် သေကြောင်းကြံစည်ရန်အတွေးများဝင်လာခြင်းစသည်တို့ ဖြစ်ပေါ်လာပါကလည်းဆရာဝန်ထံဆက်သွယ်အကြောင်းကြားပါ။

အကယ်၍ အောက်ဖော်ပြပါလက္ခဏာများ ပေါ်ပေါက်လာပါက ဆေးသုံးစွဲမှုကိုချက်ချင်းရပ်ပြီးဆရာဝန်ကိုအမြန်ဆုံးဆက်သွယ်ပါ။

• ရင်ဘတ်အောင့်ခြင်း၊နှလုံးခုန်မမှန်ခြင်းသို့မဟုတ် မြန်ခြင်း၊အသက်ရှုမဝခြင်း

• အသက်ရှုရခက်ခဲခြင်းသို့မဟုတ် မြိုချရန်ခက်ခဲခြင်း

• သတိလစ်သွားတော့မည်ဟုထင်မှတ်ခြင်း

ယေဘုယျအားဖြင့်ကြုံတွေ့ရတတ်သည့် ဘေးထွက်ဆိုးကျိုးများမှာ

• နေ့ဘက်တွင်ငိုက်မြည်းခြင်း၊မူးဝေလေးလံခြင်း၊အားနည်းနေသလိုခံစားရခြင်း

• ပင်ပန်းနွမ်းနယ်ခြင်း၊ခန္ဓါကိုယ်၏စည်းချက်ညီညီပူးပေါင်းလုပ်ဆောင်နိုင်စွမ်းအားနည်းလာခြင်း

• နှာခေါင်းပိတ်ခြင်း၊ပါးစပ်ခြောက်ခြင်း၊လည်ချောင်းနှင့်နှာခေါင်းတွင်ယားယံနေရခက်ခြင်း

• ပျို့အန်ခြင်း၊ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း၊ဗိုက်အောင့်ခြင်း

• ခေါင်းကိုက်ခြင်း၊ကြွက်သားနာခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zolpidem (ဇိုပီဒန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zolpidemဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးကိုသုံးစွဲနေတယ်ဆိုရင် Zolpidemကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန်အနေနဲ့ Zolpidemကိုအသုံးမပြုတော့တာဘဲဖြစ်ဖြစ်သင်သုံးစွဲနေတဲ့အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

—>Sodium oxybate

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Zolpidemနဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့် ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ် ဆေးသောက်ရမည့်အကြိမ်ရေကို ပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။

• Alprazolam, Buprenorphine, Buspirone, Butabarbital, Carbamazepine, Carbinoxamine, Ceritinib, Chlordiazepoxide, Chlorpromazine, Clarithromycin, Clonazepam, Clorazepate, Cobicistat, Crizotinib, Dabrafenib, Dexmedetomidine, Diazepam, Diphenhydramine, Doxylamine, Eslicarbazepine Acetate, Estazolam, Eszopiclone, Ethchlorvynol, Fentanyl, Flumazenil, Flurazepam, Fospropofol, Halazepam, Hydrocodone, Hydromorphone, Hydroxyzine, Idelalisib, Lorazepam, Meclizine, Meprobamate, Methadone, Midazolam, Mitotane, Morphine, Morphine , Sulfate Liposome, Nilotinib, Oxazepam, Oxycodone, Oxymorphone, Pentobarbital, Phenobarbital, Piperaquine, Prazepam, Primidone, Promethazine, Propofol, Quazepam, Ramelteon, Secobarbital, Siltuximab, Suvorexant, Tapentadol, Temazepam, Thioridazine, Triazolam, Zaleplon.

အစားအသောက်တွေနဲ့ အရက်က Zolpidem (ဇိုပီဒန်) နဲ့ ဓါတ်ပြုနိုင်သလား

Zolpidemကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zolpidem (ဇိုပီဒန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zolpidemဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။ အထူးသဖြင့် အောက်ပါကျန်းမာရေးအခြေအနေတွေရှိနေခဲ့ရင် ဖြစ်ပါတယ်။

• အရက်သောက်ခြင်း

• ဆေးကိုတလွဲအသုံးပြုခြင်း၊ ဆေးစွဲခြင်း…….Zolpidemကိုစွဲသွားနိုင်ပါတယ်

• စိတ်ကျရောဂါရှိခြင်းသို့မဟုတ်အဆိုပါရောဂါရာဇဝင်ရှိခြင်း

• အဆုတ်နှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိခြင်း

• စိတ်ကျန်းမာရေးချို့ယွင်းနေခြင်းသို့မဟုတ်အဆိုပါ ရောဂါရာဇဝင်ရှိခြင်း

• ကြွက်သားရောဂါတမျိုးဖြစ်တဲ့ Myasthenia gravis ရှိခြင်း

• အိပ်နေရင်းအသက်ရှုရပ်သွားတတ်သော ရောဂါရှိခြင်း…….. သတိနှင့်သုံးစွဲပါ။ Zolpidemကအဆိုပါ ရောဂါကိုပိုဆိုးသွားစေနိုင်ပါသည်။

• အသည်းရောဂါ ………သတိနှင့်သုံးစွဲပါ။ အသည်းရောဂါရှိသူများတွင် သွေးထဲ၌ Zolpidemဆေးပမာဏမှာလိုအပ်သည်ထက်များပြားနေနိုင်သဖြင့် ဘေးထွက်ဆိုးကျိုးများကိုပိုဆိုးစေနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zolpidem (ဇိုပီဒန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အိပ်မပျော်သော ရောဂါခံစားရသူများအတွက်

—->သောက်ဆေး (အာနိသင်ကြာရှည်စွာရသော သောက်ဆေးပြား)

—အရွယ်ရောက်ပြီးသူ —-၆.၂၅မီလီဂရမ်(အမျိုးသမီးများအတွက်) ၊၆.၂၅သို့မဟုတ်၁၂.၅မီလီဂရမ်(အမျိုးသားများအတွက်) ညအိပ်ယာဝင်ချိန်တွင်တစ်နေ့တစ်လုံးသောက်ရန်။ သင့်ဆရာဝန်သည်လိုအပ်ချက်အရ ဆေးပမာဏကိုတိုးကောင်းတိုးလိမ့်မည်။ သို့သော်တနေ့လျှင်၁၂.၅မီလီဂရမ်ထက်ပိုမသောက်ပါနှင့်။

• သက်ကြီးရွယ်အိုများ——၆.၂၅မီလီဂရမ်ကိုညအိပ်ယာဝင်ချိန်တနေ့တလုံး သောက်ရန်။

• သောက်ဆေး (ဆေးပြား)

• အရွယ်ရောက်ပြီးသူ —-၅မီလီဂရမ်(အမျိုးသမီးများအတွက်) ၊၅သို့မဟုတ်၁၀မီလီဂရမ်(အမျိုးသားများအတွက်) ညအိပ်ယာဝင်ချိန်တွင်တနေ့တလုံးသောက်ရန်။ သင့်ဆရာဝန်သည်လိုအပ်ချက်အရ ဆေးပမာဏကိုတိုးကောင်းတိုးလိမ့်မည်။ သို့သော်တစ်နေ့လျှင် ၁၀မီလီဂရမ်ထက်ပိုမသောက်ပါနှင့်။

• -က်ကြီးရွယ်အိုများ——၅မီလီဂရမ်ကိုညအိပ်ယာဝင်ချိန်တနေ့တလုံး သောက်ရန်။

e

ကလေးတွေအတွက် Zolpidem (ဇိုပီဒန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Zolpidem (ဇိုပီဒန်) ကိုဘယ်လိုရရှိနိုင်သလဲ

Zolpidemကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

ဆေးပြား၆.၂၅မီလီဂရမ်၊၁၂.၅မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။ ဆေးလွန်ခြင်း၏လက္ခဏာများမှာ

—>ငိုက်မျည်းခြင်း

—>ကိုမာဝင်ခြင်း(အချိန်အတိုင်းအတာတခုထိ မေ့မျောခြင်း)

—>အသက်ရှုနှေးခြင်းသို့မဟုတ်နှလုံးခုန်နှေးခြင်း

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zolpidemကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement