backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zolmitriptan (ဇိုမီထရစ်ပ်တန်)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Zolmitriptan (ဇိုမီထရစ်ပ်တန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zolmitriptan ကို ခေါင်းတစ်ခြမ်းကိုက်ခြင်းအား ကုသရန် အတွက် သုံးသည်။

Zolmitriptan (ဇိုမီထရစ်ပ်တန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ပေးထားသော အချက်အလက်အားလုံးကို ဖတ်ရှုပါ။ လမ်းညွှန်ချက် အားလုံးကို သေချာ လိုက်နာပါ။

အစာဖြင့် သို့မဟုတ် အစာမပါဘဲ သောက်နိုင်သည်။

ဆေးပြားကို တစ်ခြမ်း ခြမ်းပြီး သောက်နိုင်သည်။ ဝါးမစား ပါနှင့်။ မကျိတ်ချေပါနှင့်။

စတင် ခေါင်းကိုက်ပြီးနောက် စောနိုင်သလောက် စောစော သောက်ပါ။ အရည်ဖြင့် သောက်ပါ။

ဆေးတစ်ခွက် သောက်ပြီး ခေါင်းပြန်ကိုက်ပါက ပထမ တစ်ခွက်သောက်ပြီး ၂ နာရီ အကြာတွင် နောက်တစ်ခွက် ထပ်သောက် နိုင်သည်။

Zolmitriptan (ဇိုမီထရစ်ပ်တန်) ဘယ်လိုသိမ်းဆည်းရမလဲ

Zolmitriptan ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zolmitriptan ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zolmitriptan တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Zolmitriptan ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zolmitriptan (ဇိုမီထရစ်ပ်တန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Zolmitriptan သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင့်တွင် ဤကျန်းမာရေး ပြဿနာများ၊ သွေးတိုးခြင်း သို့မဟုတ် ခေါင်းတစ်ခြမ်း ကိုက်ခြင်း၏ အချို့ အမျိုးအစားများ ဥပမာ hemiplegic or basilar migraine ရှိပါက
  • သင့်တွင် အသည်းရောဂါ ရှိပါက
  • သင့်တွင် အောက်ပါ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိဖူးပါက။ ရင်ဘတ် အောင့်ခြင်း၊ ခြေထောက် နှင့် လက်သို့ သွားသော သွေးကြော ရောဂါ၊ နှလုံးသွေးကြော ရုတ်တရက် ကျဉ်းခြင်း၊ နှလုံး ရောဂါ၊ နှလုံး၊ ဦးနှောက်၊ အူ သို့မဟုတ် ကျောက်ကပ်တွင် သွေးစီးဆင်းမှု နည်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံးခုန်သံ မမှန်ခြင်း ဥပမာ Wolff-Parkinson-White syndrome
  • သင်သည် စိတ်ဓါတ်ကျခြင်းအတွက် အချို့ဆေးများ သောက်နေပါက ဥပမာ isocarboxazid, phenelzine, or tranylcypromine သို့မဟုတ် ပါကင်ဆန် ရောဂါ အတွက် ဆေးများ ဥပမာ selegiline သို့မဟုတ် rasagiline ကို လွန်ခဲ့သော ၁၄ ရက်အတွင်း သောက်ထားပါက။ ဤဆေးများကို ၁၄ ရက်အတွင်း သောက်ထားပါက သွေးပေါင်ချိန် အလွန်ဆိုးရွားစွာ တက်နိုင်သည်။
  • သင်သည် လွန်ခဲ့သော ၂၄ နာရီအတွင်း almotriptan, eletriptan, frovatriptan, naratriptan, rizatriptan, သို့မဟုတ် sumatriptan သောက်ထားပါက
  • သင်သည် လွန်ခဲ့သော ၂၄ နာရီအတွင်း ergotamine, methysergide, dihydroergotamine သို့မဟုတ် အလားတူ အခြားဆေးများ သောက်ထားပါက

သင်သည် ဤဆေး ( zolmitriptan ဆေးပြား) သောက်ထားကြောင်းကို ကျန်းမာရေး စောင့်ရှောက်မှု ပေးသူအားလုံးကို ပြောပြပါ။ ၎င်းတွင် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် သွားဆရာဝန်များ ပါဝင်သည်။

ဤဆေးကို ခေါင်းတစ်ခြမ်းကိုက်ခြင်းအား ကာကွယ်ရန် သို့မဟုတ် ဖြစ်ပွားမှု နည်းရန် မပေးပါ။ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဤဆေးသည် သင့်ကို ဘယ်လို သက်ရောက်သလဲ မသိမချင်း ကားမမောင်းပါနှင့်။ နှိုးကြားမှု လိုသော အခြား အလုပ်များ မလုပ်ပါနှင့်။ သင့်တွင် နှလုံးရောဂါ အတွက် အန္တရာယ်များ ( သွေးတိုး၊ ကိုလက်စထရော များခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်း သကြားများခြင်း သို့မဟုတ် ဆီးချိုသွေးချို၊ စီးကရက် သောက်ခြင်း၊ အသက် ၄၀ ကျော်သော အမျိုးသား၊ နှလုံးရောဂါ ရှိသော အခြား မိသားစုဝင်များ) ရှိပါက ဂရုစိုက်ပါ။ ဆရာဝန်နှင့် ဆွေးနွေးပါ။

ဤဆေး ( zolmitriptan ဆေးပြား) ကို ဆရာဝန် ညွှန်ကြားသည်ထက် ပိုသောက်ခြင်း ( ပမာဏ ပိုများစွာ၊ အကြိမ်ရေ ပိုများစွာ) သည် ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်သည်။

ဤဆေးကဲ့သို့ ဆေးများသည် သွေးတိုးစေသည်။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သွေးပေါင်ချိန်ကို စစ်ဆေးပါ။

သင်သည် အသက် ၆၅ နှစ်နှင့် အထက် ဖြစ်ပါက ဤဆေးကို သတိထားပြီးသုံးပါ။ ဘေးထွက်ဆိုးကျိုးများ ပိုဖြစ် နိုင်သည်။

သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် စီစဉ်ထားပါက ဆရာဝန်အား ပြောပါ။ ကိုယ်ဝန်ဆောင်နေစဉ် ဤဆေး (zolmitriptan ဆေးပြား) သုံးခြင်း၏ အကျိုးကျေးဇူးနှင့် ဆိုးကျိုးများကို ဆွေးနွေးရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zolmitriptan (ဇိုမီထရစ်ပ်တန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် zolmitriptan သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ zolmitriptan မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ zolmitriptan သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zolmitriptan (ဇိုမီထရစ်ပ်တန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သင့်တွင် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်အား ချက်ချင်းပြောပါ သို့မဟုတ် ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။ အောက်ပါ လက္ခဏာများသည် အလွန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများနှင့် ဆက်စပ် နိုင်သည်။

  • ဓါတ်မတည့်မှု၏ လက္ခဏာများ။ အဖုအပိမ့်များ၊ အင်ပျဉ်၊ ယားယံခြင်း၊ အရေပြား နီရဲပြီး ရောင်ရမ်းခြင်း၊ ဖောင်းကြွခြင်း၊ အလွှာလိုက် ကွာခြင်း၊ ဖျားခြင်း၊ အသက်ရှူရာတွင် တဝီဝီမြည်ခြင်း၊ ရင်ဘတ် သို့မဟုတ် လည်ချောင်း ကြပ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ စကားပြောရ ခက်ခြင်း၊ ပုံမမှန်သော အသံအက်ကွဲခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။
  • အလွန်ဆိုးရွားသော ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းသည် ဆေး တစ်ခွက် သောက်ပြီးနောက် သက်သာမလာပါက
  • မျက်စိအမြင် ပြောင်းလဲခြင်း
  • မျက်စိအမြင် ဆုံးရှုံးခြင်း၊ အချိန် အကြာကြီး ဖြစ်နိုင်သည်။
  • ဝမ်းမာခြင်း ( ဝမ်းချုပ်ခြင်း )
  • ဝမ်းပျော့ခြင်း ( ဝမ်းလျှောခြင်း )
  • အစာအိမ် အောင့်ခြင်း၊ ထိုးအန်ခြင်း
  • အလွန်ဆိုးရွားသော ဗိုက်အောင့်ခြင်း၊ ဝမ်းပျော့ပြီး သွေးပါခြင်း
  • အဖျားတက်ခြင်း
  • ကိုယ်အလေးချိန် ကျခြင်း
  • ခြေထောက် ကြွက်တက်ခြင်း
  • ခြေထောက် ကြွက်သားများ လေးလံခြင်း
  • ချမ်းအေးခြင်း
  • ခြေထောက် သို့မဟုတ် ခြေချောင်းများတွင် ပူလောင်ခြင်း၊ နာကျင်ခြင်း
  • အသက်ရှူ မြန်ခြင်း
  • စိတ် ပြောင်းလဲခြင်း
  • ပုံမှန်မဟုတ်သော ပူလောင်သော ခံစားမှု၊ တရွရွ ခံစားမှု
  • Serotonin syndrome ဟုခေါ်သော အလွန်ဆိုးရွားပြီး တစ်ခါတစ်ရံ သေစေနိုင်သော ကျန်းမာရေး ပြဿနာ ဖြစ်နိုင်သည်။ ဤဆေး (zolmitriptan ဆေးပြား) ကို စိတ်ဓါတ်ကျခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း အတွက် ဆေးများ သို့မဟုတ် အခြား ဆေးများနှင့် တွဲသောက်ပါက ဖြစ်နိုင်ချေ ပိုမြင့်သည်။ စိတ် လှုပ်ရှားခြင်း၊ မျှခြေ ပြောင်းလဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ အဖျားတက်ခြင်း၊ နှလုံးခုန်သံ မြန်ခြင်း၊ ပုံမမှန်ခြင်း၊ မျက်နှာ နီရဲခြင်း၊ ကြွက်သား အကြောဆွဲခြင်း သို့မဟုတ် တောင့်တင်းခြင်း၊ တက်ခြင်း၊ တုန်ခြင်း၊ အလွန် ချွေးပြန်ခြင်း၊ အလွန်ဆိုးသော ဝမ်းလျှောခြင်း၊ အစာအိမ် အောင့်ခြင်း၊ ထိုးအန်ခြင်း၊ အလွန်ဆိုးသော ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်ပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။
  • ဤဆေး သောက်ပြီး နာရီအနည်းငယ် အတွင်း နှလုံး သွေးကြော ရုတ်တရက် ကျဉ်းခြင်း၊ နှလုံးခုန်သံ မမှန်ခြင်း စသော အလွန်ဆိုးသော၊ တစ်ခါတစ်ရံ သေစေနိုင်သော နှလုံးပြဿနာများ ဖြစ်နိုင်သည်။ သို့သော် ရှားပါသည်။ ရင်ဘတ်၊ လည်ချောင်း၊ လည်ပင်း သို့မဟုတ် မေးရိုးတွင် တင်းကျပ်ခြင်း၊ နာကျင်ခြင်း၊ လေးလံခြင်း၊ ချွေးစေးများ ပြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ နှလုံးခုန်သံ မြန်ခြင်း၊ နှလုံးခုန်သံ ပုံမှန် မဟုတ်ခြင်း၊ အလွန်ဆိုးရွားသော မူးဝေခြင်း၊ သတိလစ်ခြင်း စသည်တို့ ဖြစ်ပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။
  • ဤဆေး (zolmitriptan ဆေးပြား) သည် လေဖြတ်ခြင်း ကဲ့သို့ အလွန်ဆိုးရွားသော၊ တစ်ခါတစ်ရံ သေစေနိုင်သော ဦးနှောက် သွေးကြော ပြဿနာများကို ဖြစ်စေနိုင်သည်။ သို့သော် ရှားပါသည်။ ခန္ဓါကိုယ် တစ်ဖက်သည် အခြားဖက်ထက် ပိုပြီး သန်မာပါက၊ စကားပြောရာတွင်၊ တွေးခေါ်ရာတွင် ခက်ခဲပါက၊ မျှခြေ ပြောင်းလဲပါက သို့မဟုတ် မျက်စိအမြင် ပြောင်းလဲပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zolmitriptan (ဇိုမီထရစ်ပ်တန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zolmitriptan သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Zolmitriptan (ဇိုမီထရစ်ပ်တန်) နဲ့ ဓါတ်ပြုနိုင်သလား

Zolmitriptan သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zolmitriptan (ဇိုမီထရစ်ပ်တန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zolmitriptan သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zolmitriptan (ဇိုမီထရစ်ပ်တန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခေါင်းတစ်ခြမ်း ကိုက်ခြင်းအတွက် ပုံမှန်လူကြီး ပမာဏ

သောက်ဆေး

  • အစပိုင်း ပမာဏ။ 1.25 သို့မဟုတ် 2.5 mg တစ်ကြိမ် (1.25 mg ပမာဏ ရရန် 2.5 mg ဆေးပြားကို တစ်ခြမ်း ခြမ်းနိုင်သည်)။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း သည် ပျောက်မသွားပါက သို့မဟုတ် အနည်းငယ် သက်သာပြီး ပြန်ဖြစ်ပါက 2 နာရီအကြာတွင် ထပ်ပေးနိုင်သည်။
  • ဆက်ပေးသော ပမာဏ။ တစ်ဦးတစ်ယောက်ချင်း၏ တုံ့ပြန်မှု အပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ညိပါ။
  • အများဆုံး တစ်ခါသောက် ပမာဏ။ 5 mg
  • အများဆုံး နေ့စဉ် ပမာဏ။ 24 နာရီတွင် 10 mg

ပါးစပ်ထဲတွင် ကျေသွားသော ဆေးပြား။

  • အစပိုင်း ပမာဏ။ 2.5 mg တစ်ကြိမ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း သည် ပျောက်မသွားပါက သို့မဟုတ် အနည်းငယ် သက်သာပြီး ပြန်ဖြစ်ပါက 2 နာရီအကြာတွင် ထပ်ပေးနိုင်သည်။
  • ဆက်ပေးသော ပမာဏ။ တစ်ဦးတစ်ယောက်ချင်း၏ တုံ့ပြန်မှု အပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ညိပါ။
  • အများဆုံး တစ်ခါသောက် ပမာဏ။ 5 mg
  • အများဆုံး နေ့စဉ် ပမာဏ။ 24 နာရီတွင် 10 mg

နှာခေါင်း ဖျန်းဆေး။

  • အစပိုင်း ပမာဏ။ 2.5 mg တစ်ကြိမ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း သည် ပျောက်မသွားပါက သို့မဟုတ် အနည်းငယ် သက်သာပြီး ပြန်ဖြစ်ပါက 2 နာရီအကြာတွင် ထပ်ပေးနိုင်သည်။
  • ဆက်ပေးသော ပမာဏ။ တစ်ဦးတစ်ယောက်ချင်း၏ တုံ့ပြန်မှု အပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ညိပါ။
  • အများဆုံး တစ်ခါသောက် ပမာဏ။ 5 mg
  • အများဆုံး နေ့စဉ် ပမာဏ။ 24 နာရီတွင် 10 mg

ကလေးတွေအတွက် Zolmitriptan (ဇိုမီထရစ်ပ်တန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခေါင်းတစ်ခြမ်းကိုက်ခြင်း အတွက် ပုံမှန်ကလေး ပမာဏ

အသက် ၁၂ နှစ်နှင့် အထက်။

နှာခေါင်း ဖျန်းဆေး။

  • အစပိုင်း ပမာဏ။ 2.5 mg တစ်ကြိမ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်း သည် ပျောက်မသွားပါက သို့မဟုတ် အနည်းငယ် သက်သာပြီး ပြန်ဖြစ်ပါက 2 နာရီအကြာတွင် ထပ်ပေးနိုင်သည်။
  • ဆက်ပေးသော ပမာဏ။ တစ်ဦးတစ်ယောက်ချင်း၏ တုံ့ပြန်မှု အပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ညိပါ။
  • အများဆုံး တစ်ခါသောက် ပမာဏ။ 5 mg
  • အများဆုံး နေ့စဉ် ပမာဏ။ 24 နာရီတွင် 10 mg

Zolmitriptan (ဇိုမီထရစ်ပ်တန်) ကိုဘယ်လိုရရှိနိုင်သလဲ

Zolmitriptan ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား
  • နှာခေါင်း ဖျန်းဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zolmitriptan သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement