Generic Name: Zma (ဇတ်အမ်အေ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zma (ဇတ်အမ်အေ) ကို ဘာအတွက်အသုံးပြုကြသလဲ

အိပ်ပျော်စေသော အာဟာရများ ကိုယ်ထဲသို့ များများရောက်စေရန်အတွက် ZMA ကို အသုံးပြုတတ်ကြပါတယ်။ လူအများစုက ဇင့်နှင့် ဗီတာမင် ဘီ၆ကို လိုတာထက်ပိုမို ရရှိကြသော်လည်း မက်ဂနီစီယမ်ကိုတော့ မရရှိကြပါဘူး။

အိပ်ပျော်စေရန်ကူညီပေးနိုင်သော ကြွက်သားပြေလျော့ခြင်းကို မက်ဂနီစီယမ်သောက်သုံးခြင့် ရရှိနိုင်တယ်လို့ လေ့လာမှုများအရ တွေ့ရပါတယ်။

ZMA လည်းသောက်သုံးနေမယ်၊ အကျိုးရှိလာတာလည်း မတွေ့ရဘူးဆိုရင် ဆက်သောက်ဖို့မလိုလောက်ပါဘူး။ အခြားသော ဖြည့်စွက်စာများနှင့် အစားအသောက်များမှ ဇင့်၊မက်ဂနီစီယမ်လုံလောက်စွာ ရနေသူများအတွက် ZMA မလိုလောက်ပါဘူး။ ဒါပေမဲ့ ဇင့်၊မက်ဂနီစီယမ် ချို့တဲ့နေတဲ့လူဆိုရင် ZMA သောက်သုံးခြင်းဖြင့် ထူးခြားလာတာကို တွေ့ရမှာပါ။

ZMA ကို အိပ်ပျော်စေဖို့ထက် ပိုပြီးအသုံးပြုလို့ရပါတယ်။ ကြွက်သားများကြီးထွားစေပြီး ပျက်စီးခြင်းမှပြန်လည်ကောင်းမွန်လာအောင် အားပေးပါတယ်။ ကျွမ်းကျင်အားကစားသမားများဟာ အိပ်စက်ချိန်တွင် ကြွက်သားများပြေလျော့စေခြင်းဖြင့် ပိုမိုလန်းဆန်း၊နုပျိုစေသော အိပ်စက်ခြင်းကို ရရှိနိုင်ကြပါတယ်။

ကြီးထွားဖွံ့ဖြိုးစေသော ဖော်မျူလာဖြစ်တာကြောင့် တက်စထရိုစတီရုန်း(ကျားဟော်မုန်း) ထုတ်လုပ်မှုကို အားပေးပါတယ်။ သဘာဝအရကျားဟော်မုန်းများစေသော ပစ္စည်းတစ်ခုဖြစ်ပြီး တကယ်လဲအလုပ်ဖြစ်ပါတယ်။ ZMA ဟာ ကျားဟော်မုန်းကို ၃၀% အထိ မြင့်တင်ပေးတယ်လို့ လေ့လာမှုများအရ သိရှိရပါတယ်။

Zma (ဇတ်အမ်အေ) ဘယ်လိုသောက်သုံးသင့်သလဲ

မအိပ်ခင် ၃၀မိနစ်ကနေ ၆၀မိနစ်အတွင်း သောက်သုံးနိုင်ပါတယ်။ အများအားဖြင့် ဆေးအကျိုးကျေးဇူးအမြင့်ဆုံးရရှိရန်အတွက် အစာနှင့်ဝေးဝေးထားပြီး သောက်ခိုင်းပါတယ်။

အချို့ကတော့ ZMA ဆေးတောင့်ကို အိပ်ရာထထချင်း မနက်စာမစားခင်မှာ သောက်ခိုင်းပါတယ်။

Zma (ဇတ်အမ်အေ) ဘယ်လိုသိမ်းဆည်းရမလဲ

နေရောင် တိုက်ရိုက်ထိတွေ့ခြင်းနှင့် အစိုဓာတ်တို့ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ကာ အခန်းအပူချိန်မှာ ထိန်းသိမ်းတာ အကောင်းဆုံးပါ။ ZMA ကို ရေချိုးခန်းနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းမယ်ဆိုရင် ဆေးပျက်စီးဆုံးရှုံးနိုင်ပါလိမ့်မယ်။

ZMA တံဆိပ် အမျိုးမျိုး ရှိသလို ထိန်းသိမ်းပုံလည်း အမျိုးမျိုး  ရှိနိုင်ပါတယ်။ ဆေးဘူးပေါ်မှာ ရေးထားတဲ့ ထိန်းသိမ်းနည်းကို ဂရုတစိုက် ဖတ်ဖို့ အရေးကြီးပါတယ်။ သို့မဟုတ်က ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။ ဘေးဥပါဒ် မဖြစ်စေရန်အတွက် ကလေးနဲ့ အိမ်မွေးတိရိစ္ဆာန်တို့ရဲ့ အဝေးတွင် ထားရှိပေးပါ။

ZMA ကို မညွန်းထားပဲနဲ့ အိမ်သာထဲသို့ ရေမြောင်းအတွင်းသို့ မစွန့်ပြစ်သင့်ပါ။ သက်တမ်းကျော်သွားမယ် ဆိုရင်၊ မလိုတော့ဘူးဆိုရင် သေချာစွန့်ပြစ်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုစွန့်ပြစ်ရမလဲဆိုတာ ပိုမိုသိရှိလိုပါက ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zma (ဇတ်အမ်အေ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ZMA ဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အမြောက်အများကို အပြည့်အ၀ သက်ရောက်မှုပေးနိုင်တဲ့ ဖြည့်စွက်ဆေးတစ်ခုဖြစ်ပါတယ်။ တက်စထရိုစတီရုန်းထုတ်လုပ်လုပ်မှုကို ဘေးကင်းကင်းနဲ့ သဘာဝအလျှောက် မြင့်တင်ပေးတယ်လို့လဲ သက်သေပြပြီးပါပြီ။ ကျန်းမာစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့လည်း ကူညီပေးတယ်လို့ သက်သေပြပြီးပါပြီ။

ZMA ကို ကောင်းမွန်တဲ့ အိပ်စက်ခြင်းရရှိဖို့ အသုံးပြုကြတာလည်းရှိသလို ကျားဟော်မုန်း မြင့်တင်ပေးရန်အတွက်လည်း အသုံးပြုကြပါတယ်။

ZMA ဆိုတာ ကုမ္ပဏီပိုင် နာမည်တစ်ခု ဖြစ်သော်လည်း ဈေးကွက်ထဲမှာ ZMA အမျိုးအစား အများအပြားရှိပါတယ်။ ဆေးပမာဏများများပါဝင်ပြီး နာမည်ကောင်းရှိကုမ္ပဏီတစ်ခုမှလာတဲ့ ZMA တစ်ခု ရရှိဖို့ သေချာအချိန်ပေး၍ ရှာဖွေရန် လိုအပ်ပါတယ်။

ZMAက တကယ့် အားကစားသမားတွေကြားမှာ တော်တော်လေး ပေါ်ပြူလာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇင့်တို့၊ မက်ဂနီစီယမ်တို့ကို ချွေးထဲမှ ဆုံးရှုံးသွားပြီး အစားအသောက်မှ ပြန်ဖြည့်ဖို့ မလွယ်လို့ပါ။ ZMA ဟာ တက်စထရိုစတီရုန်းများစေပြီး ထိုသက်ရောက်မှုက တန်းမြင့်အားကစားသမားတွေမှာ ပိုမိုသိသာပါတယ်။

ဒါပေမဲ့ အစားအသောက်မှ ဇင့်နဲ့ မက်ဂနီစီယမ် လုံလောက်စွာ ရရှိနေမယ်ဆိုရင်တော့ ဘာမှသိသိသာသာ ထူးခြားလာမှာ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zma (ဇတ်အမ်အေ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနှင့် နို့တိုက်နေစဉ်အတွင်းမှာ ယင်းဆေးဝါကို အသုံးပြုခြင်းသည် ဘေးကင်းလား၊ မကင်းဘူးလား ဆိုတာကတော့ လုံလောက်တဲ့ လေ့လာမှုတွေမပြုလုပ်ရသေးပါဘူး။ ဆိုးကျိုးထက် ကောင်းကျိုးများ ရရှိစေရန် ZMAအသုံးမပြုခင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zma (ဇတ်အမ်အေ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

လေ့လာချက်အများစုအရတော့ ခန္ဓာကိုယ်က ZMA ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့လည်း ဆိုးကျိုးတွေတော့ ရှိပါတယ်။ အသေးစား ဆိုကျိုးတွေကတော့ အိပ်နေစဉ် အသက်ရှုရပ်ခြင်းနှင့် ဟောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဆိုးကျိုးတွေပြင်းထန်လာမယ်ဆိုရင်တော့ နှလုံးသွေးကြောစနစ်ကို ထိခိုက်စေမှာပါ။ ZMA ရဲ့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုကြောင့် သွေးနီဥတွေ အမြောက်အများ ထုတ်လာပြီး နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်သွားစေပါတယ်။ ယင်းသွေးနီဥထုတ်လုပ်မှု များလာခြင်းကပဲ ဆီးကျိတ် ကြီးလာခြင်း၊ အဆီပြန်မှုများလာခြင်းနှင့် ၀က်ခြံပေါက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ရင်သားကြီးလာခြင်း၊ သုတ်ပိုးထုတ်လုပ်မှု နည်းလာခြင်း၊ ဆီကျိတ်ကြီးလာခြင်းနဲ့ ထိပ်ပြောင်လာခြင်းကဲ့သို့ တက်စထရိုစတီရုန်းအားဖြည့်ဆေးများ၏ ဆိုးကျိုးများနှင့် ချိတ်ဆက်သွားနိုင်ပါတယ်။

ZMA က တက်စထရိုစတီရုန်းအားဖြည့်ဆေး အများစုလိုပဲ မိန်းမတွေအသုံးပြုဖို့ အကြံမပြုထားပါဘူး။ အသုံးပြုမယ်ဆိုရင် ခန္ဓာကိုယ် အမွှေးများလာခြင်းနှင့် ဒေါသကြီးလာခြင်းလိုမျိုး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရရှိလာနိုင်ပါတယ်။

သောက်မယ်ဆိုရင်လည်း စံပြုထားသော ပမာဏ၏ သုံးပုံ နှစ်ပုံလောက်ပဲ အကြံပြုထားပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zma (ဇတ်အမ်အေ) နဲ့ ဓာတ်ပြုနိုင်သလဲ

ZMA ကို အခြားဆေးဝါးတွေက ဆေးရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲပေးခြင်းအားဖြင့် သို့မဟုတ် ဆိုးကျိုးတွေကို ပိုမို ပြင်းထန်လာစေခြင်းအားဖြင့် သက်ရောက်ပါတယ်။

ပြင်းထန်တဲ့ ဆေးအချင်းချင်း ဓာတ်ပြုခြင်းတွေကို ရှောင်ကျဉ်ဖို့ သောက်သုံးလျှက်ရှိသော ဆေးဝါးတွေ( ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မညွှန်ကြားထားသော ဆေးများ၊ ဘယဆေးဝါးများ) ကို ချရေးပြီး သင့်ဆရာဝန်နဲ့ ကျွမ်းကျင်သူတို့ကို ပေးထားပါ။

ဘေးကင်းစေရန်အတွက် ဆေးသောက်တာကို ရပ်တန့်ခြင်း၊ သောက်သုံးလျှက်ရှိသော ပမာဏ ပြောင်းလဲခြင်းတို့အား ဆရာဝန် မညွှန်ကြားဘဲနဲ့ မိမိသဘောအတိုင်း မပြုလုပ်နှင့်။

အစားအသောက်တွေနဲ့ အရက်က Zma (ဇတ်အမ်အေ) နဲ့ ဓာတ်ပြုနိုင်သလား

အရက်နဲ့ အစားအစာတွေက ZMA အပေါ်မှာ ဆေးရဲ့ အလုပ်လုပ်ပုံ ပြောင်းလဲပေးစေခြင်းဖြင့် ဒါမှမဟုတ် ဆိုးကျိုးတွေကို ပိုမို ပြင်းထန်စေခြင်းအားဖြင့် သက်ရောက်ပါတယ်။

ယင်းဆေးကို အသုံးမပြုခင်မှာ အရက်နှင့် အစားအစာတို့ဖြင့် ဓာတ်ပြုမှုရှိလား မရှိဘူးလားဆိုတာကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zma (ဇတ်အမ်အေ) နဲ့ ဓာတ်ပြုနိုင်သလဲ

ZMA က ကျန်းမာရေးအခြေအနေတွေနဲ့  သက်ရောက်မှုတွေ ရှိပါတယ်။ ယင်းသက်ရောက်မှုတွေက ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်သလို ဆေးရဲ့ အလုပ်လုပ်ပုံကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန် နဲ့ ကျွမ်းကျင်သူတွေကို အမြဲတမ်းအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zma (ဇတ်အမ်အေ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်သုံးရမယ့် ပမာဏဟာ ဆေးအမျိုးအစားနဲ့ လိုက်ပြီးကွဲပြားပါတယ်။ အိပ်ရာဝင်ခါနီးတစ်ကြိမ်အပါအ၀င် တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် သောက်သုံးဖို့ အကြံပြုထားပါတယ်။ အိပ်ရာဝင်ခါနီး သောက်လိုက်တာက အိပ်စက်ခြင်းအတွက်သာမက ကြွက်သားဖွံ့ဖြိုးမှု၊ ထိန်းသိမ်းမှုတို့အတွက်ပါ အကျိုးရှိမှာပါ။

ကလေးတွေအတွက် Zma (ဇတ်အမ်အေ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ သောက်နိုင်မယ့် ပမာဏကတော့ မထုတ်ပြန်ထားပါဘူး။ သုံးမယ်ဆိုရင် ဘေးမကင်းလောက်ပါဘူး။ အသုံးမပြုခင်မှာ ဆေးရဲ့ ဥပါဒ်တွေကို ပြည့်ပြည့်စုံစုံ သိထားဖို့လိုပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။

Zma (ဇတ်အမ်အေ) ကိုဘယ်လိုရရှိနိုင်သလဲ

ZMA ကို အောက်ပါပုံစံအမျိုးမျိုး၊ ပြင်းအားအမျိုးမျိုးတို့ဖြင့် ၀ယ်ယူရရှိနိုင်ပါတယ်။

ZMA ဖြည့်စွက်စာများ၊ ဆေးလုံး၉၀ဆန့် ဆေးဘူးများ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးလွန်သွားတဲ့ အခါမှာ ဆေးရုံကားခေါ်ပါ ဒါမှမဟုတ် နီးစပ်ရာဆေးရုံသို့သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ZMA သောက်ဖို့ လွတ်သွားမယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန် ပြန်သောက်ပါ။ နောက်ထပ်ဆေးသောက်ဖိုအချိန်နဲ့  နီးနေမယ်ဆိုရင်တော့ လွတ်သွားတဲ့ ဆေးကို လွှတ်လိုက်ပြီး ပုံမှန်အတိုင်း ဆက်သောက်သွားပါ။ ဆေးကို နှစ်ခါမသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 13, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ