Generic Name: Zerocid (ဇီရိုဆစ်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zerocid (ဇီရိုဆစ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zerocid  ကို GERD လို့ခေါ်တဲ့ အစာချေရည်များ လည်ချောင်းအတွင်းသို့ ဆန်တက်ခြင်းရောဂါ အပါအဝင် အစာအိမ်အက်ဆစ်ဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကုသပေးဖို့အတွက် အများဆုံး အသုံးပြုပါတယ်။အစာချေအက်ဆစ်ရည်ကြောင့် အစာရေမြိုထိခိုက်ခြင်းကိုလည်း ပြန်လည်ကောင်းမွန်သက်သာစေပါတယ်။

Zerocid (ဇီရိုဆစ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Zerocid ကို အစာမစားမီ သောက်သုံးသင့်ပါတယ် (အစာမစားမီ အနည်းဆုံး တနာရီလောက်အလိုမှာ သောက်ရပါမယ်)။ဆေးညွှန်းမှာ ပါဝင်သမျှ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာရပါမယ်။သတ်မှတ်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊လျော့သောက်ခြင်း၊သတ်မှတ်ထားတဲ့ ကာလထက်ပိုသောက်ခြင်းများ မပြုလုပ်သင့်ပါဘူး။Zerocid ကို ၂၄နာရီတကြိမ်နှုန်းနဲ့ ၁၄ရက်တိတိသောက်ရပါမယ်။ဆေးကို မနက်စာမစားခင် မနက်စောစောမှာ သောက်ရပါမယ်။ဆေးအာနိသင်အပြည့်အဝရဖို့ လေးရက်လောက် အချိန်ယူရမှာ ဖြစ်ပါတယ်။၂၄နာရီအတွင်းမှာ ဆေးတပြားထက် ပိုမသောက်ရပါဘူး။ဆေးပြားကို မခြမ်းပါနှင့်၊ဝါးမစားပါနှင့်၊ချေမပစ်ပါနှင့်။ဆေးတပြား လုံးကို ရေတဖန်ခွက်အပြည့်ဖြင့် သောက်ချပါ။

Zerocid (ဇီရိုဆစ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Zerocid  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ zerocid  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ zerocid  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Zerocid  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Zerocid  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zerocid (ဇီရိုဆစ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

zerocid ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • zerocid ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။
  • အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Zerocid ဟာ ရင်ပူခြင်းဝေဒနာတွေကို အလျင်အမြန် ပျောက်ကင်းစေမှာတော့ မဟုတ်ပါဘူး။ရင်ပူခြင်းဟာ ရုတ်တရက်နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေနဲ့ မှားတတ်ပါတယ်။သင့်အနေနဲ့ ရင်ဘတ်အောင့်ခြင်း၊လေးလံသလို ခံစားရခြင်း၊နာကျင်မှုက လက်မောင်း သို့မဟုတ် ပုခုံးသို့ ပျံ့သွားခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ချွေးစေးများပျံခြင်း၊နေထိုင်မကောင်းခြင်းတို့ကို ခံစားရမယ်ဆိုရင် အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။ဆေးကို သတ်မှတ်ထားတဲ့ ကာလအတိုင်း ပြည့်ဝအောင် သောက်ရမှာ ဖြစ်ပါတယ်။ကူးစက်ပိုးက ရာနှုန်းပြည့်မပျောက်ကင်းသေးပေမယ့် ရောဂါလက္ခဏာတွေက သက်သာလာတတ်လို့ ဖြစ်ပါတယ်။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zerocid (ဇီရိုဆစ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zerocid (ဇီရိုဆစ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဖစ်လေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဗိုက်နာဗိုက်အောင့်ခြင်း။
  • လေထခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ခေါင်းကိုက်ခြင်း။

အောက်ပါလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့အမြန်ဆုံး ပြသပါ။

  • ပြင်းထန်စွာ ဗိုက်အောင့်ခြင်း။
  • ဝမ်းလျှောခြင်း (အရည်များ)၊သွေးဝမ်းသွားခြင်း။
  • အတက်ဝေဒနာ ခံစားရခြင်း။
  • ဆီးနည်းခြင်း၊များခြင်း၊ဆီးထဲသွေးပါခြင်း၊ဖောရောင်ခြင်း၊ကိုယ်အလေးချိန်လျင်မြန်စွာ တက်ခြင်း အစရှိသည့် ကျောက်ကပ်ပြဿနာများ။
  • သွေးတွင်းမဂ္ဂနီဆီယမ်ဓာတ်နည်းပါးခြင်း၏ လက္ခဏာများဖြစ်သော မူးဝေထိုင်းမှိုင်းခြင်း၊စိတ်ရှုပ်ထွေးခြင်း စသည်။
  • နှလုံးခုန်မြန်ခြင်း၊မမှန်ခြင်း။
  • ခြေလက်များ ဂဏှာမငြိမ်ဘဲ လှုပ်နေခြင်း၊ကြွက်သားများ လှုပ်နေခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • ကြွက်တက်ခြင်း။
  • ချောင်းဆိုးခြင်း၊လည်ချောင်းထဲ တစ်ဆို့ဆို့ဖြစ်ခြင်း။

ပြင်းထန်သော ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း စတာတွေကို ခံစားရမယ်ဆိုရင် အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံး ခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zerocid (ဇီရိုဆစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Zerocid  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

 

အစားအသောက်တွေနဲ့ အရက်က Zerocid (ဇီရိုဆစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Zerocid  က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zerocid (ဇီရိုဆစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Zerocid  ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အထူးသဖြင့်

  • အသည်းရောဂါ။
  • သွေးတွင်းမဂ္ဂနီဆီယမ်ဓာတ် နည်းပါးခြင်း။
  • အရိုးပွခြင်း သို့မဟုတ် အရိုးတွင်းသိပ်သည်းဆနည်းပါးခြင်း။
  • အစာ၊ရေ စသည်တို့ မြိုချရခက်ခြင်း။
  • သွေးဝမ်းသွားခြင်း၊ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများသွားခြင်း၊သွေးအန်ခြင်း၊ကော်ဖီအနှစ်ရောင်များအန်ခြင်း။
  • (သုံးလထက်ကျော်သော) ရင်ပူခြင်းဝေဒနာကို ခံစားနေရခြင်း။
  • မကြာခဏ ရင်ဘတ်အောင့်ခြင်း၊ရင်ပူခြင်းနှင့်အတူ အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း။
  • (အကြောင်းရင်း တစုံတရာမရှိဘဲ) ကိုယ်အလေးချိန်ကျဆင်းခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဗိုက်နာ၊ဗိုက်အောင့်ခြင်း။

နှလုံးရောဂါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zerocid (ဇီရိုဆစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အူသိမ်အနာအတွက်

သတ်မှတ်ထားသောပမာဏ : ၂၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရမှာဖြစ်ပြီး ရက်သတ္တပတ် လေးပတ်မှ ရှစ်ပတ်အထိ သောက်ရပါမယ်။

  • Helicobacter Pylori ဘက်တီးရီးယားပိုးဝင်ခြင်းအတွက်

သတ်မှတ်ထားသောပမာဏ : ၂၀မီလီဂရမ်ကို တနေ့နှစ်ကြိမ်သောက်ရမှာဖြစ်ပြီး ဆယ်ရက်တိတိသောက်ရမှာဖြစ်ကာ amoxicillin ၁၀၀၀မီလီဂရမ် တနေ့နှစ်ကြိမ် နဲ့ clarithromycin ၅၀၀ မီလီဂရမ် တနေ့နှစ်ကြိမ် တို့ကိုပါ ဆယ်ရက်မှ ဆယ့်လေးရက်အထိ တွဲဖက်သုံးစွဲရမှာ ဖြစ်ပါတယ်။

  • အစာအိမ်အနာဖြစ်ခြင်းအတွက်

သတ်မှတ်ထားသောပမာဏ : ၄၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရမှာဖြစ်ပြီး ရက်သတ္တပတ် လေးပတ်မှ ရှစ်ပတ်အထိ သောက်ရပါမယ်။

  • GERD (အစာချေအက်ဆစ်ရည်များ အထက်သို့ဆန်တက်ခြင်း)

သတ်မှတ်ထားသောပမာဏ : ၂၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရမှာဖြစ်ပြီး ရက်သတ္တပတ် လေးပတ် သောက်ရပါမယ်။

  • Erosive Esophagitis လို့ခေါ်တဲ့ အစာရေမြိုရောင်ရမ်းခြင်းအတွက်

သတ်မှတ်ထားသောပမာဏ : ၂၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရမှာဖြစ်ပြီး ရက်သတ္တပတ် လေးပတ်မှ ရှစ်ပတ်အထိ သောက်ရပါမယ်။

ဆက်လက်ထိန်းထားရမယ့် ဆေးပမာဏ : ၂၀မီလီဂရမ်ကို တနေ့တကြိမ်သောက်ရမှာဖြစ်ပြီး တနှစ်အထိ သောက်ရမှာ ဖြစ်ပါတယ်။

  • အစာချေအက်ဆစ်ရည် အလွန်အကျွံထွက်ခြင်းအတွက် (ဥပမာ Zollinger-Ellison Syndrome)

သတ်မှတ်ထားသော ပမာဏ : ကနဦးတွင် ၆၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်နိုင်ပြီး တနေ့ကို ၃၆၀မီလီဂရမ်ထိ သောက်နိုင်ကာ သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။

ကလေးတွေအတွက် Zerocid (ဇီရိုဆစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • GERD (အစာချေအက်ဆစ်ရည်များ အထက်သို့ဆန်တက်ခြင်း)အတွက်

အသက်တနှစ်အောက် ကလေးများတွင် စိတ်ချရမှုနှင့် အာနိသင်ထိရောက်မှုတို့ကို မသိရှိရပါ။

ကိုယ်အလေးချိန် ၅ – ၁၀ ကီလိုအတွင်းရှိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၅မီလီဂရမ် တနေ့ကို တကြိမ်။

ကိုယ်အလေးချိန် ၁၀ – ၂၀ ကီလိုအတွင်းရှိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၁၀ မီလီဂရမ် တနေ့ကို တကြိမ်။

ကိုယ်အလေးချိန် ၂၀ ကီလိုအထက်ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၂၀မီလီဂရမ် တနေ့ကို တကြိမ်။

  • Erosive Esophagitis အစာရေမြိုရောင်ရောဂါအတွက်

အသက်တလအောက် ကလေးများတွင် စိတ်ချရမှုနှင့် အာနိသင်ထိရောက်မှုတို့ကို မသိရှိရပါ။

  • ကိုယ်အလေးချိန် ၃ကီလို – ၅ ကီလိုအောက်အတွင်းရှိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၂.၅မီလီဂရမ် တနေ့ကို တကြိမ်။
  • ကိုယ်အလေးချိန် ၅ကီလို – ၁၀ ကီလိုအောက်အတွင်းရှိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၅မီလီဂရမ် တနေ့ကို တကြိမ်။
  • ကိုယ်အလေးချိန် ၁၀ ကီလိုနှင့်အထက် ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၁၀ မီလီဂရမ် တနေ့ကို တကြိမ်။
  • ရက်သတ္တပတ် ခြောက်ပတ်လောက်အထိ သောက်ရပါမယ်။

 

  • အသက် တနှစ်မှ ဆယ့်ခြောက်နှစ်အထိ
  • ကိုယ်အလေးချိန် ၅ကီလို – ၁၀ ကီလိုအောက်အတွင်းရှိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၅မီလီဂရမ် တနေ့ကို တကြိမ်။
  • ကိုယ်အလေးချိန် ၁၀ကီလို – ၂၀ ကီလိုအောက်အတွင်းရှိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၁၀မီလီဂရမ် တနေ့ကို တကြိမ်။
  • ကိုယ်အလေးချိန် ၂၀ ကီလိုနှင့်အထက် ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ ၂၀ မီလီဂရမ် တနေ့ကို တကြိမ်။
  • ရက်သတ္တပတ် လေးပတ်မှ ရှစ်ပတ်လောက်အထိ သောက်ရပါမယ်။

Zerocid (ဇီရိုဆစ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

zerocid  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့် : Omeprazole ၂၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zerocid  ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ