Generic Name: Zefdavir (ဇက်ဖ်ဒါဗား) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zefdavir (ဇက်ဖ်ဒါဗား) ကို ဘာအတွက်အသုံးပြုကြသလဲ

ခုခံအားကျဆင်းမှုရောဂါ (AIDS) ကို ဖြစ်စေတဲ့ HIV ပိုးကို ကုသဖို့အတွက် zefdavir ကို အများဆုံး အသုံးပြုကြလေ့ရှိပါတယ်။သိထားသင့်တဲ့အချက်က zefdavir ဟာ AIDS ဒါမှမဟုတ် HIV ကို အရှင်းပျောက်သွားအောင် ကုပေးနိုင်မှာ မဟုတ်ဖူး ဆိုတာကိုပါပဲ။Zefdavir နဲ့ ဗိုင်းရပ်စ်ရောဂါကုသတဲ့ အခြားသော ဆေးဝါးတွေကို ပေါင်းစပ်အသုံးပြုပြီး human immunodeficiency virus type 1 (HIV‑1) ပိုးကူးစက်ခံရခြင်းကို ကုသပေးနိုင်ပါတယ်။Zefdavir ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုတယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေထံ မေးမြန်းသင့်ပါတယ်။

Zefdavir (ဇက်ဖ်ဒါဗား) ဘယ်လိုသောက်သုံးသင့်သလဲ

Zefdavir ကို ဆေးပြား ဒါမှမဟုတ် ဆေးရည်အဖြစ် သောက်သုံးနိုင်ပါတယ်။သင့်အနေနဲ့ သက်သာလာပြီလို့ခံစားရသည့်တိုင် Zefdavir သုံးစွဲတာကို မရပ်ရပါဘူး။ဆရာဝန်ကို အသိမပေးဘဲ ဆေးသောက်ရပ်လိုက်တာမျိုးကို ရှောင်ကျဉ်ရပါမယ်။

Zefdavir (ဇက်ဖ်ဒါဗား) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Zefdavir  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ zefdavir  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ zefdavir  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Zefdavir  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Zefdavir  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zefdavir (ဇက်ဖ်ဒါဗား) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ပါအချက်အလက်တွေရှိတယ်ဆိုရင် ဆေးမသုံးစွဲခင် ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
  • zefdavir သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓာတ်မတည့်ခြင်းများရှိလျှင်။
  • အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။

Zefdavir ကို အသက်၂နှစ်အောက် ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။Zefdavir ဟာ မိခင်နို့ရည်ထဲမှာ ပါဝင်လာနိုင်တာကြောင့် နို့တိုက်ကလေးကို ထိခိုက်စေပါတယ်။ဒါကြောင့် အသည်းရောင်အသားဝါ ဘီပိုးကို ကုသဖို့ Zefdavir ကို သုံးစွဲနေချိန်မှာ မိခင်နို့မတိုက်သင့်ပါဘူး။HIV ဒါမှမဟုတ် AIDS ရောဂါရှိတဲ့ မိခင်တွေဟာ ကလေးနို့မတိုက်သင့်ပါဘူး။ဘာလို့လဲဆိုတော့ သင့်ကလေးဟာ HIV ပိုးမပါဘဲ မွေးဖွားလာသည့်တိုင်အောင် အဆိုပါဗိုင်းရပ်စ်ပိုးတွေဟာ မိခင်နို့ရည်ထဲမှာ ပါဝင်လာနိုင်လို့ပဲ ဖြစ်ပါတယ်။zefdavir ဟာ ဗိုက်ထဲက သန္ဓေသားကိုထိခိုက်ခြင်းရှိမရှိကိုတော့ မသိရှိရပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းစွာ မကုသဖူးဆိုရင် HIV ပိုးဟာ မိခင်မှတဆင့် မွေးလာမယ့်ကလေးဆီကို ကူးစက်စေနိုင်ပါတယ်။သင့်မှာ ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ကလေးယူဖို့အစီအစဉ်ရှိတယ်ဆိုရင် သင့်ဆရာဝန်ကို အသိပေးရမှာပါ။ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် HIV ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာသောက်သုံးရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zefdavir (ဇက်ဖ်ဒါဗား) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Zefdavir (ဇက်ဖ်ဒါဗား) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေက

  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ခေါင်းကိုက်ခြင်း။
  • နေထိုင်မကောင်းသလို ခံစားရခြင်း။
  • နှာခေါင်းပိတ်ခြင်း၊နှာချေခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း စသော အအေးမိခြင်း၏ လက္ခဏာများ။
  • အောက်ပါပြဿနာများ ပေါ်ပေါက်လာပါက ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။
  • ပန်ကရိယ ပြဿနာများ (ဥပမာ ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ထို့နောက် နောက်ကျောသို့ရွေ့သွားခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊နှလုံးခုန်မြန်ခြင်း)။
  • အသည်းပြဿနာများ (ဥပမာ ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း၊ယားယံခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးအရောင်မည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း)။
  • ကူးစက်ရောဂါအသစ်ဖြစ်ပွါးခြင်း၏ လက္ခဏာများ (ဥပမာ ဖျားခြင်း၊ညဖက်ချွေးထွက်ခြင်း၊အကျိတ်များရောင်ခြင်း၊ပါးစပ်တွင် အနာပေါက်ခြင်း၊ဝမ်းလျှောခြင်း၊ဗိုက်အောင့်ဗိုက်နာခြင်း၊ကိုယ်အလေးချိန်လျော့ကျခြင်း)။
  • ရင်ဘတ်အောင့်ခြင်း (အထူးသဖြင့် အသက်ရှုချိန်တွင်)၊ချောင်းခြောက်ဆိုးခြင်း၊အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း၊အသက်ရှုမဝခြင်း။
  • ရေယုန်ပေါက်ခြင်း၊လိင်အင်္ဂါတဝိုက်နှင့် စအိုနားတဝိုက်တွင် အနာများပေါက်ခြင်း။
  • နှလုံးခုန်နှုန်းမြန်ခြင်း၊စိုးရိမ်ပူပန်စိတ်များခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊အားနည်းခြင်း၊ခန္ဓာကိုယ်ဟန်ချက်ထိန်းခြင်း သို့မဟုတ် မျက်စိလှုပ်ရှားခြင်းတို့နှင့် ပတ်သက်ပြီး ပြဿနာရှိခြင်း။
  • စကားပြောရခက်ခဲခြင်း၊အစာမြိုရခက်ခဲခြင်း၊နောက်ကျောပြင်းထန်ဆိုးရွားစွာ နာကျင်ကိုက်ခဲခြင်း၊ဆီး/ဝမ်း မထိန်းနိုင်ခြင်း။
  • လည်ပင်းကြီးခြင်း (သိုင်းရွိုက်ဂလင်းကြီးခြင်း)၊ရာသီမမှန်ခြင်း၊မြုံခြင်း၊လိင်စိတ်နည်းပါးခြင်း။

ဓာတ်မတည့်ခြင်း၏ လက္ခဏာများဖြစ်သော အင်ပျဉ်များထခြင်း၊အသက်ရှုရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာပါက အရေးပေါ်ဆေးကုသမှုကို ခံယူရပါမည်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zefdavir (ဇက်ဖ်ဒါဗား) နဲ့ ဓာတ်ပြုနိုင်သလဲ

Zefdavir  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အဆိုပါဆေးဝါးတွေကတော့

 Atripla (efavirenz, emtricitabine, and tenofovir)

 Combivir (lamivudine and zidovudine)

 Complera (rilpivirine, emtricitabine, and tenofovir)

 Emtriva (emtricitabine)

 Epzicom (abacavir and lamivudine)

 Stribild (cobicistat, elvitegravir, emtricitabine, and tenofovir)

 Trizivir (abacavir, lamivudine, and zidovudine)

 Truvada (emtricitabine and tenofovir)

 Abacavir (Ziagen)

 Didanosine (Videx)

 Stavudine (Zerit)

 Zalcitabine (Hivid) တို့ပဲ ဖြစ်ကြပါတယ်။

အစားအသောက်တွေနဲ့ အရက်က Zefdavir (ဇက်ဖ်ဒါဗား) နဲ့ ဓာတ်ပြုနိုင်သလား

Zefdavir  က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zefdavir (ဇက်ဖ်ဒါဗား) နဲ့ ဓာတ်ပြုနိုင်သလဲ

Zefdavir  ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အဆိုပါ ကျန်းမာရေးအခြေအနေတွေကတော့

  • အသည်းရောဂါများ (အထူးသဖြင့် သင်ဟာ HIV ပိုးကို ကုသနေတာဖြစ်ပြီး အသည်းရောင်အသားဝါ ဘီပိုးပါ ရှိနေရင်)။
  • အသည်းအစားထိုးကုသထားရင်။
  • ကျောက်ကပ်ရောဂါရှိရင်။

ပန်ကရိယရောင်ဖူးရင် စတာတွေပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zefdavir (ဇက်ဖ်ဒါဗား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

HIV ပိုးကူးစက်ခံရခြင်း :

သတ်မှတ်ထားသော ပမာဏမှာ ၃၀၀မီလီဂရမ်ကို တနေ့လျှင်တကြိမ် သို့မဟုတ် ၁၅၀ မီလီဂရမ်ကို တနေ့လျှင် နှစ်ကြိမ်သောက်နိုင်ပါသည်။

နာတာရှည် အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရခြင်း :

သတ်မှတ်ထားသော ပမာဏမှာ ၁၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရပါမည်။

ကလေးတွေအတွက် Zefdavir (ဇက်ဖ်ဒါဗား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

HIV ပိုးကူးစက်ခံရခြင်း :

အသက် ၁လမှ ၃လအထိ ကလေးငယ်များ : သတ်မှတ်ထားသော ပမာဏမှာ 4 mg/kg နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ်သောက်ရပါမည်။

အသက် ၃လမှ ၁၆နှစ်အထိ ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ 4 mg/kg နှုန်းဖြင့် တနေ့လျှင် နှစ်ကြိမ် သို့မဟုတ် 8 mg/kg နှုန်းဖြင့် တနေ့လျှင်တကြိမ်သောက်ရမည်ဖြစ်ပြီး တနေ့လျှင် အများဆုံး ၃၀၀မီလီဂရမ်ထက် မပိုစေရပါ။

နာတာရှည် အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရခြင်း :

အသက် ၂နှစ်နှင့်အထက် ကလေးများ : သတ်မှတ်ထားသော ပမာဏမှာ 3 mg/kg နှုန်းဖြင့် တနေ့လျှင် တကြိမ်သောက်ရမည်ဖြစ်ပြီး တနေ့လျှင် အများဆုံး ၁၀၀မီလီဂရမ်ထက် မပိုစေရပါ။

Zefdavir (ဇက်ဖ်ဒါဗား) ကိုဘယ်လိုရရှိနိုင်သလဲ

zefdavir  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား ၁၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zefdavir  ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ