Generic Name: Zadaxin (ဇာဒါဇင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zadaxin (ဇာဒါဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Zadaxin ကို နာတာရှည် အသည်းရောင်အသားဝါ ရောဂါ ဘီ နှင့် စီ ကိုကုသရာတွင် အသုံးပြုသည်။ တစ်မျိုးတည်း သို့မဟုတ် အခြားဆေးများဖြင့် တွဲသုံးသည်။ ၎င်းကို ဓာတု ကုထုံးကြောင့်ဖြစ်သော ကိုယ်ခံအားကျခြင်းအတွက်လည်း အသုံးပြုသည်။

Zadaxin (ဇာဒါဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Zadaxin ကို သွေးကြောသွင်းသို့ အစက်ချနည်းဖြင့် သွင်း သည်။ သွေးပြန်ကြော အတွင်းသို့ ပြွန်တစ်ခု ထိုးသွင်းပြီး ပေးသည်။

Zadaxin (ဇာဒါဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Zadaxin ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zadaxin ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Zadaxin တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Zadaxin ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zadaxin (ဇာဒါဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Zadaxin သုံးနေစဉ် အသည်းလုပ်ငန်းကို ပုံမှန် စောင့် ကြည့်သင့်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zadaxin (ဇာဒါဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zadaxin သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zadaxin မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

Zadaxin သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Zadaxin (ဇာဒါဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးများသည် တစ်ခါတစ်ရံမှ ဖြစ်တတ်ပြီး မပြင်းထန်ပါ။ ဆေးထိုးသော နေရာတွင် ကသိကအောင့် ဖြစ်ခြင်း၊ အရေပြား နီရဲခြင်း၊ ခဏတာ ကြွက်သား သိမ်သွား ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ လက်ရောင်ခြင်းတို့နှင့် အတူ အဆစ် နာခြင်း စသည်တို့ ပါဝင်သည်။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Zadaxin (ဇာဒါဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Zadaxin သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။  

အစားအသောက်တွေနဲ့ အရက်က Zadaxin (ဇာဒါဇင်း) နဲ့ ဓာတ်ပြုနိုင်သလား

  Zadaxin သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zadaxin (ဇာဒါဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

  Zadaxin သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zadaxin (ဇာဒါဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

 ထောက်ခံထားသော ပမာဏမှာ ၁.၆ မီလီဂရမ် ဖြစ်သည်။ ( 900 µg/m2)

ကလေးတွေအတွက် Zadaxin (ဇာဒါဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁၈ နှစ်အောက် ငယ်သော ကလေးလူနာများ အတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများ အတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့် နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

Zadaxin (ဇာဒါဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Zadaxin ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • ထိုးဆေး ၁.၆ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zadaxin သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 19, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ