Generic Name: Xeltabine (ဇဲလ်တာဗိုင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Xeltabine (ဇဲလ်တာဗိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Xeltabine® ကို ရင်သားကင်ဆာ နဲ့ အူမကြီးကင်ဆာတို့ကို ကုသရန်အတွက် အသုံးပြုပါတယ်။ဒီဆေးဟာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို နှောင့်နှေးစေနိုင် သို့မဟုတ် ရပ်တန့်ပစ်နိုင်ပါတယ်။

Xeltabine (ဇဲလ်တာဗိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ဆေးအဖြစ် တနေ့ကို နှစ်ကြိမ် (မနက်တကြိမ်၊ညနေတကြိမ်) သောက်ရပါမယ်။ဆေးပြားကို ချိုးပစ်ခြင်း၊ဝါးစားခြင်းများ မပြုလုပ်ဘဲ အစာစားပြီး နာရီဝက်အတွင်း ဆေးပြားတပြားလုံးကို ရေများများနဲ့ သောက်ရပါမယ်။အများအားဖြင့် Xeltabine® ကို နှစ်ပတ်တိတိနေ့စဉ်သောက်ရပြီး ဒီ့နောက်မှာ တပတ်နားရပါတယ်။ပြီးရင် တခါပြန်သောက်ရပါတယ်။သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ခန္ဓာကိုယ်အရွယ်အစား၊ဆေးအပေါ်တုံ့ပြန်မှုတို့အပေါ် မူတည်ပြီး ဆေးပမာဏ ပြောင်းလဲနိုင်ပါတယ်။ဆရာဝန် ညွှန်ကြားထားတာထက် ဆေးပမာဏပိုသောက်ခြင်း၊အကြိမ်ရေပိုသောက်ခြင်း ဒါမှမဟုတ် ညွှန်ကြားထားတဲ့ ကာလထက် ပိုသောက်ခြင်းတွေကို ရှောင်ကျဉ်ရပါမယ်။ဒီလိုလုပ်ခြင်းအားဖြင့် သင့်အခြေအနေ မြန်မြန်ကောင်းလာမှာ မဟုတ်ဘဲ ဘေးထွက်ဆိုးကျိုးတွေသာ ပိုလာပါလိမ့်မယ်။

Xeltabine (ဇဲလ်တာဗိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Xeltabine® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Xeltabine® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Xeltabine® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Xeltabine® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Xeltabine® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Xeltabine (ဇဲလ်တာဗိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Xeltabine® ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • Xeltabine® ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။
  • အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီဆေးဟာ အရေပြားကတဆင့် ခန္ဓာကိုယ်ထဲ စုပ်ယူဝင်ရောက်နိုင်သလို အဆုတ်ကနေတဆင့်လည်း ဝင်ရောက်နိုင်ပြီး သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ ဒါမှမဟုတ် ကိုယ်ဝန်ရှိနေနိုင်တဲ့ အမျိုးသမီးတွေအနေနဲ့ ဆေးကို ကိုင်တွယ်ခြင်း၊ဆေးမှုန့်တွေကို ရှုရှိုက်ခြင်းစတာတွေကို ရှောင်ကျဉ်ရပါမယ်။Capecitabine ကြောင့် သင့်အနေနဲ့ ကူးစက်ပိုးဝင်ခြင်းတွေကို ခံစားရနိုင်သလို ရှိပြီးသားကူးစက်ပိုးတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့် (ရေကျောက်၊ဝက်သက်၊တုပ်ကွေး တို့လို) ကူးစက်ရောဂါခံစားနေရသူတွေနဲ့ ဝေးဝေးနေရပါမယ်။တကယ်လို့ သင့်အနေနဲ့ ကူးစက်ပိုးဝင်နိုင်တဲ့ အခြေအနေတခုနဲ့ ကြုံတွေ့ခဲ့ရပြီဆိုရင် အသေးစိတ်သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အကြောင်းကြားရပါမယ်။ဗိုင်းရပ်စ်ပိုးအရှင်ပါဝင်တဲ့ ကာကွယ်ဆေး (ဥပမာ နှာခေါင်းက ရှုရတဲ့

တုပ်ကွေးကာကွယ်ဆေး) ကို လတ်တလော ထိုးထားဖူးသူ/သုံးစွဲထားဖူးသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကိုလည်း တတ်နိုင်သမျှ ရှောင်ရှားရပါမယ်။

ထိခိုက်ရှနာဖြစ်ခြင်း၊သွေးခြေဥခြင်း ဒါမှမဟုတ် မတော်တဆထိခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် မုတ်ဆိတ်ရိတ်ဓား၊လက်သည်းညှပ် အစရှိတဲ့ ချွန်ထက်သော အရာတွေကို အသုံးပြုတဲ့အခါ သတိကြီးကြီးထားရမှာဖြစ်ပြီး လူများများနဲ့ကစားရတဲ့၊ခွန်အားသုံးကစားရတဲ့ အားကစားနည်းတွေကို ရှောင်ကျဉ်ရပါမယ်။ဒီဆေးကြောင့် သင့်အနေနဲ့ နေရောင်ခြည်ဒါဏ်ကို မခံနိုင်ဖြစ်တတ်တဲ့အတွက် နေရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့ခြင်း၊နေစာလှုံခြင်း စတာတွေကို ရှောင်ရှားရမှာဖြစ်ပြီး အပြင်ထွက်တဲ့အခါ နေလောင်ခံခရင်မ်တွေကို လိမ်းပေးရမယ့်အပြင် အဝတ်အစား လုံလုံခြုံခြုံ ဝတ်ရမှာ ဖြစ်ပါတယ်။ဒီဆေးဟာ သင့်ကို ငိုက်မျဉ်းထိုင်းမှိုင်းစေနိုင်တဲ့အတွက် ကားမောင်းခြင်း၊စက်ကိရိယာတွေကို မောင်းနှင်ကိုင်တွယ်ခြင်း ဒါမှမဟုတ် နိုးကြားတက်ကြွနေဖို့လိုအပ်တဲ့ အပြုအမူလုပ်ဆောင်မှုမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်။ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ အစာအိမ်နဲ့ အူလမ်းကြောင်းသွေးယိုစီးခြင်း၊ကျောက်ကပ်ပြဿနာများ၊နှလုံးပြဿနာများ စသည်)ဟာ အသက်ကြီးသူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Xeltabine (ဇဲလ်တာဗိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Xeltabine (ဇဲလ်တာဗိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • အားနည်းခြင်း။
  • ခေါင်းကိုက်ခြင်း။
  • မူးဝေခြင်း၊သတိလစ်ချင်သလိုဖြစ်ခြင်း။
  • အိပ်မပျော်ခြင်း။
  • အရသာခံစားနိုင်စွမ်းပြောင်းလဲခြင်း။
  • ဝမ်းလျှောခြင်း။
  • (မူမမှန်စွာ) ဆီးနည်းခြင်း။
  • (မူမမှန်စွာ) အာခြောက်ခြင်း။
  • (ယာယီ) ဆံပင်ကျွတ်ခြင်း။
  • အရေပြားပြဿနာများ ပေါ်ပေါက်လာခြင်း။

အောက်ဖော်ပြပါ အလွန်ပြင်းထန်ဆိုးရွားသော ဘေးထွက်လက္ခဏာများ ပေါ်ပေါက်လာပါက အရေးပေါ်ဆေးကုသမှုကို အမြန်ခံယူပါ။

ရင်ဘတ်၊မေးရိုး၊ဘယ် လက်မောင်း နာကျင်ခြင်း။

(မူမမှန်စွာ) ချွေးအလွန်အကျွံထွက်ခြင်း။

သတိလစ်ခြင်း။

နှလုံးခုန်နှေးခြင်း၊မြန်ခြင်း၊မမှန်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

 

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Xeltabine (ဇဲလ်တာဗိုင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Xeltabine® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Xeltabine (ဇဲလ်တာဗိုင်း) နဲ့ ဓာတ်ပြုနိုင်သလား

Xeltabine® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Xeltabine (ဇဲလ်တာဗိုင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Xeltabine® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အထူးသဖြင့်

  • dihydropyrimidine dehydrogenase – DPD အင်မ်ဇိုင်းဓာတ်ချို့တဲ့သော ရောဂါ။
  • သွေးရောဂါများ (ဥပမာ ရိုးတွင်းချဉ်ဆီကောင်းစွာ အလုပ်မလုပ်နိုင်သော ရောဂါအခြေအနေများ)။
  • နှလုံးဆိုင်ရာပြဿနာများ (ဥပမာ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း)။
  • ကျောက်ကပ်ရောဂါ။
  • အသည်းဆိုင်ရာ ပြဿနာများ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Xeltabine (ဇဲလ်တာဗိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အူမကြီးကင်ဆာ

fluoropyrimidine တမျိုးတည်းဖြင့် ကုသနေပြီး အခြားနေရာများသို့ ပျံ့နှံ့နေပြီဖြစ်သော အူမကြီးကင်ဆာကို ကုသရာမှာ ပထမဦးစားပေး ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ ပမာဏကတော့ 1250 mg/m2 ပမာဏနဲ့ တနေ့ကို နှစ်ကြိမ် သောက်ရမှာ ဖြစ်ပါတယ် (မနက်တကြိမ် ညနေတကြိမ်သောက်ရမှာ ဖြစ်ပြီး စုစုပေါင်း 2500 mg/m2 ပမာဏ ဖြစ်ပါတယ်)။ဒီပုံစံအတိုင်း နှစ်ပတ်သောက်ရမှာဖြစ်ပြီး ဒီ့နောက်မှာတော့ တပတ်နားရမှာ ဖြစ်ပါတယ် (သုံးပတ်မှာ ပထမနှစ်ပတ်သောက်၊နောက်ဆုံးတပတ်နား ပုံစံ ဖြစ်ပါတယ်)။င်္ီ

  • အူမကြီးကင်ဆာအတွက် ပူးတွဲပေးရတဲ့ ဆေးအဖြစ်

သတ်မှတ်ထားတဲ့ ပမာဏကတော့ 1250 mg/m2 ပမာဏနဲ့ တနေ့ကို နှစ်ကြိမ် သောက်ရမှာ ဖြစ်ပါတယ် (မနက်တကြိမ် ညနေတကြိမ်သောက်ရမှာ ဖြစ်ပြီး စုစုပေါင်း 2500 mg/m2 ပမာဏ ဖြစ်ပါတယ်)။ဒီပုံစံအတိုင်း နှစ်ပတ်သောက်ရမှာဖြစ်ပြီး ဒီ့နောက်မှာတော့ တပတ်နားရမှာ ဖြစ်ပါတယ် (သုံးပတ်မှာ ပထမနှစ်ပတ်သောက်၊နောက်ဆုံးတပတ်နား ပုံစံ ဖြစ်ပါတယ်)။ဒီလိုပုံစံကို စုစုပေါင်း ရှစ်ကြိမ်တိတိ ပေးရမှာ ဖြစ်ပါတယ် (စုစုပေါင်း ၂၄ပတ်)။

  • ရင်သားကင်ဆာအတွက်

သတ်မှတ်ထားတဲ့ ပမာဏကတော့ 1250 mg/m2 ပမာဏနဲ့ တနေ့ကို နှစ်ကြိမ် သောက်ရမှာ ဖြစ်ပါတယ် (မနက်တကြိမ် ညနေတကြိမ်သောက်ရမှာ ဖြစ်ပြီး စုစုပေါင်း 2500 mg/m2 ပမာဏ ဖြစ်ပါတယ်)။ဒီပုံစံအတိုင်း နှစ်ပတ်သောက်ရမှာဖြစ်ပြီး ဒီ့နောက်မှာတော့ တပတ်နားရမှာ ဖြစ်ပါတယ် (သုံးပတ်မှာ ပထမနှစ်ပတ်သောက်၊နောက်ဆုံးတပတ်နား ပုံစံ ဖြစ်ပါတယ်)။

  • docetaxel နဲ့ တွဲဖက်သုံးစွဲခြင်း :

သတ်မှတ်ထားတဲ့ ပမာဏကတော့ 1250 mg/m2 ပမာဏနဲ့ တနေ့ကို နှစ်ကြိမ် သောက်ရမှာ ဖြစ်ပါတယ် (မနက်တကြိမ် ညနေတကြိမ်သောက်ရမှာ ဖြစ်ပြီး စုစုပေါင်း 2500 mg/m2 ပမာဏ ဖြစ်ပါတယ်)။ဒီပုံစံအတိုင်း နှစ်ပတ်သောက်ရမှာဖြစ်ပြီး ဒီ့နောက်မှာတော့ တပတ်နားရမှာ ဖြစ်ပါတယ် (သုံးပတ်မှာ ပထမနှစ်ပတ်သောက်၊နောက်ဆုံးတပတ်နား ပုံစံ ဖြစ်ပါတယ်)။ဒီလို သောက်တဲ့နေရာမှာ docetaxel 75 mg/m2 ကို အကြောသွင်းဆေးအဖြစ် တနာရီတိတိ ပူးတွဲပြီး ပေးရမှာ ဖြစ်ပါတယ်။

ကလေးတွေအတွက် Xeltabine (ဇဲလ်တာဗိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Xeltabine (ဇဲလ်တာဗိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Xeltabine® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား ၅၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Xeltabine® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ