Generic Name: Warfarin (၀ါဖရင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Warfarin (၀ါဖရင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Warfarin သည် သွေးကျဲဆေးဖြစ်ပြီး သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်လျှော့ချပေးသည်။ထို့ကြောင့် warfarin ကို နှလုံးရုတ်တရက် ရပ်ခြင်း၊လေဖြတ်ခြင်း၊ သွေးကြောများထဲတွင် သွေးခဲများ ဖြစ်ပေါ်ခြင်းတို့မှ ကာကွယ်ရန် အသုံးပြုနိုင်သည်။ warfarin ကိုအထက် ဖော်ပြပါ အခြေအနေများအပြင် ဤစာရင်းတွင် မပါဝင်သော ရည်ရွယ်ချက်များဖြင့်လည်း အသုံးပြုကောင်းပြုနိုင်သည်။

Warfarin (၀ါဖရင်) ဘယ်လိုသောက်သုံးသင့်သလဲ

warfarin ကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း အတိအကျသောက်ပါ။ဆေးညွှန်းမှာ ပါသမျှ ညွှန်ကြားချက်များ အားလုံးကို အသေအချာ လိုက်နာပါ။သင့်ဆရာဝန်သည် အကောင်းဆုံးသော ကုသမှုရလာဒ်များ ရရှိစေရန်အတွက် ဆေးပမာဏကို တခါတရံ ပြောင်းလဲကောင်း ပြောင်းလဲလိမ့်မည်။သို့သော် warfarin ကို ဆရာဝန် ညွှန်ကြားသည်ထက် ပမာဏ ပို၍၊လျှော့၍ သို့မဟုတ် အချိန်ကြာကြာ ပို၍ မသောက်သုံးပါနှင့်။ warfarin ကို နေ့စဉ်နေ့တိုင်း အချိန်တိကျမှန်ကန်စွာ သောက်ပါ။ warfarin ကို အစာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်သုံးနိုင်သည်။ သို့သော် ဆေးကို ညွှန်ကြားထားသည့် ပမာဏထက် နှစ်ဆ မည်သည့်အခါမှ မသောက်ပါနှင့်။

warfarin ကို သောက်နေစဉ်ကာလအတွင်း “ INR” သို့မဟုတ် prothrombin time test (သင့်သွေးခဲသွားရန် အချိန်မည်မျှကြာသည်ကို တိုင်းတာသော စစ်ဆေးမှု)ကို မကြာခဏဆိုသလို စစ်ဆေးပေးရန်လိုအပ်သည်။သင့်အနေဖြင့် သင်၏ ရောဂါလက္ခဏာများတွင် ပြောင်းလဲမှုတစုံတရာရှိလျင် သိနိုင်မည်မဟုတ်သော်လည်း ဆရာဝန်များအနေနှင့် သင့်ကို warfarin ဆေးဖြင့် အချိန်မည်မျှကြာကြာ ဆက်လက်၍ ကုသရမည်ကို သွေးအဖြေများမှတဆင့် သိရှိနိုင်သည်။ထို့ကြောင့် warfarin ဆေးကို သုံးစွဲနေစဉ် တလျှောက်လုံး ဆရာဝန်များ၏ စောင့်ရှောက်ကုသမှုကို ခံယူနေရမည်ဖြစ်သည်။

သင့်အနေဖြင့် warfarin ဆေးကို ဆေးရုံတွင် စတင်သုံးစွဲခဲ့သည်ဆိုပါက ဆေးရုံဆင်းပြီး ၃ရက်မှ၇ရက်အတွင်း ဆရာဝန်နှင့် ထပ်မံပြသပြီး INR ဟုခေါ်သော သွေးစစ်ခြင်း တစ်မျိုးကို ခံယူရမည်။ဆရာဝန်မှ လိုအပ်သလို ထပ်မံချိန်းဆိုလျင်လည်း မပျက်မကွက် သွားရောက်ရမည်။

အကယ်၍ သင်အထက်လန်အောက်လျှောဖြစ်လျှင်၊ချမ်းတုန်ဖျားလျင်၊တုပ်ကွေးကဲ့သို့သော လက္ခဏာများပြလာလျှင် သို့မဟုတ် ကိုယ်အလေးချိန်ကျလျှင် ဆရာဝန်ထံ အသိပေးရမည်။
ခွဲစိတ်မှုပြုလုပ်ရန် သို့မဟုတ် သွားနှုတ်ရန်ရှိပါက ၅ရက် မှ ၇ရက်ခန့်အထိ ကြိုတင်၍ warfarin သောက်ခြင်းကို ခေတ္တရပ်ဆိုင်းထားရမည်။ဆရာဝန်ထံမှ လမ်းညွှန်မှုများကို တိကျစွာလိုက်နာရမည်။ထို့အပြင် သင့်အနေဖြင့် ပဋိဇီဝပိုးသတ်ဆေးများ သောက်ရန် လိုအပ်ပါက သို့မဟုတ် ကျောရိုးအတွင်းမှ ခြင်ဆီနမူနာယူရန်ရှိလျှင် သို့မဟုတ် ကျောရိုးအတွင်း ထုံဆေး အထိုးခံရန်ရှိလျှင်လည်း warfarin သောက်ခြင်းကို ခေတ္တရပ်ထားရမည်။

သင်warfarin ဆေးသောက်သုံးနေကြောင်း အသိပေးနိုင်မည့် ကတ်ပြားကို သွားလေရာ ဆောင်သွားပါ။သို့မှသာ သင့်ကိုပြုစုကုသပေးသည့် မည်သူမဆို သင်warfarin သောက်နေရမှန်း သိရှိနိုင်မည်ဖြစ်သည်။

Warfarin (၀ါဖရင်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Warfarin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Warfarin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Warfarin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Warfarin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Warfarin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Warfarin (၀ါဖရင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပြီး ဆုံးဖြတ်ချက်ချပါ။အောက်ဖော်ပြပါ အခြေအနေများကို ထည့်သွင်းစဉ်းစားပါ။

ဓာတ်မတည့်ခြင်း။ ။Warfarin ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
ကလေးသူငယ်များ။ ။ကလေးငယ်များတွင် Warfarin ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။
သက်ကြီးရွယ်အိုများ။ ။လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Warfain ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော် သက်ကြီးရွယ်အိုများ (အထူးသဖြင့် သွေးယိုစီးသည့်ပြဿနာတွေ့ကြုံရနိုင်ချေများသည့် အဖိုးအဖွားများ) တွင် သတိကြီးစွာထား၍ အသုံးပြုရန်လိုအပ်သည့် အပြင် ဆေးပမာဏကိုလည်း ချိန်ဆရန်လိုသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Warfarin (၀ါဖရင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

[ယေဘူယျအသိပေးချက်
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Warfarin (၀ါဖရင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး အရေးပေါ်ကုသမှုကို ခံယူရပါမည်။အကယ်၍ အောက်ဖော်ပြပါ လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးသုံးစွဲမှုကို ချက်ချင်းရပ်ပြီး ဆရာဝန်ကို အမြန်ဆုံးဆက်သွယ်ပါ။
• -ာကျင်ခြင်း၊ရောင်ရမ်းခြင်း သို့မဟုတ် အေးလာသည်ဟု ခံစားရခြင်း၊ခန္ဓာကိုယ်မည်သည့်နေရာတွင်မဆို အကွက်များထွက်လာခြင်း၊အရေပြားတွင် ထူးထူးခြားခြား ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာခြင်း။
• ခြေထောက်တွင် ရုတ်တရက် ပြင်းထန်စွာနာခြင်း၊ခြေထောက်တွင် အနာဖြစ်ခြင်း၊ခြေချောင်း သို့မဟုတ် လက်ချောင်းများ ခရမ်းရောင်ပြောင်းလာခြင်း။
• ရုတ်တရက် ခေါင်းကိုက်၊မူးဝေ၊အားနည်း။
• ပုံမှန်မဟုတ်သော သွေးထွက်ခြင်းများ (နှာခေါင်း၊ပါးစပ်၊အမျိုးသမီးအင်္ဂါ၊စအိုတို့မှ)၊ဒါဏ်ရာ သို့မဟုတ် ဆေးထိုးထားသော အပ်ရာမှ သွေးထွက်ခြင်း၊မည်သည့်နေရာမှ သွေးထွက်သည်ဖြစ်စေ အချိန်ကြာသည်အထိ သွေးမတိတ်ခြင်း။
• သွေးခြေဥလွယ်ခြင်း၊အရေပြားတွင် ခရမ်းရောင် သို့မဟုတ် အနီရောင်အစက်သေးသေးလေးများ ပေါ်လာခြင်း။
• ဆီးထဲသွေးပါခြင်း၊ဝမ်းမဲမဲများသွားခြင်း၊ကော်ဖီအနှစ်ရောင်များ အန်ခြင်း။
• အသားရေဖျော့တော့ခြင်း၊အားနည်းသလို ခံစားနေရခြင်း၊အသက်ရှုမဝခြင်း၊နှလုံးခုန်မြန်ခြင်း၊အာရုံမစိုက်နိုင်ခြင်း။
• ဆီးမဲခြင်း၊အသားဝါခြင်း။
• ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊ကျောအောင့်ခြင်း။
• ပုံမှန်ထက်ဆီးနည်းခြင်း သို့မဟုတ် ဆီးလုံးဝမသွားခြင်း။
• ကြွက်သားများအားနည်းခြင်း၊ထုံနေခြင်း။
• ဝမ်းလျှောခြင်း၊ချမ်းတုန်ဖျားခြင်း၊တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေခြင်း၊တုပ်ကွေးကဲ့သို့သော လက္ခဏာများ ခံစားရခြင်း။

အထူးတလည်မဆိုးရွားသော ဘေးထွက်ဆိုးကျိုးများမှာ
• ပျို့ခြင်း၊အန်ခြင်း၊ဗိုက်အနည်းငယ်အောင့်ခြင်း။
• လေပွခြင်း။
• အရသာခံနိုင်မှု ပြောင်းသွားခြင်း။

(ယေဘူယျအသိပေးချက် -ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Warfarin (၀ါဖရင်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် -Warfarin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

Warfarin ကို သုံးစွဲနေစဉ်ကာလအတွင်းမှာ အောက်ဖော်ပြပါဆေးများကို မသုံးစွဲရပါဘူး။ သင့်ဆရာဝန် အနေနဲ့ Warfarin ကို အသုံးမပြုတော့တာပဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
• Amifampridine
• Tamoxifen

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Warfarin နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Abciximab

• Acenocoumarol

• Alefacept

• Alipogene Tiparvovec

• Alteplase, Recombinant

• Amiodarone

• Amoxicillin

• Ampicillin

• Anagrelide

• Anistreplase

• Apixaban

• Aprepitant

• Aspirin

• Azithromycin

• Bivalirudin

• Blinatumomab

• Capecitabine

• Carbenicillin

• Carboplatin

• Cefadroxil

• Cefdinir

• Cefepime

• Cefixime

• Cefotaxime

• Cefpodoxime

• Ceftazidime

• Ceftibuten

• Ceftizoxime

• Celecoxib

• Cephalexin

• Cephalothin

• Cephapirin

• Cephradine

• Ceritinib

• Chamomile

• Ciprofloxacin

• Citalopram

• Clarithromycin

• Clopidogrel

• Cloxacillin

• Cobicistat

• Collagenase, Clostridium histolyticum

• Cyclophosphamide

• Dabigatran Etexilate

• Dabrafenib

• Dalteparin

• Danaparoid

• Dapsone

• Deferasirox

• Desvenlafaxine

• Dicloxacillin

• Dihydroartemisinin

• Dipyridamole

• Doxorubicin

• Doxorubicin Hydrochloride Liposome

• Dronedarone

• Drotrecogin Alfa

• Econazole

• Efavirenz

• Elvitegravir

• Enoxacin

• Enoxaparin

• Entacapone

• Enzalutamide

• Eptifibatide

• Erlotinib

• Erythromycin

• Escitalopram

• Eslicarbazepine Acetate

• Etoposide

• Etravirine

• Fenofibrate

• Fenofibric Acid

• Fish Oil

• Fluconazole

• Fluorouracil

• Fluoxetine

• Fluvoxamine

• Garlic

• Gatifloxacin

• Gemifloxacin

• Ginkgo

• Imatinib

• Infliximab

• Influenza Virus Vaccine

• Itraconazole

• Ketoconazole

• Ketoprofen

• Leflunomide

• Lepirudin

• Levofloxacin

• Levomilnacipran

• Lomitapide

• Lycium

• Marijuana

• Mechlorethamine

• Mercaptopurine

• Methicillin

• Methotrexate

• Methyl Salicylate

• Metronidazole

• Miconazole

• Milnacipran

• Mirtazapine

• Moxalactam

• Moxifloxacin

• Nafcillin

• Nalidixic Acid

• Nandrolone

• Naproxen

• Nilotinib

• Nintedanib

• Nitisinone

• Norfloxacin

• Noscapine

• Ofloxacin

• Oritavancin

• Oseltamivir

• Oxacillin

• Oxandrolone

• Papaya

• Paroxetine

• Peginterferon Alfa-2b

• Penicillin G

• Penicillin V

• Pentosan Polysulfate Sodium

• Phenindione

• Phenprocoumon

• Piperacillin

• Pixantrone

• Posaconazole

• Prasugrel

• Procarbazine

• Proguanil

• Reteplase, Recombinant

• Rivaroxaban

• Ropinirole

• Roxithromycin

• Sertraline

• Siltuximab

• Simvastatin

• Sitaxsentan

• St John’s Wort

• Streptokinase

• Sulfamethoxazole

• Sulfisoxazole

• Tan-Shen

• Tegafur

• Telithromycin

• Tenecteplase

• Teriflunomide

• Testosterone

• Ticarcillin

• Tinzaparin

• Tirofiban

• Tocophersolan

• Torsemide

• Urokinase

• Valproic Acid

• Venlafaxine

• Vilazodone

• Vincristine

• Vincristine Sulfate Liposome

• Vindesine

• Vorapaxar

• Voriconazole

• Vortioxetine

အောက်ဖော်ပြပါ ဆေးများသည် Warfarin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Acarbose

• Acemetacin

• Acetaminophen

• Allopurinol

• Aminoglutethimide

• Amitriptyline

• Amprenavir

• Apazone

• Argatroban

• Atovaquone

• Avocado

• Azathioprine

• Bee Pollen

• Benorilate

• Benzbromarone

• Black Tea

• Bosentan

• Bromfenac

• Butabarbital

• Butalbital

• Carbamazepine

• Carbimazole

• Cefamandole

• Cefazolin

• Ceftriaxone

• Chitosan

• Chloral Hydrate

• Cholestyramine

• Choline Magnesium Trisalicylate

• Chondroitin

• Cimetidine

• Cisapride

• Cisplatin

• Coenzyme Q10

• Colesevelam

• Curcumin

• Cyclosporine

• Danazol

• Darunavir

• Desogestrel

• Dexamethasone

• Dexlansoprazole

• Dextrothyroxine

• Dienogest

• Diflunisal

• Disopyramide

• Disulfiram

• Dong Quai

• Doxepin

• Drospirenone

• Duloxetine

• Esomeprazole

• Estradiol Cypionate

• Estradiol Valerate

• Eterobarb

• Ethinyl Estradiol

• Ethynodiol Diacetate

• Etonogestrel

• Exenatide

• Felbamate

• Fluoxymesterone

• Fluvastatin

• Gefitinib

• Gemcitabine

• Gemfibrozil

• Ginger

• Ginseng

• Glucagon

• Glucosamine

• Glyburide

• Griseofulvin

• Heparin

• Ifosfamide

• Indomethacin

• Indoprofen

• Isoniazid

• Isoxicam

• Ivermectin

• Lactulose

• Lansoprazole

• Levamisole

• Levonorgestrel

• Levothyroxine

• Liothyronine

• Lixisenatide

• Lopinavir

• Lornoxicam

• Medroxyprogesterone Acetate

• Melatonin

• Meloxicam

• Menthol

• Mephobarbital

• Mesalamine

• Mesna

• Mestranol

• Methimazole

• Methylprednisolone

• Methyltestosterone

• Methylthiouracil

• Mitotane

• Moricizine

• Nelfinavir

• Nevirapine

• Niacin

• Nilutamide

• Nimesulide

• Norelgestromin

• Norethindrone

• Norgestimate

• Norgestrel

• Omeprazole

• Orlistat

• Oxyphenbutazone

• Pantoprazole

• Pentoxifylline

• Phenobarbital

• Phenylbutazone

• Phytonadione

• Piracetam

• Polyacrylamide

• Potassium Iodide

• Prednisone

• Primidone

• Propafenone

• Propoxyphene

• Propylthiouracil

• Quetiapine

• Ranitidine

• Rifabutin

• Rifampin

• Rifapentine

• Ritonavir

• Rofecoxib

• Rosuvastatin

• Salicylamide

• Salicylic Acid

• Salsalate

• Saquinavir

• Secobarbital

• Sodium Salicylate

• Sodium Thiosalicylate

• Sorafenib

• Soybean

• Soy Isoflavones

• Soy Protein

• Stanozolol

• Sucralfate

• Sulfasalazine

• Sulfinpyrazone

• Sulindac

• Tenidap

• Terbinafine

• Thyroglobulin

• Thyroid

• Tibolone

• Ticlopidine

• Tigecycline

• Tolterodine

• Tramadol

• Trastuzumab

• Trolamine Salicylate

• Valdecoxib

• Vancomycin

• Vemurafenib

• Vitamin A

• Vitamin E

• Vorinostat

• Zafirlukast

• Zileuton

အစားအသောက်တွေနဲ့ အရက်က Warfarin (၀ါဖရင်) နဲ့ ဓာတ်ပြုနိုင်သလား

Warfarin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ အထူးသဖြင့် အောက်ပါအခြေအနေတွေအတွက် ဖြစ်ပါတယ်။
• နှာခေါင်းပိုက်မှတဆင့် အစာစားနေရခြင်း။
• Green Tea
• အသားဓာတ်ပမာဏ မြင့်မားစွာပါဝင်သော အစားအစာများ။
• ရဲယိုဖျော်ရည်
• ဗီတာမင် Kပါသော အစားအစာများ။

ဘယ်ရောဂါအခြေအနေတွေက Warfarin (၀ါဖရင်) နဲ့ ဓာတ်ပြုနိုင်သလဲ

ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေများ ဖြစ်ပါတယ်။
• အရက်စွဲနေခြင်း
• စိတ်ကျန်းမာရေးမကောင်းခြင်း(ဥပမာ။ ။စိတ်ဖောက်ပြန်ခြင်း၊အသက်အရွယ်အိုမင်းသဖြင့် စိတ်ချို့ယွင်းခြင်း) ……… အဆိုပါ ကျန်းမာရေးအခြေအနေရှိသူများ သို့မဟုတ် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိမည့်သူများကို Warfarin မပေးသင့်ပါ။
• သွေးရောဂါရှိသူများ နှင့် သွေးထွက်လွယ်သူများ
• နှလုံးပိုးဝင်ရောဂါရှိသူများ
• သွေးတိုးရှိသူများ
• မကြာသေးမီက ကျောရိုးထဲ ထုံဆေးထိုး ကုသခံထားရသူများ
• လက်ရှိ အစာအိမ် သို့မဟုတ် အူလမ်းကြောင်း အနာရှိသူများ
• လေဖြတ်ထားသူများ
• မကြာသေးမီက ခွဲစိတ်မှုခံယူထားသူ သို့မဟုတ် မကြာမီ ခွဲစိတ်ကုသမှု ခံယူရန်ရှိသူများ (မျက်လုံး၊ဦးနှောက်၊ပင်မကျောရိုး စသည်)
• ကိုယ်ဝန်ပျက်ကျရန် အလားအလာရှိသူများ …….. အထက်ပါ အခြေအနေများတွင် warfarin ၏ သွေးကျဲစေသော အာနိသင်ကြောင့် သွေးယိုစီးခြင်း၊သွေးထွက်လွန်ခြင်းများ ဖြစ်လာနိုင်သဖြင့် warfarin ကို အသုံးမပြုသင့်ပါ။
• ဆီးပိုက်ထည့်ထားသူများ
• နှလုံးရောဂါသမားများ
• heparin ဆေးကြောင့်ဖြစ်သော သွေးကြောပိတ် ရောဂါရှိသူများ
• ဆီးချိုသမားများ
• ခေါင်း သို့မဟုတ် ခန္ဓာကိုယ်တွင် ထိခိုက်အနာတရရှိသူများ
• ကူးစက်ရောဂါရှိသူများ
• ကျောက်ကပ်ရောဂါရှိသူများ
• ခွဲစိတ်မှု အကြီးစား ခံယူထားသူများ
• ရှားပါးသော မွေးရာပါ ရောဂါတမျိုးဖြစ်သည့် ပရိုတိန်းC ချို့တဲ့သည့်ဝေဒနာ ခံစားနေရသူများ (ခံစားနေရသည်ဟု ယူဆရသူများ)
• Heparin ကြောင့်ဖြစ်သော သွေးမွှားဥ (Platelet) အရေအတွက် နည်းပါးနေသူများ
• ထိခိုက်ဒါဏ်ရာ ရထားသူများ ………. အထက်ပါအခြေအနေများတွင် warfarin သည် ပိုမိုဆိုးရွားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သဖြင့် သတိဖြင့်အသုံးပြုရမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Warfarin (၀ါဖရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Congestive heart failure ဟုခေါ်သော နှလုံးရောဂါအတွက်

ကနဦးဆေးပမာဏ။ ။၂မီလီဂရမ် မှ ၅မီလီဂရမ် အထိ သောက်ဆေး သို့မဟုတ် သွေးကြောထဲသို့ ထိုးသွင်းဆေးအဖြစ် တနေ့လျင်တကြိမ် —> တရက် မှ နှစ်ရက်အထိ။ ထို့နောက် INR သို့မဟုတ် PT သွေးစစ်ချက်များ၏ အဖြေပေါ်မူတည်၍ ဆေးပမာဏကို ချိန်ဆပြောင်းလဲပေးရမည်။
ဆက်လက်ပေးရမည့် ဆေးပမာဏ။ ။ ဆက်လက်ပေးထားရမည့် ဆေးပမာဏသည် အကြမ်းဖြင်းအားဖြင့် ၂မီလီဂရမ်မှ ၁၀မီလီဂရမ်အထိ တနေ့လျှင် တစ်ကြိမ် (သောက်ဆေး သို့မဟုတ် သွေးကြောထဲထိုးဆေးအဖြစ်)

သွေးခဲပိတ်ဆို့မှုကြောင့်ဖြစ်သော လေဖြတ်ခြင်းမှကာကွယ်ရန်အတွက်

ကနဦးဆေးပမာဏ။ ။၂မီလီဂရမ် မှ ၅မီလီဂရမ် အထိ သောက်ဆေး သို့မဟုတ် သွေးကြောထဲသို့ ထိုးသွင်းဆေးအဖြစ် တနေ့လျင်တကြိမ် —> တစ်ရက် မှ နှစ်ရက်အထိ။ ထို့နောက် INR သို့မဟုတ် PT သွေးစစ်ချက်များ၏ အဖြေပေါ်မူတည်၍ ဆေးပမာဏကို ချိန်ဆပြောင်းလဲပေးရမည်။
ဆက်လက်ပေးရမည့် ဆေးပမာဏ။ ။ ဆက်လက်ပေးထားရမည့် ဆေးပမာဏသည် အကြမ်းဖြင်းအားဖြင့် ၂မီလီဂရမ်မှ ၁၀မီလီဂရမ်အထိ တစ်နေ့လျင် တစ်ကြိမ် (သောက်ဆေး သို့မဟုတ် သွေးကြောထဲထိုးဆေးအဖြစ်)

နှလုံးကြွက်သား ဒါဏ်ဖြစ်ခြင်းအတွက်

ကနဦးဆေးပမာဏ။ ။၂မီလီဂရမ် မှ ၅မီလီဂရမ် အထိ သောက်ဆေး သို့မဟုတ် သွေးကြောထဲသို့ ထိုးသွင်းဆေးအဖြစ် တနေ့လျင်တကြိမ် —> တရက် မှ နှစ်ရက်အထိ။ ထို့နောက် INR သို့မဟုတ် PT သွေးစစ်ချက်များ၏ အဖြေပေါ်မူတည်၍ ဆေးပမာဏကို ချိန်ဆပြောင်းလဲပေးရမည်။
ဆက်လက်ပေးရမည့် ဆေးပမာဏ။ ။ ဆက်လက်ပေးထားရမည့် ဆေးပမာဏသည် အကြမ်းဖြင်းအားဖြင့် ၂မီလီဂရမ်မှ ၁၀မီလီဂရမ်အထိ တစ်နေ့လျှင် တကြိမ် (သောက်ဆေး သို့မဟုတ် သွေးကြောထဲထိုးဆေးအဖြစ်)
နှလုံးကြွက်သား ဒါဏ်ဖြစ်ခြင်း ရုတ်တရက်ခံစားရပြီးနောက် သုံးလတိတိကြာသည် အထိ ဆေးသောက်ရမည်။

Atrial fibrillation ဟုခေါ်သော နှလုံးရောဂါတမျိုးတွင် သွေးကြောအတွင်း သွေးခဲပိတ်ဆို့ခြင်းမှ ကာကွယ်ရန်အတွက်

ကနဦးဆေးပမာဏ။ ။၂မီလီဂရမ် မှ ၅မီလီဂရမ် အထိ သောက်ဆေး သို့မဟုတ် သွေးကြောထဲသို့ ထိုးသွင်းဆေးအဖြစ် တနေ့လျင်တကြိမ် —> တရက် မှ နှစ်ရက်အထိ။ ထို့နောက် INR သို့မဟုတ် PT သွေးစစ်ချက်များ၏ အဖြေပေါ်မူတည်၍ ဆေးပမာဏကို ချိန်ဆပြောင်းလဲပေးရမည်။
ဆက်လက်ပေးရမည့် ဆေးပမာဏ။ ။ ဆက်လက်ပေးထားရမည့် ဆေးပမာဏသည် အကြမ်းဖြင်းအားဖြင့် ၂မီလီဂရမ်မှ ၁၀မီလီဂရမ်အထိ တစ်နေ့လျှင် တစ်ကြိမ် (သောက်ဆေး သို့မဟုတ် သွေးကြောထဲထိုးဆေးအဖြစ်)

Cardioversion ဟုခေါ်သော နှလုံးကို လျှပ်စစ်ဓာတ်ဖြင့် ကုသခြင်းပြုလုပ်ရန် အစီအစဉ်ရှိပါက warfarin ကို ကုသမှုမခံယူမီ ၂ပတ်မှ၎ပတ်ကြိုတင်၍ သောက်ရမည်ဖြစ်ပြီး ကုသမှုအောင်မြင်ပြီးလျင်လည်း နောက်ထပ် ၂ပတ်မှ၎ပတ် အထိ ဆက်လက်သုံးစွဲရမည်ဖြစ်သည်။အကယ်၍ နှလုံးကို လျှပ်စစ်ဓာတ်ဖြင့် ကုသခြင်းသည် ကြိုတင်စီမံထားခြင်း မဟုတ်ဘဲ အရေးပေါ်ပြုလုပ်ရသည့်အပြင် လူနာတွင် ဆိုးရွားသော atrial fibrillation ဟုခေါ်သည့် နှလုံးကြွက်သားများ စည်းချက်မမှန် ညှစ်သည့် အခြေအနေပါ ရှိနေလျင် warfarin ကို တသက်လုံးစွဲသောက်သွားရန် လိုအပ်ပါသည်။

ကလေးတွေအတွက် Warfarin (၀ါဖရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Warfarin (၀ါဖရင်) ကိုဘယ်လိုရရှိနိုင်သလဲ

Warfarin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

ဆေးပြား ၁မီလီဂရမ်၊၂မီလီဂရမ်၊၂.၅မီလီဂရမ်၊၃မီလီဂရမ်၊၄မီလီဂရမ်၊၅မီလီဂရမ်၊၆မီလီဂရမ်၊၇.၅မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Warfarin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 16, 2017