Generic Name: Voltex® (ဗိုလ်တက်စ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Voltex® (ဗိုလ်တက်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Voltex  ကို ကြွက်သားနာကျင်ခြင်း၊ ဒဏ်ဖြစ်ခြင်း၊ အဆစ်လွဲခြင်း၊ နှာခေါင်းပိတ်ခြင်းတို့တွင် အများဆုံးအသုံးပြုကြပါသည်။

Voltex® (ဗိုလ်တက်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

လိမ်းရမည့်ပုံစံဆိုလျှင်

  • Voltex အားမသုံးခင် ဆေးအညွှန်းကို ဖတ်ပါ။
  • အညွှန်းနှင့်ပါတ်သတ်ပြီး နားမလည်သည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • ထိခိုက်မိသည့်နေရာကို လိမ်းပါ။ အနာများ ပြတ်ရှရာများတွင် မလိမ်းရ။ မျက်လုံး၊ အတွင်းအမြှေးပါးတို့နှင့် ထိတွေခြင်းမှ ရှောင်ကြဉ်ပါ။

Voltex® (ဗိုလ်တက်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Voltex  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Voltex  ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Voltex  ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Voltex  အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Voltex  အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Voltex® (ဗိုလ်တက်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိနေလျှင် Voltex အား မသုံးခင် ဆရာဝန်ကို ပြောပါ။

  • ဓာတ်မတည့်ခြင်း – Voltex ၊ ၎င်းတွင်းပါသော ပစ္စည်းများနှင့် မတည့်လျှင်၊ ထိုပစ္စည်းများကို အညွှန်းစာတွင် ဖတ်ရှုနိုင်ပါသည်။.
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ တိရိစ္ဆာန်များနှင့် ဓာတ်မတည့်လျှင်
  • ကလေးငယ်များ
  • လူကြီးများ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Voltex® (ဗိုလ်တက်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Voltex® (ဗိုလ်တက်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သို့ပင် Voltex တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးလိမ်းပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။

တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ – ယားယံခြင်း၊ အရေပြားနီခြင်း အပိန့်ထခြင်း၊ နေရောင်ထိမခံနိုင်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Voltex® (ဗိုလ်တက်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Voltex  သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓာတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Voltex® (ဗိုလ်တက်စ်) နဲ့ ဓာတ်ပြုနိုင်သလား

Voltex  က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Voltex® (ဗိုလ်တက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Voltex ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

တစ်ချို့ဖြစ်ရပ်များ၌ ရည်ညွှန်းပမာဏသည် အောက်ပါအတိုင်းဖြစ်၏။

အရွယ်ရောက်ပြီးသူများအတွက် ရည်ညွှန်ပမာဏမှာ – ထိခိုက်မိသည့်နေရာကို ၃-၄ ကြိမ် နေ့စဉ်လိမ်းရပါမည်။ ကွဲရှ ပြတ်ရာများကို မလိမ်းရပါ။ မျက်လုံး သို့မဟုတ် အတွင်းအမြှေးပါးများနှင့် ထိတွေခြင်းမှ ရှောင်ပါ။

ကလေးတွေအတွက် Voltex® (ဗိုလ်တက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက် ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Voltex® (ဗိုလ်တက်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Voltex  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

လိမ်းဆေး 100 g  လျှင် methyl salicylate 10.2%, menthol 5.44%, eugenol 1.36% တို့ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Voltex  ကို လိမ်းဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ သို့သော်လည်း နောက်တစ်ကြိမ်လိမ်းရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် လိမ်းလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးလိမ်းတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 26, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ