Generic Name: Voltamicin (ဗိုလ်တာမီစင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Voltamicin (ဗိုလ်တာမီစင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Voltamicin® ဟာ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး ဖြစ်ပြီး ရောင်ရမ်းနာကျင်ခြင်း၊အဆစ်အမြစ်ရောင်ခြင်းကြောင့် ခံစားရတဲ့ အဆစ်များနာကျင်တောင့်တင်းခြင်းတို့ကို ကုသဖို့အတွက် အများဆုံး အသုံးပြုပါတယ်။ဒီလက္ခဏာတွေကို လျှော့ချပေးနိုင်မယ်ဆိုရင် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုလည်း ပိုမိုလုပ်ကိုင်လာနိုင်မှာ ဖြစ်ပါတယ်။Voltamicin® ကို တခြားရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတာကြောင့် အသေးစိတ်ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

Voltamicin (ဗိုလ်တာမီစင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်မှ အထူးတလည် မှာကြားထားခြင်းမရှိဖူးဆိုရင် ဆေးသောက်တဲ့အခါ ရေများများ (ရေတဖက်ခွက်အပြည့် သို့မဟုတ် ရှစ်အောင်စ ခန့်)နဲ့ သောက်ရပါမယ်။ဆေးသောက်ပြီး အနည်းဆုံး ဆယ်မိနစ်အတွင်းမှာ လှဲလျောင်းခြင်း မပြုရပါဘူး။တကယ်လို့ ဒီဆေးကြောင့် ဗိုက်အောင့်တတ်တယ်ဆိုရင် အစာ၊နွားနို့ ဒါမှမဟုတ် antacid တွေနဲ့အတူ ဆေးသောက်လို့ ရပါတယ်။ဒါပေမယ့် ဒီလိုသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကနေ ဆေးစုပ်ယူမှုကို နှေးကွေးစေတဲ့အတွက် အကိုက်အခဲပျောက်တဲ့ အာနိသင်ကို ရရှိဖို့ နှောင့်နှေးစေပါတယ် (အထူးသဖြင့် ဆေးကို အချိန်တခု သတ်မှတ်ပြီး ပုံမှန်သောက်တာ မဟုတ်ဖူးဆိုရင်ပေါ့)။

။ဆေးကို ချိုးခြင်း၊ချေခြင်း၊ဝါးစားခြင်းမပြုဘဲ တလုံးလုံးကို မြိုချရမှာ ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဆေးကို ချိုးခြင်း၊ဝါးစားခြင်းအားဖြင့် ဆေးပြားကို ကာထားတဲ့ အလွှာလေးကို ပျက်စီးစေတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေလို့ ဖြစ်ပါတယ်။အချို့သော အခြေအနေတွေ (ဥပမာ အဆစ်အမြစ်ရောင်ခြင်း)အတွက် သုံးစွဲတဲ့အခါ ထိရောက်မြင်သာတဲ့ ဆေးအာနိသင်ကို ရရှိဖို့အတွက် နှစ်ပတ်လောက် ပုံမှန်သုံးစွဲပေးရမှာ ဖြစ်ပါတယ်။တကယ်လို့ ဆေးကို ပုံမှန်အသုံးမပြုဘဲ လိုအပ်မှသုံးစွဲတဲ့ပုံစံနဲ့ အသုံးပြုမယ်ဆိုရင် နာကျင်မှု စတင်ပေါ်ပေါက်လာပြီဆိုတာနဲ့ သုံးစွဲရမှာ ဖြစ်ပါတယ်။အခြေအနေပိုဆိုးလာမှ သုံးစွဲမယ်ဆိုရင်တော့ ဆေးအာနိသင်ကို လိုသလောက် ရရှိနိုင်မှာ မဟုတ်ပါဘူး။

Voltamicin (ဗိုလ်တာမီစင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Voltamicin® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Voltamicin® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Voltamicin® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Voltamicin® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Voltamicin® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Voltamicin (ဗိုလ်တာမီစင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Voltamicin® ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • Voltamicin® သို့မဟုတ် အက်စ်ပရင် သို့မဟုတ် အခြားသော စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ ibuprofen, naproxen, celecoxib) ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။
  •  အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Voltamicin® အပါအဝင် စတီးရွိက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေကို အသုံးပြုခြင်းဟာ ကျောက်ကပ်ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး သင့်မှာ ရေဓာတ်ချို့တဲ့နေခြင်း၊နှလုံးဆိုင်ရာပြဿနာများ ရှိခြင်း၊ကျောက်ကပ်ရောဂါများ ရှိခြင်း၊အသက်အရွယ်အိုမင်းခြင်း ဒါမှမဟုတ် အခြားဆေးတွေ သောက်သုံးနေရခြင်း အစရှိတဲ့ အချက်တွေရှိရင် ဖြစ်နိုင်ချေ ပိုများစေပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့အတွက် သင့်ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ရေများများသောက်ပေးဖို့ လိုမှာဖြစ်ပြီး ဆီးပမာဏ အပြောင်းအလဲရှိရင် ဆရာဝန်ကို ချက်ချင်းအသိပေးရပါမယ်။ဒီဆေးဟာ သင့်ကို ငိုက်မျဉ်းထိုင်းမှိုင်းစေနိုင်တဲ့အတွက် ကားမောင်းခြင်း၊စက်ကိရိယာတွေကို မောင်းနှင်ကိုင်တွယ်ခြင်း ဒါမှမဟုတ် နိုးကြားတက်ကြွနေဖို့လိုအပ်တဲ့ အပြုအမူလုပ်ဆောင်မှုမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်။

ဒီဆေးဟာ အစာအိမ်သွေးယိုစီးခြင်းကို ဖြစ်စေနိုင်ပါတယ်။နေ့စဉ်အရက်နဲ့ ဆေးလိပ်သုံးစွဲခြင်း (အထူးသဖြင့် ဆေးသုံးစွဲနေစဉ်ကာလတွေမှာ)ဟာ အစာအိမ်သွေးယိုစီးနိုင်ချေကို ပိုမိုများပြားစေတဲ့အတွက် အရက်ကို လျှော့သောက်ရမှာဖြစ်ပြီး ဆေးလိပ်လုံးဝဖြတ်သင့်ပါတယ်။အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ဒါ့အပြင် ဒီဆေးကြောင့် သင့်အနေနဲ့ နေရောင်ခြည်ဒါဏ်ကို မခံနိုင်ဖြစ်တတ်တဲ့အတွက် နေရောင်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့ခြင်း၊နေစာလှုံခြင်း စတာတွေကို ရှောင်ရှားရမှာဖြစ်ပြီး အပြင်ထွက်တဲ့အခါ နေလောင်ခံခရင်မ်တွေကို လိမ်းပေးရမယ့်အပြင် အဝတ်အစား လုံလုံခြုံခြုံ ဝတ်ရမှာ ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ အစာအိမ်နဲ့ အူလမ်းကြောင်းသွေးယိုစီးခြင်း၊ကျောက်ကပ်ပြဿနာများ၊နှလုံးပြဿနာများ စသည်)ဟာ အသက်ကြီးသူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Voltamicin (ဗိုလ်တာမီစင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Voltamicin (ဗိုလ်တာမီစင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • ဗိုက်အောင့်ခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ရင်ပူခြင်း။
  • ဝမ်းချုပ်ခြင်း။
  • လေထခြင်း။
  • ခေါင်းကိုက်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • သွေးပေါင်တက်ခြင်း။

ဖြစ်တောင့်ဖြစ်ခဲဆိုသလို အောက်ဖော်ပြပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာခဲ့ရင် ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

  • ခြေလက်များဖောရောင်ခြင်း။
  • ရုတ်တရက် (အကြောင်းတစုံတရာ မရှိဘဲ) ကိုယ်အလေးချိန်တက်ခြင်း။
  • အကြားအာရုံဆိုင်ရာ ပြဿနာများ ရင်ဆိုင်ရခြင်း (နားထဲတွင် ဆူဆူညံညံအသံများ ကြားနေရခြင်း)။
  • စိတ်အခြေအနေ ပြောင်းလဲခြင်း။
  • အစာမြိုရခက်ခြင်း၊နာကျင်ခြင်း။
  • (မူမမှန်စွာ) ပင်ပန်းနွမ်းနယ်ခြင်း။

အောက်ဖော်ပြပါ ရှားပါးပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာပါက အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူရပါမယ်။

  • ကျောက်ကပ်ပြဿနာများ၏ လက္ခဏာများ (ဆီးပမာဏ ပြောင်းလဲခြင်း စသည်)။
  • (အကြောင်းရင်း ထူးထူးခြားခြားမရှိပါဘဲ) ဇက်ကြောတောင့်နေခြင်း။
  • ဆီးအရောင်မည်းခြင်း။
  • ကာလကြာရှည် ပျို့အန်၊မအီမသာဖြစ်ခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်း။
  • ဗိုက်နာဗိုက်အောင့်ခြင်း။
  • အသားဝါခြင်း။
  • အနီစက်များ ထွက်ခြင်း။
  • ယားယံခြင်း၊ရောင်ရမ်းခြင်း (မျက်နှာ၊လျှာ၊လည်ချောင်းစသည်)။
  • ဆိုးဆိုးရွားရွား ငိုက်မျဉ်းခြင်း။
  • အသက်ရှုရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Voltamicin (ဗိုလ်တာမီစင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Voltamicin® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဒီဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

 Aliskiren

 ACE inhibitors (ဥပမာ captopril, lisinopril)

 Angiotensin II receptor blockers (ဥပမာ valsartan, losartan)

 ကော်တီကိုစတီးရွိုက်ဆေးများ(ဥပမာ prednisone)

 Cidofovir

 Lithium

 Methotrexate

 ဆီးဆေးများ (ဥပမာ furosemide)

 သွေးမွှားဥဆန့်ကျင်ဆေးများ ဥပမာ clopidogrel၊ သွေးကျဲဆေးများ ဥပမာ dabigatran/enoxaparin/warfarin အပါအဝင် အခြားဆေးများ။

အစားအသောက်တွေနဲ့ အရက်က Voltamicin (ဗိုလ်တာမီစင်း) နဲ့ ဓာတ်ပြုနိုင်သလား

Voltamicin® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Voltamicin (ဗိုလ်တာမီစင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Voltamicin® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ပန်းနာရင်ကျပ်ရောဂါ (အက်စ်ပရင် ဒါမှမဟုတ် အခြားသော စတီးရွိက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးကို သောက်ပြီးတဲ့နောက်မှာ အသက်ရှုရခက်လာတာမျိုး ဖြစ်ဖူးခြင်း)။
  • သွေးဆိုင်ရာ ပြဿနာများ။
  • နှလုံးရောဂါများ (ဥပမာ ရုတ်တရက် နှလုံးထိခိုက်ဖူးခြင်း)။
  • သွေးပေါင်တက်ခြင်း။
  • အသည်းရောဂါ။
  • နှာခေါင်းတွင် အကျိတ်လေးများ၊အဖုလေးများ ဖြစ်ခြင်း။
  • အစာအိမ်၊အူလမ်းကြောင်း၊အစာရေမြိုဆိုင်ရာ ပြဿနာများ (သွေးယိုစီးခြင်း၊အနာဖြစ်ခြင်း၊၊ခဏခဏ ရင်ပူခြင်း)။
  • လေဖြတ်ခြင်း။။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Voltamicin (ဗိုလ်တာမီစင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်ဆေးပုံစံ (ဆေးတောင့်) :

  • ရုတ်တရက် နာကျင်ခြင်းအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၁၈ သို့မဟုတ် ၃၅ မီလီဂရမ်ကို တနေ့သုံးကြိမ် သောက်ရပါမယ်။
  • အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၃၅ မီလီဂရမ်ကို တနေ့သုံးကြိမ် သောက်ရပါမယ်။

သောက်ဆေးပုံစံ (ကာလကြာရှည်အာနိသင်ပြသော ဆေးပြားများ၊ အစာအိမ်နှင့် အူလမ်းကြောင်းမှ အစာချေရည်များ၏ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အလွှာတထပ်အုပ်ထားသော ဆေးပြားများ)

  • ankylosing spondylitis ရောဂါအတွက် : သတ်မှတ်ထားသော ဆေးပမာဏမှာ ၂၅မီလီဂရမ်နှုန်းနဲ့ တနေ့ လေးကြိမ်သောက်ရမှာဖြစ်ပြီး လိုအပ်ရင် ညအိပ်ရာဝင်ချိန်မှာ အပို၂၅မီလီဂရမ် ထပ်သောက်နိုင်ပါတယ်။
  • အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၅၀ မီလီဂရမ်ကို တနေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သောက်ရမှာဖြစ်ပြီး ၇၅မီလီဂရမ်ကို နှစ်ကြိမ်သောက်လို့လည်း ရပါတယ်။

ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၅၀ မီလီဂရမ်ကို တနေ့ သုံးကြိမ် သို့မဟုတ် လေးကြိမ် သောက်ရမှာဖြစ်ပြီး ၇၅မီလီဂရမ်ကို နှစ်ကြိမ်သောက်လို့လည်း ရပါတယ်။

သောက်ဆေးပုံစံ (လျင်မြန်စွာ အာနိသင်ပြသော ဆေးပြား) :

အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၅၀ မီလီဂရမ်ကို တနေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်သောက်ရမှာဖြစ်ပါတယ်။

နာကျင်ကိုက်ခဲခြင်း သို့မဟုတ် ဓမ္မတာလာစဉ်နာကျင်ခြင်းများအတွက် : အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၅၀ မီလီဂရမ်ကို တနေ့သုံးကြိမ်သောက်ရမှာဖြစ်ပြီး ၁၀၀ မီလီဂရမ်ကို တကြိမ်တည်း သောက်ဖို့လည်း သင့်ဆရာဝန်က ညွှန်ကြားကောင်းညွှန်ကြားနိုင်ပါတယ်။

ရူမတွိုက်အဆစ်အမြစ်ရောင်ရောဂါအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၅၀ မီလီဂရမ်ကို တနေ့ သုံးကြိမ် သို့မဟုတ် လေးကြိမ် သောက်ရမှာဖြစ်ပါတယ်။

သောက်ဆေးပုံစံ (ဆေးရည်) :

ခေါင်းတခြမ်းကိုက်ခြင်းအတွက် : သတ်မှတ်ထားသော ပမာဏမှာ ၅၀ မီလီဂရမ် (ဆေးတထုပ်)ကို တကြိမ်သာ သောက်ရမှာ ဖြစ်ပါတယ်။

 

ကလေးတွေအတွက် Voltamicin (ဗိုလ်တာမီစင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Voltamicin (ဗိုလ်တာမီစင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Voltamicin® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • မျက်စဉ်းဆေးရည် တစ် စီစီ။
  • ဆေးပြား။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Voltamicin® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ