backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vitamine D3 (Vitamin D3)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Vitamine D3 (Vitamin D3) ကို ဘာအတွက်အသုံးပြုကြသလဲ

Vitamin D ကိုအောက်ပါရောဂါများအတွက်အသုံးများသည်။

  • မွေးရာပါ phosphate ဓါတ်နည်းသောရောဂါ နှင်. ကျောက်ကပ်အားနည်းသောရောဂါ
  • Hypothyroid(ဟိုက်ပိုသိုက်ရိုက်ရောဂါ) , Pseudohypothyroid(ဆူဒိုဟိုက်ပိုသိုက်ရိုက်ရောဂါ) တို့ကဲ့သို့သော Calcium ဓါတ်ချို့တဲ့စေသောရောဂါများ
  • ကိုယ်ခံအားစနစ်လွန်ကဲမှုကြောင့်ဖြစ်သောအရေပြားရောဂါ
  • အရိုးပျော့ရောဂါ
  • အရိုးပွရောဂါ
  • ကလေးငယ်များတွင်အရိုးခွင်ခြင်းကို ကာကွယ်ရန်နှင့်ကုသရန်
  • ကျောက်ကပ်ကြောင့်ဖြစ်သော အရိုးအားနည်းခြင်း
  • ကိုယ်ခံအားစနစ်မူမမှန်ခြင်နှင့် ကင်ဆာရောဂါများကိုကာကွယ်ရန်

Vitamine D3 (Vitamin D3) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားထားသည့်အတိုင်းသောက်သုံးရပါမည်။

-ကုန်ပစ္စည်းပေါ်တွင်ပါဝင်သောညွှန်ကြားချက်များကိုလိုက်နာရပါမည်။ဥပမာ သောက်ဆေး/ဆေးရည် စသည့်ပုံစံအမျိုးမျိုးအပေါ်မူတည်ပြီး ညွှန်ကြားချက်တိုင်းသောက်သုံးရပါမည်။

-မရှင်းလင်းသည်များရှိလျှင် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။

Vitamine D3 (Vitamin D3) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Vitamin D ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Vitamin D ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Vitamin D ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။

ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Vitamin D ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Paracetamol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vitamine D3 (Vitamin D3) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Vitamin D မသောက်ခင် ဆရာဝန်နှင့်

-မိမိတွင်ဓါတ်မတည့်ခြင်းများရှိလျှင်

-အခြားရောဂါများရှိလျှင် (ဥပမာအသည်းရောဂါ) ၊ အရက်သောက်လျှင်

-Phenylketouria ဟုခေါ်သော အမိုင်နိုအက်ဆစ်ဓါတ်လျော့နည်းသောရောဂါရှိလျှင် (ဉာဏ်ရည်ချို့တည့်ခြင်းမဖြစ်စေရန် အထူးသတ်မှတ်ထားသော အစားအစာများစားသုံးရမည်။)သို့မဟုတ် ဆီးချိုရှိလျှင် အထူးစီမံထားသောသကြားအလွှာပါသည့် အမျိုးအစားမျိုးအသုံးပြုရပါမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vitamine D3 (Vitamin D3) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Vitamine D3 (Vitamin D3) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေး၏ဘေးထွက်ဆိုးကျိုးများတွေ့ရလေ့မရှိပါ။ ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ပါက ဆရာဝန်နှင့်တိုင်ပင်ရပါမည်။

Vitamin D ကိုရေရှည်သောက်ခြင်းနှင့် ဆေးပမာဏလွန်ကဲခြင်းတို့ကြောင့် တွေ့ရလေ့ရှိသော လက္ခဏာများမှာအောက်ပါတို့ဖြစ်သည်။

  • သွေးတိုးခြင်း
  • အဖျားတက်ခြင်း
  • နှလုံးခုန်မမှန်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အရိုး/ကြွက်သားများနာကျင်ခြင်း
  • ဝမ်းချုပ်/လျှောခြင်း
  • မူးဝေခြင်း/ခေါင်းကိုက်ခြင်း/ပျို့အန်ခြင်း (ကလေးများနှင့်အရွယ်ရောက်သူများတွင်)
  • မောပန်းနွမ်းနယ်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ရေဆာခြင်း
  • ညဘက်တွင်ဆီးခဏခဏသွားခြင်း၊ဆီးများခြင်း
  • အစားစားချင်စိတ်လျော့နည်းခြင်း
  • ခံတွင်းပျက်ခြင်း

အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။ Vitamin D သောက်သူတိုင်းထိုဘေးထွက်ဆိုးကျိုးများခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Vitamine D3 (Vitamin D3) နဲ့ ဓါတ်ပြုနိုင်သလဲ

Vitamin D သည် မိမိယခုလက်ရှိသောက်သုံးနေသောဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။

ထို့ကြာင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကိုစာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ခွင့်ပြုချက်မပါဘဲ ဆေးများကိုမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။

အောက်ပါဆေးများသောက်နေပါက သင့်ဆရာဝန်အားပြောပါ။

  • ဆီးချိုဆေးများ (သောက်ဆေး/အင်ဆူလင်ထိုးဆေး)
  • သွေးပေါင်ကျဆေး (Diltiazem)
  • အသည်းအင်ဇိုင်းအားဖြည့်ဆေး
  • ခုခံအားစနစ်ထောက်ပံ့ပေးသောဆေးများ
  • အသည်းနှင့်သည်းခြေဆေး
  • အတက်ရောဂါအတွက်ဆေးများ
  • ဆီးဆေးများ
  • နှလုံးရောဂါသောက်ဆေးများ
  • HIV ဆေးများ
  • Aluminium ပါဝင်သော အစာအိမ်ဆေးများ
  • Androgen ဓါတ်နည်းစေသော ဟော်မုန်းဆေး၊အခြားဟော်မုန်းဆေးများ
  • Asthma ရောဂါကုဆေးများ
  • ပဋိဇီဝပိုးသတ်ဆေးများ၊မှိုသတ်ဆေးများ
  • Cyclophospjhamide နှင့်အခြားကင်ဆာဆေးများ
  • အနာသက်သာစေသောဆေးများ
  • အရောင်ကျဆေးများ၊ စတီးရွိုက်ဆေးများ
  • အရိုးပွရောဂါအတွက်သောက်ရသောဆေးများ(Bisphosphonates, Calcipotriene)
  • ကယ်လ်ဆီယံဆေးပြားများ
  • သွေးတွင်းအဆီကျဆေး
  • နှလုံးခုန်မှန်စေသောဆေးများ(Digitalis)
  • ကလေးရစေရန်သောက်သောဆေးများ
  • သွေးကျဲဆေး (heparin)
  • ဝမ်းနှုတ်ဆေး
  • နေရောင်ကာခရင်မ်၊ ကတ္တရာစေပါသောခေါင်းလျှော်ရည်
  • ကာကွယ်ဆေးများ
  • Vitamin D ၏အာနိသင်ကိုဆန့်ကျင်သောဆေးများ
  • TB ရောဂါဆေးများ
  • သိုင်းရွိုက်ဟော်မုန်းဆေးများ

အစားအသောက်တွေနဲ့ အရက်က Vitamine D3 (Vitamin D3) နဲ့ ဓါတ်ပြုနိုင်သလား

Paracetamol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကိုပို၍အဆိပ်အတောက်ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vitamine D3 (Vitamin D3) နဲ့ ဓါတ်ပြုနိုင်သလဲ

Paracetamol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့်သင့်မှာ

  • သွေးတိုး
  • ဆီးချို
  • နှလုံးရောဂါ
  • ကူးစက်ရောဂါ များရှိပါက ပို၍အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vitamine D3 (Vitamin D3) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်ရောဂါအပေါ်မူတည်၍ဆေးအချိုးအစားကွာခြားမှုရှိသည်

  • အတက်ပျောက်ဆေးများကြောင့်ဖြစ်သော အရိုးပျော့ရောဂါ

-Vitamin D2 ၂၀၀၀ ယူနစ် ၊ Calcium lactate ၃၉၀ မီလီဂရမ် ကို တနေ့တကြိမ် ၃လ

  • ကိုယ်ခံအားစနစ်လွန်ကဲမှုကြောင့်ဖြစ်သောရောဂါများ

-Alphacalcidol ဝ.၂-ဝ.၂၅ မိုက်ခရိုဂရမ် တနေ့၂ကြိမ်နှင့် AlphaOHD3 ဝ.၅ မိုက်ခရိုဂရမ် တနေ့တကြိမ် ၁၂လ

  • နှလုံးရောဂါ

– Vitamin D2 သို့မဟုတ် D3 200-2000 ယူနစ် ၊ 10-25 မိုက်ခရိုဂရမ် ကို တနှစ်ခွဲမှ ၄နှစ် (Calcium နှင့်တွဲ၍ဖြစ်စေ ၊ မပါဘဲဖြစ်စေ)

-Vitamin D2 သို့မဟုတ် D3 100 000 ယူနစ် ၁နှစ် ၁ကြိမ် (၃နှစ်ဆက်တိုက်)

– Vitamin D2 ၃၀၀ ၀၀၀ ယူနစ်ထိုးဆေးတကြိမ် +( နေ့စဉ် Vitamin D2 ၁ ဂရမ်၊ Vitamin D3 ၈၀၀ ယူနစ်၊ Calcium ၁ ဂရမ်) ၁၂ လ

  • Parathyroid(ပါရာသိုက်ရိုက်ဂလင်းလုပ်ဆောင်မှုများခြင်းကြောင့် Calcium နည်းခြင်း

-Calcitriol ဝ.၅ ဂရမ် ၊ Vitamin D ၄၀၀ ယူနစ် ကို Calcium carbonate နှင့်တွဲ၍ တနေ့ ၁-၂ကြိမ်

  • သွေးတွင်းအဆီဓါတ်များခြင်း

-Vitamin D3, cholecalciferol, calcitriol, ergocalciferol, and alpha-calcidiol ၁၂၅၀ မိုက်ခရိုဂရမ် ကိုနေ့စဉ် ၁လခွဲမှ ၃နှစ်

သို့မဟုတ်

၃၀၀-၃၃၃၂ ယူနစ်

  • သွေးတိုးရောဂါ

-Vitamin D ၄၀၀-၈၅၇၁ ယူနစ် (Calcium နှင့်တွဲ၍ဖြစ်စေ ၊ မပါဘဲဖြစ်စေ)

  • Calcium ဓါတ်နည်းခြင်း
  • Calcitriol ဝ.၂၅ မိုက်ခရိုဂရမ် ၄-၈ ပတ်
  • Parathyroid ဂလင်းလုပ်ဆောင်မှုကျဆင်းခြင်း
  • Dihydrotachysterol ဝ.၇၅-၂.၅ မီလီဂရမ် နေ့စဉ် နှင့် 0.2-1 မီလီဂရမ် နေ့စဉ်

    • အရိုးပွရောဂါ

    Vitamin D2 သို့မဟုတ် D3 ၁၀၀ -၂၀၀ ၀၀၀ ယူနစ် နေ့စဉ် သို့မဟုတ် ၂လ ၁ကြိမ် ၆လထိ (Calcium ၈၀၀- ၁၅၀၀ မီလီဂရမ် နှင့်တွဲ၍)

    • ကိုယ်ခံအားစနစ်မူမမှန်မှုကြောင့်ဖြစ်သောအရေပြားရောဂါ

    Calcipotriene (Dovonex) ကိုတနေ့ ၂ကြိမ်လိမ်းပါ။

    Vitamin Dအာနိသင်ရှိသော လိမ်းဆေးများ ကို Steroid နှင့်တွဲပြီးဖြစ်စေ ၃-၅ ပတ်ထိလိမ်းရန်

    Calcipotriol ၅၀ mg, Tacacalcitol ၄ mg, Clacitriol ၃ mg ၄-၁၂ပတ်ထိ ၁နေ့ ၁-၂ကြိမ် ၄-၁၂ပတ

    ကလေးတွေအတွက် Vitamine D3 (Vitamin D3) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    • ကိုယ်ခံအားစနစ်အတွက် အသက် ၁နှစ်အထိ Vitamin D ၂၀၀၀ ယူနစ် ကိုနေ့စဉ်
    • အရိုးပွရောဂါအတွက် Calcitriol ဝ.၂၅ mg + Calcium ၅၀၀ mg နေ့စဉ် ၉လ
    • အရိုးခွင်ခြင်းအတွက် ၁၂၅-၂၅၀ mcg (၅၀၀၀-၁၀၀၀၀ယူနစ်) နေ့စဉ် ၂-၃လ

    Vitamine D3 (Vitamin D3) ကိုဘယ်လိုရရှိနိုင်သလဲ

    • ဆေးပြား – ၁၀၀၀ IU, ၂၅ mcg, ၄၀၀ IU….
    • ဆေးတောင့်၊ အရည် – ၄၀၀ IU, ၁၀၀၀ IU, ၂၀၀၀ IU….

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Paracetamol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement