backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ကို ဘာအတွက်အသုံးပြုကြသလဲ

VITAMIN B5ကိုခန္ဒါကိုယ်တွင်ု VITAMIN B5(Pantothenic acid)ဓါတ်ချို့တဲ့မှုကို ကာကွယ်ရန်နှင့်ကုသရန်သောက်သုံးကြပါသည်။

VITAMIN B5သည် ခန္ခါကိုယ်တွင် ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် အဆီဓါတ်များမျှတစေရန်လည်း အထောက်အကူပြုပါသည်။

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ဘယ်လိုသောက်သုံးသင့်သလဲ

  • VITAMIN B5 ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ၊သို့မဟုတ်ဆေးဘူးတွင်ပါသည့် အညွှန်းအတိုင်းသောက်သင့်သည်။
  • အစာဖြင့် ဖြစ်စေ အစာမရှိဘဲဖြစ်စေသောက်နိင်သည်။ သင်သည် ဗိုက်အောင့်တတ်သူဖြစ်ပါက အစာဖြင့်သောက်ပါ။
  • ရေ သို့မဟုတ် အခြားဖျော်ရည်တခွက်ခွက်နှင့် တွဲသောက်နိုင်သည်။
  • မရှင်းလင်းသည်များရှိလျှင် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ဘယ်လိုသိမ်းဆည်းရမလဲ

VITAMINB5ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့VITAMINB5ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

VITAMIN B5ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

VITAMIN B5ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။

ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

VITAMIN B5ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အချို့သော အခြေအနေများသည် Vitamin B5 နှင့် ဓါတ်ပြူနိုင်သောကြောင့် မသောက်ခင် အောက်ပါအချက်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

-မိမိတွင်ကိုယ်ဝန်ရှိလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ နို့တိုက်နေသောမိခင်ဖြစ်လျှင်

-သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ရှိလျှင်

-မိမိတွင်ဓါတ်မတည့်ခြင်းများရှိလျှင်

-အခြားရောဂါများရှိလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

  • ကိုယ်ဝန်ဆောင်ချိန်

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကလေးနို့တိုက်ချိန်

Vitamin B5 (pantothenic acid) ကိုသောက်ပါက မိခင်နို့ထဲတွင်ပါရှိသည်။

သင်သည် မိခင်နို့တိုက်နေလျှင် ဆေး၏ ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးများသည် ဘေးထွက်ဆိုးကျိုး အနည်းနှင့် အများရှိတတ်ကြပါသည်။ Vitamin B5 တွင်ဆိုးကျိုးခံစားရသူ အနည်းအကျဉ်းသာတွေ့ရသည်။ အသက်ရှုကျပ်လာခြင်း နှင့် အစာမျိုရခက်ခြင်း

အနီဖုများထခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့်လျှာတို့ ဖောင်းလာရောင်လာခြင်း စသည်တို့သည် ဓါတ်မတည့်သည် ပြင်းထန်သော လက္ခဏာများဖြစ်သည့်အတွက် သတိပြုရပါမည်။ အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။

Vitamin B5သောက်သူတိုင်းထိုဘေးထွက်ဆိုးကျိုးများခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) နဲ့ ဓါတ်ပြုနိုင်သလဲ

VITAMIN B5သည် မိမိယခုလက်ရှိသောက်သုံးနေသောဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။

ထို့ကြာင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကိုစာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ခွင့်ပြုချက်မပါဘဲ ဆေးများကိုမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) နဲ့ ဓါတ်ပြုနိုင်သလား

VITAMIN B5က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကိုပို၍အဆိပ်အတောက်ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) နဲ့ ဓါတ်ပြုနိုင်သလဲ

VITAMIN B5

ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်ရောဂါအပေါ်မူတည်၍ဆေးအချိုးအစားကွာခြားမှုရှိသည်။

ဖြည့်စွက်အာဟာရအတွက် သတ်မှတ်ထားသော ပမာဏမှာ-

  • အသက် ၁၄နှစ်အထက် အမျိုးသား ၊ အမျိုးသမီး – ၅ မီလီဂရမ်
  • ကိုယ်ဝန်သည် -၆မီလီဂရမ်
  • နို့တိုက်မိခင် – ၇ မီလီဂရမ်

ကလေးတွေအတွက် Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများအတွက် နေ့စဉ်သောက်သုံးရမည့် ပမာဏမှာ

  • အသက် ၆လထိ – ၁.၇ မီလီဂရမ်
  • အသက် ၇လမှ ၁၂လထိ – ၁.၈ မီလီဂရမ်
  • အသက် ၁-၃နှစ်- ၂ မီလီဂရမ်
  • အသက် ၄-၈နှစ်- ၃ မီလီဂရမ်
  • အသက် ၉-၁၃နှစ်- ၄ မီလီဂရမ်

Vitamin B5 (Pantothenic Acid) (ဗီတာမင် ဘီ ၅) ကိုဘယ်လိုရရှိနိုင်သလဲ

ဆေးပြားပုံစံ ၁၀၀၊ ၂၀၀၊၅၀၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

VITAMIN B5ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement