Generic Name: Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) Brand Name(s): .

အသုံးပြုပုံများ

Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

ဗီတာမင်အေကိုအစာအာဟာရကနေ ဗီတာမင်လုံလုံလောက်လောက်မရတဲ့လူတွေမှာေီတာမင်ချို့တဲ့ခြင်းကိုကာကွယ်ရန်အသုံးပြုကြပါတယ်။ ပုံမှန်အစားအစယစားနေတဲ့လူတွေအတွက်တော့ဗီတာမင်အေအပိုထပ်ပေးဖို့မလိုအပ်ပါဘူး။သို့သော်လည်းအာဟာရချို့တဲ့ခြင်း၊ဆီးချိုသွေးချိုဖြစ်ခြင်း၊ သိုင်းရွိုက်အားနည်းခြင်း ၊အသည်းနှင့်ပန်ကရိယ ရောဂါများတွင်ဗီတာမင်အေချို့တဲ့ခြင်းဖြစ်တတ်ပါတယ်။ ဗီတာမင်အေဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ် ။ဗီတာမင်အေကိုကြီးထွားရန်၊ အရိုးများဖွံဖြိုးရန် နှင့်အသားအရေနှင့် အမြင်အာရုံတို့ကောင်းမွန်စေရန်လိုအပ်ပါတယ် ။ ဗီတာမင်အေချို့တဲ့ခြင်းဟာအမြင်အာရုံဆိုင်ရာပြဿနာတွေ(ကြက်မျက်သင့်ရောဂါ)နဲ့ရာသက်ပန်မျက်လုံးပျက်ဆီးခြင်းတို့အထိဖြစ်သွားနိုင်ပါတယ်။

Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပမာဏကတော့သင့်ရဲ့အသက်၊ကျန်းမာရေးအခြေအနေနဲ့ကုသမှုအပေါ်တုံ့ပြန်မှုတို့အပေါ်မှာမူတည်နေပါတယ်။ဆေးရဲ့ကောင်းကျိုးကိုအများဆုံးရရှိဖို့ဆေးကိုမှန်မှန်သုံးစွဲဖို့လိုပါတယ်။ဆေးသောက်ရန်မမေ့ဖို့အတွက်ဆေးကိုနေ့တိုင်းအချိန်တစ်ခုတည်းမှာပဲသုံးစွဲရပါမယ်။ ဆေးပမာဏတိုးသောက်ခြင်းတို့ ညွှန်ကြားထားခြင်းမရှိပဲဆေးကိုသုံးစွဲတာတို့မလုပ်ရပါဘူး။ ဒီလိုဆိုရင်တော့သင့်ရဲ့ရောဂါဟာသက်သာလာမှာမဟုတ်သလိုဆိုးကျိုးတွေလဲပိုများလာမှာဖြစ်ပါတယ်။သင့်ရဲ့ရောဂါမပျောက်သေးလျှင် သို့ ပိုဆိုးလာလျှင်ဆရာဝန်နှင့်ပြသရပါမယ် ။ သင့်မှာပြင်းထန်တဲ့ကျန်းမာရေးပြဿနာရှိပြီလို့ထင်ရင်တော့ ချက်ချင်းဆေးကုသမှုခံယူရပါမည် ။

 

 

Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကို အလင်းရောင်များ၊ စိုစွတ်မှုများနှင့်ဝေးရာ အခန်းအပူချိန်အတွင်းမှာသာထားသင့်ပါသည်။ဆေစကိုပျက်ဆီးခြင်းမဖြစ်စေရန် ရေခဲသေတ္တာ ၊ ရေချိုးခန်းထဲတွင်မထားရပါ ။ ဆေးအမျိုးအစားပေါ်မူတည်ပြီး ထိန်းသိမ်းမှုပုံစံကွဲပြားကြပါတယ် ။ဒါကြောင့် ဆေးဗူးပါဆေးညွှန်းကိုသေချာဖတ်ခြင်း သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုမေးမြန်းခြင်းလုပ်ရပါမယ်။ ဆေးများကိုလည်း ကလေးများနဲ့ဝေးရာမှာထားရပါမယ် ။

ဆေးကို အိမ်သာ သို့ ရေမြောင်းထဲသို့ ညွှန်ကြားမထားပဲ မပစ်ရပါဘူး ။ဆေးဒိတ်လွန်သွားလျှင် သို့ နောက်ထပ်မလိုတော့လျှင် သေချာစွန့်ပစ်ရန်လိုအပ်ပါသည်။သေသေချာချာဆေးကိုစွန့်ပစ်နည်းကိုဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့မေးမြန်းတိုင်ပင်ရပါမယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင်ဟာ ဗီတာမင်အေ သို့အခြားဆေးတစ်ခုခုနဲ့ဓာတ်မတည့်ခြင်းရှိလျှင်တော့ ဆရာဝန်နဲ့အရင်တိုင်ပင်ဆွေးနွေးရပါမည်။ညွှန်ကြားထားသော သို့ မညွှန်ကြားထားသော ဆေးကုသမှုများ ၊ ဗီတာမင်များ ၊ အာဟာရဖြည့်စွက်စာများ၊ဆေးဘက်ဝင်အပင်များကို အသုံးပြုနေခြင်း သို့ အသုံးပြုရန်စီစဉ်ထားခြင်းရှိပါက ဆရာဝန်ကိုပြောပြထားရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် သို့ နို့တိုက်စဉ်မှာ ဆေးသုံးစွဲခြင်းဟာ စိတ်ချရကြောင်းကို လေ့လာစမ်းသပ်မှုတွေသေသေချာချာမလုပ်ရသေးပါဘူး။ဒါကြောင့် မသုံးစွဲမီဆေးရဲ့ကောင်းကျိုး ၊ဆိုးကျိုးများကို သိရှိစေရန် ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ် ။

ဘေးထွက်ဆိုးကျိုးများ

Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အကယ်၍သင့်တွင်ဓာတ်ဟမတည့်သည့်လက္ခဏာများဖြစ်သည့် အင်ပြင်များထွက်ခြင်း၊အသက်ရှူရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာနှင့် လည်ပင်းတို့ရောင်ခြင်းစတဲ့လက္ခဏာတွေဖြစ်ပေါ်လာပါက အရေးပေါ်ကုသမှုကိုချက်ချင်းခံယူရပါမယ်။အသေးစားဓာတ်မတည့်မှုလေးတွေပဲဖြစ်တာများပါတယ်။ဆိုးကျိုးလုံးဝမခံစားရတာမျိုးလည်းရှိပါတယ် ။ လူတိုင်းတော့ဘေးထွက်ဆိုးကျိုးတွေကိုမခံစားရပါဘုး။အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ဘေးထ်က်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်သေးရင်တော့ ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်မေးမြန်းသင့်ပါတယ် ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) နဲ့ ဓာတ်ပြုနိုင်သလဲ

ဗီတာမင်အေ ဟာ ဟာသင်လက်ရှိသောက်နေတဲ့ဆေးတွေနဲ့ဓာတ်ပြုပြီး ဆေးရဲ့အလုပ်လ်ုပုံတွေပြောင်းလဲခြင်းသို့ ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေခြင်းတို့ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆေးအချင်းချင်းမတည့်တာတွေကိုရှောင်ရှားနိုင်ဖို့ သင်အသုံးပြုနေတဲ့ဆေးတွေကိုစာရင်းပြုလုပ်ထားပြီးဆရာဝန်ကိုအသိပေးဖို့လိုအပ်ပါတယ်။သင့်ရဲ့လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးများစတင်သုံးစွဲခြင်း ၊ရပ်တန့်ခြင်း သို့ ဆေးပမာဏပြောင်းလဲခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ ဥပမာ ..ကိုယ်ဝန်တားဆေး ၊ သွေးကြဲဆေး၊ကိုလက်စ်ထရောကျဆင်းစေသောဆေးများ၊bexarotene ၊ tretinoin ၊ isotretinoin တို့ပဲဖြစ်ပါတယ် ။

အစားအသောက်တွေနဲ့ အရက်က Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) နဲ့ ဓာတ်ပြုနိုင်သလား

ဗီတာမင်အေ ဟာ အစားအစာတွေ အရက်တွေနဲ့ဓာတ်ပြုပြီး အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားခြင်း သို့ ဘေးထွက်ဆိုးကျိုးများပိုဆိုးစေခြင်းတို့ကို ဖြစ်စေပါတယ်။ဒါကြောင့်ဆေးမသုံးစွဲမီ ဓာတ်ပြုနိုင်တဲ့အစားအစာတွေအကြောင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) နဲ့ ဓာတ်ပြုနိုင်သလဲ

ဗီတာမင်အေ ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့သက်ရောက်ခြင်းတွေရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်ခြင်းဟာ ဆေးရဲ့အလုပ်လ်ုပုံ သို့ ဆိုးကျိုးတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကိုအသိပေးရန်လိုအပ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကြွက်သားမှာတစ်ဆင့်ထိုးရန်။

ယူနစ်တစ်သိန်းသုံးရက်ဆက်တိုက်ထိုးပြီးလျှင် ယူနစ်ငါးသောင်းကိုနေ့စဉ် ၂ ပါတ်ထိုးရပါမယ်။

ကလေးတွေအတွက် Vitamin A (Injection) (ဗီတာမင်အေ ထိုးဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁ နှစ်မှ၈နှစ်ကလေးများအတွက်ဗီတာမင်အေယူနစ်၁၇၅၀၀ မှ ၃၅၀၀၀ အထိနေ့စဉ် ၁၀ ရက်ထိုးရပါမယ်။

မွေးကင်းစကလေးတွေအတွက်ကတော့ဗီတာမင်အေယူနစ် ၇၅၀၀ ကနေ ၁၅၀၀၀ အထိထိုးပေးရပါမယ် ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးအလွန်အကျွံသုံးမိတဲ့အခါ သို့ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ အနီးစပ်ဆုံးအရေးပေါ်ဌာနဆီသွားခြင်း သို့ အရေးပေါ်ဝန်ဆောင်မှု ၁၅၅ ကိုခေါ်ဆိုခြင်းပြုလုပ်ရပါမယ် ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အကယ်၍ဆေးသုံးရန်မေ့လျော့ခဲ့ပါက သတိရရခြင်းပြန်သောက်သုံးသင့်ပါတယ်။ သတိရတဲ့အချိန်ဟာ နောက်တကြိမ်ဆေးသောက်ရမယ့်အချိန်ဖြစ်နေရင်တောင်မှ ပုံမှန်အတိုင်းဆက်လက်သောက်သုံးသင့်ပါတယ်။ နဂိုဆေးပမာဏထက် ၂ ဆပိုသုံးစွဲခြင်းမျိုးတော့ ရှောင်ကျဉ်ရပါမည် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ