Generic Name: Vitamin A (ဗီတာမင် အေ) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Vitamin A ကို ဘာအတွက် အသုံးပြုတာလဲ။

Vitamin A ကို  အောက်ပါ အကြောင်းအရာများ အတွက် အသုံးပြုကြပါသည်။

  • Vitamin A ချို့တဲ့သောသူများ
  • ငှက်ဖျား၊ HIV ၊ ဝက်သက်၊ ဝမ်းလျှောခြင်း စသည်တို့၏ နောက်ဆက်တွဲ Vitamin A လျော့နည်းခြင်းကို ကုသရန်။
  • ရာသီသွေး အဆင်းများသော အမျိုးသမီးများ၊ ရာသီမလာမီ ခံစားရသော နာကျင်မှုများ၊ မိန်းမကိုယ်လမ်းကြောင်း ကူးစက်ရောဂါများ၊ မှိုရောဂါများ၊ ရင်သားတွင် အလုံးအကြိတ် ဖြစ်ခြင်း (ရင်သားတွင် ရေအိတ်/အသားလုံးဖြစ်သော ရောဂါ) နှင့် ရင်သားကင်ဆာကို ကာကွယ်ရန်။
  • ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားစဉ်နှင့် နို့တိုက်ချိန်တို့တွင် HIV ပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်မှုနှုန်းကို လျှော့ချရန်။
  • အမျိုးသားများတွင် သုတ်ကောင် အရေအတွက် များပြားရန်။
  • အမြင်အာရုံ ကောင်းစေရန်၊ အသက်ကြီး၍ မျက်စိမှုန်ခြင်း၊ ရေတိမ်စွဲခြင်း၊ အတွင်းတိမ်စွဲခြင်းတို့ကို ကုသရန်။
  • ဝက်ခြံ၊ နှင်းခူ၊ ကိုယ်ခန္ဓာတွင် ခုခံအားစနစ် မူမမှန်မှုကြောင့် အရေပြားရောဂါ ဖြစ်ခြင်း (psoriasis,lichen planus)၊ နှုတ်ခမ်း ရေယုန်ပေါက်ခြင်း၊ အနာဖြစ်ခြင်း၊ အပူလောင်ခြင်း၊ ကြာဆူးပေါက်ခြင်း၊ မျိုးရိုးကြောင့်ဖြစ်သော အရေပြား အဖတ်များ ကွာကျခြင်းနှင့် အနီကွက်များထသော အရေပြားရောဂါ (icthyosis, pityriasis rubra pilaris) စသည်တို့ကို ကုသရန်။
  • အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်သောအနာများ၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်သော အနာသောရောဂါ (Crohn’s Disease)၊ မျိုးရိုးကြောင့်ဖြစ်သော အစာခြေအင်ဇိုင်း ချို့တဲ့သော ရောဂါ (Hurler’s Syndrome)၊ ထိပ်ကပ်နာ၊ ဓာတ်မတည့်မှုကြောင့် နှာရည်ယို နှာစေးခြင်း (Hay fever) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ကို ကုသရန်။
  • Shigella ပိုးကောင်ကြောင့် ဝမ်းလျှောခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ၊ နှာခေါင်းနှင့်ဆိုင်သော ကူးစက်ရောဂါများ၊ အနံ့မရရှိတော့ခြင်း၊ ဓာတ်မတည့်မှုကြောင့် ရင်ကျပ်ခြင်း (asthma)၊ အဆက်မပြတ် ခေါင်းကိုက်ခြင်း၊ ဆီးကျောက်တည်ခြင်း၊ သိုင်းရွိုက်ဂလင်း မူမမှန်ခြင်း၊ သွေးအားနည်းခြင်း၊ နားလေးခြင်း၊ နားအူခြင်းနှင့် ပါးစပ်ထဲတွင် အဖြူဖတ်များဖြစ်ခြင်း (leukoplakia)။
  • ကင်ဆာရောဂါ တချို့ကို ကာကွယ်ရန်နှင့် ကုသရန်၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရန်၊ အိုမင်းရင့်ရော်မှုကို လျှော့ချရန်နှင့် ကိုယ်ခံအားစနစ် ကောင်းမွန်ရန်။
  • အနာကျက် မြန်စေရန်၊ အရေးအကြောင်းများ လျော့နည်းစေရန် နှင့် ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန်။

 

Vitamin A ကို ဘယ်လို သောက်သုံးသင့်ပါသလဲ။

  • ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်သုံးရပါမည်။
  • ကုန်ပစ္စည်းပေါ်တွင် ပါဝင်သော ညွှန်ကြားချက်များကို လိုက်နာရပါမည်။
  • ဆေးပြား သို့မဟုတ် ဆေးလုံးတခုလုံးကို မဝါးဘဲ မျိုချပါ။
  • ဆေးအရည် ပုံစံဖြစ်ပါက သောက်ရမည့် ဆေးပမာဏကို တိုင်းတာနိုင်မည့် ခွက် သို့မဟုတ် ဇွန်း (အိမ်သုံး စားပွဲတင်ဇွန်း မဖြစ်ရ) နှင့် သောက်ပါ။ တိကျစွာ မသိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
  • သတ်မှတ်ထားသော ဆေးပမာဏထက် ပို/လျှော့သောက်ခြင်း မပြုရ။
  • ဆရာဝန် ညွှန်ကြားချက် မပါဘဲ တခြားသော vitamin ဆေးပြားများနှင့် တွဲသောက်ခြင်း မပြုရ။

သိမ်းဆည်းနည်း

Vitamin A ကို ဘယ်လို သိုလှောင် သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Vitamin A ကို တိုက်ရိုက် နေရောင်ခြည် မထိုးအောင်နဲ့ စိုစွတ်မှု မရှိအောင် ထားတာက အကောင်းဆုံး သိုလှောင် သိမ်းဆည်းတဲ့နည်းပဲ ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်တာနဲ့ ဆေးအနေအထား ပျက်ယွင်းမှုတွေ မဖြစ်အောင်လို့ Vitamin A ကို ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနဲ့။ Vitamin A ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီ ကွဲပြားမှုပေါ် မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင် သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှု စစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေ အကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Vitamin A ကို အိမ်သာထဲ ပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်း ကုန်ဆုံးသွားတဲ့ အခါတွေမှာ စနစ်တကျ စွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ သင့်ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

သတိပြုရမည့် အချက်များနှင့် သတိပေးချက်များ

ဆရာဝန်နှင့် တိုင်ပင်ပါ။

  • မိမိသည် ကိုယ်ဝန်သည်ဖြစ်လျှင်
  • ကလေးနို့တိုက်နေရလျှင်
  • ကလေးထိန်းနေရလျှင်

 

တခြားသော ဆေးဝါးများ မှီဝဲနေရလျှင် Vitamin A ကို မသောက်သုံးခင်မှာ ဘယ် အချက်အလက်တွေကို သိထားသင့်သလဲ။

Vitamin A မသောက်ခင် အောက်ပါ အချက်များနှင့် ဆက်နွှယ်ပါက

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေး နို့တိုက်နေတဲ့ အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများ ရှိ၊ မရှိကို ဆုံးဖြတ်နိုင်ရန် လုံလောက်သော လေ့လာ စမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေ ကောင်းကျိုးများနှင့် ဆိုးကျိုးများ အားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ယခုဆေးဝါးသည် အမေရိကန် ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေ အဆင့်များကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။

  • ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် C (800 mcg ထက်များသော ဆေးပမာဏ)
  • ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် A (800 mcg အောက် ဆေးပမာဏ)
  • ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် X (Aquasol)

ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့်တွင် အမေရိကန် ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှု တချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးတချို့ ရှိနိုင်ပါသည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိပါသည်။
  • X = သောက်သုံး၍ မရပါ (လုံးဝမတည့်ပါ)။
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက် ဆိုးကျိုးများ

Vitamin A က ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

သင်သည် Vitamin A သို့မဟုတ် vitamin A တွင် ဖော်စပ်ထားသော ဓာတ်ပေါင်းများနှင့် ဓာတ်မတည့်မှုများ ဖြစ်နိုင်သည်။

အသက်ရှုကျပ်ခြင်း၊ အင်ပြင်ထခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ ရုတ်တရက် ရောင်ရမ်းခြင်းတို့ ဖြစ်လာပါက အရေးပေါ်ကုသမှုခံယူပါ။

တခြားသော ဆေးဝါးများကဲ့သို့ပင် vitamin A သည်လည်း အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။

  • နှလုံးရောဂါ ဖြစ်နိုင်ခြေများခြင်း
  • အဆုတ်တွင်း သွေးထွက်ခြင်း၊ အမြင်မကြည်လင်တော့ခြင်း၊ အရိုးများနာကျင်ခြင်း
  • ကိုယ်ခံအားစနစ် မူမမှန်ခြင်း
  • အသည်းတွင် ရောင်ရမ်းခြင်းနှင့် အမာရွတ်ဖြစ်ခြင်း
  • ချောင်းဆိုးခြင်း၊ ဖျားခြင်း
  • လက်သည်းများ ကြွပ်ဆပ်ခြင်း
  • နှုတ်ခမ်းကွဲခြင်း
  • သိုင်းရွိုက်ဂလင်း၏ လုပ်ဆောင်ရည် ကျဆင်းခြင်း
  • စိတ်ကျရောဂါဖြစ်ခြင်း
  • ဝမ်းလျှောခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

တခြားသော ဘေးထွက်ဆိုးကျိုး များစွာ ရှိနိုင်ပါသေးသည်။ Vitamin A သောက်သူတိုင်း ထိုဘေးထွက် ဆိုးကျိုးများ ခံစားရသည် မဟုတ်ပါ။ အသေးစိတ် သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်သင့်သည်။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Vitamin A နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Vitamin A သည် မိမိယခုလက်ရှိ သောက်သုံးနေသော ဆေးဝါးများ၏ အာနိသင်များ ပြောင်းလဲသွားနိုင်ပြီး ဘေးထွက် ဆိုးကျိုးများကိုလည်း ပိုဆိုးစေနိုင်ပါသည်။

ထို့ကြာင့် ဖြစ်နိုင်ခြေရှိသော ဓာတ်မတည့်မှုများကို လျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ / မပါသော ဆေးများ၊ တိုင်းရင်းဆေးများ) ကို စာရင်းလုပ်ပြီး ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပညာရှင်၏ ခွင့်ပြုချက်မပါဘဲ ဆေးများကို မိမိသဘောနှင့် အတိုးအလျှော့ပြုခြင်း၊ ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။

အောက်ပါဆေးများ သောက်နေပါက သင့်ဆရာဝန်ကို ပြောပါ။

  • Aspirin, warfarin (Coumadin), heparin,Clopidogrel (Plavix) ကဲ့သို့သော သွေးကျဲဆေးများ၊ Ibuprofen (Motrin, Adivil), Naproxen ကဲ့သို့သော အနာသက်သာစေသော ဆေးများ
  • အသည်းအင်ဇိုင်း (cytochrome P450) အတွက် ပေးသောဆေးများ
  • စိတ်ကျရောဂါအတွက် ဆေးများ
  • ဝမ်းပိတ်ဆေး
  • သွေးတွင်း အဆီကျဆေး
  • အစာအိမ်နှင့် အူလမ်းကြောင်းအတွက် သောက်ဆေးများ
  • ကိုယ်အလေးချိန် ကျဆင်းစေရန် သောက်ဆေး
  • သန်ချဆေး
  • အာရုံကြောကို ထိခိုက်စေသော ဆေးများ
  • အသည်းကို ထိခိုက်စေသော ဆေးများ၊ အရက်သေစာ၊ ပဋိဇီဝပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ငှက်ဖျားဆေးများ
  • သန္ဓေတားသောက်ဆေး၊ Folic အက်ဆစ်၊ အိုင်းရွန်းနှင့် တခြားသော သတ္တုဓာတ်များ၊ နီကိုတင်းဓါတ်၊ Vitamin K ၊ အရိုးပွရောဂါအတွက် ဆေးများ၊ ကာကွယ်ဆေးများနှင့် အတက်ရောဂါ ပျောက်ဆေး (valporic acid)

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Vitamin A နဲ့ ဓာတ်ပြုနိုင်ပါသလား။

Vitamin A က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ အသည်းကို ပို၍ အဆိပ်အတောက် ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

 

Vitamin A သည် မည်သည့်ရောဂါ အမျိုးအစားများနှင့် ဓာတ်ပြုနိုင်ပါသနည်း။

Paracetamol ဟာ သင့်ရဲ့ နဂိုကျန်းမာရေး အခြေအနေများနဲ့ သက်ရောက် ဓာတ်ပြုမှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေး အခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှု ပုံစံပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေး အခြေအနေ အကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

 

သုံးစွဲရမည့် ဆေးပမာဏများ

အရွယ်ရောက်ပြီးသူတွေမှာ Vitamin A ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

ရောဂါအခြေနေပေါ် မူတည်ပြီး ဆေးပမာဏ ကွာခြားပါသည်။

  • VitaminA ချို့တဲ့ခြင်း (မျက်သားခြောက်ခြင်း မပါရှိသော)

100 000IU သောက်ဆေး သို့မဟုတ် ထိုးဆေးနှင့် 50000 IU နေ့စဉ် ၂ ပတ်

ပြီးလျှင် 10 000-20 000 IU နေ့စဉ် ၂ လ

 

  • VitaminA မချို့တဲ့ရန် လူထုတစ်ရပ်လုံးကို ဆေးတိုက်ခြင်း

200 000 IU သောက်ဆေး လစဉ် ၆ လ/၄ လ။

 

  • အဆစ်ရောင်ခြင်း

0.5 mg/kg Etretinate ၄ ပတ်

တိုးတက်မှု မရှိပါက / ဘေးထွက်ဆိုးကျိုးများ မရှိပါက 0.25 mg/kg နေ့စဉ် ၄ ပတ်

 

  • ရင်သားကင်ဆာ

Retinol 1000-6000mg နှင့် vitamin A 3000IU-10000IU နေ့စဉ်

 

  • အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ

5000- 50 000IU အပတ်စဉ်

 

  • တခြားကင်ဆာများ

Betacarotene 20-50mg နေ့စဉ် သို့မဟုတ် ၁ ရက်ခြား ၅ – ၁၂ နှစ်

 

  • ကင်ဆာကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများ

100 000 IU vitamin A အပတ်စဉ်ထိုးဆေး

 

  • သားအိမ်ခေါင်းကင်ဆာ

Vitamin A ဖြည့်စွက်ဆေးများကို ၁ – ၃ နှစ်ထိ

 

  • အူမကြီးကင်ဆာ

Vitamin A 25000 IU +30mg Betacarotene နေ့စဉ် ၇ နှစ်

 

  • HIV ရောဂါကုသရာတွင် အထောက်အကူဖြစ်စေရန်

Vitamin A 400 000IU (လူကြီး) 50 000 (ကလေး) မွေးပြီးချိန်မှ ၂ နှစ်အထိ

 

  • ၁ နှစ်အောက် ကလေးငယ်များ သေဆုံးမှုကို လျှော့ချရန်နှင့် HIV ရှိသော ကိုယ်ဝန်ဆောင်များ

Retinol 3mg (Iron/ folic acid နှင့် တွဲ၍ဖြစ်စေ) နေ့စဉ် ကိုယ်ဝန် ၁၈ ပတ်မှ ၂၈ ပတ်အတွင်း

 

  • အဆုတ်ကင်ဆာ

Beta carotene 20-50mg နေ့စဉ် သို့မဟုတ် ၁ ရက်ခြား ၅ – ၁၂ နှစ်

 

  • အသည်းရောဂါ

Vitamin A 5000IU ၆ လ သို့မဟုတ် 10 000IU ၄ လ

 

  • ကိုယ်ခံအားစနစ် မူမမှန်ခြင်းကြောင့်ဖြစ်သော အရေပြားရောဂါ

1mg / kg Retinoids.

10-75 mg Acitretin (Psoralen PUVA/PUVB နှင့် တွဲ၍ဖြစ်စေ) နေ့စဉ် ၆ ပတ်မှ ၁၂ လထိ

 

  • ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူပြီး နောက်ဖြစ်ပေါ်လာသော ဘေးထွက် ဆိုးကျိုးများ

10000 IU Retinol palmitate ရက် ၉၀

 

  • အမြင်အာရုံချို့တဲ့ခြင်း (မျက်ကြည်လွှာရောင်ခြင်း)

Vitamin A palmitate 15000 IU နေ့စဉ်

 

  • အရေပြားကင်ဆာ

Vitamin A 100 000IU ၁၈ လ (သို့သော် အရေပြားကင်ဆာ ကုသမှုတွင် Vitamin A သည် သက်ရောက်မှု မရှိလှပေ။)

 

  • တီဘီရောဂါ

တီဘီဆေး မစမီ Vitamin A 5000 – 200 000 IU ၃ ကြိမ်

 

ကလေးငယ်တွေမှာ Vitamin A ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

ရောဂါအခြေနေပေါ် မူတည်ပြီး ဆေးပမာဏ ကွာခြားပါသည်။

  • ရိုးတွင်းချဉ်ဆီကင်ဆာ
  • ALTRA 25-45 mg နေ့စဉ်
  • သွေးအားနည်းခြင်း
  • 3000 mcg Vitamin A နေ့စဉ် ၂ လ
  • လမစေ့သော ကလေးများတွင် ဖြစ်သည့်အဆုတ်နှင့် လေပြွန်ဖြစ်တည်မှု ပုံစံမမှန်ခြင်း
  • Vitamin A 2000 IU နေ့စဉ် သို့မဟုတ် 3000IU ၁ ပတ် ၃ ကြိမ်
  • ကလေးငယ်များ ကြီးထွားစေရန်
  • ၃ လမှ ၁ နှစ်ကလေးများ အတွက် 60 mg ၁ နေ့ ၄-၆ ကြိမ် ၄-၆ လ
  • မျိုးရိုးလိုက်သော အဆုတ်ချွဲကျပ်ရောဂါ
  • အသက် ၈ နှစ်အထက် ကလေးများအတွက် RAE 300 mcg နေ့စဉ်
  • ငှက်ဖျားရောဂါ
  • ၆ လမှ ၅ နှစ် ကလေးများအတွက် 200 000 IU vitamin A ဆေး ၁ တောင့် ၃ လ ၁ ကြိမ် ၁၃ လ

ကလေးငယ်များ၏ လုံခြုံမှုအတွက် တိကျသော ဆေးပမာဏ သိရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

 

Vitamin A ကို ဘယ်လိုပုံစံတွေနဲ့ ရနိုင်လဲ။

ဆေးတောင့် – 5000 IU, 10000 IU, 25000 IU

 

အရေးပေါ် အခြေအနေတွေ၊ ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ် အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက် ကုသမှုခံယူပါ ။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Vitamin A ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့ အချိန်မှာ အမြန်ဆုံး သောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမယ့် အချိန်နဲ့ နီးကပ်နေပြီ ဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆ တိုးသောက်တာမျိုး မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ