Visine Original (ဗိုင်ဆင်း (မူရင်း)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Visine Original (ဗိုင်ဆင်း (မူရင်း)) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Visine Original (ဗိုင်ဆင်း (မူရင်း)) ကို ဘာအတွက်အသုံးပြုကြသလဲ

Visine Originalကို မျက်လုံးအနည်းငယ် ကသိသအောင့်ဖြစ်တဲ့ အချိန်နဲ့ သာမန်မျက်လုံးမှာ ကသိကအောင့်ဖြစ်စေတဲ့ အချိန်တွေမှာ အသုံးများပါတယ်။

Visine Original (ဗိုင်ဆင်း (မူရင်း)) ဘယ်လိုသောက်သုံးသင့်သလဲ

သင်က-

  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးညွှန်းနဲ့ အချိန်အတိုင်း Visine Original ကို သုံးသင့်ပါတယ်။
  • အသုံးမပြုခင် အညွှန်းကို သေချာဖတ်ပါ။
  • အညွှန်းမှာပါတဲ့အချက်တွေနဲ့ ပတ်သတ်ပြီး မရှင်းတာရှိရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။
  • ဆေးရည်က အရောင်ပြောင်းနေတယ်။ အနည်ကျနေတယ်ဆိုလျှင် မသုံးပါနဲ့တော့။
  • ရောဂါပိုးကူးစက်တာက ကာကွယ်ဖို့အတွက် ဆေးဘူးအဖုံးကို တခြားဘယ်အရာနဲ့မှ မထိပါနဲ့။
  • အသုံးပြုပြီးနောက် အဖုံးသေချာဖုံးပါ။

Visine Original (ဗိုင်ဆင်း (မူရင်း)) ဘယ်လိုသိမ်းဆည်းရမလဲ

Visine Original ဆေးကို အခန်းအပူချိန်အတိုင်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့ဘဲ ခြောက်သွေ့သောနေရာမှာ ထားတာကောင်းပါတယ်။ ဆေးပျက်စီးတာက ကာကွယ်ရန် ဆေးကို ရေချိုးခန်းတို့ ရေခဲသေတ္တာတို့ထဲမှာ မသိမ်းသင့်ပါဘူး။ သိမ်းစရာနေရာခြားနားတဲ့ ဘန်နာဒရိုင်းအမျိုးအစားကွဲတွေလည်း ရှိပါတယ်။ ဆေးအခွံပေါ်မှာပါတဲ့ သိမ်းရမယ့်နေရာကို အမြဲစစ်ပါ သို့မဟုတ် ဆေးရောင်းသူကိုမေးပါ။ ဘေးကင်းဖို့အတွက် ဆေးတွေကို ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးသောနေရာတွင်ထားပါ။

ညွှန်ကြားချက်မရှိဘဲ ဆေးတွေကို အိမ်သာထဲ စွန့်ပစ်တာ၊ ရေမြောင်းထဲစွန့်ပစ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဆေးတွေ သက်တမ်းလွန်သွားတာမျိုး အသုံးမလိုတော့တဲ့ အခါမျိုးတွေမှာ သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ဆေးတွေကို ဘယ်လိုဘေးကင်းစွာ စွန့်ပစ်ရမလဲဆိုတာသိဖို့ ဆေးရောင်းသူနဲ့ တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Visine Original (ဗိုင်ဆင်း (မူရင်း)) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Visine Original ဆေးမသောက်ခင်မှာ သင့်မှာ ဒီအခြေအနေတွေရှိရင် ဆရာဝန်ကို ကြိုပြောပါ

  • Visine Original နဲ့ သို့မဟုတ် Visine Originalထဲပါသော ဓါတ်ပေါင်းများနဲ့ ဓါတ်မတည့်ခြင်း။ အသေးစိတ်အချက်များကို အညွှန်းစာရွက်ထဲမှာ ဖတ်နိုင်ပါတယ်။
  • တခြားသောဆေးများ၊ အစားအသောက်များ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း။
  • ကလေးငယ်များ
  • သက်ကြီးရွယ်အိုများ
  • တခြားကျန်းမာရေးပြဿနာများ၊ Visine Originalဆေးနှင့် ဓါတ်ပြုသောဆေးများကို အောက်တွင်ဖော်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Visine Original (ဗိုင်ဆင်း (မူရင်း)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ သုံးလို့ စိတ်ချလားဆိုတာကို သေချာလေ့လာထားတာ မရှိပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီး Visine Originalရဲ့ကောင်းကျိုးနဲ့ ဖြစ်နိုင်ချေရှိတာတွေကို ဆွေးနွေးတာက အကောင်းဆုံးဖြစ်လိမ့်မယ်။

ဘေးထွက်ဆိုးကျိုးများ

Visine Original (ဗိုင်ဆင်း (မူရင်း)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ Visine Originalဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ တော်တော်များများက တွေ့ရနည်းပြီး ဘာကုသမှုမှ ခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးအချို့ကို အောက်တွင် ဖော်ပြထားပါတယ်။

  • မျက်စိနာကျင်ခြင်း။
  • အမြင်ပြောင်းလဲခြင်း။
  • မျက်လုံးနီရဲပြီး ကသိကအောင့်ဖြစ်ခြင်း။
  • အခြေအနေပိုဆိုးခြင်း၊ သို့မဟုတ် လက္ခဏာက ၇၂နာရီ ကြာခြင်း။

ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းမခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ အချက်တွေလည်း ရှိနေနိုင်သေးတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Visine Original (ဗိုင်ဆင်း (မူရင်း)) နဲ့ ဓာတ်ပြုနိုင်သလဲ

Visine Original ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို  ပြသသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Visine Original (ဗိုင်ဆင်း (မူရင်း)) နဲ့ ဓာတ်ပြုနိုင်သလား

Visine Original ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Visine Original (ဗိုင်ဆင်း (မူရင်း)) နဲ့ ဓာတ်ပြုနိုင်သလဲ

Visine Original ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ရောဂါကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Visine Original (ဗိုင်ဆင်း (မူရင်း)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Visine Original အကြောင်းသေချာသိဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။

တချို့အခြေအနေတွေအတွက် သုံးနိုင်တဲ့ပမာဏမှာ – ဖြစ်နေတဲ့ မျက်လုံးကို ၁-၂စက်ချပြီး တနေ့ ၄ကြိမ် မျက်စဉ်းခပ်ပါ။

ကလေးတွေအတွက် Visine Original (ဗိုင်ဆင်း (မူရင်း)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Visine Original အကြောင်းသေချာသိဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။

တချို့အခြေအနေတွေအတွက် သုံးနိုင်တဲ့ပမာဏမှာ – ဖြစ်နေတဲ့ မျက်လုံးကို ၁-၂စက်ချပြီး တနေ့ ၄ကြိမ် မျက်စဉ်းခပ်ပါ။

ဒီဆေးပမာဏကို အသက်၆နှစ်အောက် ကလေးတွေအတွက် မပြဌာန်းထားပါဘူး။ ကလေးအတွက် ဘေးမကင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဆေးရဲ့ စိတ်ချရမှုကို သေချာသိဖို့က အရေးကြီးပါတယ်။ ပိုပြည့်စုံတဲ့ သတင်းအချက်အလက်ရဖို့ ဆရာဝန်သို့ ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

Visine Original (ဗိုင်ဆင်း (မူရင်း)) ကိုဘယ်လိုရရှိနိုင်သလဲ

Visine Original အောက်ပါပုံစံနဲ့ ပြင်းအားအတိုင်း ရရှိနိုင်ပါတယ်။

Tetrahydrozoline HCl 0.05% မျက်စဉ်းဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက်  အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့သင်ဟာ ဆေးအသုံးပြုဖို့မေ့သွားလျှင် သတိရရခြင်း သုံးပါ။ ဒါပေမယ့် နောက်တကြိမ်သုံးရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသုံးတော့ဘဲ ပုံမှန်အချိန်မှာ သုံးရမယ့် ဆေးကိုသာသုံးပါ။ ဆေး၂ကြိမ်ဆက်တိုက် မသုံးပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 26, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ