Generic Name: Verorab (ဗီရိုရဘ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Verorab (ဗီရိုရဘ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Verorab ကို ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများ တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရန် အသုံးပြုပါသည်။ ၎င်းကို ရောဂါနှင့် မထိတွေ့မီ သို့မဟုတ် ထိတွေ့ပြီးတွင် မူလ ကာကွယ်ဆေး အဖြစ် အသုံးပြုနိုင်သည်။

မထိတွေ့မီ ခွေးရူးပြန်ရောဂါ ကာကွယ်ခြင်း ( မထိတွေ့မီ ကာကွယ်ဆေးထိုးခြင်း) ။ မထိတွေ့မီ ကာကွယ်ဆေးထိုးခြင်း ကို ခွေးရူးပြန်ဗိုင်းရပ်စ် ကူးစက်နိုင်ချေ မြင့်သော သူများကို ပေးပါသည်။ ခွေးရူးပြန်ဗိုင်းရပ်နှင့် အလုပ်လုပ်ရသော ဓာတ် ခွဲခန်း အမှုထမ်းများ၊ သုတေသန၊ ရောဂါအဖြေရှာခြင်း လုပ်ရ သော အမှုထမ်းများသည် ကာကွယ်ဆေး ထိုးထားသင့်သည်။

အမြဲ ထိတွေ့နိုင်ချေ ရှိသူများတွင် ၆လတစ်ကြိမ် သွေးစစ်ရန် လိုပြီး မကြာခဏ ထိတွေ့နိုင်ချေ ရှိသူများတွင် ကာကွယ်ဆေးထိုးပြီး ၂-၃ နှစ်ကြာတိုင်း သွေးစစ်ရန် လိုသည်။ ပဋိပစ္စည်း ပမာဏသည် ကာကွယ်နိုင်သော ပမာဏ ဖြစ်သည့် ၀.၅ IU/ml (RFFIT) ထက်နည်းပါက ကာကွယ်ဆေး ထိုးသင့် သည်။

ဤ သွေးစစ်ခြင်းများသည် rapid fluorescent focus inhibition test (RFFIT) ဖြင့် ကိုးကားထားသော ဗိုင်းရပ်စ် သည် လုံးဝ အကျိုး မသက်ရောက်နိုင်ကြောင်း သေချာအောင် စစ်ဆေးသည်။

Verorab (ဗီရိုရဘ်) ဘယ်လိုသုံးသင့်သလဲ

    Verorab ကို အရွယ်ရောက်ပြီးသူများတွင် ပုခုံး ကြွက်သား သို့မဟုတ် မွေးကင်းစ ကလေးများနှင့် လမ်းလျှောက်ခါစ ကလေးများတွင် ပေါင်၏ အရှေ့အပြင်ဘက်ရှိ ကြွက်သားထဲ သို့ ထိုးသွင်းသည်။

အရေပြားတွင်း ထိုးသွင်းခြင်းကိုလည်း ပြုလုပ်နိုင်သည်။ လက်ဖျံအတွင်း ထိုးသွင်းသည်။ ထိုင်းနိုင်ငံကဲ့သို့ အချို့နိုင်ငံ များရှိ အမျိုးသား ကျန်းမာရေး ပညာရှိများကို သဘောတူ ထားသည်။

Verorab (ဗီရိုရဘ်) ဘယ်လိုသိမ်းဆည်းရမလဲ

     ရေခဲသေတ္တာထဲတွင် ၂-၈ ဒီဂရီ စင်တီဂရိတ်ဖြင့် သိမ်းပါ။ ရေခဲအောင် မလုပ်ပါနှင့်။ ကာကွယ်ဆေးကို ရေခဲသေတ္တာထဲမှ ထုတ်ပြီး ၈ နာရီအတွင်း အသုံးပြုနိုင်သည်။ ၈ နာရီကြာပြီး နောက် အသုံးမပြုသော ကာကွယ်ဆေးများကို စွန့်ပစ်ရမည်။

အကျိုး သက်ရောက်မှု စည်းမျဉ်းနှင့် အညီ အသုံးမပြုသော ထုတ်ကုန်များကို စွန့်ပစ်သင့်သည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Verorab (ဗီရိုရဘ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဓာတ်မတည့်မှု ဖြစ်ဖူးသော လူနာများတွင် ဘေးထွက် ဆိုးကျိုးများ ဖြစ်နိုင်ချေ ပိုမြင့်သည်။ ထိုအချက်ကို ထည့်သွင်း စဉ်းစားသင့်သည်။

ကာကွယ်ဆေးများအားလုံးနှင့်အတူ သင့်တော်သော ပံ့ပိုးမှု နှင့်ဆေးများ ဥပမာ- epinephrine (adrenaline) ကို အလွယ်တကူ ရနိုင်အောင် ဆောင်ရွက်ထားသင့်သည်။ ကာကွယ် ဆေးထိုးခြင်းနောက် ဓာတ်မတည့်မှုများ ဖြစ်လာပါက ချက်ချင်း အသုံးပြုနိုင်ရန် ဖြစ်သည်။

ကာကွယ်ဆေးတွင် ထုတ်လုပ်မှုအတွင်း အသုံးပြုခဲ့သော neomycin နှင့် betapropiolactones အကြွင်းအကျန် တို့ပါဝင်သည်။ ကာကွယ်ဆေးကို betapropiolactone, neomycin နှင့် ထိုအမျိုးအစားထဲမှ အခြား ပဋိဇီဝဆေးများ နှင့် ဓာတ်မတည့်သော လူနာများတွင် ထိုးသည့်အခါ သတိ ပြုရမည်။

ခွေးရူးပြန်ကာကွယ်ဆေး အပြင် Rabies Immunoglobulin ကိုပါ ညွှန်ကြားထားပါက ကာကွယ်ဆေး ထိုးသော နေရာနှင့်မတူသော အခြားနေရာတွင် ထိုးရမည်။

ခွေးရူးပြန်ကာကွယ်ဆေးကို haemophilia or thrombocytopenia စသော သွေးထွက်သည့်ရောဂါရှိသူများ သို့မဟုတ် သွေးမခဲစေသော ကုထုံး ခံယူနေသူများ တွင် မပေးသင့်ပါ။ ထိုကဲ့သို့ လူနာများတွင် ခွေးရူးပြန် ကာကွယ် ဆေးပေးရန် ဆုံးဖြတ်ပါက ဆေးထိုးပြီး သွေးခဲရောင်ခြင်း မဖြစ် စေရန် အဆင့်တိုင်းတွင် သတိထားသင့်သည်။

အသက်ရှူရပ်ခြင်း ဖြစ်နိုင်သည်။ အလွန် ငယ်သော မွေးကင်းစ ကလေးငယ်များ ( ကိုယ်ဝန် ၂၈ ပတ် နှင့် အောက် မွေးသော) နှင့် အထူးသဖြင့် အသက်ရှူလမ်းကြောင်း မရင့် သန်သေးသော သူများကို ဆေးပေးပါက အသက်ရှူခြင်းကို ၄၈-၇၂ နာရီကြာ စောင့်ကြည့်သင့်သည်။

ကာကွယ်ဆေး ထိုးခြင်း၏ ကောင်းကျိုးသည် ထို ကလေးငယ်များတွင် မြင့်ပါ က ဆေးထိုးခြင်းကို ဟန့်တားရန် သို့မဟုတ် အချိန်ဆွဲရန် မလိုပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Verorab (ဗီရိုရဘ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် နို့တိုက်စဉ် အသုံးပြုပုံ။ ကိုယ်ဝန် ရှိခြင်းကြောင့် ကာကွယ်ဆေးထိုးသည့် အစီအစဉ်ကို မပြောင်းသင့်ပါ။ ရောဂါ ပြင်းထန်နိုင်သောကြောင့် ဖြစ်သည်။ ကာကွယ်ဆေးထိုးသည့်အချိန်အတွင်း ကိုယ်ဝန်ရှိလာပါက ဆရာဝန်နှင့် အမြန်တိုင်ပင်ပါ။

ဆရာဝန်သည် လူနာ၏ အခြေ အနေကို ကြည့်ပြီး ကာကွယ်ဆေးထိုးသည့် အစီအစဉ်ကို အလိုက်သင့် ပြောင်းလဲပေးနိုင်သည်။

ဤကာကွယ်ဆေးကို နို့တိုက်နေစဉ်အတွင်း အသုံးပြု နိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

Verorab (ဗီရိုရဘ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

 ဆေးများအားလုံး နည်းတူ Verorab တွင်လည်း ဘေးထွက် ဆိုးကျိုးများ ရှိသည်။

အသေးစား နေရာအလိုက် တုံ့ပြန်မှုများ။ ဆေးထိုးသော နေရာ တွင်နာခြင်း၊ ဆေးထိုးသောနေရာတွင် အရေပြား နီရဲ၍ ရောင် ရမ်းခြင်း၊ ဆေးထိုးသော နေရာတွင် ဖောရောင်ခြင်း၊ ဆေးထိုး သော နေရာတွင် ယားနာခြင်း နှင့် ဆေးထိုးသောနေရာတွင် မာကြောခြင်း

အထွေထွေ တုံ့ပြန်မှုများ။ အဖျား အတန်အသင့်တက်ခြင်း၊ ချမ်းတုန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက် ခြင်း၊ မူးဝေခြင်း၊ အဆစ် နာကျင်ခြင်း၊ ကြွက်သားနာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါများ ( ပျို့တက်ခြင်း၊ ဝမ်းဗိုက် အောင့်ခြင်း)

အချို့တွင် ဓာတ်မတည့်သည့် တုံ့ပြန်မှုများ၊ အရေပြား နီရဲ ရောင်ရမ်းခြင်း၊ အဖုအပိမ့်များထွက်ခြင်း

လမစေ့ဘဲမွေးသော ကလေးများ ( ကိုယ်ဝန် ၂၈ ပတ် နှင့် အောက်) တွင် ဆေးထိုးပြီး ၂-၃ ရက်အတွင်း အသက်ရှူမှု ကြား ပုံမှန်ထက် အချိန်ကြာနိုင်သည်။ လူနာသည် ဖော်ပြ မထားသော ဘေးထွက်ဆိုးကျိုးများ သတိပြုမိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အကြောင်းကြားပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Verorab (ဗီရိုရဘ်) နဲ့ ဓာတ်ပြုနိုင်သလဲ

     Corticosteroids နှင့် အခြား ကိုယ်ခံအားချသည့် ကုသမှု များသည် ပဋိပစ္စည်းများ ထုတ်လုပ်မှုကို နှောင့်ယှက်နိုင်ပြီး ကာကွယ်ဆေး ဆေးစွမ်းပျက်ခြင်းကို ဖြစ်စေသည်။

Immunoglobulins ကို ဆေးထိုးသော နေရာနှင့် အတူ သော အခြားနေရာတွင် ပေးရမည်။ ( အခြားတစ်ဖက်)

အစားအသောက်တွေနဲ့ အရက်က Verorab (ဗီရိုရဘ်) နဲ့ ဓာတ်ပြုနိုင်သလား

Verorab သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Verorab (ဗီရိုရဘ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Verorab သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Verorab (ဗီရိုရဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ရောဂါမကူးစက်မီ ကာကွယ်ခြင်း

စစချင်းနေ့ ၇ရက်မြောက်နေ့ ၂၈ ရက်မြောက်နေ့တွင် ၁ မီလီလီတာ ထိုးဆေးတစ်လုံးကို ပေးပါ။

ထိရောက်သော ကိုယ်ခံအား အခြေအနေ ရရန် တတိယ ဆေးပေးနိုင်သော အစောဆုံးနေ့မှာ ၂၁ ရက်မြောက် နေ့ဖြစ်သည်။

ပုံမှန် ရောဂါကူးစက်နိုင်ချေ ရှိသူများအတွက် နောက်ထပ် အကူ ဆေးတစ်လုံးကို မူလဆေးထိုးမှု  အပြီး ၁ နှစ် ကြာပြီးနောက် ပေးသင့်သည်။ ထို့နောက် နောက်ထပ်ဆေးများကို ၃နှစ်မှ ၅နှစ် အပိုင်းအခြားဖြင့် ပေးသင့်သည်။

မကြာခဏ ရောဂါကူးနိုင်ချေ ရှိသော ခရီးသွားသူများတွင် ထပ်ပေါင်းဆေးပမာဏများကို တရားဝင် သတ်မှတ်ချက်များနှင့် အညီ ပေးနိုင်သည်။ ခွေးရူးရောဂါ ဗိုင်းရပ်စ်ကို လျော့ပါးစေသော ပဋိပစ္စည်းများ (≥0.5 IU/ml) ကို စစ်သော သွေးစစ်မှုအတွက် လိုအပ်ချက်များကို စစ်ဆေး ပြီး စီမံဆောင်ရွက်သင့်သည်။ တရားဝင် သတ်မှတ်ချက်များ နှင့် အညီလုပ်ပါက သင့်တော်ပါသည်။

 

  • ရောဂါကူးစက်ပြီးနောက် ကာကွယ်ခြင်း

ရောဂါကူးစက်ပြီးနောက် ကုသမှုကို ကူးစက်ပြီး ချက်ချင်း စတင် သင့်သည်။ ဒဏ်ရာကို ချက်ချင်း ဆေးကြော၍ ပတ်တီးစီးခြင်းသည် ရောဂါပိုး ကူးစက်ခြင်းကို လျော့ချရန် အရေးပါသည်။ ထို့နောက် ကာကွယ်ဆေး ထိုးပါ။ ညွှန်ကြား ထားပါက passive immunization ထိုးပါ။ တရားဝင် သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ပါ။

(၁)လုံလောက်စွာ ကာကွယ်မှုရှိသော လူများတွင်။သံသယရှိသော ခွေးရူးပြန်သော တိရစ္ဆာန်နှင့် ထိတွေ့မိပါက နောက်ထပ် ထပ်ပေါင်း ဆေးနှစ်လုံးကို စဖြစ်သော နေ့နှင့် သုံးရက်မြောက်သောနေ့တွင် ပေးသင့်သည်။

(၂)  ကာကွယ်မှု လုံးဝ သို့မဟုတ် ရှိနိုင်သော လူများတွင်။ခွေးရူးပြန်ကာကွယ်ဆေးကို ရောဂါပိုး နှင့် ထိတွေ့ပြီးပြီးချင်း နေ့တွင် ထိုးသင့်သည်။ ထို့နောက် ၃၊၇၊၁၄ နှင့် ၃၀ ရက်မြောက် နေ့များတွင် ဆက်ထိုးပါ။ ( ကမ္ဘာ ကျန်းမာရေး အဖွဲ့၏ အဆိုအရ ပဉ္စမမြောက် ထိုးဆေး ကို ၂၈ မြောက်နေ့ တွင် အစောဆုံး ပေးနိုင်သည်)။

Rabies Immunoglobulin ကို ကိုယ်ခံအား မရှိသော လူနာများ သို့မဟုတ် ကိုယ် ခံအား အခြေအနေ သေချာမသိသော လူနာများတွင် အသုံးပြုနိုင် သည်။ တရားဝင် သတ်မှတ်ချက်များ သို့မဟုတ် ကျွမ်းကျင်သူ ၏ အကြံပြုချက်နှင့် အတူ ဆောင်ရွက်ပါ။

ကိုက်သော တိရစ္ဆာန် သည် ခွေးရူးရောဂါဖြစ်ခြင်း မတွေ့ရပါက ကုသမှု အစီအစဉ်ကို ရပ်နိုင်သည်။ ကာကွယ်မှု မပြည့်စုံသော သို့မဟုတ် immunization မလုပ်ဖူးသော လူနာများကို ကိုယ် ခံအားမရှိသော လူနာအဖြစ် ကုသသင့်သည်။

ကလေးတွေအတွက် Verorab (ဗီရိုရဘ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

      အရွယ်ရောက်ပြီးသူနှင့် အတူတူပင်ဖြစ်သည်။

Verorab (ဗီရိုရဘ်) ကိုဘယ်လိုရရှိနိုင်သလဲ

Verorab ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

ကာကွယ်ဆေး (ထိုးဆေး) ၁လုံး + ဆေးထိုးပြွန် (diluent) ၀.၅ မီလီလီတာ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ဆေးထိုးရန် မေ့သွားပါက ဆေးထပ်ထိုးရန် ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 19, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ