backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Verapamil (ဗာရာပါမေးလ်)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Verapamil (ဗာရာပါမေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Verapamilကိုမည်သည့်အကြောင်းအရာများအတွက်အသုံးပြုကြပါသလဲ။

Verapamilကို သွေးတိုးရောဂါကို ကုသရန်အတွက်တမျိုးတည်းဖြစ်စေ၊ အခြားဆေးများနှင့်တွဲဖက်၍ဖြစ်စေအသုံးပြုလေ့ရှိပါသည်။ သွေးတိုးရောဂါကိုထိန်းချုပ်ခြင်းဖြင့် လေဖြတ်ခြင်း၊ရုတ်တရက်နှလုံးရပ်ခြင်းနှင့် ကျောက်ကပ်ပြဿနာများကိုကာကွယ်ပေးနိုင်ပါသည်။ Verapamil သည် Calcium Channel Blocker တစ်မျိုးဖြစ်သည်။၎င်းသည် သွေးကြောများကို ဖြေလျှော့စေခြင်းအားဖြင့် သွေးအသွားအလာကောင်းစေကာ သွေးပေါင်ကိုကျစေသည်။

ရင်ဘတ်အောင့်ခြင်းကိုကာကွယ်ရန်အတွက်လည်း Verapamilကိုအသုံးပြုနိုင်သည်။ Verapamilသည်သင်အချိန်ကြာကြာပို၍ကိုယ်လက်လှုပ်ရှားမှုလုပ်နိုင်ရန်အားပေးကူညီပေးသည့်အပြင်ရင်ဘတ်အောင့်ခြင်းအကြိမ်ရေနည်းသွားအောင်လည်း ပြုလုပ်ပေးသည်။ အကယ်၍သင်သည်နှလုံးခုန်မြန်ခြင်း၊မမှန်ခြင်းစသည်တို့ကိုခံစားနေရလျင်နှလုံးခုန်နှုန်းမှန်စေရန် Verapamilကကူညီပေးနိုင်သည်။ Verapamilသည်နှလုံးခုန်နှုန်းကို နှေးစေခြင်းဖြင့်သင့်အားပိုမို၍သက်တောင့်သက်သာရှိစေကာကိုယ်လက်လှုပ်ရှားမှုများကိုလည်းပို၍အချိန်ကြာကြာလုပ်နိုင်စေသည်။

အခြားအသုံးပြုမှုများ။။ဤနေရာတွင် ဖော်ပြမည့်အသုံးပြုပုံများသည်တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်းသင့်ဆရာဝန်ကညွန်းဆိုသောအသုံးပြုမှုအခြေအနေများဖြစ်သည်။ ထို့ကြောင့်ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထားအတွက် Verapamilကိုအသုံးပြုမည်ဆိုလျင်ဆရာဝန်ညွှန်ကြားချက်ရှိမှသာအသုံးပြုသင့်သည်။

—->နှလုံးကြွက်သားကိုထိခိုက်စေသည့် ရောဂါတမျိုးဖြစ်သော Hypertrophic cardiomyopathy တွင် Verapamilကိုအသုံးပြုနိုင်သည်။

Verapamil (ဗာရာပါမေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Verapamilကိုအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေတနေ့လျှင်၃ကြိမ်သို့မဟုတ်၄ကြိမ်သို့မဟုတ်သင့်ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။

ဆေးပမာဏအနည်အများသည်သင်၏ ရောဂါအခြေအနေနှင့် ဆေးကိုတုန့်ပြန်မှုအပေါ်မူတည်သည်။

ဆေးအာနိသင်အများဆုံးနှင့်အကောင်းဆုံးရစေရန် ဆေးကိုအချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်းတူညီသောအချိန်တခုတည်းတွင် သောက်ပါကအကောင်းဆုံးဖြစ်သည်။

သွေးတိုးရောဂါအတွက် Verapamilကို သောက်သုံးသည့်အခါ ဆေး၏အာနိသင်အပြည့်အဝရရှိစေရန်တစ်ပတ်ခန့်အချိန်ယူရလေ့ရှိပါသည်။ ထို့ကြောင့်သင့်ကိုယ်သင် ကောင်းသွားပြီဟုထင်မှတ်စေကာမူ ဆေးကိုမှန်မှန်ဆက် သောက်ရန်အရေးကြီးပါသည်။ သွေးတိုးရောဂါရှိသူအများစုမှာအပြင်ပန်းအကောင်းပကတိပင်ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းကိုကာကွယ်ရန်ဆရာဝန်ညွှန်ကြားထားသည့်အတိုင်းအချိန်မှန်မှန်သောက်ရန်လိုအပ်သည်။Verapamil သည်ရင်ဘတ်အောင့်ပါမှထသောက်ရသည့် ဆေးမျိုးမဟုတ်ချေ။ ရုတ်တရက်ရင်ဘတ်အောင့်ခြင်းကိုသက်သာစေရန်သင့်ဆရာဝန်ညွှန်ကြားသည့်အတိုင်းအခြားဆေးဝါးများ (ဥပမာ။။ လျှာအောက်တွင်ငုံရသော nitroglycerin ဆေးပြား) ကိုအသုံးပြုရန်လိုအပ်သည်။ အသေးစိတ်သိရှိရန်ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်နှင့်တိုင်ပင်ပါ။

ဆရာဝန်နှင့်မတိုင်ပင်ဘဲ ဆေးသောက်ခြင်းကိုမိမိသဘောဖြင့်ရုတ်တရက်ရပ်လိုက်ခြင်းကို ရှောင်ကြဉ်ပါ။ ထိုသို့ ဆေးကိုရုတ်တရက်ရပ်လိုက်လျှင် ရောဂါအခြေအနေကိုပိုဆိုးသွားစေနိုင်သည်။ ထို့ကြောင့်ရုတ်ချည်းမရပ်ဘဲဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့သွားရမည်ဖြစ်သည်။

သင့်ရောဂါအခြေအနေမသက်သာလျှင်ဖြစ်စေ၊ပိုဆိုးလာလျှင်ဖြစ်စေ (ဥပမာ။။ သွေးပေါင်ချိန်တက်မြဲတက်နေဆဲသို့မဟုတ်ပိုတက်လာခြင်းသို့မဟုတ်ရင်ဘတ်အောင့်သည့်အကြိမ်ရေစိတ်လာခြင်း) ဆရာဝန်ကိုအသိပေးရမည်ဖြစ်သည်။

Verapamil (ဗာရာပါမေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျအသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်)

Verapamilကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Verapamilကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Verapamil ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Verapamilကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Verapamilကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Verapamil (ဗာရာပါမေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Verpamil ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကိုသတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Verpamil ဆေးနှင့်သို့မဟုတ်အခြားသောဆေးများနှင့်ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးပါကဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။ ဆရာဝန်ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Verpamil ၏အကျိုးသက်ရောက်မှုကိုလုံလောက်စွာသုတေသနပြုလုပ်ထားခြင်းမရှိသေးပါ။ ထို့ကြောင့် ဆေး၏အကျိုးအာနိသင်ထိရောက်မှုသို့မဟုတ်လုံခြုံစိတ်ချရမှုကိုမသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရသက်ကြီးရွယ်အိုများတွင် Verpamil ၏အသုံးဝင်မှု ဆေးစွမ်းကိုကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော်သက်ကြီးရွယ်အိုများတွင်အသက်အရွယ်ကြောင့်ဖြစ်သည့်နှလုံးရောဂါများ၊အသည်းရောဂါ၊ကျောက်ကပ်ပြဿနာစသည်တို့ရှိနေနိုင်သဖြင့် Verpamil ဆေး၏ ဆေးပမာဏကိုဂရုတစိုက်ချိန်ဆရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Verapamil (ဗာရာပါမေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နေချိန်ဒါမှမဟုတ်ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့စိတ်ချရရဲ့လား။

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Verapamil (ဗာရာပါမေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာသို့မဟုတ်လည်ချောင်းတို့ ရောင်ရမ်းခြင်းအစရှိသောဓါတ်မတည့်သည့်လက္ခဏာများခံစားလာရပါကအရေးပေါ်ကုသမှုကိုခံယူရပါမည်။

အောက်ပါလက္ခဏာများခံစားရပါက Verapamil သောက်သုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နှင့်အမြန်ပြသပါ။

နှလုံးခုန်နှေးလာခြင်းသို့မဟုတ် မြန်လာခြင်း

• မေ့လဲသွားတော့မည်ဟုခံစားရခြင်း

• ဖျားခြင်း၊လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊အရည်ကြည်ဖုများဆိုးဆိုးရွားရွားထခြင်း၊အရေပြားများကွာခြင်း၊အနီစက်များထွက်ခြင်း

• မျက်လုံး၊လျှာ၊မေးရိုးသို့မဟုတ်လည်ပင်းမှကြွက်သားများအဆက်မပြတ်လှုပ်နေခြင်း

• အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် မောလာခြင်း

• ရောင်ရမ်းလာခြင်း၊ကိုယ်အလေးချိန်ရုတ်တရက်တက်လာခြင်း

• ပျို့ခြင်း၊ဗိုက်အောင့်ခြင်း၊ငွေ့ငွေ့ဖျားခြင်း၊ခံတွင်းပျက်ခြင်း၊ဆီးအရောင်ရင့်ခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊ အသားဝါခြင်း

မပြင်းထန်သော ဘေးထွက်လက္ခဏာများမှာ

>ဝမ်းချုပ်ခြင်း၊ပျို့ခြင်း->အနီစက်ထွက်ခြင်းသို့မဟုတ်ယားယံခြင်း

>မူးနောက်နောက်ဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း၊နွမ်းနယ်ခြင်း

>ပူနွေး၊ယားယံ၊နီရဲလာခြင်းသို့မဟုတ်အရေပြားအောက်တွင်ပုရွတ်ဆိတ်များပြေးနေသယောင်ရွစိရွစိ ဖြစ်လာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Verapamil (ဗာရာပါမေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Verapamilဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Verpamil ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန်အနေနဲ့ Verpamil ကိုအသုံးမပြုတော့တာဘဲဖြစ်ဖြစ်သင်သုံးစွဲနေတဲ့အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

• Colchicine

• Dofetilide

• Lomitapide

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Verapamil နဲ့တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော်အချို့သောအခြေအနေများတွင်မူသုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့် ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ် ဆေးသောက်ရမည့်အကြိမ်ရေကို ပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။

• Acebutolol

• Adenosine

• Afatinib

• Alprenolol

• Amiodarone

• Apixaban

• Aripiprazole

• Atazanavir

• Atenolol

• Atorvastatin

• Betaxolol

• Bevantolol

• Bisoprolol

• Bosutinib

• Bucindolol

• Bupivacaine

• Bupivacaine Liposome

• Carbamazepine

• Carteolol

• Carvedilol

• Celiprolol

• Ceritinib

• Clarithromycin

• Clonidine

• Clopidogrel

• Clozapine

• Cobicistat

• Crizotinib

• Cyclobenzaprine

• Dabigatran Etexilate

• Dabrafenib

• Dantrolene

• Digoxin

• Dilevalol

• Domperidone

• Doxorubicin

• Doxorubicin Hydrochloride Liposome

• Dronedarone

• Eliglustat

• Eplerenone

• Erlotinib

• Erythromycin

• Eslicarbazepine Acetate

• Esmolol

• Everolimus

• Fentanyl

• Fingolimod

• Hydrocodone

• Ibrutinib

• Idelalisib

• Ifosfamide

• Ivabradine

• Ketoconazole

• Labetalol

• Lacosamide

• Levobunolol

• Lovastatin

• Lurasidone

• Mepindolol

• Mepivacaine

• Metipranolol

• Metoprolol

• Mitotane

• Morphine

• Morphine Sulfate Liposome

• Nadolol

• Naloxegol

• Nebivolol

• Nilotinib

• Nintedanib

• Oxprenolol

• Penbutolol

• Pindolol

• Piperaquine

• Pixantrone

• Primidone

• Propranolol

• Ranolazine

• Siltuximab

• Simeprevir

• Simvastatin

• Sotalol

• Talinolol

• Tertatolol

• Timolol

• Tizanidine

• Tolvaptan

• Topotecan

• Trabectedin

• Vilazodone

• Vincristine

Vincristine Sulfate Liposome

အောက်ဖော်ပြပါ ဆေးများသည် Verapamil ၏ ဘေးထွက်ဆိုးကျိုးများကိုပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော်အတူတကွသုံးစွဲခြင်းဖြင့်အကောင်းဆုံးသောကုသမှုရလာဒ်ကိုလည်းရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန်လိုအပ်ပါကသင့်ဆရာဝန်အနေဖြင့် ဆေးတမျိုးသို့မဟုတ်နှစ်မျိုးလုံး၏ပမာဏကို ပြန်လည်ချိန်ဆခြင်းသို့မဟုတ် ဆေးသောက်ရမည့်အကြိမ်ရေကို ပြောင်းလဲခြင်းစသည်တို့ကို ပြုလုပ်နိုင်သည်။

• Aceclofenac

• Acemetacin

• Amtolmetin Guacil

• Aspirin

• Bromfenac

• Bufexamac

• Buspirone

• Celecoxib

• Choline Salicylate

• Clonixin

• Cyclosporine

• Dalfopristin

• Dexibuprofen

• Dexketoprofen

• Diclofenac

• Diflunisal

• Digitoxin

• Dipyrone

• Dutasteride

• Etodolac

• Etofenamate

• Etoricoxib

• Felbinac

• Fenoprofen

• Fepradinol

• Feprazone

• Flecainide

• Floctafenine

• Flufenamic Acid

• Flurbiprofen

• Fosphenytoin

• Ibuprofen

• Ibuprofen Lysine

• Indinavir

• Indomethacin

• Itraconazole

• Ketoprofen

• Ketorolac

• Lithium

• Lornoxicam

• Loxoprofen

• Lumiracoxib

• Meclofenamate

• Mefenamic Acid

• Meloxicam

• Midazolam

• Morniflumate

• Nabumetone

• Naproxen

• Nepafenac

• Nevirapine

• Niflumic Acid

• Nimesulide

• Oxaprozin

• Oxcarbazepine

• Oxyphenbutazone

• Pancuronium

• Parecoxib

• Phenobarbital

• Phenylbutazone

• Phenytoin

• Piketoprofen

• Piroxicam

• Pranoprofen

• Proglumetacin

• Propyphenazone

• Proquazone

• Quinidine

• Quinupristin

• Rifapentine

• Ritonavir

• Rofecoxib

• Salicylic Acid

• Salsalate

• Sirolimus

• Sodium Salicylate

• St John's Wort

• Sulindac

• Tedisamil

• Telithromycin

• Tenoxicam

• Tiaprofenic Acid

• Tolfenamic Acid

• Tolmetin

• Tubocurarine

• Valdecoxib

• Vecuronium

အစားအသောက်တွေနဲ့ အရက်က Verapamil (ဗာရာပါမေးလ်) နဲ့ ဓါတ်ပြုနိုင်သလား

Verapamilကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုး သက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Verapamil (ဗာရာပါမေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Verapamilဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်

• Congestive heart failure လို့ခေါ်တဲ့နှလုံးအလုပ်မလုပ်နိုင်သောရောဂါတစ်မျိုး

• ကြွက်သားရောဂါများ (ဥပမာ။။ Duchenne’s muscular dystrophy, Myasthenia gravis)

• Pulmonary edema လို့ခေါ်တဲ့အဆုတ်ထဲမှာအရည်တွေနဲ့ပြည့်လာတဲ့ ရောဂါတမျိုး………..ရောဂါအခြေအနေကိုပိုဆိုးလာစေနိုင်သဖြင့်သတိဖြင့်သုံးစွဲရပါမည်။

• နှလုံးခုန်ပုံစံမမှန်ခြင်း

• နှလုံးနှင့်ဆိုင်သော ပြဿနာများ (ဥပမာ။။ Wolff-Parkinson-White Syndrome, Lown-Ganong-Levine syndrome)

• သွေးပေါင်ကျခြင်း

• နှလုံးခုန်ရာတွင်စည်းချက်မမှန်ခြင်း (Sick sinus syndrome)…………….. ယေဘုယျအားဖြင့်ဤအခြေအနေတွင် Verapamil ကိုအသုံးမပြုသင့်ပါ။ သို့သော်သင့်ထံတွင်နှလုံးစက်(pacemaker)တပ်ထားပြီး ကောင်းစွာအလုပ်လုပ်ပါကအသုံးပြုနိုင်သည်။

• ကျောက်ကပ်ပြဿနာများ

• အသည်းပြဿနာများ ……………… သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာခန့်မှန်းထားသည်ထက်များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Verapamil (ဗာရာပါမေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာVerapamilကို သောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။

သောက်ဆေး : Verapamil ၏ သွေးပေါင်ကျစေသောအာနိသင်မှာ ပထမတစ်ပတ်အတွင်း အကျိုးသက်ရောက်မှုရှိသည်။

ချက်ချင်းအကျိုးသက်ရောက်စေသောဆေးပြား (Calan (R)) :

ကနဦးသောက်ရန်ပမာဏ။။၈၀မီလီဂရမ်တနေ့လျှင်သုံးကြိမ်သို့မဟုတ်၄၀မီလီဂရမ်တနေ့သုံးကြိမ်ကို ဆေးပမာဏနည်းနည်းဖြင့်ထိရောက်မည်ဟုယူဆရသူများ(ဥပမာ။။ လူကောင်သေးသူများ)ကို ပေးနိုင်သည်။

ဆက်လက်ထိန်းသိမ်းသောက်သုံးရန်ပမာဏ။။ ကနဦးဆေးသောက်သည့်ကာလပြီးဆုံးပြီးနောက်အကျိုးသက်ရောက်မှုအပေါ်မူတည်၍ထိန်းထားရမည့် ဆေးပမာဏ ကိုဆုံးဖြတ်ရမည်။ တနေ့လျှင်၃၆၀မီလီဂရမ်သို့မဟုတ်၄၈၀မီလီဂရမ်ခန့်အသုံးပြုနိုင်သည်။ သို့သော်၃၆၀မီလီဂရမ်ထက်ပို၍ အသုံးပြုသော်လည်းထူး၍အကျိုးမရှိဟုဆိုသည်။

ကြာရှည်စွာအကျိုးသက်ရောက်သောဆေးပြား( Sustained release tablet) (Calan SR(R), Isoptin SR (R))

ကနဦးသောက်ရန်ပမာဏ။။၁၈၀မီလီဂရမ်မနက်စောစောတွင်အစာဖြင့်တနေ့လျှင်တကြိမ်သို့မဟုတ်၁၂၀မီလီဂရမ်မနက်စောစောတွင်အစာဖြင့်တနေ့လျှင်တကြိမ်ကို ဆေးပမာဏနည်းနည်းဖြင့်ထိရောက်မည်ဟုယူဆရသူများ(ဥပမာ။။ လူကောင်သေးသူများ)ကို ပေးနိုင်သည်။

ဆက်လက်ထိန်းသိမ်းသောက်သုံးရန်ပမာဏ။။ ကနဦးဆေးသောက်သည့်ကာလပြီးဆုံးပြီးနောက်အကျိုးသက်ရောက်မှုအပေါ်မူတည်၍ထိန်းထားရမည့် ဆေးပမာဏကိုဆုံးဖြတ်ရမည်။ ယေဘုယျအားဖြင့်တပတ်တခါဆုံးဖြတ်လေ့ရှိပြီး နောက်ဆုံးဆေးသောက်ထားပြီး၂၄နာရီအကြာတွင်စမ်းသပ်လေ့ရှိသည်။ အကယ်၍ကနဦးသောက်သည့် ဆေးပမာဏဖြင့်လိုအပ်သောအာနိသင်မရရှိပါက ဆေးပမာဏကိုတိုးမြှင့်နိုင်သည်။

ကြာရှည်စွာအကျိုးသက်ရောက်စေသော ဆေးတောင့် (Sustained release capsules )(Verelan(R))

ကနဦးသောက်ရန်ပမာဏ။။၂၄၀မီလီဂရမ်မနက်ခင်းတွင်တနေ့လျှင်တကြိမ်သို့မဟုတ်၁၂၀မီလီဂရမ်မနက်ခင်းတွင်တနေ့လျှင်တကြိမ်ကို ဆေးပမာဏနည်းနည်းဖြင့်ထိရောက်မည်ဟုယူဆရသူများ(ဥပမာ။။ လူကောင်သေးသူများ)ကို ပေးနိုင်သည်။

ဆက်လက်ထိန်းသိမ်းသောက်သုံးရန်ပမာဏ။။ ကနဦးဆေးသောက်သည့်ကာလပြီးဆုံးပြီးနောက်အကျိုးသက်ရောက်မှုအပေါ်မူတည်၍ထိန်းထားရမည့် ဆေးပမာဏကိုဆုံးဖြတ်ရမည်။ ယေဘုယျအားဖြင့်တစ်ပတ်တခါဆုံးဖြတ်လေ့ရှိပြီးသည်။ အကယ်၍ကနဦးသောက်သည့် ဆေးပမာဏဖြင့်လိုအပ်သောအာနိသင်မရရှိပါက ဆေးပမာဏကိုတိုးမြှင့်နိုင်သည်။

Extended release ဆေးပြား (Covera HS (R))

ကနဦးသောက်ရန်ပမာဏ။။၁၈၀မီလီဂရမ်ညအိပ်ယာဝင်ချိန်တွင်တနေ့တလုံး

ဆက်လက်ထိန်းသိမ်းသောက်သုံးရန်ပမာဏ။။ အကယ်၍ကနဦးသောက်သည့် ဆေးပမာဏဖြင့်လိုအပ်သောအာနိသင်မရရှိပါက ဆေးပမာဏကိုတိုးမြှင့်နိုင်သည်။

Extended release ဆေးတောင့် (Verelan PM (R))

ကနဦးသောက်ရန်ပမာဏ။။၂၀၀မီလီဂရမ်ညအိပ်ယာဝင်ချိန်တွင်တနေ့တလုံးသို့မဟုတ်၁၀၀မီလီဂရမ်ညအိပ်ယာဝင်ချိန်တွင်တနေ့တလုံးကို ဆေးပမာဏနည်းနည်းဖြင့်ထိရောက်မည်ဟုယူဆရသူများ(ဥပမာ။။ လူကောင်သေးသူများ)ကို ပေးနိုင်သည်။

ဆက်လက်ထိန်းသိမ်းသောက်သုံးရန်ပမာဏ။။ ကနဦးဆေးသောက်သည့်ကာလပြီးဆုံးပြီးနောက်အကျိုးသက်ရောက်မှုအပေါ်မူတည်၍ထိန်းထားရမည့် ဆေးပမာဏကိုဆုံးဖြတ်ရမည်။ ယေဘုယျအားဖြင့်တပတ်တခါဆုံးဖြတ်လေ့ရှိပြီး နောက်ဆုံးဆေးသောက်ထားပြီး၂၄နာရီအကြာတွင်စမ်းသပ်လေ့ရှိသည်။ အကယ်၍ကနဦးသောက်သည့် ဆေးပမာဏဖြင့်လိုအပ်သောအာနိသင်မရရှိပါက ဆေးပမာဏကိုတိုးမြှင့်နိုင်သည်။

ကလေးတွေအတွက် Verapamil (ဗာရာပါမေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အကြောထိုးဆေး:

တစ်နှစ်အောက်။။ ယေဘုယျအားဖြင့်ဆိုးရွားစွာအသက်ရှုရပ်မှု၊နှလုံးခုန်နှေးမှု၊ သွေးပေါင်ကျမှု၊နှလုံးရပ်သွားမှုတို့ ဖြစ်ပွားနိုင်သည့်အတွက်သုံးစွဲလေ့မရှိပါ။ အသုံးပြုလျှင်ကယ်လ်ဆီယမ်အကြောထိုးဆေးကိုအသင့်ဆောင်ထားရမည်။

ကနဦးဆေးပမာဏ။။0.1mg မှ 0.2mg/kg/dose (ပုံမှန်အားဖြင့် ဆေးတလုံးထိုးလျှင်ဝ.၇၅မီလီဂရမ်မှ၂မီလီဂရမ်အထိပါဝင်မည်။)ကို သွေးကြောထဲသို့အနည်းဆုံးနှစ်မိနစ်ကြာအောင်ထိုးသွင်းရမည်။ ဆေးထိုးနေစဉ်တလျှောက်လုံး ECGတောက်လျှောက်ဆွဲနေရမည်။

ထပ်မံထိုးရန်ဆေးပမာဏ။။ ကနဦးဆေးထိုးပြီးမိနစ်၃၀ကြာပြီးနောက်လိုအပ်သော ဆေးအာနိသင်မရသေးလျှင် (ECG ဖြင့်တချိန်လုံး စောင့်ကြည့်နေရမည်) 0.1mg မှ 0.2mg/kg/dose (ပုံမှန်အားဖြင့် ဆေးတလုံးထိုးလျှင်ဝ.၇၅မီလီဂရမ်မှ၂မီလီဂရမ်အထိပါဝင်မည်။)ကို သွေးကြောထဲသို့အနည်းဆုံးနှစ်မိနစ်ကြာအောင်ထိုးသွင်းရမည်။

ဆေးတစ်လုံးနှင့်တစ်လုံးကြား ခြားရမည့်အချိန်ကာလအတိုင်းအတာသည်တိကျစွာသတ်မှတ်ထားခြင်းမရှိသည့်အတွက်လူနာတစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါ။

တစ်နှစ်မှ၁၅နှစ်အထိ:

ကနဦးဆေးပမာဏ။။0.1mg မှ 0.3mg/kg/dose (ပုံမှန်အားဖြင့် ဆေးတလုံးထိုးလျှင်၂မီလီဂရမ်မှ၅မီလီဂရမ်အထိပါဝင်မည်။)ကို သွေးကြောထဲသို့အနည်းဆုံးနှစ်မိနစ်ကြာအောင်ထိုးသွင်းရမည်။ ဆေးထိုးနေစဉ်တလျှောက်လုံး ECGတောက်လျှောက်ဆွဲနေရမည်။ တခါထိုးလျှင် ဆေးပမာဏမှာ၅မီလီဂရမ်ထက်မပိုသင့်ပါ။

ထပ်မံထိုးရန်ဆေးပမာဏ။။ ကနဦးဆေးထိုးပြီးမိနစ်၃၀ကြာပြီးနောက်လိုအပ်သော ဆေးအာနိသင်မရသေးလျှင် (ECG ဖြင့်တချိန်လုံး စောင့်ကြည့်နေရမည်) 0.1mg မှ 0.3mg/kg/dose (ပုံမှန်အားဖြင့် ဆေးတလုံးထိုးလျှင်၂မီလီဂရမ်မှ၅မီလီဂရမ်အထိပါဝင်မည်။)ကို သွေးကြောထဲသို့အနည်းဆုံးနှစ်မိနစ်ကြာအောင်ထိုးသွင်းရမည်။ တခါထိုးလျှင် ဆေးပမာဏမှာ၁၀မီလီဂရမ်ထက်မပိုသင့်ပါ။

ဆေးတစ်လုံးနှင့်တစ်လုံးကြား ခြားရမည့်အချိန်ကာလအတိုင်းအတာသည်တိကျစွာသတ်မှတ်ထားခြင်းမရှိသည့်အတွက်လူနာတယောက်နှင့်တယောက်မတူညီနိုင်ပါ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ)

Verapamil (ဗာရာပါမေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Verapamilကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

• ဆေးပြား၁၈၀မီလီဂရမ်၊၂၄၀မီလီဂရမ်

• ထိုးဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးပမာဏလွန်သွားသည့်လက္ခဏာများမှာ

• မူးဝေထိုင်းမှိုင်းခြင်း

• အမြင်ဝေဝါးခြင်း

• နှလုံးခုန် နှေးခြင်း၊မြန်ခြင်း၊မမှန်ခြင်း

• တက်ခြင်း

• ဂယောင်ဂတမ်းဖြစ်ခြင်း

• အသက်ရှုရခက်ခဲခြင်း၊အစာမြိုရခက်ခဲခြင်း

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Verapamilကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement