Generic Name: Urea (ယူရီးယား) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Urea (ယူရီးယား) ကို ဘာအတွက်အသုံးပြုကြသလဲ

Urea ကို ခြောက်သွေ့ကြမ်းတမ်းသော အရေပြားပြဿနာများ (နှင်းခူ၊ psoriasis အရေပြားရောဂါ၊ အသားမာတက်ခြင်း) အတွက် အသုံးပြုနိုင်သလို အချို့သော ခြေသည်းလက်သည်းပြဿနာများအတွက်လည်း အသုံးပြုနိုင်သည်။အနာထဲရှိ တစ်ရှူးစ၊အသားစအဟောင်းများကို ဖယ်ထုတ်ခြင်းဖြင့် အနာအကျက်မြန်စေရန် အတွက်လည်း Ureaကို သုံးနိုင်သည်။ Ureaကို ဆေးပညာ အခေါ်အဝေါ်ဖြင့် keratolytic (keratin ကို ချေဖျက်သော ပစ္စည်း) ဟုလည်း ခေါ်သည်။ Kertin ၏ လုပ်ငန်းတာဝန်မှာ အရေပြားအပေါ်ယံလွှာရှိ ဆဲလ်များကို အတူတကွ ရှိနေစေရန် ထိန်းသိမ်းရသည့် တာဝန်ဖြစ်သည်။ keratin သည် အရေပြားကို မာစေ၊ကြမ်းတမ်းစေသဖြင့် ၎င်းကို ချေဖျက်ပေးခြင်းဖြင့် အရေပြားကို နူးညံ့စေသည်။ ထို့ကြောင့် Urea သည်အရေပြားရှိ ဆဲလ်သေဆဲလ်ဟောင်းများကို ကွာကျစေပြီး အရေပြား၏ အစိုဓာတ်ကို ထိန်းပေးကာ နူးညံ့စေသည်။

Urea (ယူရီးယား) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန် ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။ ဆေးညွှန်းတွင် ပါဝင်သမျှ လမ်းညွှန်ချက်များကိုလည်း သေချာစွာ ဖတ်ရှုပြီး တိကျစွာ လိုက်နာပါ။မရှင်းလင်းသည်များ ရှိပါက သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများထံ မေးမြန်းပါ။
အချို့သော ဆေးများသည် အသုံးမပြုမီ ကောင်းစွာ လှုပ်ပေးရန် လိုအပ်သည်။ ထို့ကြောင့် လှုပ်ရန်လိုမလို သိရှိနိုင်ရန် ဆေးပုလင်းရှိ အညွှန်းကို သေချာစွာ ဖတ်ပါ။အရေပြားနေရာ သို့မဟုတ် လက်သည်းခြေသည်းများသို့ ဆေးကို တနေ့လျှင် ၁ကြိမ်မှ ၃ကြိမ် သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိမ်းပေးပါ။ပြီးလျှင် အသားထဲ စိမ့်ဝင်အောင် ဖိပွတ်ပေးပါ။ ထို့နောက် လက်ကို စင်ကြယ်စွာ ဆေးကြောပါ။(ဆေးလိမ်းလိုသည့် နေရာမှာ လက်ဖြစ်လျှင်မူ ဆေးရန်မလို)။ ဆေးတံဆိပ်နှင့် သင့်အရေပြား အခြေအနေပေါ်မူတည်ပြီး ဆေးလိမ်းရမည့် အကြိမ်ရေကွဲပြားနိုင်သည်။
Ureaသည် လက် သို့မဟုတ် လက်သည်းခြေသည်းများကို လိမ်းရန်သာဖြစ်သည်။(ဆရာဝန် ညွှန်ကြားသည့် အခါမျိုးမှတပါး) မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်အတွင်းပိုင်း၊နှာခေါင်းအတွင်း၊မ အင်္ဂါ နှင့် ပေါင်ခြံတဝိုက်တို့ကို မလိမ်းရပါ။မလိမ်းသင့်သည့်နေရာ နှင့် အသားအရေအမျိုးအစားတို့ကို သေချာစွာ သိရှိစေနိုင်ရန် ဆရာဝန်ကို မေးမြန်းပါ သို့မဟုတ် ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ(ဥပမာ။ ။ မျက်နှာ၊ထိခိုက်ရှနာပွန်းပဲ့ အနာဖြစ်နေသော အရေပြား၊လတ်တလောအမွှေးရိတ်ထားသော အရေပြားနေရာ)။ ဆေးလိမ်းထားသည့် နေရာကို ပတ်တီး သို့မဟုတ် ဂွမ်းစဖြင့် အုပ်ထားရန် လို မလို ဆရာဝန်ကို မေးမြန်းပါ။အသေးစိတ်သိလိုလျှင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်များနှင့် ဆွေးနွေး တိုင်ပင်ပါ။
ဆေး၏ အကျိုးအာနိသင် အပြည့်အဝ ရရှိနိုင်စေရန် ဆေးကို မှန်မှန်လိမ်းပါ။ အခြေအနေပိုဆိုးလာလျှင် သို့မဟုတ် မသက်သာလျှင် ဆရာဝန်ကို အသိပေးပါ။

Urea (ယူရီးယား) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Urea ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Urea ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Urea ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Urea ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Urea ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Urea (ယူရီးယား) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Urea ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Urea ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓာတ်မတည့်ခြင်း
Urea ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ
အတိအကျအချက်အလက်များမရှိသော်လည်း ဤဆေးကို ကလေးသူငယ်များတွင် အသုံးပြုခြင်းသည် အရွယ်ရောက်ပြီးသူများတွင် အသုံးပြုခြင်းထက် ပိုမိုဆိုးရွားသော သို့မဟုတ် မတူညီသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်ဟု မဆိုနိုင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Urea (ယူရီးယား) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Urea (ယူရီးယား) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးဝါးများသည် ၎င်း၏ လိုအပ်သော အကျိုးအာနိသင်ကိုသာမက မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကိုပါ ဖြစ်စေနိုင်သည်။ အဆိုပါ ဘေးထွက်ဆိုးကျိုးများ အားလုံးဖြစ်ပေါ်မည်ဟု မပြောနိုင်သော်ငြား အကယ်၍ ဘေးထွက်လက္ခဏာများ ပေါ်ပေါက်ခဲ့လျှင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပြသပါ။

အောက်ပါရှားပါးသော ဘေးထွက်လက္ခဏာများကို ခံစားရပါက သင့်ဆရာဝန်ထံ အမြန်ပြပါ။
>ကယောင်ကတမ်းဖြစ်ခြင်း၊နှလုံးခုန်မမှန်ခြင်း၊ကြွက်တက်ခြင်း၊ကြွက်သားအားနည်းခြင်း၊ထုံနာကျင်နာဖြစ်ခြင်း၊လက်ချောင်းခြေချောင်းများ အားနည်းခြင်း၊ပုံမှန်ထက်ပိုပြီး မောပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း၊ ခြေထောက်များ မသယ်ချင်အောင် အားနည်းလေးလံခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Urea (ယူရီးယား) နဲ့ ဓာတ်ပြုနိုင်သလဲ

Urea ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Urea နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Arsenic Trioxide
• Droperidol
• Levomethadyl

အောက်ဖော်ပြပါ ဆေးများသည် Urea ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Licorice

အစားအသောက်တွေနဲ့ အရက်က Urea (ယူရီးယား) နဲ့ ဓာတ်ပြုနိုင်သလား

Urea က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Urea (ယူရီးယား) နဲ့ ဓာတ်ပြုနိုင်သလဲ

Urea ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ဆီးချိုသွေးချို
• ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ
• သားအိမ်ကင်ဆာ
• Sickle cell anemia (သွေးအားနည်းရောဂါတစ်မျိုး)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Urea (ယူရီးယား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Urea ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

• Urea 30%, 35% foam (အမြှုပ်)
• Urea 35% လိုးရှင်း
• Urea 39% ခရင်မ်
• Urea 40%, 42% foam
• Urea 45% emulsion
• Urea 45% ဖျော်ရည်
• Urea 50% emulsion
• Urea 50% လိမ်းဆေးရည်
• Urea 50% အမှုန့်

မိမိလိမ်းလိုရာ အရေပြားနေရာသို့ တနေ့လျှင် ၂ကြိမ် လိမ်းပေးပါ။

• Urea 40% emulsion
• Urea 40% အမှုန့်
• Urea 42%ကပ်ခွါပုံစံ
• Urea 45% ဂျဲလ်
• Urea 50% ခရင်မ်
• Urea 50% ဂျဲလ်

လက်သည်းခြေသည်းအသားစ သို့မဟုတ် အရေပြားနေရာသို့ တနေ့လျှင် ၂ကြိမ် လိမ်းပေးပါ။

Urea 50% (သွားကြားထိုးတံကဲ့သို့) အချောင်းပုံစံ
လက်သည်းခြေသည်းအသားစ နေရာသို့ တနေ့လျှင် ၂ကြိမ် လိမ်းပေးပါ။

ကလေးတွေအတွက် Urea (ယူရီးယား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Urea (ယူရီးယား) ကိုဘယ်လိုရရှိနိုင်သလဲ

Urea ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
—->အရည်ဖျော်ရန် အမှုန့်ပုံစံ
—->Foam (အမြှုပ်) ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Urea ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ