backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ultracet

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ultracet ကို ဘာအတွက်အသုံးပြုကြသလဲ

သာမန်နာကျင်ခြင်းမှသည် ပြင်းထန်သောနာကျင်ခြင်းအထိနာကျင်မှုအမျိုးမျိုးကိုကုသပေးဖို့အတွက်Ultracet® ကိုအဓိကအသုံးပြုကြပါတယ်။

Ultracet ဘယ်လိုသောက်သုံးသင့်သလဲ

Ultracet® ကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းအတိအကျသောက်သုံးပါ။ ဆေးညွှန်းကိုဂရုတစိုက်လေ့လာဖတ်ရှုလိုက်နာပါ။ ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏထက်ပိုသောက်ခြင်း၊အချိန်ကြာကြာစွဲသောက်ခြင်းတွေမပြုရပါဘူး။Ultracet® ဟာစွဲသွားတတ်ပါတယ်။ ဒီဆေးကိုအခြားသူတွေနဲ့မျှဝေသုံးစွဲခြင်းမပြုရပါဘူး။Ultracet® ကိုသောက်တဲ့အခါအစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်ပထမဆုံးတခါသောက်တဲ့ပုံစံအတိုင်းနောက်အကြိမ်တွေမှာလည်းပုံသေသောက်သုံးဖို့တော့လိုပါတယ်။Ultracet® ကိုကာလကြာရှည်သုံးစွဲလာပြီးရုတ်တရက် ဖြတ်လိုက်တာမျိုးမလုပ်ရပါဘူး။ ဆေးဖြတ်လက္ခဏာတွေပေါ်ပေါက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ ဆေးကိုအန္တရာယ်ကင်းကင်းနဲ့ ဖြတ်နိုင်ဖို့အတွက်ဆရာဝန်ထံမေးမြန်းရပါမယ်။

Ultracet ဘယ်လိုသိမ်းဆည်းရမလဲ

Ultracet® ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Ultracet® ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Ultracet® ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Ultracet® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ)

Ultracet® ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ultracet အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ဖော်ပြပါအချက်တွေရှိနေရင်ဆေးမသုံးစွဲခင်ဆရာဝန်ကိုကြိုပြောပါ။

  • ကိုယ်ဝန်ရှိခြင်းသို့မဟုတ်မိခင်နို့တိုက်ကျွေးနေခြင်း။ ဘာလို့လဲဆိုတော့ကိုယ်ဝန်ရှိချိန်၊နို့တိုက်ချိန်တွေမှာဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
  • အခြားသောဆေးဝါးတွေသုံးစွဲနေရခြင်း (ဆေးဝါးတွေဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)။
  • Ultracet® (acetaminophen and tramadol) ရဲ့ပါဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားသောဆေးဝါးတွေနဲ့ဓါတ်မတည့်ခြင်း။
  • အခြားသောနာမကျန်းမှုများ၊ရောဂါပြဿနာများရှိနေခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ultracet ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။
  • ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Ultracet ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    • လေးလံထိုင်းမှိုင်းခြင်း။
    • ငိုက်မျဉ်းခြင်း။
    • အားနည်းခြင်း။
    • ပင်ပန်းနွမ်းနယ်ခြင်း။
    • ဗိုက်နာ/အောင့်ခြင်း။
    • ဝမ်းချုပ်ခြင်း။
    • အစားအသောက်ပျက်ခြင်း။
    • အာခြောက်ခြင်း။
    • အမြင်အာရုံဝေဝါးခြင်း။
    • ဂဏှာမငြိမ်ဖြစ်ခြင်း။
    • ချွေးစေးများပျံခြင်း။
    • ယားယံခြင်း။
    • အိပ်မပျော်ခြင်း။

    ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Ultracet နဲ့ ဓါတ်ပြုနိုင်သလဲ

    Ultracet® (acetaminophen and tramadol) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

    Ultracet® (acetaminophen and tramadol) နဲ့ဓါတ်ပြုနိုင်တဲ့ဆေးတွေကတော့အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

    • စွဲလမ်းစေတတ်သောဆေးအမျိုးအစားများ – opioid အုပ်စုဝင်အကိုက်အခဲပျောက်ဆေးများသို့မဟုတ်ဆရာဝန်ညွှန်ကြားချက်ရှိမှသောက်ရမယ့်ချောင်းဆိုးပျောက်ဆေးများ။
    • အိပ်ငိုက်စေတတ်သောဆေးများသို့မဟုတ်အသက်ရှူနှေးစေသောဆေးများ – အိပ်ဆေး၊ကြွက်သားပျော့ဆေး၊စိတ်ငြိမ်ဆေး၊စိတ်ရောဂါကုဆေးဝါးများ။
    • သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ serotonin ပမာဏအပေါ်သက်ရောက်မှုရှိတဲ့ဆေးများ – စိတ်ကျရောဂါပျောက်ဆေး၊ပါကင်ဆန်ရောဂါအတွက်အသုံးပြုသောဆေး၊မိုင်ဂရိန်းခေါင်းတခြမ်းကိုက်ခြင်းအတွက်သုံးစွဲသောဆေး၊ပြင်းထန်သောကူးစက်ပိုးဝင်ခြင်းအတွက်သုံးစွဲသောဆေး၊ပျို့အန်မအီမသာဖြစ်ခြင်းကိုကာကွယ်ဖို့အတွက်အသုံးပြုသောဆေးစသည်။
    • Acetaminophen (Tylenol) သို့မဟုတ် tramadol (Ultram)။

    MAO inhibitor အမျိုးအစားဆေးများ (ဥပမာisocarboxazid, linezolid, methylene blue ထိုးဆေးများ, phenelzine, rasagiline, selegiline, tranylcypromine)။

    အစားအသောက်တွေနဲ့ အရက်က Ultracet နဲ့ ဓါတ်ပြုနိုင်သလား

    Ultracet® (acetaminophen and tramadol) ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Ultracet နဲ့ ဓါတ်ပြုနိုင်သလဲ

    Ultracet® (acetaminophen and tramadol) ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

    အောက်ပါကျန်းမာရေးအခြေအနေတွေ ဖြစ်ကြပါတယ်။

    • လေသင်တုန်းဖြတ်ခြင်း။
    • အရက်၊ဆေးစွဲဖူးခြင်း။
    • အတက်ရောဂါ၊ဝက်ရူးပြန်ရောဂါရှိခြင်း။
    • ဦးခေါင်းထိခိုက်ဒါဏ်ရာရဖူးခြင်း။
    • ကိုယ်တွင်းဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာတမျိုးမျိုးရှိခြင်း။
    • ဦးနှောက်သို့မဟုတ်ကျောရိုးပင်မအာရုံကြောမှာကူးစက်ပိုးဝင်ခြင်း (ဥပမာဦးနှောက်အမြှေးပါးရောင်ခြင်း၊ဦးနှောက်ရောင်ခြင်း)။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Ultracet ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    နာကျင်မှုဝေဒနာကိုလျော့ပါးသက်သာစေဖို့အတွက်ကနဦးစတင်သုံးစွဲရမယ့်ပမာဏကတော့တခါသောက်ဆေးပြားနှစ်ပြားနှုန်းနဲ့၄ – ၆နာရီခြားတခါသောက်ရပါမယ်။ တနေ့ကိုအများဆုံး၈ ပြားအထိသောက်နိုင်ပါတယ်။Ultracet® (acetaminophen and tramadol) ကိုငါးရက်ဆက်တိုက်ထက်ပိုပြီးမသောက်ရပါဘူး။

    ကျောက်ကပ်မကောင်းသူတွေအတွက်ဆိုရင်တော့ဆေးပမာဏကိုအောက်ပါအတိုင်းချိန်ဆရပါမယ်

    Creatinine clearance 30 mL/min ထက်နည်းနေသူတွေမှာ၁၂နာရီအတွင်း ဆေးပြား၂ပြားထက်ပိုမသောက်ရပါဘူး။

    ကလေးတွေအတွက် Ultracet ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

    Ultracet ကိုဘယ်လိုရရှိနိုင်သလဲ

    Ultracet® (acetaminophen and tramadol) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

    • ဆေးပြားပုံစံ။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Ultracet® (acetaminophen and tramadol) ကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement