မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Trulicity® (dulaglutide)သည် သွေးသကြားဓါတ်ကိုထိန်းပေးသည့် ဆီးချိုထိုးဆေးဖြစ်သည်။ Trulicity® (dulaglutide) ကို အစားအသောက်၊ လေ့ကျင့်ခန်းတို့နှင်တွဲပြီး အမျိုးအစား ၂ ဆီးချိုကိုထိန်းရာတွင် အသုံးပြုပါသည်။ Trulicity® (dulaglutide) ကို များသောအားဖြင့် တခြားဆီးချိုဆေးများနှင့် ထိန်းမရသည့်အခါတွင် ပေးလေ့ရှိပါသည်။ Trulicity® ကို အမျိုးအစား ၁ ဆီးချိုအတွက်မသုံးပါ။
Trulicity® ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။ ဆေးအညွှန်းတွင်ပါသည်များကို သေချာလိုက်နာပါ။ ဆေးကို ညွှန်ကြားထားသော ပမာဏ၊ အချိန်ကာလထက် ပိုသောက်ခြင်းမျိုး မလုပ်ရပါ။ Trulicity® သည် အာနိသင်ရှိရှိနှင့်စိတ်ချစွာသုံးနိုင်ရန် လူနာအညွှန်စားနှင့် တွဲလာပါသည်။ သင့်ကိုပေးထားသမျှ လူနာဆိုင်ရာအချက်အလက်များ၊ ဆေးအညွှန်းစာများကို အကုန်ဖတ်ပါ။ မေးလိုသည်များ ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကို မေးမြန်းပါ။
Trulicity® ကို အရေပြားအောက်တွင်ထိုးရ၏။ အိမ်၌ ဆေးထိုးရန်အတွက် သင်ကြားပေးပါလိမ့်မည်။ ဆေးထိုးပုံ၊ အသုံးပြုပြီးသာ ဆေးထိုးအပ်ဆေးပြွန်များအား စွန့်ပစ်ပုံများကို သေချာမသိပါက ကိုယ်ဟာကိုယ်အသုံးပြုခြင်းမျိုး မလုပ်ရပါ။
Trulicity® ကို အစာရှိရှိမရှိရှိသုံးနိုင်ပါသည်။
Trulicity® ကို များသောအားဖြင့် တစ်ပတ်လျှင် တစ်ကြိမ်သာထိုးရသည်။ ဆေးကို အပတ်စဉ် တူညီသောနေ့တွင်သာသုံးပါ။ လိုအပ်ပါက ဆေးထိုးသည့်ရက်ပြောင်းရနိုင်သည်။ အနည်းဆုံး တစ်ခါနှင်တစ်ခါကြား ၃ ရက်ခန့် ခြားရမည်။
ဗိုက်၊ ပေါင်၊ လက်မောင်းတို့တွင် ဆေးထိုးတိုင်း မတူညီသည့်နေရာတွင်ပြောင်းထိုးပါ။ ကျန်းမာရေးဝန်ထမ်းမှ Trulicity® ထိုးရန် အကောင်းဆုံးနေရာကို ပြပေးပါလိမ့်မည်။ ဆေးကို တစ်နေရာတည်း နှစ်ကြိမ်ဆက်တိုက်မထိုးရပါ။
ဆီးချိုရှိသူတိုင်း သွေးသကြားဓါတ်ထိုးကျခြင်း ဖြစ်တတ်ပါသည်။ လက္ခဏာများမှာ ခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ ချွေးထွက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် စိုးရိမ်သလို ခံစားရခြင်းတို့ဖြစ်သည်။ သွေးသကြားဓါတ်ကျခြင်းကို မြန်မြန်ကုသရန်အတွက် အာနိသင်အမြန်ပြသည့် သကြားရင်းမြစ်များဖြစ်သော သစ်သီးဖျော်ရည်၊ ချိုချဉ်၊ ဘီစကစ် နှင့် ဆိုဒါများကို အမြဲဆောင်ထားပါ။
သွေးသကြားဓါတ်ကျခြင်းမှာ အတော်ဆိုးပြီး မစားနိုင်မသောက်နိုင်အထိဖြစ်ပါက ဆရာဝန်မှ glucagon emergency injection kit ကို ညွှန်ပါလိမ့်မည်။ ဤဆေးကို အရေးပေါ် မည်သို့ထိုးရကြောင်း သင့်မိသားစု၊ သင့်မိတ်ဆွေများ သိအောင် ပြောပြထားပါ။ ထို့အတူ သွေးသကြားဓါတ် တိုးလာသည့်လက္ခဏာများဖြစ်သော ရေဆာခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်ေဝဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းများကိုလည်း သတိပြုရမည်။
သွေးသကြားဓါတ်လယ်ဗယ်ကို ဖိစီးမှုများ၊ ဖျားနာခြင်း၊ ခွဲစိတ်ခြင်း၊ လေ့ကျင့်ခန်း၊ အရက်နှင့် အစားတစ်နပ် မစားမိခြင်းတို့က သက်ရောက်မှုရှိစေနိုင်ပါသည်။ အင်ဆူလင်ပမာဏ သို့မဟုတ် သုံးမည့်အချိန်ဇယား မပြောင်းလဲခင် ဆရာဝန်ကိုအရင်မေးပါ။
တစ်ခါသုံးအပ်ကို တစ်ခါသာသုံးပါ။ ဆေးထိုးအပ် ဆေးထိုးဖောင်တိန်များအား စွန့်ပစ်ရာတွင် ဒေသအလိုက် ဥပဒေများကိုလိုက်နာပါ။ အပ်မပေါက်နိုင်သော အာမခံပုံးများ (ဝယ်ယူရန် ဆေးဆိုင်များတွင်မေးနိုင်ပါသည်။ စွန့်ပစ်ပုံကိုပါ မေးပါ။) ကိုသုံးပါ။ ထိုပုံးများကို ကလေးများ၊ တိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။
Trulicity® သည် ကုသမှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးတွင်းသကြားဓါတ်စစ်ခြင်းနှင့် အထူးဆေးကုသမှုများ စုပေါင်းလုပ်ဆောင်ရပါသည်။ ဆရာဝန်ညွှန်ကြားသမျှကို သေချာလိုက်နာပါ။
Trulicity® (dulaglutide)ဆေးထိုးဖောင်တိန်နှင့် ဆေးဖိုးပြွန်များကို အလင်းနှင့်မထိအောင် ရေခဲသေတ္တာထဲတွင်သိမ်းပါ။ Trulicity® နှင့်ဆိုင်ရာကို ပစ္စည်းများကို မသုံးဖြစ်ဘဲဒိတ်ကုန်သွားပါက အကုန်လွှင့်ပစ်ပါ။ ဆေးထိုးဖောင်တိန်များနှင့် ဆေးရည်ဖြည့်ပြီးသားဆေးထိုးပြွန်များကို အခန်းတွင်းအပူချိန်၌ ၁၄ ရက်အထိထားနိုင်ပါသည်။
Trulicity® ကို အေးခဲအောင်မလုပ်ရ။ ခဲသွားပါက ဆေးကိုလွှင့်ပစ်လိုက်ပါ။
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
အောက်ပါတို့ရှိလျှင် Trulicity® ကို မသုံးရပါ။
တိရိစ္ဆာန်များတွင်လေ့လာချက်အရ Trulicity® သည် သိုင်းရွိုက်အကြိတ်နှင့်ကင်ဆာများ ဖြစ်တတ်၏။ လူများတွင်တော့ ဆေးကိုမှန်မှန်သုံးလျှင် ဖြစ်နိုင်မဖြစ်နိုင် မသိရသေးပါ။ အန္တရာယ်ရှိမရှိသိနိုင်ရန် ဆရာဝန်ကိုမေးပါ။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
Trulicity®နှင့်ဓါတ်မတည့်သည့် လက္ခဏာများဖြစ်သော အပိန့်များထခြင်း၊ အသက်ရှူရခက်ခြင်း၊ လျှာ၊ လည်ချောင်း၊ မျက်နှာ၊ နှုတ်ခမ်းတို့ဖောင်းကြွလာခြင်းများ ဖြစ်လာပါက အရေးပေါ်ဆေးကုသမှု ခံယူရမည်။
အောက်ပါဖြစ်လာလျှင် ဆရာဝန်နှင့်ပြပါ။
အဖြစ်များသည့်ဘေးထွက်ဆိုးကျိုးများ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Trulicity® (dulaglutide) သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးကုန်များမှာ
Trulicity® (dulaglutide) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Trulicity® (dulaglutide) သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သော ကျန်းမာရေးအခြေအနေများ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အမျိုးအစား ၂ ဆီးချိုအတွက် ပုံမှန်ပမာဏ
ကနဦးပမာဏ: 0.75 mg ကို အရေပြားအောက် ထိုးဆေးအနေဖြင့် တစ်ပတ်တစ်ကြိမ်ထိုးရန်။
အများဆုံးပမာဏ: Glycaemic control ရရန်အတွက် 1.5 mg အထိတိုးပြီး အရေပြားအောက် ထိုးဆေးအနေဖြင့် တစ်ပတ်တစ်ကြိမ်ထိုးနိုင်ပါသည်။
ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
Trulicity® (dulaglutide) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Trulicity® (dulaglutide) ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။