Triprolidine (ထရိုင်ပရိုလီဒင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Triprolidine (ထရိုင်ပရိုလီဒင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Triprolidine (ထရိုင်ပရိုလီဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Triprolidine ဟာ ဓာတ်မတည်မှု , ဖျားနာနှင့်, အအေးမိလက္ခဏာတွေသက်သာရာဖို့အသုံးပြု တဲ့ antihistamine ဖြစ်ပါတယ်။ ဤရောဂါလက္ခဏာတွေက အဖု, မျက်ရည်ထွက်ခြင်း , မျက်လုံးများ / နှာခေါင်း / လည်ချောင်း / အရေပြားတို့ ယားယံခြင်း ,  ချောင်းဆိုးခြင်း, နှာရည်ယိုခြင်း, နှာချေခြင်းတို့ပါဝင်သည်။

ဤဆေးဝါးသည် သင့်ခန္ဓာကိုယ်ကနေ ဓာတ်မတည့်မှုဖြစ် စဉ်မှာ ထုတ်တဲ့ ပစ္စည်းများကို (histamine) ပိတ်ဆို့ခြင်းအားဖြင့်အလုပ်လုပ်ပါတယ်။သင့်ရဲ့ခန္ဓာကိုယ်ကထုတ်တဲ့ အခြားသဘာဝကပစ္စည်းများ  (acetylcholine) ကို ပိတ်ဆို့ခြင်းအားဖြင့် မျက်ရည်ယိုခြင်း နှင့်နှာရည်ယိုရောဂါလက္ခဏာတွေမှ  သက်သာရာရစေပါတယ်။

အအေးမိချောင်းဆိုးဆေးထုတ်ကုန်တွေက  6 နှစ်ထက်ငယ်ရွယ်သောကလေးများအတွက်ထိရောက်မှုမရှိသလို လုံခြုံမှုလည်းမရှိပါဘူး။အထူးကုဆရာဝန်များကညွှန်ကြားမှုမရှိလျှင်   6 နှစ်ထက်ငယ်ရွယ်သောကလေးများရဲ့ အအေးမိရောဂါလက္ခဏာတွေကုသဖို့ ဖို့ဒီထုတ်ကုန်ကိုမသုံးသင့်ပါ။ တချို့ထုတ်ကုန် တွေကို 12 နှစ်ထက်ငယ်ရွယ်သောကလေးများအတွက်အသုံးမပြုသင့်ပါ။ သင့်ရဲ့ဆေး အသုံးပြုခြင်းအကြောင်းအသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုမေးပါ။

ထိုထုတ်ကုန်က အအေးမိရောဂါကို ပျောက်ကင်းအောင် သက်သာအောင် မလုပ်ပေးရုံမက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ဘေးထွက်ဆိုးကျိုးများ ကျဆင်းစေရန်, သောက်သုံးမှု လမ်းညွန်ကို လိုက်နာပါ။ ကလေး အိပ်ပျော်ချင်အောင် ဒီထုတ်ကုန်ကိုမသုံးပါနဲ့။ တူညီသောသို့မဟုတ်အလားတူပါဝင်ပစ္စည်းများရှိတဲ့ ဆေးတွေကို ချောင်းဆိုးနဲ့ အအေးမိတာတွေအတွက် မသုံးရပါ။  ချောင်းဆိုးခြင်းနှင့်အအေးမိ ရောဂါလက္ခဏာတွေသက်သာဖို့တခြားနည်းလမ်းတွေနဲ့ ကုသရန် ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကို ပြောပါ။( အရည်လုံလောက်စွာသောက်တာတွေ ,humidifier နဲ့ saline nose drops/spray သုံးတာတွေ ဖြစ်ပါတယ်။)

Triprolidine (ထရိုင်ပရိုလီဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သင်၏ဆရာဝန် ညွန်သည့်အတိုင်း 6 နာရီခြားတစ်ခါ အစာစားပြီးမစားပြီးနဲ့ မဆိုင်ပဲ သောက်နိုင်ပါတယ်။ 24 နာရီတွင် ၄ ကြိမ်ထက်  ပိုမသောက်ပါနှင့် ။ဆေးထုပ်ပေါ်မှာရှိသမျှလမ်းညွန်ချက်ကိုလိုက်နာပါ။ အစာအိမ်နာ ဖြစ်ပေါ်လျှင်ဒီဆေးဝါးကို အစားအစာသို့မဟုတ်နို့နှင့်အတူ သောက်နိုင်ပါတယ်။

measuring device  သို့ ဇွန်းကို အသုံးပြုပြီး ဆေးပမာဏသေချာတိုင်းပါ။ မှန်ကန်သောပမာဏ မရစေသော ကြောင့်အိမ်သုံးဇွန်းကိုမသုံးပါနဲ့။

ဆေးပမာဏက သင့်ရဲ့အသက်အရွယ်, ဆေးဘက်ဆိုင်ရာအခြေအနေနှင့်ကုသမှုကိုတုံ့ပြန်မှု အပေါ်အခြေခံသည်။ ညွှန်ကြားထက်ပိုပြီး ဒီဆေးကို မသုံးပါနဲ့ သင့်ရဲ့အသက်အရွယ်အလိုက် သင့်တော်တဲ့ ပမာဏထက်ပိုပြီး မသုံးပါနဲ့ ။ အများဆုံးအကျိုးကျေးဇူးရရန် ဒီဆေးကို မှန်မှန်ကိုသုံးပါ။ နေ့တိုင်းတူညီတဲ့အချိန်မှာသောက်ပါ။

သင့်ရဲ့ရောဂါလက္ခဏာတွေက  7 ရက်အတွင်း မတိုးတက်ဘူးဆိုရင် သို့ သူတို့ကပိုဆိုးလာလျှင်, သင့်မှာ အဖျား / ချမ်းတုန်တာတွေ ဖြစ်လာရင်,  သို့မဟုတ် ဆေးဘက်ဆိုင်ရာပြဿနာရှိတယ် ထင်လျှင် ချက်ချင်းဆေးဘက်ဆိုင်ရာအကူအညီရယူပါ။

Triprolidine (ထရိုင်ပရိုလီဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Triprolidine ကို အကောင်းဆုံးထိန်သိမ်းနည်းကတော့ တိုက်ရိုက်အလင်းနှင့်အစိုဓာတ်ထိတွေ့မှု မရှိပဲ အခန်းအပူချိန်မှာသိမ်းဆည်းထားခြင်းဖြစ်သည်။ ဆေးထိခိုက်ပျက်စီးမှုမှကာကွယ်ရန်, သင့်ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာထဲမှာ  Triprolidine ကို သိုလှောင်ထားတာမျိုး မလုပ်သင့်ပါ။ကွဲပြားခြားနားသောသိုလှောင်မှုလိုအပ်ချက်ရှိတဲ့ အခြား  Triprolidine အမှတ်တံဆိပ်ရှိကောင်းရှိနိုင်ပါတယ်။ဒါ့ကြောင့်အထုပ်မှာပါတဲ့ အညွှန်းကိုကြည့်ဖို့နဲ့ သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား မေးရန်အရေးကြီးပါသည်။ ဘေးကင်းလုံခြုံမှုရှိစေရန် သင့်ကလေးများနှင့်အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးရာမှာထားရှိပါ။

လုပ်ဖို့မညွှန်ကြားထားလျှင်  Triprolidine ကိုအိမ်သာ သို့မဟုတ် ပိုက်ထဲ စွန့်ပစ်တာမျိုး မလုပ်သင့်ပါ။ဒိတ်ကုန်ဆုံးခြင်း သို့မဟုတ်မလိုအပ်သည့်အခါဒီထုတ်ကုန်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Triprolidine (ထရိုင်ပရိုလီဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိလျှင်သင်၏ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူ တွေနဲ့တိုင်ပင်ဆွေးနွေးပါ :

သင်က ကိုယ်ဝန်ဆောင် သို့မဟုတ်နို့တိုက်မိခင် ဖြစ်နေမယ်ဆိုရင် , သင် ကလေးယူဖို့စဉ်းစားထားမယ် သို့မဟုတ်ကလေးနို့တိုက်ကျွေးမှုလုပ်နေတယ်ဆိုရင် ဆရာဝန်တစ်ဦး၏ထောက်ခံချက်ရှိမှ ဆေးသုံးစွဲသင့်ပါတယ်။

သင်ကအခြားဆေးဝါးများ ( ဥပမာ ဆေးဖက်ဝင်အပင်များနှင့်ဖြည့်စွက်ဆေးဝါးတွေလို ဆေးညွှန်းမပါဘဲဝယ်လို့ရရှိနိုင်သောဆေးများ )သုံးစွဲနေတယ်ဆိုရင် သတိထားသင့်ပါတယ်။

သင်က Janumet သို့မဟုတ်အခြားဆေးဝါးများနှင့် ဓာတ်မတည့်မှုရှိခြင်း

သင့်မှာ မူမမှန်တဲ့ နှလုံးခုန်သံတွေဖြစ်နေတယ်ဆိုရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Triprolidine (ထရိုင်ပရိုလီဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်နှင့် နို့တိုက်ကျွေးနေစဉ်အတွင်း ဒီဆေးအသုံးပြု ခြင်းရဲ့ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး လုံလောက်သောအချက်အလက်မရှိပါ။ Triprolidine ကို အသုံးမပြုမီအကျိုးကျေးဇူးများနှင့်အန္တရာယ်များကိုချိန်တွယ်နိုင်ရန်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

။FDA အရ ဆေးရဲ့ ကိုယ်ဝန်ဆောက်အန္တရာယ်ဖြစ်နိုင်မှုပမာဏမှာ  — အဆင့်ဖြစ်ပါတယ်။

FDA ရဲ့ ကိုယ်ဝန်ဆောင်များ ဘေးဖြစ်နိုင်ခြေ အမျိုးအစားခွဲခြားခြင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

A = အန္တရယ်မရှိပါ

B = အချို့လေ့လာချက်တွေအရ အန္တရယ်မရှိပါ

C = အန္တရယ် အနည်းငယ် ရှိနိုင်ပါတယ်

D = အန္တရယ်ရှိနိုင်ပါတယ်

X = လုံဝမသုံးသင့်ပါ

N = ရှင်းရှင်းလင်းလင်းမသိပါ။

အမည်မသိသေးသော ကိုယ်ဝန်ဆောင် အန္တရာယ်အမျိုးအစားများအတွက်:

ကိုယ်ဝန်နှင့်ရင်သားကင်ဆာ-ကိုယ်ဝန်နှင့် နို့တိုက်ကျွေးစဉ်ကာလအတွင်း ဒီဆေးရဲ့ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး လုံလောက်သောအချက်အလက်မရှိပါ။ အသုံးမပြုမီအကျိုးကျေးဇူးများနှင့်အန္တရာယ်များကိုချိန်တွယ်နိုင်ရန်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Triprolidine (ထရိုင်ပရိုလီဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အားလုံးသော ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေပေမယ့် လူအများစုကတော့ မသိမသာ , သို့မဟုတ်အသေးစား, ဘေးထွက်ဆိုးကျိုးတွေ ပဲ ဖြစ်ပါတယါ။အောက်ပါ အဖြစ် အများဆုံးဘေးထွက်ဆိုးကျိုးများ ဆက်လက်ဖြစ်နေတာ သို့မဟုတ် စိတ်နှောင့်ယှက်စရာဖြစ်လာလျှင်သင့်ဆရာဝန်နှင့် စစ်ဆေးပါ  :  မူးဝေခြင်း , နှုံးခြင်း , ပါးစပ် , နှာခေါင်း, ဒါမှမဟုတ်လည်ချောင်းခြောက်ခြင်း; စိတ်လှုပ်ရှားခြင်း သို့မဟုတ်စိုးရိမ်စိတ်များခြင်း; အိပ်မပျော်ခြင်း .စတာတွေဖြစ်ပါတယ်။

အောက်ပါပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လျှင်ချက်ချင်းဆေးကုသမှု ခံယူပါ။ဓာတ်မတည့်မှု (; အဖုအပိန့် အကွက်ထခြင်း; ယားယံခြင်း ; အသက်ရှူခက်ခဲခြင်း; ရင်ဘတ်တင်းကျပ်ခြင်း ; ပါးစပ် , မျက်နှာ, နှုတ်ခမ်း, ဒါမှမဟုတ်လျှာ ရောင်ရမ်းခြင်း); ဆီးသွားရခက်ခဲခြင်း သို့မဟုတ်ဆီးမသွားနိုင်ခြင်း, နှလုံးခုန် မမှန်ခြင်း ;  စိတ်အာရုံချောက်ခြားခြင်း, မေ့မျောခြင်း ; ပြင်းထန်စွာ မူးဝေခြင်း, , ဒါမှမဟုတ်ခေါင်းကိုက်ခြင်း, ကတုန်ကယင်ဖြစ်ခြင်း

လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Triprolidine (ထရိုင်ပရိုလီဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Triprolidine  က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သင့်ဆေးအလုပ်လုပ်ပုံပြောင်းလဲတာ  ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့အရာတွေ ရှောင်ရှားရန်, သင် သုံးစွဲနေတဲ့ ဆေးစာရင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး, မညွှန်ကြားထားတဲ့ဆေး တွေနှင့်ဆေးဖက်ဝင်အပင်ထုတ်ကုန်အပါအဝင်) ကို သင့်ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်သူတို့အားပြောပြထားသင့်ပါတယ်။သင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက် သင့်ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ မည့်သည့်ဆေးကိုမျှ စသောက်ခြင်း, ရပ်ခြင်း , နဲ့ပြောင်းလဲခြင်းတွေ မလုပ်သင့်ပါ။

တစ်ချို့ ဆေးဝါးများက Triprolidine ကိုအကျိုးသက်ရောက်စေနိုင်ပါတယ်။အောက်ပါဆေးတွေသုံးရင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကိုပြောပြသင့်ပါတယ်။Sodium oxybate (GHB) က Triprolidine ရဲ့ ဆိုးကျိုးကို တက်စေပါတယ်။

အစားအသောက်တွေနဲ့ အရက်က Triprolidine (ထရိုင်ပရိုလီဒင်း) နဲ့ ဓာတ်ပြုနိုင်သလား

Triprolidine  က အစားအစာသို့မဟုတ်အရက်နှင့်အပြန်အလှန် ဓာတ်ပြုခြင်း ဖြင့် လုပ်ဆောင်ပုံပြောင်းလဲရုံမက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။ဒီဆေးမသုံးမီသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် အစားအစာသို့မဟုတ်အရက် အကျိုးဆက်တွေ ကိုဆွေးနွေးပေးပါ။

ဘယ်ရောဂါအခြေအနေတွေက Triprolidine (ထရိုင်ပရိုလီဒင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Triprolidine  က သင်၏ကျန်းမာရေးအခြေအနေနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပိုမိုဆိုးဝါးလာစေတာ ဒါမှမဟုတ် ဆေးအလုပ်လုပ်ပုံပြောင်းလဲစေနိုင်ပါတယ်။သင့်ကျန်းမာရေး ပြသနာများ ဥပမာ ရင်ကျပ်ရောဂါ  သို့မဟုတ်အခြားအဆုတ်သို့မဟုတ်အသက်ရှူပြဿနာများ (ဥပမာ emphysema, နာတာရှည်ချောင်းဆိုးရင်ကျပ်), နှလုံးပြဿနာများ, သွေးတိုး, ဆီးချို, နှလုံးသွေးကြောပြသနာများ, လေဖြတ်ခြင်း, ရေတိမ်, သင့်အစာအိမ်သို့မဟုတ် အူပိတ်ဆို့ခြင်း, အနာ, ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း, ဆီးသွားရခက်ခဲခြင်း , ဆီးကျိတ်ကြီးခြင်း , မေ့မြောခြင်း , သိုင်းရိုက်ကြီးခြင်း စတာတွေကို ဆရာဝန်

သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Triprolidine (ထရိုင်ပရိုလီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Zymine

အရွယ်ရောက်ပြီးသူနှင့်ကလေး (အသက် ၁၂နှစ် နှင့်အထက် )

PO 2.5 mg  ၄ နာရီမှ ၆နာရီ တစ်ခါ (အများဆုံး , 10 mg per 24 h).

Zymine XR

အရွယ်ရောက်ပြီးသူနှင့်ကလေး (အသက် ၁၂နှစ် နှင့်အထက် )

PO 5 mg ၁၂ နာရီတစ်ခါ (အများဆုံး  10 mg per 24 h).

ကလေးတွေအတွက် Triprolidine (ထရိုင်ပရိုလီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Zymine

ကလေးများ (အသက် 6 မှ 12 နှစ်)

PO 0.94 mg၄ နာရီမှ ၆နာရီ တစ်ခါ (အများဆုံး 3.75 mg per 24 h).

ကလေးများ (အသက် 4 မှ 6 နှစ်)

PO 0.625 mg 2၄ နာရီမှ ၆နာရီ တစ်ခါ (အများဆုံး.5 mg per 24 h).

ကလေးများ (အသက် 2 မှ 4 နှစ်),

PO 2.5 mg ၄ နာရီမှ ၆နာရီ တစ်ခါ (အများဆုံး 5 mg per 24 h).

ကလေးများ (အသက် 2 နှစ်မှ 4 mo)

PO 1.25 mg ၁၂ နာရီတစ်ခါ (အများဆုံး , 2.5 mg per 24 h).

 

Zymine XR

ကလေးများ (အသက်၏ 6 မှ 12 နှစ်)

PO 2.5 mg every  ၁၂ နာရီတစ်ခါ (အများဆုံး 5 mg per 24 h).

 

ကလေးများ (အသက် 2 မှ 6 နှစ်)

PO 1.25 mg  ၁၂ နာရီတစ်ခါ (အများဆုံး 2.5 mg per 24 h).

Triprolidine (ထရိုင်ပရိုလီဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Triprolidine အောက်ပါသောက်သုံးသောပုံစံများနှင့်အားသာချက်များအတွက်ရရှိနိုင်ပါသည်:

အရည် 1,25 မီလီဂရမ် / 5 mL

suspension  2.5 မီလီဂရမ် / 5 mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်ဒါမှမဟုတ်အလွန်အကျွံသုံးစွဲမှု၌သင့်ဒေသခံအရေးပေါ်ဝန်ဆောင်မှုဌာန ကိုဆက်ခြင်း သို့မဟုတ်သင့်ရဲ့အနီးဆုံးအရေးပေါ်ခန်းကို သွားခြင်း လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ သင်ဆေး dose တစ်ချိန်လွှတ်သွားရင် တတ်နိုင်သမျှအမြန်ဆုံးသုံးစွဲပါ။သို့သော် သင်နောက်ဆေးတစ်ချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွှတ်သွားတဲ့ ဆေးကိုကျော်ပစ်ပြီး မူလအတိုင်းသောက်ပါ။နှစ်ခါသောက်သုံးတာမျိုးမလုပ်ပါနှင့် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ