backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tramadol (ထရာမာဒေါ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Tramadol (ထရာမာဒေါ) ကို ဘာအတွက်အသုံးပြုကြသလဲ

Tramadol ကို နာကျင်ခြင်းများကို သက်သာစေရန် အသုံးပြုသည်။ Tramadol သည် narcotic အမျိုးအစား အကိုက်အခဲပျောက်ဆေးများနှင့် ဆင်တူသည်။၎င်းသည် သင်၏ခန္ဓါကိုယ်မှ နာကျင် မှုဝေဒနာကို ခံစားခြင်း နှင့် ပြန်လည်တုန့်ပြန်ခြင်းဖြစ်စဉ်တို့အား ပြောင်းလဲစေရန် ဦးနှောက်ကို ခိုင်းစေခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။

Tramadol (ထရာမာဒေါ) ဘယ်လိုသောက်သုံးသင့်သလဲ

Tramadol ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း(များသောအားဖြင့် ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ) သောက်ရသည်။Tramadol ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်သည်။ အကယ်၍ ဆေးသောက်ပြီး ပျို့ခြင်း၊၊အန်ခြင်း၊မအီမသာဖြစ်ခြင်းများရှိပါက နောက်တကြိမ်သောက်သည့်အခါ အစာရှိသည့် အချိန်တွင် သောက်နိုင်ပါသည်။ ပျို့ခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေမည့် အခြားသော နည်းလမ်းများ (ဥပမာ။ ။ ခေါင်းကို တတ်နိုင်သမျှ မလှုပ်ရှားဘဲ ၁နာရီ၊၂နာရီခန့် လှဲလျောင်းနေခြင်းစသည်)ကို ဆရာဝန်အား မေးမြန်းနိုင်သည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သရွေ့ လျှော့ချနိုင်ရန် ဆေးကို ဖြစ်နိုင်သမျှ အနည်းဆုံးပမာဏဖြင့် စတင်ပြီး လိုအပ်သလို ဖြည်းဖြည်းချင်း တိုးသွားနိုင်သည်။ သင့်ဆရာဝန်၏ ညွှန်ကြားချက်ကို အတိအကျလိုက်နာပါ။ တနေ့တာအတွက် အများဆုံးသောက်နိုင်သော ဆေးပမာဏမှာ ၄၀၀မီလီဂရမ်ဖြစ်သည်။ အသက် ၇၅နှစ်ထက် ကြီးသူများအတွက်မူ တနေ့တာအတွက် အများဆုံးသောက်နိုင်သော ဆေးပမာဏမှာ ၃၀၀မီလီဂရမ်ဖြစ်သည်။

ဆေးပမာဏကို လိုသည်ထက်ပိုသောက်ခြင်း၊အကြိမ်ရေ ပိုသောက်ခြင်း သို့မဟုတ် ညွှန်ကြားသည့် ကာလထက် အချိန်ပိုသောက်ခြင်းများ မပြုလုပ်ရပါ။ ဆေးသောက်ရပ်ရန် ညွှန်ကြားသည့်အခါ လုံးဝရပ်လိုက်ပါ။ အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်သည်။ ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ပါသည်။ အကယ်၍ သင်သည် နာတာရှည်ရောဂါကြောင့် နာကျင်ခြင်း (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း) ဖြစ်ပါက အချိန်ကြာမြင့်စွာ အာနိသင်ပြသော narcotic အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများကို သုံးစွဲရန်သင့်ဆရာဝန်က ညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မည်။ အခြားသော narcotic မဟုတ်သည့် အကိုက်အခဲပျောက်ဆေးများ (acetaminophen, ibuprofen စသည်)ကိုလည်း သုံးစွဲရန် လိုအပ်ပါလိမ့်မည်။ မရှင်းလင်းသည်များ ရှိပါက သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။

ဤဆေးသည် ဆေးဖြတ်ခြင်း လက္ခဏာများကို ဖြစ်စေပါသည် (အထူးသဖြင့် အချိန်ကြာမြင့်စွာ ပုံမှန်သုံးစွဲလျှင်၊ပမာဏများပြားစွာ သုံးစွဲလျှင်)။ သင့်အနေဖြင့် အဆိုပါအခြေအနေမျိုးတွင် ဆေးကို ရုတ်တရက် ဖြတ်လိုက်ပါက ဆေးဖြတ်ဝေဒနာများဖြစ်သည့် ဂဏှာမငြိမ်ဖြစ်ခြင်း၊မျက်ရည်များ အလွန်အကျွံကျခြင်း၊နှာရည်ယိုခြင်း၊ပျို့ခြင်း၊မအီမသာဖြစ်ခြင်း၊ချွေးထွက်များခြင်း၊ကြွက်သားများ နာကျင်ခြင်း တို့ကို ခံစားရပါလိမ့်မည်။၎င်းဝေဒနာများကို ကာကွယ်ရန် သင့်ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ပေးပါလိမ့်မည်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ ဆေးသောက်ရင်း အဆိုပါ လက္ခဏာများ ပေါ်ပေါက်လာပါကလည်း ဆရာဝန်ကို ချက်ချင်း အကြောင်းကြားပါ။

Tramadol ကို အချိန်ကြာရှည်စွာ သုံးစွဲပါက ဆေးမတိုးတော့ခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် သင့်ဆရာဝန်ကို အသိပေးပါ။Tramadol သည် ရှားရှားပါးပါးဆိုသလို ဆေးစွဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အကယ်၍ သင်သည် အရက် သို့မဟုတ် ဆေးစွဲဖူးသူဖြစ်ပါက Tramadolကို စွဲရန် အခွင့်အလမ်း ပိုများပါသည်။ ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာပါ။

Tramadol (ထရာမာဒေါ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Tramadol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tramadol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Tramadol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Tramadol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Tramadol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tramadol (ထရာမာဒေါ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Tramadol ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Tramadol ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Tramadol ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Tramadol ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။ သို့သော် အသက်ကြီးသူများတွင် ဘေးထွက်ဆိုးကျိုးများ (ဝမ်းချုပ်ခြင်း၊မေ့လဲတော့မယောင် ခံစားရခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊သတိလစ်ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊အားနည်းခြင်း စသည်)တို့ကို ခံစားရနိုင်ချေများပြီး အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အ သည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် Tramadol ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tramadol (ထရာမာဒေါ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

[ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Tramadol (ထရာမာဒေါ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

• အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

• အောက်ပါလက္ခဏာများ ခံစားရပါက Tramadol သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

• စိတ်တိုစိတ်ဆတ်ခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ဖျားခြင်း၊နှလုံးခုန်မြန်ခြင်း၊အလိုအလျောက် တုန့်ပြန်မှုများ ပိုများလာခြင်း၊ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊သတိလစ်ခြင်း၊စည်းချက်ညီလှုပ်ရှားမှု ပျက်ယွင်းခြင်း။

• တက်ခြင်း။

• အရေပြားတွင် အနီစက်များထွက်ခြင်း၊အရည်ကြည်ဖုများ ထခြင်း၊အရေပြားများ ကွာခြင်း။

• အသက်ရှုအားနည်းခြင်း၊သွေးခုန်နှုန်းအားနည်းခြင်း။

• သာမန်ဘေးထွက်လက္ခဏာများမှာ

• မူးဝေထိုင်းမှိုင်းခြင်း၊ချာချာလည်နေခြင်း၊ဝမ်းချုပ်ခြင်း၊ဗိုက်နာ/အောင့်ခြင်း။

• ခေါင်းကိုက်ခြင်း၊ထိုင်းမှိုင်းလေးလံခြင်း၊ဂဏှာမငြိမ်ခြင်း၊စိုးရိမ်ပူပန်စိတ်များခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Tramadol (ထရာမာဒေါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Tramadol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Tramadol ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့ Tramadol ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

• Naltrexone

• Rasagiline

• Selegiline

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Tramadol နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Acetophenazine

• Amitriptyline

• Amoxapine

• Amphetamine

• Bromperidol

• Brompheniramine

• Bupropion

• Buspirone

• Carbamazepine

• Carbinoxamine

• Ceritinib

• Chlorpheniramine

• Chlorpromazine

• Chlorprothixene

• Citalopram

• Clarithromycin

• Clobazam

• Clomipramine

• Clorgyline

• Clovoxamine

• Cobicistat

• Cocaine

• Crizotinib

• Cyclobenzaprine

• Dabrafenib

• Desipramine

• Desvenlafaxine

• Dextroamphetamine

• Dextromethorphan

• Dolasetron

• Dothiepin

• Doxepin

• Duloxetine

• Eletriptan

• Escitalopram

• Eslicarbazepine Acetate

• Ethopropazine

• Femoxetine

• Fentanyl

• Fluconazole

• Fluoxetine

• Flupenthixol

• Fluphenazine

• Fluvoxamine

• Granisetron

• Haloperidol

• Hydrocodone

• Hydroxytryptophan

• Idelalisib

• Imipramine

• Iproniazid

• Isocarboxazid

• Ketamine

• Levomilnacipran

• Linezolid

• Lithium

• Lofepramine

• Lorcaserin

• Meclizine

• Melperone

• Meperidine

• Mesoridazine

• Methadone

• Methotrimeprazine

• Methylene Blue

• Metoclopramide

• Milnacipran

• Mirabegron

• Mirtazapine

• Mitotane

• Moclobemide

• Molindone

• Morphine

• Morphine Sulfate Liposome

• Naratriptan

• Nefazodone

• Nilotinib

• Nortriptyline

• Olanzapine

• Oxycodone

• Oxymorphone

• Palonosetron

• Pargyline

• Paroxetine

• Peginterferon Alfa-2b

• Penfluridol

• Pentazocine

• Perphenazine

• Phenelzine

• Pimozide

• Piperaquine

• Pipotiazine

• Primidone

• Procarbazine

• Prochlorperazine

• Promazine

• Promethazine

• Propiomazine

• Propoxyphene

• Protriptyline

• Remoxipride

• Risperidone

• Rizatriptan

• Sertraline

• Sibutramine

• Siltuximab

• St John’s Wort

• Sulpiride

• Sumatriptan

• Suvorexant

• Tapentadol

• Thiethylperazine

• Thioridazine

• Thiothixene

• Tranylcypromine

• Trazodone

• Trifluoperazine

• Triflupromazine

• Trimeprazine

• Trimipramine

• Valproic Acid

• Venlafaxine

• Vilazodone

• Vortioxetine

• Zolmitriptan

Zuclopenthixol

အောက်ဖော်ပြပါ ဆေးများသည် Tramadol ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

• Digoxin

• Perampanel

• Quinidine

• Warfarin

အစားအသောက်တွေနဲ့ အရက်က Tramadol (ထရာမာဒေါ) နဲ့ ဓါတ်ပြုနိုင်သလား

Tramadol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tramadol (ထရာမာဒေါ) နဲ့ ဓါတ်ပြုနိုင်သလဲ

Tramadol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

• အရက်သောက်ခြင်း။

• ဦးနှောက်နှင့် အာရုံကြော ထိုင်းမှိုင်းခြင်း။

• စိတ်ကျဝေဒနာ ခံစားရဖူးခြင်း။

• ဆေးစွဲဖူးခြင်း။

• ခေါင်းထိခိုက်ဖူးခြင်း။

• ဟော်မုန်းဆိုင်ရာ ပြဿနာများရှိခြင်း။

• ဦးခေါင်းအတွင်းဖိအားများခြင်း။

• ဦးနှောက်နှင့် အာရုံကြောအတွင်း ပိုးဝင်ခြင်း။

• စိတ်ကျန်းမာရေးမကောင်းခြင်း။

• phenyl ketone နှင့် ဓါတ်မတည့်ခြင်း။

• အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများရှိခြင်း။

• အတက်ရောဂါရှိခြင်း။

• ပြင်းထန်သော အစာအိမ်ပြဿနာများရှိခြင်း —–> ဘေးထွက်ဆိုးကျိုးများကို ပိုလာစေနိုင်သဖြင့် သတိနှင့် သုံးပါ။

• အသက်ရှုခြင်းဆိုင်ရာ သို့မဟုတ် အဆုတ်နှင့် ဆိုင်သော ဆိုးရွားသည့် ပြဿနာများ ရှိခြင်း (ဥပမာ။ ။ ပန်းနာရင်ကြပ်၊သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်များခြင်း) ——-> လုံးဝအသုံးမပြုသင့်ပါ။

• ကျောက်ကပ် ရောဂါ။

• အသည်းရောဂါ (အသည်းခြောက်ခြင်း အပါအဝင်) ——-> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

• phenylketonuria (PKU) —–> ဆေးပြားတွင်ပါဝင်သော phenylalanine သည် အခြေအနေကို ပိုဆိုးစေသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tramadol (ထရာမာဒေါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နာကျင်မှု ချက်ချင်းသက်သာရန် မလိုအပ်သော အနည်းငယ်နာကျင်ခြင်း မှ ပြင်းထန်သော နာတာရှည် နာကျင်ခြင်းများအတွက်

-ကနဦးဆေးပမာဏ —-> နေ့စဉ်မနက်တိုင်း ၂၅ မီလီဂရမ်။ ထို့နောက် ၁၀၀မီလီဂရမ် ရောက်သည်အထိ ၃ရက်ခြား တခါ ၂၅မီလီဂရမ်စီ တင်သွားပါ။ ထို ၁၀၀မီလီဂရမ်ကို တခါသောက် ၂၅မီလီဂရမ်စီဖြင့် ၄ကြိမ်ခွဲသောက်ပါ။ ထို့နောက် ၂၀၀မီလီဂရမ် ရောက်သည်အထိ ၃ရက်ခြား တခါ ၅၀ မီလီဂရမ်စီ တင်သွားပါ။ ထို ၂၀၀မီလီဂရမ်ကို တခါသောက် ၅၀ မီလီဂရမ်စီဖြင့် ၄ကြိမ်ခွဲသောက်ပါ။

-ဆက်လက်ထိန်းထားရမည့် ပမာဏ ——> ၅၀မီလီဂရမ် သို့မဟုတ် ၁၀၀မီလီဂရမ်ကို အနာသက်သာရန်အတွက် လိုအပ်လျှင်လိုအပ်သလို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ သောက်နိုင်သည်။ တနေ့လျှင် ဆေးပမာဏ ၄၀၀မီလီဂရမ်ထက် မပိုရပါ။

နာကျင်မှုကို နေ့ရောညပါ အချိန်အတော်ကြာ ထိန်းထားရန်လိုသော အတန်အသင့် ပြင်းထန်သည့် နာတာရှည် နာကျင်မှုဝေဒနာများအတွက်

အချိန်ကြာမြင့်စွာ အာနိသင်ရှိသော ဆေးပြားများ :

-၁၀၀မီလီဂရမ်ကို တနေ့လျှင် တကြိမ်ဖြင့် နေ့စဉ် သောက်ရမည်။ နာကျင်ခြင်း သက်သာစေရန်အတွက် ဆေးဒါဏ်ခံနိုင်မှုအပေါ်မူတည်ပြီး ၅ရက်တခါ ၁၀၀မီလီဂရမ်စီ တိုးသွားနိုင်သည်။ သို့သော် တနေ့လျှင် ၃၀၀မီလီဂရမ်ထက် မပိုစေရပါ။

နာကျင်မှုသက်သာရန်ချက်ချင်းလိုအပ်ပြီး ကနဦးဆေးပမာဏ များပြားခြင်းကို ခံနိုင်ရည်ရှိသူများအတွက်

-၅၀မီလီဂရမ် သို့မဟုတ် ၁၀၀မီလီဂရမ်ကို အနာသက်သာရန်အတွက် လိုအပ်လျှင်လိုအပ်သလို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ သောက်နိုင်သည်။ တနေ့လျှင် ဆေးပမာဏ ၄၀၀မီလီဂရမ်ထက် မပိုရပါ။

အချိန်ကြာမြင့်စွာ အာနိသင်ရှိသော Tramadol ဆေးပြားများ :

လျင်မြန်စွာ အာနိသင်ပြသော Tramadol ဆေးပြားများကို လက်ရှိသောက်သုံးနေခြင်း မရှိသူများအတွက် :

-ကနဦးဆေးပမာဏ ——> ၁၀၀မီလီဂရမ်ကို တနေ့လျှင် တကြိမ်။ ထို့နောက် လူနာ၏ အနာသက်သာရန် လိုအပ်မှုနှင့်ဆေးဒါဏ်ခံနိုင်ရည် ရှိမှုတို့အပေါ်မူတည်ပြီး ၅ရက်တခါ ၁၀၀မီလီဂရမ်စီ တိုးသွားနိုင်သည်။ သို့သော် တနေ့လျှင် ၃၀၀မီလီဂရမ်ထက် မပိုစေရပါ။

လျင်မြန်စွာ အာနိသင်ပြသော Tramadol ဆေးပြားများကို လက်ရှိသောက်သုံးနေသူများအတွက် :

၂၄နာရီအတွင်း သောက်ရမည့် ဆေးပမာဏကို တွက်ချက်ပါ။ ထိုပမာဏကို ၁၀၀မီလီဂရမ် ပေါင်းထည့်ပြီး သောက်ပါ။ လူနာ၏ အနာသက်သာရန် လိုအပ်မှုနှင့်ဆေးဒါဏ်ခံနိုင်ရည် ရှိမှုတို့အပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ဆနိုင်သည်။ သို့သော် တနေ့လျှင် ၃၀၀မီလီဂရမ်ထက် မပိုစေရပါ။

အချိန်ကြာမြင့်စွာ အာနိသင်ရှိသော Tramadol ဆေးပြားများသည် ဆေးပမာဏပြောင်းလဲရာတွင် ကန့်သတ်ချက်များရှိသဖြင့် လျင်မြန်စွာ အာနိသင်ပြသော Tramadol ဆေးပြားများနှင့် အခြေအနေကို ထိန်းထားသော အချို့လူနာများတွင် ပြောင်းလဲအသုံးပြုရန် မဖြစ်နိုင်ပါ။

ကလေးတွေအတွက် Tramadol (ထရာမာဒေါ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

၄နှစ်မှ ၁၆နှစ်အထိ

-လျင်မြန်စွာ အာနိသင်ပြသော Tramadol ဆေးပြားများ : 1 – 2 mg/kg/dose ကို ၄နာရီ သို့မဟုတ် ၆နာရီခြားတခါ သောက်ရမည်။

-တစ်ကြိမ်သောက်လျှင် ၁၀၀ မီလီဂရမ်ထက် မပိုရ။

-တစ်နေ့လျှင် စုစုပေါင်း အများဆုံး သောက်သည့် ပမာဏ မှာ 8mg/kg/day သို့မဟုတ် 400mg/day ထက် နည်းရမည်။

၁၆နှစ် နှင့် အထက်

-ကနဦးဆေးပမာဏ —-> ၅၀ – ၁၀၀ မီလီဂရမ် ကို ၄နာရီ သို့မဟုတ် ၆နာရီခြားတခါ သောက်ရမည်။

-တစ်နေ့လျှင် အများဆုံး သောက်နိုင်သည့် ပမာဏ ——> 400mg

(သို့မဟုတ်)

အာနိသင် အလျှင်အမြန် ရရှိရန် မလိုအပ်သော လူနာများအတွက် ဘေးထွက်ဆိုးကျိုးများ နည်းပါးစေရန် ဆေးပမာဏကို 25mg/day မှစတင်ပြီး ၁၀၀မီလီဂရမ်ရောက်သည်အထိ ၃ရက်တခါ ၂၅ မီလီဂရမ်စီ တိုးသွားနိုင်သည်။ ထို ၁၀၀မီလီဂရမ်ကို တခါသောက် ၂၅မီလီဂရမ်စီဖြင့် ၄ကြိမ်ခွဲသောက်ပါ။

၁၆နှစ် နှင့် အထက်

လျှာပေါ်တွင် ပျော်ဝင်သော ဆေးပြားပုံစံ

-ကနဦးဆေးပမာဏ —-> ၅၀ – ၁၀၀ မီလီဂရမ် ကို ၄နာရီ သို့မဟုတ် ၆နာရီခြားတခါ သောက်ရမည်။

-တစ်နေ့လျှင် အများဆုံး သောက်နိုင်သည့် ပမာဏ ——> 400mg

(သို့မဟုတ်)

အာနိသင် အလျှင်အမြန် ရရှိရန် မလိုအပ်သော လူနာများအတွက် ဘေးထွက်ဆိုးကျိုးများ နည်းပါးစေရန် ဆေးပမာဏကို 50mg/day မှစတင်ပြီး ၂၀၀မီလီဂရမ် ရောက်သည်အထိ ၃ရက်ခြား တခါ ၅၀ မီလီဂရမ်စီ တင်သွားပါ။ ထို ၂၀၀မီလီဂရမ်ကို တခါသောက် ၅၀ မီလီဂရမ်စီဖြင့် ၄ကြိမ်ခွဲသောက်ပါ။

၁၆နှစ်နှင့် အထက်

အချိန်ကြာမြင့်စွာ အာနိသင်ရှိသော ဆေးပြားပုံစံ

-ကနဦးဆေးပမာဏ —–> ၁၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်။

-အနာသက်သာစေရေးအတွက် လိုအပ်ပါက ၂ရက်ခြား သို့မဟုတ် ၃ရက်ခြား တခါ ၁၀၀မီလီဂရမ်စီ တိုးသွားနိုင်သည်။

-အများဆုံးသောက်သုံးနိုင်သည့် ပမာဏ = တစ်နေ့လျှင် ၃၀၀ မီလီဂရမ်

Tramadol (ထရာမာဒေါ) ကိုဘယ်လိုရရှိနိုင်သလဲ

Tramadol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်ခြင်း၏ လက္ခဏာများမှာ

• သူငယ်အိမ်ကျဉ်းခြင်း။

• အသက်ရှုရခက်ခြင်း။

• အလွန်အမင်း လေးလံထိုင်းမှိုင်းခြင်း။

• သတိလစ်ခြင်း။

• ကိုမာဝင်ခြင်း (ကာလကြာရှည် သတိလစ်မေ့မြောခြင်း)

• နှလုံးခုန် နှေးခြင်း။

• ကြွက်သားများ အားနည်းခြင်း။

• အသားအရေများ အေးစက်ခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tramadol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement