backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Toujeo (တိုဂျီရို)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Toujeo (တိုဂျီရို) ကို ဘာအတွက်အသုံးပြုကြသလဲ

Toujeo® ဆိုသည်မှာ ခန္ဓါကိုယ်မှထုတ်သောဟော်မုန်းတစ်ခုနှင့်တူအောင် လူဖန်တီးထားသောဆေး ဖြစ်သည်။ အင်ဆူလင်သည် သွေးတွင်းသကြားဓါတ် လယ်ဗယ်ကိုချပေးခြင်းဖြင့် အာနိသင်ပြပါသည်။ အင်ဆူလင် Glargineကတော့ ဆေးထိုးပြီးနောက် နာရီများစွာကြာသည့်တိုင် အာနိသင်ပြသော Long-acting ဆေးဖြစ်ပြီး ၂၄ နာရီအထိအလုပ်လုပ်နိုင်ပါသည်။

Toujeo® SoloStarဆေးထိုးဖောင်တိန်ကိုဆီးချိုရှိသောလူကြီးများနှင့် ကလေးများတွင် သွေးတွင်းသကြားဓါတ်အားထိန်းရန် သုံးကြသည်။ တစ်ချို့ဆေးကုန်များကတော့ လူကြီးများတွင်သာသုံးနိုင်သောကြောင့် သတိပြုပါ။ သင်သုံးနေသည့် အင်ဆူလင်ဂလာဂျင်းဆေးကုန်အလိုက် ညွှန်ကြားချက်များကိုလိုက်နာပါ။

Toujeo®ကိုအမျိုးအစား ၂ ဆီးချိုရှိသောလူကြီးများတွင်သုံးသည်။ Toujeo®ကိုအမျိုးအစား ၁ ဆီးချိုရှိသောလူကြီးများနှင့် အသက် ၆ နှစ်အထက် ကလေးများတွင် အသုံးပြုနိုင်ပါသည်။

Toujeo (တိုဂျီရို) ဘယ်လိုသောက်သုံးသင့်သလဲ

Toujeo®ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသုံးစွဲပါ။ ဆေးအညွှန်းတွင်ပါသည်များကိုသေချာလိုက်နာပါ။ ဆေးကိုညွှန်ကြားထားသောပမာဏ၊ အချိန်ကာလထက် ပိုသောက်ခြင်းမျိုးမလုပ်ရပါ။

သင့်ကိုပေးထားသမျှ လူနာဆိုင်ရာအချက်အလက်များ၊ ဆေးအညွှန်းစာများကိုအကုန်ဖတ်ပါ။ မေးလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးမြန်းပါ။

Toujeo®နာမည်နှင့် အင်ဆူလျှင်ဂလာဂျင်းတွင်Lantus သို့မဟုတ်Basaglarတံဆိပ်များထက် 1 mL ကိုအင်ဆူလင် ၃ ဆ ပိုပါပါသည်။ Toujeo® 1 mL တွင် 300 mg အင်ဆူလင်ပါပြီးLantus သို့မဟုတ်Basaglarတွင် 1mL ကို 100 mg အင်ဆူလင်ပါပါသည်။

တံဆိပ်၊ ပြင်းအား၊ အင်ဆူလင်အမျိုးအစားပြောင်းသုံးမည်ဆိုပါကဆေးပမာဏပြောင်းလဲရန် လိုကောင်းလိုနိုင်ပါသည်။

အင်ဆူလင်ကိုအရေပြားအောက်တွင်ထိုးရ၏။ အိမ်၌ ဆေးထိုးရန်အတွက် သင်ကြားပေးပါလိမ့်မည်။ ဆေးထိုးပုံ၊ အသုံးပြုပြီးသာဆေးထိုးအပ်ဆေးပြွန်များအားစွန့်ပစ်ပုံများကိုသေချာမသိပါကကိုယ်ဟာကိုယ်အသုံးပြုခြင်းမျိုးမလုပ်ရပါ။

Toujeo®ကိုအင်ဆူလင်ပန့် သို့မဟုတ် တခြားအင်ဆူလင်များနှင့်ရော၍ မပေးသင့်ပါ။ အင်ဆူလင်ဂလာဂျင်းအာအကြောထဲသို့မဟုတ် ကြွက်သားထဲထိုးခြင်းမျိုးမလုပ်ရပါ။

Toujeo®ကိုများသောအားဖြင့် နေ့စဉ် တူညီသောအချိန်တွင်သာထိုးရ၏။ ကျန်းမာရေးဝန်ထမ်းမှ Toujeo®ထိုးရန် အကောင်းဆုံးနေရာကို ပြပေးပါလိမ့်မည်။ တစ်ခါထိုးတိုင်းမတူညီသောနေရာတွင်ထိုးပါ။ တစ်နေရာတည်းကိုဆက်တိုက် ၂ ကြိမ်ထိုးခြင်းမျိုးမပြုလုပ်ပါနှင့်။

Toujeo® နှင့်တွဲပါသောSoloStarဆေးထိုးဖောင်တိန်နှင့်သာထိုးပါ။ မသုံးခင်တိုင်းအပ်အသစ်ပြောင်းတပ်ပေးရမည်။ SoloStarဖောင်တိန်မှ အင်ဆူလင်အားဆေးထိုးပြွန်ထဲသို့ ပြောင်းထည့်ခြင်းများမပြုလုပ်ရ။

ဆေးထိုးအပ်လဲထားပါသည်ဆိုတောင်မှ ဆေးထိုးဖောင်တိန်ကိုတခြားသူများနှင့် ဘယ်တော့မှ မျှမသုံးပါနှင့်။ ဤကဲ့သိုပစ္စည်းများကို မျှဝေခြင်းက ပိုးရောဂါများတစ်ဦးနှင့်တစ်ဦးကူးစက်သွားစေနိုင်ပါသည်။

တစ်ခါသုံးအပ်ကိုတစ်ခါသာသုံးပါ။ ဆေးထိုးအပ် ဆေးထိုးဖောင်တိန်များအားစွန့်ပစ်ရာတွင် ဒေသအလိုက် ဥပဒေများကိုလိုက်နာပါ။ အပ်မပေါက်နိုင်သောအာမခံပုံးများ (ဝယ်ယူရန် ဆေးဆိုင်များတွင်မေးနိုင်ပါသည်။ စွန့်ပစ်ပုံကိုပါ မေးပါ။) ကိုသုံးပါ။ ထိုပုံးများကိုကလေးများ၊ တိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

ဆီးချိုရှိသူတိုင်းသွေးသကြားဓါတ်ထိုးကျခြင်း ဖြစ်တတ်ပါသည်။ လက္ခဏာများမှာခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ ချွေးထွက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် စိုးရိမ်သလိုခံစားရခြင်းတို့ဖြစ်သည်။ သွေးသကြားဓါတ်ကျခြင်းကို မြန်မြန်ကုသရန်အတွက် အာနိသင်အမြန်ပြသည့် သကြားရင်းမြစ်များဖြစ်သောသစ်သီးဖျော်ရည်၊ ချိုချဉ်၊ ဘီစကစ် နှင့် ဆိုဒါများကိုအမြဲဆောင်ထားပါ။

သွေးသကြားဓါတ်ကျခြင်းမှာအတော်ဆိုးပြီးမစားနိုင်မသောက်နိုင်အထိဖြစ်ပါက ဆရာဝန်မှ glucagon emergency injection kitကိုညွှန်ပါလိမ့်မည်။ ဤဆေးကိုအရေးပေါ် မည်သို့ထိုးရကြောင်းသင့်မိသားစု၊ သင့်မိတ်ဆွေများသိအောင် ပြောပြထားပါ။ ထို့အတူသွေးသကြားဓါတ် တိုးလာသည့်လက္ခဏာများဖြစ်သောရေဆာခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်ေဝဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းများကိုလည်းသတိပြုရမည်။

သွေးသကြားဓါတ်လယ်ဗယ်ကိုဖိစီးမှုများ၊ ဖျားနာခြင်း၊ ခွဲစိတ်ခြင်း၊ လေ့ကျင့်ခန်း၊ အရက်နှင့် အစားတစ်နပ် မစားမိခြင်းတို့ကသက်ရောက်မှုရှိစေနိုင်ပါသည်။ အင်ဆူလင်ပမာဏသို့မဟုတ် သုံးမည့်အချိန်ဇယားမပြောင်းလဲခင် ဆရာဝန်ကိုအရင်မေးပါ။

Toujeo®သည် ကုသမှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီးလေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးတွင်းသကြားဓါတ်စစ်ခြင်းနှင့် အထူးဆေးကုသမှုများစုပေါင်းလုပ်ဆောင်ရပါသည်။ ဆရာဝန်ညွှန်ကြားသမျှကိုသေချာလိုက်နာပါ။

Toujeo (တိုဂျီရို) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးကိုနဂိုပါသောဗူးနှင့်သာအလင်းအပူမထိအောင် သိမ်းရမည်။ အင်ဆူလင်ကိုခဲအောင်မလုပ်ရပါ။ ရေခဲသေတ္တာတွင် အေးမြသည့်နေရာတွင်သာထားပါ။ ခဲသွားသောအင်ဆူလင်များကိုတော့ လွှင့်ပစ်လိုက်ပါ။

Toujeo®SoloStarဖောင်တိန်များကိုမဖွင့်ရသေးပါက

  • ရေခဲသေတ္တာထဲတွင်သိမ်းထားပြီးရက်မလွန်ခင်သုံးပါ။

ဖွင့်ပြီးပါက

  • ဖောင်တိန်ကိုအခန်းတွင်းအပူချိန်မှာသာထားပါ။ (ရေခဲသေတ္တာထဲမထည့်ရ)။ ၄၂ ရက်အတွင်းသုံးပါ။
  • Toujeo®SoloStarဖောင်တိန်ကိုအပ်နှင့်တွဲလျက်သားထားခြင်းမျိုးမလုပ်ရ။

ဆေးရည်နောက်နေခြင်း၊ အရောင်ပြောင်းနေခြင်း၊ အမှုန်များရှိနေခြင်းတို့ဖြစ်နေပါကမသုံးပါနှင့်။ အသစ်ထပ်ဝယ်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Toujeo (တိုဂျီရို) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Toujeo®တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

အင်ဆူလင်နှင့်ဓါတ်မတည့်လျှင်၊ သွေးသကြားဓါတ် ခဏခဏနည်းတတ်လျှင် Toujeo®ကိုမသုံးသင့်ပါ။

Toujeo®ကိုအသက် ၆ နှစ်အောက်ကလေးများတွင် မပေးသင့်။ Toujeo®ကိုအမျိုးအစား ၂ ဆီးချိုရှိကလေးများတွင် ဘယ်အရွယ်ဖြစ်ပါစေမသုံးသင့်ပါ။

Toujeo®သုံးရာတွင် စိတ်ချရစေရန် အောက်ပါတို့ရှိပါက ဆရာဝန်ကိုပြောပါ။

  • အသည်း၊ ကျောက်ကပ်ရောဂါ
  • သွေးတွင်းပိုတက်စီယမ်နည်းခြင်း
  • Diabetic ketoacidosis (ဆေးကုသမှု ခံယူရန် ဆရာဝန်ကိုခေါ်ပါ)

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Toujeo (တိုဂျီရို) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Toujeo (တိုဂျီရို) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Toujeo® နှင့်ဓါတ်မတည့်သည့် လက္ခဏာများဖြစ်သောဆေးထိုးသည့်နေရာမှ နီခြင်း၊ ဖောင်းကြွခြင်း၊ တစ်ကိုယ်လုံးယားယံပြီးအပိန့်များထခြင်း၊ အသက်ရှူရခက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မေ့လဲတော့မလိုခံစားရခြင်း၊ လျှာနှင့် လည်ချောင်းဖောင်းကြွလာခြင်းများ ဖြစ်လာပါကအရေးပေါ်ဆေးကုသမှု ခံယူရမည်။

အောက်ပါဖြစ်လာလျှင် ဆရာဝန်နှင့်ပြပါ။

  • Fluid retention – ကိုယ်အလေးချိန်တက်ခြင်း၊ လက်ခြေများဖောရောင်ခြင်း၊ အသက်ရှူမဝခြင်း။
  • ပိုတက်စီယမ်နည်းခြင်း – ကြွက်တက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်တုန်ခြင်း၊ ရေဆာခြင်း၊ ဆီးခဏခဏသွားခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားအားနည်းခြင်း။
  • အဖြစ်များသောဘေးထွက်ဆိုးကျိုးများ –

    • သွေးသကြားဓါတ်ကျခြင်း
    • ယားခြင်း၊ အပိန့်ထခြင်း
    • ဆေးထိုးသည့်အရေပြားတွင် ထူလာခြင်း၊ အပေါက်ဖြစ်ခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Toujeo (တိုဂျီရို) နဲ့ ဓါတ်ပြုနိုင်သလဲ

    Toujeo® (insulin glargine)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

    အစားအသောက်တွေနဲ့ အရက်က Toujeo (တိုဂျီရို) နဲ့ ဓါတ်ပြုနိုင်သလား

    Toujeo® (insulin glargine) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Toujeo (တိုဂျီရို) နဲ့ ဓါတ်ပြုနိုင်သလဲ

    Toujeo® (insulin glargine)သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Toujeo (တိုဂျီရို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အင်ဆူလင်မသုံးဖူးသူများတွင် စပေးရမည့်ပမာဏ

    အမျိုးအစား ၁ ဆီးချို

    အင်ဆူလင်မသုံးဖူးသူအမျိုးအစား ၁ ဆီးချိုသမားများတွင် ထောက်ခံချက်ပေးထားသောToujeo®စပေးရမည့်ပမာဏမှာတစ်နေ့တာပေးရမည့် အင်ဆူလင်ပမာဏ၏ သုံးပုံးတစ်ပုံမှ တစ်ဝက်အထိ ဖြစ်သည်။ ကျန်ရှိနေသောပမာဏကိုအာနိသင်ရေတိုပြသည့် အင်ဆူလင်နှင့်အစားထိုးပေးရပြီးနေ့စဉ်ထမင်းစာချိန်များကြားခွဲပေးရပါသည်။ ယေဘုယျအနေနှင့် 0.2 to 0.4 units/kg အင်ဆူလင်နှုန်းနှင့် တစ်နေ့တာပေးရမည့်အင်ဆူလင် ပမာဏကိုတွက်နိုင်ပါသည်။

    Toujeo® ၏ ဆီးချိုကျစေသည့်အာနိသင်မှာအမြင့်ဆုံးရောက်ရန် ၅ ရက်ကြာပါသည်။ ပထမဆုံးအကြိမ်တွင် ပထမ ၂၄ နာရီအတွက်လိုအပ်သော metabolic လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည် မဟုတ်ပါ။ Toujeo®ကိုစပေးသည့်အခါ အင်ဆူလင်လိုအပ်ချက်မလုံလောက်ခြင်းအားလျော့ချနိုင်ရန် သွေးသကြားဓါတ်ကိုနေ့စဉ်စစ်ခြင်း၊ Toujeo®ပမာဏကိုချိန်ညှိခြင်းနှင့် တွဲဖက် ဆီးချိကျ ကုထုံးများကိုတွဲပေးခြင်းများ ပြုလုပ်ရန်လိုနိုင်ပါသည်။

    အမျိုးအစား ၂ ဆီးချို

    အမျိုးအစား ၂ ဆီးချိုရှိအင်ဆူလင်မသုံးဖူးသူများတွင် Toujeo®အားစပေးရမည်သတ်မှတ်ပမာဏမှာတစ်ရက်လျှင် 0.2 units/kg နှုန်းနှင့် တစ်ကြိမ်ဖြစ်သည်။ သွေးသကြားဓါတ်ကျခြင်းအားနည်းစေနိုင်ရန်အတွက် Toujeo®ကိုစပေးသည့်အခါ တခြားသောဆီးချိုကျဆေးများကိုချိန်ညှိရန်လိုနိုင်ပါသည်။

    အင်ဆူလင်ပေးထားပြီးသာအမျိုးအစား ၁ ၊ ၂ လူနာများတွင် စပေးရမည့်ပမာဏ

    နေ့စဉ်သုံးlong-acting or intermediate actingအင်ဆူလင်များမှ Toujeo® ကိုပြောင်းပေးသည့်အခါ သွေးသကြားဓါတ်ကျခြင်းအားနည်းစေနိုင်ရန်အတွက် Toujeo® စပေးရမည်ပမာဏကို Long-acting ဆေးပမာဏအတိုင်းပေးရပါမည်။

    LANTUS (insulin glargine, 100 units/mL) နှင့် ထိန်းနိုင်နေသောလူနာများအတွက် ထိုသို့ထိန်းနိုင်သည့်လယ်ဗယ်ကိုမှီရန် Toujeoနေ့စဉ်ပမာဏအများကြီးလိုနိုင်ပါသည်။

    တစ်ရက်နှစ်ကြိမ်ပေးရသောNPH insulin မှ တစ်ရက်တစ်ကြိမ်ပေးရသောToujeo®ကိုပြောင်းပေးသည့်အခါ သွေးသကြားဓါတ်ကျခြင်းအားနည်းစေနိုင်ရန်အတွက် Toujeo® စပေးရမည်ပမာဏသည် NPH ပမာဏ၏ ၈၀% ဖြစ်သည်။

    Toujeo® ကိုပြောင်းပေးသည့်အခါ သွေးသကြားဓါတ်ကျခြင်းအားနည်းစေနိုင်ရန်အတွက် ဆေးစပေးသည့်ပထမပတ်ကိုသွေးသကြားဓါတ် မှန်မှန်စစ်ရန်လိုသည်။ Toujeo® ကိုတစ်ခါပေးတိုင်းပမာဏတစ်ခါချိန်ညှိရမည်။ တခြားသောဆီးချိုကျဆေးများ၏ပမာဏကိုလည်းချိန်ညှိရမည်။

    ကလေးတွေအတွက် Toujeo (တိုဂျီရို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

    Toujeo (တိုဂျီရို) ကိုဘယ်လိုရရှိနိုင်သလဲ

    Toujeo® (insulin glargine)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • ထိုးဆေးရည် : insulin glargine 300U in 1mL

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Toujeo® (insulin glargine)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement