backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tildiem (တေးလ်ဒီရမ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Tildiem (တေးလ်ဒီရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Tildiem® ကို ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ကုသ ရန် အသုံးပြုပါသည်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း ကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်း နှင့် ဆက်တိုက် ရင်ဘတ်အောင့်ခြင်း (Prinzmetal’s angina) တွင်ဖြစ်သည်။

Tildiem® ကို အခြားနေရာများတွင်လည်း အသုံးပြုနိုင်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Tildiem (တေးလ်ဒီရမ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြားကို ဖိခြေခြင်း၊ ချိုးခြင်း၊ ဝါးစားခြင်း မလုပ်ရ။ Tildiem® ကို ရေတစ်ဖန်ခွက်ဖြင့် မျိုချပါ။

Tildiem® ကို ဘယ်လိုသောက်ရမလဲကို ဆရာဝန်အား မေးမြန်းပါ။

Tildiem (တေးလ်ဒီရမ်) ဘယ်လိုသိမ်းဆည်းရမလဲ

Tildiem® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Tildiem® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Tildiem® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Tildiem® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tildiem (တေးလ်ဒီရမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ပညာရှင် နှင့် တိုင်ပင်ပါ။

  • ကိုယ်ဝန်ဆောင်နေပါက သို့မဟုတ် ကလေးနို့တိုက် နေပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကလေးရှိပါက ဆရာဝန်ထောက်ခံသော ဆေးများ ကိုသာ သောက် သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေပါက။ ဆေးဖက်ဝင်နှင့် တွဲဖက်ဆေးများ စသော ညွှန်ကြား ချက်မရှိဘဲ ဝယ်နိုင်သော ဆေးများအားလုံး ပါဝင် သည်။
  • Tildiem® သို့မဟုတ် အခြားဆေးများတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • အခြား ဖျားနာခြင်း၊ ရောဂါ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက
  • အစားအစာ၊ ဆိုးဆေး၊ တိရစ္ဆာန် စသည်တို့ဖြင့် ဓါတ်မတည့်မှု ရှိပါက

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tildiem (တေးလ်ဒီရမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

  • ကိုယ်ဝန်ဆောင်စဉ်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် ဤဆေး သုံးပါက ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ ဤဆေး မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဤဆေးသည် အမေရိကန် ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင် များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။
  • နို့တိုက်စဉ်

ဆေးသည် မိခင်နို့ကို ဖြတ်သွားနိုင်သည်။ ထို့ကြောင့် နို့စို့ ကလေးများတွင် ပြင်းထန်သော ဆိုးကျိုးများ ဖြစ်နိုင်သည်။ မိခင်အပေါ် ဆေး၏ အရေးကြီးမှုကို စဉ်းစားပြီး ဆေးကို ဖြတ် သင့်သလား နို့တိုက်ခြင်းကို ဖြတ်သင့်သလား ဆုံးဖြတ်ပါ။

သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေ ရပါက ဤဆေး မသုံးမီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tildiem (တေးလ်ဒီရမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။

  • ရောင်ရမ်းခြင်း သို့မဟုတ် ရုတ်တရက် ပူစပ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မအီမသာဖြစ်ခြင်း
  • အော့အန်ခြင်း
  • ဝမ်းပိတ်ခြင်း
  • ဝမ်းလျှောခြင်း
  • အစာ မကြေခြင်း
  • အစာအိမ် နာခြင်း
  • မူးဝေခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ထပ်ယောင်ထင်မှားဖြစ်ခြင်း
  • အိပ်မက်ဆိုးများ မက်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • စိတ်ခံစားမှု ပြောင်းလဲခြင်း
  • အိပ်စက်ရန် ခက်ခဲခြင်း
  • စိတ်လှုပ်ရှားခြင်း
  • တုန်ရီခြင်း
  • နားအူခြင်း
  • မှတ်ညဏ်မကောင်းခြင်း
  • ပါးစပ်ခြောက်ခြင်း
  • အစာစားချင်စိတ် ဆုံးရှုံးခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • နေပူမခံနိုင်ခြင်း
  • လှုပ်ရှားမှုများ ပုံမမှန်ခြင်း၊ ထိန်းမရခြင်း
  • ယားယံခြင်း၊ အဖုအပိမ့်များထွက်ခြင်း
  • ပူစပ်သလို ခံစားရခြင်း
  • Small round
  • အရေပြားပေါ်တွင် ယားဖုများ ထွက်ခြင်း
  • အားနည်းခြင်း၊ မောပန်းခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Tildiem (တေးလ်ဒီရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tildiem® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

Tildiem® နှင့် ဓါတ်ပြုနိုင်သော ဆေးအချို့မှာ-

  • Dantrolene
  • နှလုံးနှင့် သွေးတိုးကျဆေးများ ( ဥပမာ- beta blockers, digoxin, amiodarone, nitrates)
  • Cyclosporin
  • Rifampicin ( ပဋိဇီဝဆေး)
  • Cimetidine or ranitidine ( ပြည်တည်နာများ အတွက်)
  • Diazepam ( စိတ်ဓါတ်ကျခြင်း၊ အရက်ဖြတ်ခြင်း သို့ မဟုတ် စိုးရိမ်ပူပန်ခြင်း တို့အတွက်)
  • Carbamazepine ( စိတ်နှစ်ခွရောဂါ သို့မဟုတ် အတက်ရောဂါ အတွက်)
  • Lithium ( စိတ်နှစ်ခွရောဂါ အတွက်)
  • Theophylline ( ပန်းနာရင်ကြပ် နှင့် အခြား အသက် ရှူခြင်း ပြဿနာများအတွက်)
  • Prostate drugs
  • ရူသွင်းရသော မေ့ဆေး ။ ဥပမာ- halothane, isoflurane, enflurane
  • သွေး ကိုလက်စထရော ဆေး (simvastatin, lovastatin)
  • Benzodiazepines သို့မဟုတ် စိတ်ငြိမ်ဆေးများ ( ဥပမာ- midazolam, triazolam )
  • Corticosteroids ( ဥပမာ- methylprednisolone, prednisone, cortisone)
  • နှလုံးခုန်သံ မမှန်ခြင်းကို ကုသသော ဆေးများ

အစားအသောက်တွေနဲ့ အရက်က Tildiem (တေးလ်ဒီရမ်) နဲ့ ဓါတ်ပြုနိုင်သလား

Tildiem® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tildiem (တေးလ်ဒီရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tildiem® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိနိုင်သည်။ ထို သက်ရောက်မှု သည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။

သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။ အထူးသဖြင့် အောက်ပါတို့ရှိပါက အသိပေးပါ။

  • နှလုံးခုန်သံ စည်းချက် မမှန်ခြင်း
  • သွေးပေါင်ကျခြင်း
  • နှလုံးသွေးကြောကျဉ်းရောဂါ ရုတ်တရက် ဖြစ်ခြင်း သို့မဟုတ် နှလုံးနှင့် ဆိုင်သော ရောဂါများ
  • ကျောက်ကပ် သို့မဟုတ် အသည်း လုပ်ငန်း မကောင်း ခြင်း
  • ဆီးချိုသွေးချို

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tildiem (တေးလ်ဒီရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများ

  • ပုံမှန်ပမာဏသည် ဆေးတစ်ပြား ( ၆၀ မီလီ ဂရမ်) ကို နေ့စဉ် သုံးကြိမ်ဖြစ်သည်။
  • လိုအပ်ပါက ခွဲထားသော ဆေးပမာဏကို တစ်နေ့ ၃၆၀ မီလီဂရမ်အထိ တိုးနိုင်သည်။
  • အထူးသဖြင့် မတည်ငြိမ်သော ရင်ဘတ်နာခြင်း ရှိသော လူနာများ တွင် တစ်နေ့လျှင် ၄၈၀ မီလီဂရမ် အထိ မြှင့်ပြီးပေးနိုင်သည်။

အသက်ကြီးသူများ နှင့် အသည်း သို့မဟုတ် ကျောက်ကပ် မကောင်းသည့် လူနာများ

  • ထောက်ခံထားသော စတင်ပေးသည့် ပမာဏသည် ဆေးတစ်ပြား (၆၀ မီလီဂရမ်) ကို တစ်နေ့ နှစ်ကြိမ် ဖြစ်သည်။
  • ဤလူနာများတွင် နှလုံးခုန်နှုန်းကို ပုံမှန်တိုင်းတာ သင့်သည်။ နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၅၀ အောက် ကျပါက ဆေးပမာဏကို မမြှင့်သင့်ပါ။

ကလေးတွေအတွက် Tildiem (တေးလ်ဒီရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Tildiem (တေးလ်ဒီရမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Tildiem® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • Tildiem® ၆၀ မီလီဂရမ် diltiazem Modified- Release Tablets

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။

အရေးပေါ်အခြေအနေတွင် သင်သောက်နေသော ဆေးများ အားလုံး ( သောက်ရန် ညွှန်ကြားထားသော ဆေးများ နှင့် အလွယ်တကူဝယ်ရသော ဆေးများ) ၏ စာရင်းကို ယူလာရန်အရေးကြီးသည်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Streptase® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement