Generic Name: Tidocol (တီဒိုကော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Tidocol (တီဒိုကော) ကို ဘာအတွက်အသုံးပြုကြသလဲ

Tidocol ကိုများသောအားဖြင့် အနုစားအဆင့်နှင့် အလယ်လတ်အဆင့် အူရောင်ရောဂါများကို ကုသရန် အတွက် အများဆုံး အသုံးပြုကြပါသည်။ ထို့ပြင် ကုသရန်အပြင် ထပ်မဖြစ်အောင် ကာကွယ်ရန်အတွက်လည်း အသုံးပြုပါသည်။

ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီ အခြားသော ရောဂါများအတွက်လည်း အသုံးပြုကြပါသည်။

Tidocol (တီဒိုကော) ဘယ်လိုသောက်သုံးသင့်သလဲ

Tidocol ကို အစာနှင့် ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေ သောက်နိုင်ပါသည်။ ထမင်းစားပြီးချိန်သောက်ခြင်းက ပိုသင့်တော်ပါသည်။ဆေးကို ရေတဖန်ခွက်ဖြင့် သောက်ပါ။

ဆေးကို အလုံးလိုက်မြိုချပါ။ မ၀ါးရ၊ မချေရ။

အချိန်ကြာမြင့်စွာ အာနိသင်ထုတ်လွှတ်သောဆေးများသည် အစာအိမ်ထဲမှ အူသိမ်အထဲ ရောက်ချိန်အထိ အာနိသင်ရှိနေအောင် ဖော်စပ်ထားသောဆေးများ ဖြစ်ပါသည်။ထို့ကြောင့် ဆေးကို ချိုးဖဲ့လိုက်ခြင်းက အာနိသင်များကို စောစော ကုန်သွားစေပါသည်။

ဆေးကို အပြင်မှ တစ်လွှာကာထားသောပုံစံမျိုးသည် အစာအိမ်ကို မထိခိုက်အောင် ကာထားခြင်းဖြစ်ပါသည်

ဆေးသောက်ထားသော အလုံးလိုက်အတိုင်း ၀မ်းထဲတွင် ပါလာလျှင် ဆရာဝန်အား ပြောပြပါ။

ထိုဆေးသည် အခြားသော ကျန်းမာရေးဆေးစစ်ချက်များကို အဖြေမှားယွင်းနိုင်သည့်အတွက် ထိုဆေးသောက်နေပါက ဆရာဝန်အား ကြိုပြောထားသင့်ပါသည်။

ဆေးနှင့် ပတ်သက်ပြီး မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Tidocol (တီဒိုကော) ဘယ်လိုသိမ်းဆည်းရမလဲ

သောက်ဆေးကို ၂၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်တွင် သိမ်းပါ။

ဆေးတောင့်များကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်ထားပါ။ ၁၅ မှ ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်တွင် သိမ်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tidocol (တီဒိုကော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Tidocol ကို မသုံးစွဲရမည့် အခြေအနေများ

  • mesalazine, salicylates and sulfasalazine ဆေးများနှင့် ဓာတ်မတည့်လျှင်
  • ကျောက်ကပ်ရောဂါ ပြင်းထန်စွာခံစားနေရလျှင် (ဆီးအဆိပ် ဖယ်ရှားမှုနှုန်း 20 ml/min အောက်ဖြစ်လျှင်)
  • အသည်း ရောဂါ ပြင်းထန်လျှင်
  • အသက် ၂နှစ်အောက် ကလေးများတွင်

အထူးသတိပြုရမည့် အချက်များ

ကျောက်ကပ်ရောဂါနှင့် အသည်းရောဂါများ အလယ်လတ်အဆင့်နှင့် ရောဂါနုစဉ်အဆင့်ရှိသူများ (ဆီးအဆိပ်ကို ကုသမှုများမခံယူမီနှင့်  ပထမနှစ်အတွင်း သုံးလတကြိမ်၊ နောက် လေးနှစ်အတွင်း ခြောက်လတကြိမ် နှင့် နောက်နှစ်များတွင် နှစ်စဉ် စစ်ဆးရပါမည်။)၊အသက်ကြီးသူများ၊ အစာအိမ်အနာဖြစ်နေသူများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ နှလုံးကြွက်သားများရောင်ရမ်းနေသူများ သည် သတိနှင့် သောက်သင်ပါသည်။

ဆေးသောက်နေရင်း သွေးထွက်ခြင်း၊ သွေးခြေဥခြင်း၊ သွေးခြေဥကွက်များဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နုံးချိခြင်း များခံစားလာရလျှင် သွေးစစ်ပြီး သွေးထဲတွင် သွေးဥများ မူမမှန်ဖြစ်ပါက ဆေးကို ရပ်ရမည်ဖြစ်ပါသည်။

ထို့ပြင် ဆေးတောင့်များသည် ၀မ်းတွင် ကျိုးပဲ့ပြီးပါလာခြင်း၊ အတောင့်လိုက်ပါလာခြင်းများဖြစ်သော် ဆရာဝန်အား ပြောပြရပါမည်။

အစာအိမ်အဆုံးပိုင်းကျဉ်းနေသူများသည် အူအတွင်းသို့ ဆေးအာနိသင်များ ထုတ်လွှတ်မှုကို နှောင့်နှေးစေပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tidocol (တီဒိုကော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tidocol (တီဒိုကော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

အောက်ပါ ဆိုးကျိုးများ ခံစားရပါက ဆေးကို ရပ်ပြီး ဆရာဝန်ထံဆက်သွယ်ရမည် ဖြစ်ပါသည်။

  • ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ခြင်း၊ သွေးဝမ်းသွားခြင်း
  • ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားတွင် အနီကွက်များ ထွက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း၊မောခြင်း
  • ပျို့ခြင်း၊ အစာအိမ်အပေါ်ပိုင်း အောင့်ခြင်း၊ ယားခြင်း၊ ခံတွင်းပျက်ခြင်း၊ ဆီးအရောင်ရင့်ရင့်သွားခြင်း၊ ၀မ်းအရောင်ဖျော့ဖျော့သွားခြင်း ၊ အသားဝါခြင်း၊ မျက်လုံးများဝါခြင်း
  • ဆီးအသွားနည်းခြင်း၊ ဆီးမသွားခြင်း
  • ကိုယ်ခန္ဓာဖောရောင်ခြင်း၊ အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်လာခြင်း
  • ကတ္တရာစေးရောင် ၀မ်းမဲမဲသွားခြင်း၊ကော်ဖီအနှစ်ရောင်များ အန်ခြင်းတို့ဖြစ်ပါသည်။

အောက်ပါတို့သည် အဖြစ်များသော ဆိုးကျိုးများဖြစ်ပါသည်။

  • ဗိုက်အောင့်ခြင်း၊ လေပွခြင်း
  • ခေါင်းကိုက်ခြင်း
  • အသည်း၏ လုပ်ငန်းဆောင်တာများ မူမမှန်ခြင်း တို့ဖြစ်ပါသည်။

 (ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Tidocol (တီဒိုကော) နဲ့ ဓာတ်ပြုနိုင်သလဲ

Tidocol ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အောက်ပါ ဆေးများသည် Tidocol

နှင့်ဓာတ်ပြုနိုင်သောဆေးများဖြစ်ပါသည်။

  • Azathioprine
  • Mercaptopurine
  • Aspirin, ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, diclofenac, indomethacin, meloxicam စသည့် NSAIDs အရောင်ကျဆေး အကိုက်အခဲပျောက်ဆေးများ

အထက်ဖော်ပြပါများအပြင် ဆရာဝန်ညွှန်ကြားထားသော ၊ မညွှန်ကြားဘဲသောက်သုံးနေသောဆေးများ၊ သဘာဝဆေးဘက်ဝင်ဆေးများအားလုံးနှင့်လည်း ဓာတ်မတည့်မှုများဖြစ်နိုင်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Tidocol (တီဒိုကော) နဲ့ ဓာတ်ပြုနိုင်သလား

Tidocol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tidocol (တီဒိုကော) နဲ့ ဓာတ်ပြုနိုင်သလဲ

Tidocol ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်မှာ

  • ကျောက်ကပ်၊ နှလုံး အသည်း ရောဂါများရှိလျှင်
  • အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိတ်ဆို့သောရောဂါများ ရှိလျှင် သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tidocol (တီဒိုကော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

400 mg ဆေးပြားကို တနေ့သုံးကြိမ် ၆ ပတ် သောက်ပါ။

 

ကလေးတွေအတွက် Tidocol (တီဒိုကော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပုံမှန်အားဖြင့် ရောဂါ ခံစားနေရသော ကလေးများတွင်

ကိုယ်အလေးချိန်အပေါ်မူတည်ပြီး သောက်သုံးပါသည်။

၁၇ ကီလိုမှ ၃၃ ကီလိုအတွင်း တနေ့လျှင် 36 to 71 mg/kg ကို ၂ ကြိမ်ခွဲသောက်ပါ။

အများဆုံးသောက်သုံးနိုင်သော ပမာဏမှာ တနေ့လျှင် 1.2 g ဖြစ်ပါသည်။

၃၃ ကီလိုမှ ၅၄ ကီလိုအတွင်း တနေ့လျှင် 37 to 61 mg/kg ကို ၂ ကြိမ်ခွဲသောက်ပါ။

အများဆုံးသောက်သုံးနိုင်သော ပမာဏမှာ တနေ့လျှင် 2 g ဖြစ်ပါသည်။

၅၄ ကီလိုမှ ၉၀ ကီလိုအတွင်း တနေ့လျှင် 27 to 44 mg/kg ကို ၂ ကြိမ်ခွဲသောက်ပါ။

အများဆုံးသောက်သုံးနိုင်သော ပမာဏမှာ တနေ့လျှင် 2.4 g ဖြစ်ပါသည်။

ဆေးအားလုံးကိုသောက်ရန် ကြာချိန် ၆ ပတ်ဖြစ်ပါသည်။

Tidocol (တီဒိုကော) ကိုဘယ်လိုရရှိနိုင်သလဲ

Tidocol ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံနှင့်  ရရှိနိုင်ပါတယ်။

  • 400 mg ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tidocol ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 28, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 28, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ
ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ