Thiamphenicol (သိုင်ယမ်ဖန်နီကောလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Thiamphenicol (သိုင်ယမ်ဖန်နီကောလ်) Brand Name(s): Generics only. No brands available.

အဓိပ္ပါယ်ဖွင့်ဆိုချက်

thiamphenicol ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Thiamphenicol ကို အူရောင်ငန်းဖျား၊ဘက်တီးရီးယားပိုးဝင်ခြင်း(Salmonella sp;) ၊အခြားသော ပြင်းထန်သည့် ပိုးဝင်ခြင်းများ (H.infulenza)၊ ဦးနှောက်အမြှေးပါးရောင်ခြင်း (N.meningitides or S.pneumonia)၊ဆီးပူညောင်းကျ အပါအဝင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း စသည်တို့အတွက် အသုံးပြုပါသည်။

သောက်သုံးမှု နှင့် သိမ်းဆည်းနည်း

Thiamphenicol ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဆေးပြားအဖြစ်လာပြီး အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်ပါသည်။

Thiamphenicol ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Thiamphenicol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ thiamphenicol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ thiamphenicol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Thiamphenicol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။

Thiamphenicol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Thiamphenicol ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအချက်များရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
• ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ပြောပြပါ။ ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်ချိန်တွင် ဆရာဝန်ညွှန်ကြားသော ဆေးများကိုသာ သောက်သင့်ပါသည်။
• သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။
• thiamphenicol သို့မဟုတ် အခြားဆေးများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ

Thiamphenicol က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပါသည်။

  • ဓါတ်မတည့်ခြင်း။
  • ဗိုက်နာဗိုက်အောင့်ခြင်း၊ဝမ်းပျက်ခြင်း။
  • ပါးစပ်နှင့် နှုတ်ခမ်းတဝိုက် အနာများပေါက်ကာ ရောင်ရမ်းခြင်း။
  • ဦးနှောက်ရောဂါများ။
  • စိတ်ကျဝေဒနာခံစားရခြင်း၊ခေါင်းကိုက်ခြင်း။
  • အကြားအာရုံထိခိုက်ခြင်း။
  • သွေးအားနည်းရောဂါ။
  • Jarish-Herxheimer reaction။

တာရှည်စွဲသုံးပါက သွေးယိုခြင်း၊ အာရုံကြောထိခိုက်ခြင်း နှင့် မျက်စိအာရုံကြော ရောင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက thiamphenicol နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Thiamphenicol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Thiamphenicol သည် tolbutamide,phenytoin,dicumoral နှင့် အသည်းမှ ချေဖျက်သည့် အခြားသော ဆေးများ၏ အာနိသင်ကို ပြောင်းလဲစေပါသည်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက thiamphenicol နဲ့ ဓါတ်ပြုနိုင်ပါသလား။

Thiamphenicol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက thiamphenicol နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Thiamphenicol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ဓါတ်မတည့်ခြင်းများ။
• မူလကတည်းက ရိုးတွင်းချဉ်ဆီကောင်းစွာ အလုပ်မလုပ်နိုင်သော အခြေအနေများ ရှိခြင်း။
• သွေးရောဂါများ။
• ကာကွယ်ဆေးထိုးခြင်း။
• ပြင်းထန်သော အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါများရှိခြင်း။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ thiamphenicol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

• လိင်မှတဆင့်ကူးစက်သော ရောဂါများအတွက်
စုစုပေါင်း ၁.၅ ဂရမ်ကို သင့်တော်သလို အကြိမ်ရေခွဲပေးနိုင်သလို ပြင်းထန်သော ပိုးဝင်ခြင်းများအတွက် တနေ့လျှင် ၃ဂရမ် အထိပေးနိုင်သည်။

• ဆီးပူညောင်းကျရောဂါအတွက်
ပထမ တစ်ရက်နှစ်ရက် အတွက် —> တနေ့လျှင် ၂.၅ ဂရမ် သောက်နိုင်သည်။
သို့မဟုတ် ပထမနေ့တွင် ၂.၅ ဂရမ် သောက်ပြီး နောက်ထပ်လေးရက်တွင် တရက်လျှင် ၂ဂရမ်စီ သောက်ရမည်။
ကလေးငယ်တွေမှာ thiamphenicol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
ကလေးလူနာများမှာ ဘယ်လောက် အချိုးအစား ပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

• ပိုးဝင်ခြင်းများအတွက် : 30 – 100 mg/kg/day ပမာဏ ဖြင့် ပေးရမည်။
thiamphenicol ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
thiamphenicol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• သောက်ရန်ဆေးတောင့် : ၂၅၀၊ ၅၀၀ မီလီဂရမ်။
• သောက်ရန်ဆေးပြား : ၁ ဂရမ်။
• ဆေးရည်

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Thiamphenicol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုင် 25, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 16, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။