Generic Name: Tetracycline (တက်ထရာဆိုက်ကလင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Tetracycline (တက်ထရာဆိုက်ကလင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Tetracycline ကို ဝက်ခြံအပါအဝင် ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်သော ကူးစက်ရောဂါများကို ကုသရာ၌ အသုံးပြုသည်။ ၎င်းသည် ဘက်တီးရီးယားများ၏ ကြီးထွားပေါက်ပွားမှုကို ရပ်တန့်စေခြင်းဖြင့် အလုပ်လုပ်သည်။ Tetracycline ကို ဘက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါများတွင်သာ အသုံးပြုနိုင်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်သော တုပ်ကွေး၊အအေးမိခြင်း စသည်တို့အတွက် အသုံးမပြုနိုင်ပါ။မည်သည့် ပိုးသတ်ဆေးကိုမဆို မလိုအပ်ဘဲ သို့မဟုတ် လိုအပ်သည်ထက်ပိုပြီး အသုံးပြုပါက ယင်းပိုးသတ်ဆေးများ၏ အာနိသင်ကို လျော့ပါးစေသည်။
Tetracycline ကို အခြားသော ဆေးများနှင့်ပူးပေါင်းပြီး အစာအိမ်အနာဖြစ်ခြင်းကို ကုသရာတွင်လည်း အသုံးပြုသည်။

Tetracycline (တက်ထရာဆိုက်ကလင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Tetracycline သည် အစာမရှိသည့်အချိန် (အစာမစားခင် ၁နာရီ သို့မဟုတ် အစာစားပြီး ၂နာရီ)တွင် အကောင်းဆုံးအလုပ်လုပ်သည်။ အကယ်၍ ဗိုက်အောင့်လေ့ရှိပါက ဆေးကို အစာနှင့် သောက်၍ ရနိုင်မရနိုင်ကို သင့်ဆရာဝန်အား မေးမြန်းပါ။ ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိပါက ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်(၈အောင်စ သို့မဟုတ် ၂၄၀စီစီ) သောက်ပါ။ဆေးသောက်ပြီး ၁၀မိနစ်အတွင်း လှဲမအိပ်ရပါ။ ထို့ကြောင့် ဆေးကို ညအိပ်ရာဝင်ခါနီးအချိန်တွင် မသောက်ပါနှင့်။ မဂ္ဂနီဆီယမ်၊ အလူမီနီယမ်၊ ကယ်လ်ဆီယမ် ပါဝင်သော ဆေးများ (ဥပမာ။ ။antacid, quinapril, didanosine, vitamins/minerals, sulcralfate )နှင့် အနည်းဆုံး ၂နာရီ ခြားသောက်ပါ။ နို့ နှင့် နို့ထွက်ပစ္စည်းများ၊ ကယ်လ်ဆီယမ်ပမာဏ အများအပြားပါသော ဖျော်ရည်များ၊သံဓာတ်ပါသောဆေးများ၊စားစရာများ၊ဇင့် ဓာတ်ပါသောဆေးများ၊စားစရာများ၊ bismuth subsalicylate စသည်တို့နှင့်လည်း အနည်းဆုံး ၂နာရီ ခြားသောက်ပါ။ အထက်ပါ ဆေးနှင့် အစားအစာများသည် Tetracycline နှင့်ပေါင်းစပ်ပြီး သွေးထဲသို့ Tetracycline စုပ်ယူမှုကို တားဆီးပေးနိုင်၍ဖြစ်သည်။
သင့်ရောဂါအခြေအနေနှင့် ဆေးကိုတုန့်ပြန်ပုံအပေါ် မူတည်၍ သောက်ရမည့် ဆေးပမာဏ အမျိုးမျိုးကွဲပြားနိုင်သည်။အသက် ၈နှစ်အထက် ကလေးများတွင် ကိုယ်အလေးချိန်ကိုပါ ထည့်သွင်းစဉ်းစားသည်။
ပိုးသတ်ဆေးများ၏ အာနိသင် အများဆုံး နှင့် အကောင်းဆုံးရနိုင်စေရန် သင်ခန္တာကိုယ်ထဲတွင် ပိုးသတ်ဆေး ပမာဏအချိုးအစား တသတ်မတ်တည်းရှိနေရန် အရေးကြီးသည်။ထို့ကြောင့် ဆေးကို အချိန်မှန်မှန်သောက်ပါ။
ထို့အပြင် ဆေးသောက်ပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားသည့်တိုင် ဆေးကိုဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဆေးပတ်လည်သည်အထိ (သတ်မှတ်ရက်စေ့ချိန်အထိ) ဆက်သောက်ရန် အရေးကြီးပါသည်။ အကယ်၍သာ ဆေးပတ်မလည်ခင် ရောဂါပျောက်ပြီအထင်နှင့် ဆေးဆက်မသောက်တော့လျှင် ဘက်တီးရီးယားပိုးများ ဆက်လက်ပေါက်ဖွားကြီးထွားရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားကာ မကြာမီ ရောဂါလက္ခဏာများ တခါပြန်ပေါ်လာဦးမည် ဖြစ်ပါသည်။
ရောဂါမသက်သာခြင်း သို့မဟုတ်ပိုဆိုးလာခြင်းများရှိပါက ဆရာဝန်ကို အသိပေးပါ။

Tetracycline (တက်ထရာဆိုက်ကလင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Tetracycline ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tetracycline ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Tetracycline ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Tetracycline ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Tetracycline ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tetracycline (တက်ထရာဆိုက်ကလင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

—>ဓာတ်မတည့်ခြင်း
Tetracycline ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—->ကလေးသူငယ်များ
Tetracycline သည် သွားများကို အရောင်ပြောင်းစေပြီး အရိုးကြီးထွားဖွံ့ဖြိုးမှုကို လျော့နည်းစေပါသည်။ ကလေးဆရာဝန်မှ တိုက်ရိုက်ညွှန်ကြားချက်မရှိလျှင် Tetracyclineကို ၈နှစ်အောက် ကလေးများတွင် မသုံးရပါ။
—–>သက်ကြီးရွယ်အိုများ
ဆေးဝါးအများစုသည် အသက်ကြီးသူများတွင် စမ်းသပ်လေ့မရှိပေ။ထို့ကြောင့် ၎င်းဆေးများသည် လူငယ်လူရွယ်များတွင် အကျိုးသက်ရောက်မှုရှိသကဲ့သို့ အသက်ကြီးသူများတွင် အကျိုးသက်ရောက်မှုရှိမရှိ သေချာမသိရသလို မည်သည့်ဘေးထွက်ဆိုးကျိုးပြဿနာများ ဖြစ်ပေါ်မည်ကိုလည်း တိကျစွာမသိရချေ။ Tetracycline ကို သက်ကြီးရွယ်အိုများတွင် သုံးစွဲခြင်းသည် အခြား အသက်အရွယ်များတွင် သုံးစွဲခြင်းနှင့် ကွာခြားမှုရှိမရှိ တိကျသော သုတေသနပြုလုပ်ချက်များ မရှိပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tetracycline (တက်ထရာဆိုက်ကလင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tetracycline (တက်ထရာဆိုက်ကလင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက Tetracycline သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
• မူးနောက်နောက်ဖြစ်ခြင်း၊ခေါင်းကိုက်ခြင်း၊အမြင်အာရုံဝေဝါးခြင်း။
• ချမ်းတုန်ဖျားခြင်း၊တုပ်ကွေးကဲ့သို့ တကိုယ်လုံးကိုက်ခဲခြင်း
• အရည်ကြည်ဖုများ ဆိုးရွားစွာထွက်ခြင်း၊အရေပြားများကွာခြင်း၊နီရဲခြင်း။
• ပုံမှန်ထက်ဆီးနည်းခြင်း သို့မဟုတ် လုံးဝမသွားတော့ခြင်း
• အသားဝါ၊ဆီးအရောင်မည်း၊ဖျားနာ၊အားနည်း၊ကယောင်ကတမ်းဖြစ်ခြင်း။
• ဗိုက်အပေါ်ပိုင်းတွင် ပြင်းထန်စွာနာပြီး နောက်ကျောသို့ပါ ကူးသွားခြင်း၊ပျို့အန်၊ နှလုံးခုန်မြန်ခြင်း၊
• အစားအသောက်ပျက်ခြင်း၊အသားဝါခြင်း သို့မဟုတ် မျက်ဖြူသားဝါခြင်း။
• သွေးခြေဥလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ ပုံမှန်မဟုတ်သော အားနည်းခြင်း။
သာမန်ဘေးထွက်လက္ခဏာများမှာ
• စအိုတဝိုက်နှင့် လိင်အဂါင်္များတဝိုက်တွင် နာခြင်း၊ရောင်ခြင်း။
• မပြင်းထန်သော ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊ဗိုက်အောင့်ခြင်း။
• ခံတွင်းထဲနှင့် နှုတ်ခမ်းတွင် အဖြူရောင်အကွက်များ၊အနာများ ထွက်လာခြင်း။
• လျှာရောင်ရမ်းပြီး စကားပြောရခက်ခြင်း။
• မိန်းမကိုယ်ယားခြင်း၊မိန်းမကိုယ်မှ အဖြူဆင်းခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Tetracycline (တက်ထရာဆိုက်ကလင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Tetracycline ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Tetracycline ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ Tetracycline ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
• Acitretin
• Methoxyflurane

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Tetracycline နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Amoxicillin

• Ampicillin

• Atazanavir

• Bacampicillin

• Bexarotene

• Cloxacillin

• Dicloxacillin

• Digoxin

• Etretinate

• Isotretinoin

• Methicillin

• Methotrexate

• Nafcillin

• Oxacillin

• Penicillin G

• Penicillin G Benzathine

• Penicillin G Procaine

• Penicillin V

• Piperacillin

• Pivampicillin

• Sultamicillin

• Temocillin

• Tretinoin

အစားအသောက်တွေနဲ့ အရက်က Tetracycline (တက်ထရာဆိုက်ကလင်း) နဲ့ ဓာတ်ပြုနိုင်သလား

Tetracycline က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tetracycline (တက်ထရာဆိုက်ကလင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Tetracycline ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• Diabetes insipidus(ဟော်မုန်းဆိုင်ရာမှားယွင်းမှုကြောင့် ဆီးသွားများသော ရောဂါတစ်မျိုး)……….. Demeclocycline က ရောဂါကို ပိုဆိုးစေမည်။
• ကျောက်ကပ်ရောဂါ ………… (Doxycycline , minocycline တို့နှင့် မဆိုင်ပါ) ဆေး၏ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။
• အသည်း ရောဂါ ………… Doxycycline , minocycline တို့က ဆေး၏ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tetracycline (တက်ထရာဆိုက်ကလင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝက်ခြံအတွက်
—>၅၀၀မီလီဂရမ် တနေ့လျှင် ၂ကြိမ်ဖြင့် ဝက်ခြံအခြေအနေပေါ် မူတည်ပြီး ၂ပတ်သို့မဟုတ် ၂ပတ်ထက် ပိုသောက်နိုင်သည်။

လေပြွန်ရောင်ခြင်းအတွက်
—>၅၀၀မီလီဂရမ် ၆နာရီခြား တခါဖြင့် ရောဂါ အခြေအနေပေါ် မူတည်ပြီး ၇ ရက် မှ၁၀ရက် အထိ သောက်နိုင်သည်။ နာတာရှည်သမားများအတွက် ဆောင်းရာသီတွင် ကြိုတင်ကာကွယ်မှုအဖြစ် တပတ်လျှင် ၄ရက်၊၅ရက် ခန့် သောက်နိုင်သည်။

Brucellosis အတွက်(ကျွဲနွားတိရိစ္ဆာန်များမှကူးစက်တတ်သော ကူးစက်ရောဂါတစ်မျိုး)
—>၅၀၀မီလီဂရမ် တနေ့လျှင် ၄ကြိမ်ဖြင့် ၃ပတ်သောက်ရမည့် အပြင် ပထမ အပတ်တွင် Streptomycin အသားထိုးဆေးကို တနေ့လျှင်၂ကြိမ် ထိုးပြီး ဒုတိယအပတ်တွင် တနေ့၁ကြိမ်ထိုးရသည်။

Chlamydia (လိင်မှတစ်ဆင့် ကူးစက်တတ်သော)ကူးစက်ရောဂါအတွက်
—>ဆိုးရွားခြင်းမရှိသော ဆီး၊စအို၊မအဂါင်္အတွင်း ကူးစက်ခြင်းများအတွက် ၅၀၀မီလီဂရမ် တနေ့လျှင် ၄ကြိမ်ဖြင့် အနည်းဆုံး ၇ရက်
လိင်ဆက်ဆံဖက်ကိုပါ ကုသပေးရမည်။
CDC guideline အရ ကိုယ်ဝန်ဆောင်မဟုတ်သော chlamydia ကူးစက်ဝေဒနာရှင်များအတွက် doxycycline သောက်ဆေးသည် အကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။

Helicobacter pylori ပိုးအတွက် (အစာအိမ်အနာကို ဖြစ်စေသောပိုး)
—>၅၀၀မီလီဂရမ် ၆နာရီခြားတခါဖြင့် ၁၄ရက် သောက်ရမည့်အပြင် bismuth, metronidazole, H2 blocker တို့ကိုလည်း တွဲဖက်၍သောက်ရမည်။

Lyme Disease ကြောင့်ဖြစ်သော အဆစ်အမြစ်ရောင်ခြင်းအတွက်
—>၅၀၀မီလီဂရမ် ၆နာရီခြားတခါဖြင့် ရောဂါအခြေအနေပေါ်မူတည်ပြီး ၁၄ ရက်မှ ရက် ၃၀အထိ’

Lyme Disease ကြောင့်ဖြစ်သော နှလုံးရောင်ခြင်းအတွက်
—>၅၀၀မီလီဂရမ် ၆နာရီခြားတခါဖြင့် ရောဂါအခြေအနေပေါ်မူတည်ပြီး ၁၄ ရက်မှ ရက် ၃၀အထိ’

ကလေးတွေအတွက် Tetracycline (တက်ထရာဆိုက်ကလင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၈နှစ် နှင့်အထက်
စုစုပေါင်း 25-50mg/kg/dayကို တနေ့လျှင် ၄ခါ ညီမျှစွာခွဲ၍ သောက်နိုင်သည်။

Tetracycline (တက်ထရာဆိုက်ကလင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Tetracycline ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား —>၂၅၀မီလီဂရမ်၊ ၅၀၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tetracycline ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ