အသုံးပြုပုံများ
Tergynan (တာဂျင်နန်) ကို ဘာအတွက်အသုံးပြုကြသလဲ
Tergynan® ကို ဘတ်တီးရီးယားကြောင့် သားအိမ် လမ်းကြောင်း ရောင်ခြင်းတွင် အသုံးပြုနိုင်သည်။ ဥပမာ- banal pyogenic germs, desquamative leucorrhea, trichomonas, fungal due to Candida albicans နှင့် mixed between trichomas and yeasts တွင် အသုံးပြုနိုင် သည်။
Tergynan (တာဂျင်နန်) ဘယ်လိုသောက်သုံးသင့်သလဲ
သားအိမ်လမ်းကြောင်းတွင်းသို့ ထိုးမသွင်းခင် ဆေးလုံးကို စက္ကန့် ၂၀-၃၀ လောက် ရေစိမ်ပါ။ ဆေးကို ထည့်ပြီးနောက် ၁၅ မိနစ်ခန့် လဲလျောင်းနေပါ။
Tergynan (တာဂျင်နန်) ဘယ်လိုသိမ်းဆည်းရမလဲ
Tergynan® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Tergynan® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Tergynan® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Tergynan® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Tergynan (တာဂျင်နန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Tergynan® မသုံးမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
- Tergynan® တွင်ပါဝင်သော ပစ္စည်းများနှင့် ဓာတ် မတည့်ခြင်း
- အခြားဆေးများ၊ အစားအစာ၊ ဆိုးဆေး၊ တိရစ္ဆာန် တို့ဖြင့် ဓာတ်မတည့်ခြင်း
- အခြား ကျန်းမာရေးအခြေအနေများ ရှိခြင်း၊ Tergynan® နှင့် ဓာတ်ပြုနိုင်သော ဆေးများ သောက်နေရခြင်း
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tergynan (တာဂျင်နန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Tergynan® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Tergynan® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။
Tergynan® သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- A = ဆိုးကျိုးမရှိပါ။
- B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
- D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
- X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
- N = အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Tergynan (တာဂျင်နန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဤဆေးအသုံးပြုစဉ် ဖြစ်နိုင်သော (ဖြစ်ခဲသည်) ဘေးထွက်ဆိုးကျိုးများ မှာ-
- မအီမသာဖြစ်ခြင်း
- အော့အန်ခြင်း
- အစာစားချင်စိတ်မရှိခြင်း
- ပါးစပ်တွင် သတ္ထုအရသာ ရခြင်း
အလွန်ဖြစ်ခဲသော ဘေးထွက်ဆိုးကျိုးများမှာ-
- မူးဝေခြင်း
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- အင်ပျဉ်များထွက်ခြင်း
- လျှာတွင် အနာပေါက်ခြင်း
- သရက်ရွက်ရောင်ခြင်း
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓာတ်ပြုမှုများ
ဘယ်ဆေးတွေက Tergynan (တာဂျင်နန်) နဲ့ ဓာတ်ပြုနိုင်သလဲ
Tergynan® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
ဤဆေးနှင့် ဓာတ်ပြုနိုင်သော ထုတ်ကုန်များမှာ-
- Disulfiram
- The spermicide forms
- အရက်၊ ယမကာများ
အစားအသောက်တွေနဲ့ အရက်က Tergynan (တာဂျင်နန်) နဲ့ ဓာတ်ပြုနိုင်သလား
Tergynan® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားသိရန် ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Tergynan (တာဂျင်နန်) နဲ့ ဓာတ်ပြုနိုင်သလဲ
Tergynan® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Tergynan (တာဂျင်နန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အကြံပြု ထောက်ခံထားသော ပမာဏမှာ တစ်နေ့လျှင် ၁-၂ လုံးဖြစ်သည်။
ကလေးတွေအတွက် Tergynan (တာဂျင်နန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Tergynan (တာဂျင်နန်) ကိုဘယ်လိုရရှိနိုင်သလဲ
Tergynan® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
- Metronidazole ၅၀၀ မီလီဂရမ် ဆေးပြား ; Neomycin Sulfate ၆၅၀၀၀ IU ; Nystatin ၁၀၀၀၀၀ IU ; Prednisolone ၃ မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Tergynan® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 19, 2017