backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tenoxitic® (တီနောက်စီတစ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Tenoxitic® (တီနောက်စီတစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

tenoxitic (tenoxicam) ကို ရူမတွိုက် အဆစ်ရောင်ရောဂါ နှင့် အရိုးအဆစ်များ ရောင်ရမ်းခြင်းကြောင့် ဖြစ်လာသော အဆစ်များရောင်ခြင်း၊ လှုပ်ရှားရမလွယ်ခြင်း ဝေဒနာများကို သက်သာစေရန် အများဆုံး အသုံးပြုပါသည်။

ထို့ပြင် အခြားသော ရောင်ရမ်းဝေနာများဖြစ်သည့် ကျောရိုးဆစ်ရောင်ခြင်း၊ အရွတ်များ ရောင်ခြင်းနှင့် အရည်အိတ်များ ရောင်ခြင်းတို့အတွက်လည်း အသုံးဝင်ပါသည်။

သင်သည် အဆစ်ရောင်ခြင်းကဲ့သို့ နာတာရှည်ရောဂါများအတွက် ဆေးသောက်မည် ဆိုပါက ဆရာဝန်ညွှန်ကြားချက်များကို စေချာစွာမေးမြန်းပြီး အခြားသော အနာသက်သာစေသည့်ကုထုံးများကို မှီဝဲနိုင်ပါသည်။

Tenoxitic® (တီနောက်စီတစ်) ဘယ်လိုသောက်သုံးသင့်သလဲ

tenoxitic (tenoxicam)ကို ထမင်းစားပြီးချိန်သောက်ခြင်းက ပိုသင့်တော်ပါသည်။

တနေ့နှင့် တနေ့ ဆေးသောက်ချိန် တူအောင်သောက်သင့်ပါသည်။

ဆေးနှင့် ပတ်သက်ပြီး မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Tenoxitic® (တီနောက်စီတစ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

tenoxitic ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ tenoxitic ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ tenoxitic ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

tenoxitic ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

tenoxitic ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tenoxitic® (တီနောက်စီတစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • tenoxitic ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင် ဆရာဝန်အားပြောပြထားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tenoxitic® (တီနောက်စီတစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်များ

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

နို့တိုက်မိခင်များ

tenoxitic သည် မိခင်နို့ထဲတွင် ပါနိုင်သောကြောင့် နို့တိုက်မိခင်များသည် tenoxitic ကိုသောက်ပါက ကလေးကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်အား မေးမြန်းပြီး ဆေးသောက်သင့် မသောက်သင့် ဆုံးဖြတ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tenoxitic® (တီနောက်စီတစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့ခံစားရပါက ဆရာဝန် နှင့် ဆက်သွယ်ပြီး လိုအပ်လျှင် ကုသမှုများ ခံယူရမည်ဖြစ်သည်။

  • ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • မူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်ပူခြင်း
  • ပျို့ခြင်း
  • အန်ခြင်း

အောက်ပါဆိုးကျိုးများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်ပါသည်။

  • နားပြသနာများဖြစ်ခြင်း (ဥပမာ -နားအူခြင်း)
  • ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • ပြင်းထန်စွာ ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း
  • အရေပြားတွင် အနီကွက်များ ဖြစ်ခြင်း၊ ယားယံခြင်း
  • ခြေများ၊လက်များ ၊ ခြေဖဝါး ၊လက်ဖဝါးများ ဖောရောင်ခြင်း

အောက်ပါတို့ ခံစားရပါက အရေးပေါ်ဆေးကုသမှု ခံယူရမည်ဖြစ်ပါသည်။

  • ပြင်းထန်စွာ ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • သွေးဝမ်းသွားခြင်း၊ကတ္တရာစေးရောင် ဝမ်းမဲမဲသွားခြင်း
  • ဆီးထဲတွင် သွေးပါခြင်း
  • နှာခေါင်းသွေးလျှံခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Tenoxitic® (တီနောက်စီတစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

tenoxitic(tenoxicam) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Tenoxitic® (တီနောက်စီတစ်) နဲ့ ဓါတ်ပြုနိုင်သလား

tenoxitic (tenoxicam)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tenoxitic® (တီနောက်စီတစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

tenoxitic (tenoxicam)

နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

tenoxitic (tenoxicam)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

  • မကြာသေးမီက ခွဲစိတ်မှုများ ပြုလုပ်ဖူးလျှင်၊ မေ့ဆေးပေးဖူးလျှင်
  • သွေးထွက်များနေလျှင်
  • ကျောက်ကပ်အလုပ်မလုပ်လျှင်
  • အစာအိမ်ရောင်ခြင်း၊ အူရောင်ခြင်း ရောဂါများ ခံစားနေရလျှင်
  • အစာအိမ်၊ အူလမ်းကြောင်း အနာများရှိလျှင်
  • ပန်းနာရင်ကျပ်ရောဂါ ခံစားနေရလျှင်၊ နှာရည်ယိုခြင်း(နှာခေါင်းအတွင်းပိုင်း ချွဲအလွှာများရောင်ရမ်းခြင်းကြောင့်)၊ acetylsalicylic acid, diclofenac, ibuprofen, indomethacin, naproxen စသည့်ဆေးများနှင့် ဓါတ်မတည့်ခြင်းဖြစ်လျှင် သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tenoxitic® (တီနောက်စီတစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားသော ပမာဏမှာ တနေ့လျှင် ၂၀ မီလီဂရမ် ဖြစ်ပါသည်။

အချို့သူများသည် ရောင်ရမ်းနာကျင်မှုများကို သက်သာစေရန် ဆေးပမာဏ နည်းနည်းသာလိုအပ်ကြသည်။ ဆေးပမာဏများများပေးခြင်းဖြင့် အနာရောဂါများပိုမသက်သာသွားစေနိုင်ပါ။

ကလေးတွေအတွက် Tenoxitic® (တီနောက်စီတစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Tenoxitic® (တီနောက်စီတစ်) ကိုဘယ်လိုရရှိနိုင်သလဲ

tenoxitic (tenoxicam)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံနှင့် ရရှိနိုင်ပါတယ်။

  • ၂၀ မီလီဂရမ် ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

tenoxitic (tenoxicam)ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement