Generic Name: Tegretol (Xr) (တက်ဂရီတိုလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Tegretol (Xr) (တက်ဂရီတိုလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Tegretol®-XR ဟာ အတက်ရောဂါ ကုသဆေး ဖြစ်ပြီး ဦးနှောက်ထဲမှာ ပုံမမှန်တဲ့ ဖြစ်စဉ်အခြေအနေတွေကို လျှော့ချပေးခြင်းအားဖြင့် ရောဂါကို ကုသပေးပါတယ်။အတက်ရောဂါအမျိုးမျိုးကို ထိန်းချုပ်ဖို့အတွက် Tegretol®-XR ကို တမျိုးတည်းသော်လည်းကောင်း၊အခြားဆေးတွေနဲ့ ပေါင်းစပ်ပြီးသော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။trigeminal neuralgia လို့ခေါ်တဲ့ မျက်နှာဆီသွားတဲ့ အာရုံကြောကြောင့် နာကျင်ခြင်းကို ကုသရာမှာလည်း အသုံးပြုပါတယ်။

Tegretol (Xr) (တက်ဂရီတိုလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြားကို တပြားလုံး မြိုချရမှာဖြစ်ပြီး ချိုးပစ်တာ၊ဝါးစားတာ၊ချေပစ်တာမျိုး မလုပ်ရပါဘူး။ဆေးတောင့်ပုံစံဆိုရင်တော့ ဆေးတောင့်ကိုဖွင့်ပြီး အထဲက အစေ့လေးတွေကို (ပန်းသီးဆော့စ်လိုမျိုး) အစားအစာတွေပေါ် ဖြူးပြီး စားနိုင်ပါတယ်။ဆေးတောင့်ကို ချိုးမပစ်ရ၊ဝါးမစားရသလို အထဲက အစေ့လေးတွေကိုလည်း ဝါးမစားရပါဘူး။

Tegretol (Xr) (တက်ဂရီတိုလ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Tegretol®-XR ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tegretol®-XR ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Tegretol®-XR ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Tegretol®-XR ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Tegretol®-XR ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tegretol (Xr) (တက်ဂရီတိုလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Tegretol®-XR ဟာ Stevens-Johnson syndrome (SJS) လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ဓာတ်မတည့်ခြင်းအပြင်းစားလက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပြီး အဆိုပါ ဓာတ်မတည့်ခြင်းဟာ အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။Tegretol®-XR ဟာ သင့်ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ သွေးဆဲလ်တွေကို လျော့နည်းစေပါတယ်။ရှားရှားပါးပါးဆိုသလို သွေးဆဲလ်ပမာဏ အရမ်းနည်းသွားတဲ့အခါ ဆိုးရွားပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် သင့်မှာသွေးဆဲလ်ပမာဏနည်းပါးနေတယ်ဆိုရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ (အထူးသဖြင့် အခြားဆေးဝါးတခုခုကြောင့် ဒီလိုဖြစ်ရတယ်ဆိုရင်ပေါ့)။လည်ချောင်းနာခြင်း၊ချမ်းတုန်ဖျားခြင်း၊ပိုးကူးစက်ခံရခြင်းရဲ့ လက္ခဏာတွေ ပေါ်လာခြင်း၊ပုံမှန်မဟုတ်သော သွေးယိုစီးခြင်း၊သွေးခြေဥခြင်းများ၊အရေပြားမှာ ခရမ်းရောင် အစက်၊အကွက်များ ပေါ်လာခြင်း ဒါမှမဟုတ် ပါးစပ်အနာတွေ ဖြစ်လာခြင်း အစရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

သင့်ဆရာဝန်ချိန်းဆိုသမျှ ရက်ချိန်းတွေ၊သွေးစစ်ဖို့ ရက်ချိန်းတွေကို မပျက်မကွက် သွားရောက်ရပါမယ်။သင့်ခန္ဓာကိုယ်က ဆေးကို ဘယ်လိုတုံ့ပြန်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် ဆေးမပေးခင်နဲ့ ဆေးသောက်နေစဉ်ကာလအတွင်းမှာ အချို့သော စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။Tegretol®-XR ဟာ ငိုက်မျဉ်းစေတတ်တာကြောင့် ဆေးရဲ့ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရသေးတဲ့အချိန်မှာ ကားမောင်းခြင်း ဒါမှမဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း စတာတွေကို မပြုလုပ်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tegretol (Xr) (တက်ဂရီတိုလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tegretol (Xr) (တက်ဂရီတိုလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Tegretol®-XR  ဟာ ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် အောက်ဖော်ပြပါ လက္ခဏာတွေ ပိုဆိုးလာရင် ဒါမှမဟုတ် ကြာရှည်စွာ ဆက်လက်ရှိနေရင် ဆရာဝန်ကို အသိပေးရပါမယ်။

  • မူးဝေထိုင်းမှိုင်းခြင်း။
  • ငိုက်မျဉ်းခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • စိုးရိမ်စိတ်များခြင်း။
  • မှတ်ဉာဏ်ပြဿနာများ။
  • ဝမ်းလျှောခြင်း။
  • ဝမ်းချုပ်ခြင်း။
  • ရင်ပူခြင်း။
  • အာခြောက်ခြင်း။
  • ကျောအောင့်ခြင်း။

အချို့သော ဘေးထွက်ဆိုးကျိုးတွေဟာ အတော်လေးပဲ ပြင်းထန်နိုင်ပါတယ်။ဒါကြောင့် အောက်ဖော်ပြပါ လက္ခဏာတွေနဲ့ “ အရေးတကြီး သတိပြုရန်” ခေါင်းစဉ်အောက်မှာပါတဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသရပါမယ်။

  • စိတ်ရှုပ်ထွေးခြင်း။
  • လက်တွေ့ဖြစ်ပျက်နေမှုများကို မသိတော့ခြင်း။
  • ရင်ဘတ်အောင့်ခြင်း။
  • အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း။
  • အမြင်အာရုံဆိုင်ရာ ပြဿနာများ။
  • ရုတ်တရက် ထိတ်လန့်တုန်လှုပ်ခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • စိတ်တိုစိတ်ဆတ်ခြင်း၊စိုးရိမ်ပူပန်စိတ်များခြင်း သို့မဟုတ် စိတ်ကျဝေဒနာများ ပိုဆိုးလာခြင်း၊အသစ်ဖြစ်ပေါ်လာခြင်း။
  • အန္တရာယ်ရှိသော အပြုအမူများကို လုပ်ဆောင်ခြင်း။
  • အိပ်မပျော်ခြင်း။
  • ဒေါသတကြီး ကြမ်းတမ်းသော အမူအကျင့်များ ပေါ်ပေါက်လာခြင်း။
  • မူမမှန်စွာ စိတ်တက်ကြွနေခြင်း။
  • မိမိကိုယ်ကို ထိခိုက်အောင်လုပ်လိုခြင်း၊သတ်သေလိုခြင်း။
  • မိသားစု၊သူငယ်ချင်းများနှင့် ခပ်ခွါခွါနေခြင်း။
  • ကိုယ့်ကိုယ်ကို သေတော့မည်ဟု စိတ်စွဲနေခြင်း။
  • တန်ဖိုးထားရသော အရာများကို စွန့်လွှတ်ခြင်း၊အခြားသူများကို ပေးပစ်ခြင်း။
  • အခြားသော စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းများ စတာတွေပဲ ဖြစ်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Tegretol (Xr) (တက်ဂရီတိုလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Tegretol®-XR ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ဒီဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ ဆေးတွေက

  • Monoamine oxidase (MAO) inhibitors ဆေးများ ဥပမာ socarboxazid (Marplan), phenelzine (Nardil), selegiline (Eldepryl), and tranylcypromine (Parnate)။
  • ဆေးရည်များ။
  • John’s Wort ဆေးပင်။
  • ပဋိသန္ဓေတား ဟော်မုန်းဆေးများ စတာတွေပဲ ဖြစ်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Tegretol (Xr) (တက်ဂရီတိုလ်) နဲ့ ဓာတ်ပြုနိုင်သလား

ဒီဆေးကြောင့် ဖြစ်ပေါ်လာတဲ့ ငိုက်မျဉ်းမှုတွေကို အရက်က ပိုဆိုးစေနိုင်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Tegretol (Xr) (တက်ဂရီတိုလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Tegretol®-XR ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ ဥပမာ

ရေတိမ်ရောဂါ။

စိတ်ဝေဒနာ။

နှလုံး၊ကျောက်ကပ်၊သိုင်းရွိုက် သို့မဟုတ် အသည်းရောဂါ။

သွားနှင့်ခံတွင်းဆိုင်ရာ ခွဲစိတ်မှုအပါအဝင် ခွဲစိတ်မှုများ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tegretol (Xr) (တက်ဂရီတိုလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အတက်ရောဂါအတွက်

ကနဦးဆေးပမာဏ : တကြိမ်သောက်လျှင် ၂၀၀မီလီဂရမ် ပမာဏဖြင့် တနေ့နှစ်ကြိမ် (လျင်မြန်စွာ အာနိသင်ပြပြီး ကြာရှည်စွာ ထိရောက်သောဆေးပုံစံ) သို့မဟုတ် တကြိမ်သောက်လျှင် ၁၀၀မီလီဂရမ် ပမာဏဖြင့် တနေ့လေးကြိမ် (ဆေးရည်ပုံစံ) သောက်ရပါမယ်။ဆေးကို တနေ့လျှင် အများဆုံး၂၀၀မီလီဂရမ် ပမာဏဖြင့် တပတ်တခါ တိုးသွားနိုင်ပြီး  ကြာရှည်စွာ အာနိသင်ထိရောက်သောဆေးပုံစံအတွက် တနေ့လျှင် နှစ်ကြိမ်သောက်နိုင်ကာ အခြားသော ဆေးပုံစံများအတွက် တနေ့လျှင်သုံးကြိမ် သို့မဟုတ် လေးကြိမ် သောက်နိုင်ပါတယ်။

ထိန်းသိမ်းထားရမယ့် ဆေးပမာကတော့ တနေ့ကို ၈၀၀ – ၁၂၀၀ မီလီဂရမ် ဖြစ်ပါတယ်။

တနေ့ကို ၁၂၀၀ မီလီဂရမ်ထက် မပိုရပါဘူး။ ဒါပေမယ့် အချို့သော ရှားရှားပါးပါး အခြေအနေတွေမှာ တနေ့ကို ၁၆၀၀ မီလီဂရမ်လောက်အထိ သုံးစွဲရတာမျိုးလည်း ရှိပါတယ်။

  • အာရုံကြောကြောင့် နာကျင်ခြင်းများအတွက်

ကနဦးဆေးပမာဏ : တကြိမ်သောက်လျှင် ၁၀၀မီလီဂရမ် ပမာဏဖြင့် တနေ့နှစ်ကြိမ် (လျင်မြန်စွာ အာနိသင်ပြပြီး ကြာရှည်စွာ ထိရောက်သောဆေးပုံစံ) သို့မဟုတ် တကြိမ်သောက်လျှင် ၅၀မီလီဂရမ် ပမာဏဖြင့် တနေ့လေးကြိမ် (ဆေးရည်ပုံစံ) သောက်ရပါမယ်။နာကျင်မှုသက်သာပျောက်ကင်းဖို့လိုအပ်တဲ့အချိန်တွေမှာ ဆေးကို တနေ့လျှင် အများဆုံး၂၀၀မီလီဂရမ် ပမာဏဖြင့် တိုးသွားနိုင်ပြီး  ကြာရှည်စွာ အာနိသင်ထိရောက်သောဆေးပုံစံအတွက် တနေ့လျှင် နှစ်ကြိမ်ခွဲသောက်နိုင်ကာ အခြားသော ဆေးပုံစံများအတွက် တနေ့လျှင် လေးကြိမ် ခွဲသောက်နိုင်ပါတယ်။တနေ့ကို ၁၂၀၀ မီလီဂရမ်ထက် မပိုရပါဘူး။

ထိန်းသိမ်းထားရမယ့် ဆေးပမာကတော့ တနေ့ကို ၄၀၀ – ၈၀၀ မီလီဂရမ် ဖြစ်ပါတယ်။

ကလေးတွေအတွက် Tegretol (Xr) (တက်ဂရီတိုလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အတက်ရောဂါအတွက်

အသက်ခြောက်နှစ်အောက်ကလေးများတွင် အသုံးပြုရမယ့် ပမာဏ :

ကနဦးဆေးပမာဏ : တနေ့လျှင် 10 – 20 mg/kg ပမာဏနဲ့ သုံးစွဲနိုင်ပြီး ဆေးပြားပုံစံဆိုရင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခွဲသောက်နိုင်ကာ ဆေးရည်ပုံစံဆိုရင် လေးကြိမ်ခွဲသောက်နိုင်ပါတယ်။

အကောင်းဆုံးသော အာနိသင်ကို ရရှိဖို့အတွက် ဆေးပမာဏကို တပတ်တခါ တိုးသွားနိုင်ပြီး တနေ့ကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ခွဲပြီး သုံးစွဲနိုင်ပါတယ်။

အများဆုံးပေးနိုင်တဲ့ ပမာဏက တနေ့ကို 35mg/kg ဖြစ်ပါတယ်။

အသက် ၆နှစ်မှ ၁၂ နှစ်အတွင်း ကလေးများတွင် အသုံးပြုရမယ့် ပမာဏ :

  • ကနဦးဆေးပမာဏ : တကြိမ်သောက်လျှင် ၁၀၀မီလီဂရမ် ပမာဏဖြင့် တနေ့နှစ်ကြိမ် (လျင်မြန်စွာ အာနိသင်ပြပြီး ကြာရှည်စွာ ထိရောက်သောဆေးပုံစံ) သို့မဟုတ် တကြိမ်သောက်လျှင် ၅၀မီလီဂရမ် ပမာဏဖြင့် တနေ့လေးကြိမ် (ဆေးရည်ပုံစံ) သောက်ရပါမယ်။
  • ဆေးကို တနေ့လျှင် အများဆုံး၁၀၀မီလီဂရမ် ပမာဏဖြင့် တပတ်တခါ တိုးသွားနိုင်ပြီး ကြာရှည်စွာ အာနိသင်ထိရောက်သောဆေးပုံစံအတွက် တနေ့လျှင် နှစ်ကြိမ်သောက်နိုင်ကာ အခြားသော ဆေးပုံစံများအတွက် တနေ့လျှင်သုံးကြိမ် သို့မဟုတ် လေးကြိမ် သောက်နိုင်ပါတယ်။
  • ထိန်းသိမ်းထားရမယ့် ဆေးပမာကတော့ တနေ့ကို ၄၀၀ – ၈၀၀ မီလီဂရမ် ဖြစ်ပါတယ်။
  • တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုရပါဘူး။

အသက် ၁၂ နှစ်အထက် ကလေးများတွင် အသုံးပြုရမယ့် ပမာဏ :

  • ကနဦးဆေးပမာဏ : တကြိမ်သောက်လျှင် ၂၀၀မီလီဂရမ် ပမာဏဖြင့် တနေ့နှစ်ကြိမ် (လျင်မြန်စွာ အာနိသင်ပြပြီး ကြာရှည်စွာ ထိရောက်သောဆေးပုံစံ) သို့မဟုတ် တကြိမ်သောက်လျှင် ၁၀၀မီလီဂရမ် ပမာဏဖြင့် တနေ့လေးကြိမ် (ဆေးရည်ပုံစံ) သောက်ရပါမယ်။
  • ဆေးကို တနေ့လျှင် အများဆုံး၂၀၀မီလီဂရမ် ပမာဏဖြင့် တပတ်တခါ တိုးသွားနိုင်ပြီး ကြာရှည်စွာ အာနိသင်ထိရောက်သောဆေးပုံစံအတွက် တနေ့လျှင် နှစ်ကြိမ်သောက်နိုင်ကာ အခြားသော ဆေးပုံစံများအတွက် တနေ့လျှင်သုံးကြိမ် သို့မဟုတ် လေးကြိမ် သောက်နိုင်ပါတယ်။
  • ထိန်းသိမ်းထားရမယ့် ဆေးပမာကတော့ တနေ့ကို ၈၀၀ – ၁၂၀၀ မီလီဂရမ် ဖြစ်ပါတယ်။
  • အသက် ၁၂နှစ်က ၁၅နှစ်အတွင်း ကလေးတွေမှာ တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုရပါဘူး။အသက်၁၅နှစ်အထက် ကလေးတွေမှာ တနေ့ကို ၁၂၀၀ မီလီဂရမ်ထက် မပိုရပါဘူး။
  • တနေ့ကို ၁၆၀၀ မီလီဂရမ်ထက်ပိုတဲ့ ပမာဏကို အလွန်ရှားတဲ့ အခြေအနေတွေမှာပဲ အသုံးပြုလေ့ရှိပါတယ်။

 

Tegretol (Xr) (တက်ဂရီတိုလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Tegretol®-XR ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြားပုံစံ ၂၀၀ မီလီဂရမ်၊ ကြာရှည်စွာ အာနိသင် သက်ရောက်သော ဆေးပြား ၂၀၀ မီလီဂရမ်၊  ကြာရှည်စွာ အာနိသင် သက်ရောက်သော ဆေးတောင့် ၂၀၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tegretol®-XR ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 24, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 24, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ