Generic Name: Taurine (တော်ရင်း) Brand Name(s): Taurine (တော်ရင်း).

အသုံးပြုပုံများ

Taurine (တော်ရင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Taurine သည် အာရုံကြောကို အားကောင်းစေပြီး သွေးတွင်းရှိ ရေနှင့် သတ္တုဓာတ်များ၏ အချိုးအဆ ပမာဏကို ထိန်းညှိပေးသော အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်သည်။ ထို့အပြင် အိုမင်းရင့်ရော်ခြင်းကို လျှော့ချပေးသည့် ဓါတ်တိုးဆန့် ကျင် ဂုဏ်သတ္တိရှိသည်ဟုလည်း ဆိုသည်။

Taurine (တော်ရင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Taurine ကို congestive heart failure နှလုံးရောဂါ အားကုသရာ၌ အခြားဆေးများနှင့် တွဲဖက်ပြီး အများဆုံးအသုံးပြုသည်။ Cystic fibrosis၊ အသည်းပျက်ဆီးခြင်းနှင့် အဆိပ်အတောက်ပစ္စည်းများကို ကိုင်တွယ်မိသောအခါတွင်လည်း အသုံးပြုသည်။
Taurine သည် အဓိကဆေးအဖြစ် ပါဝင်ခြင်းမဟုတ်သော်လည်း ၎င်းကို အခြားသော ထိရောက်သည့် ဆေးများနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် ရောဂါကိုလျင်မြန်စွာသက်သာပျောက်ကင်းစေသည့်အပြင် နောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင်လည်း လျှော့ချကာကွယ်တားဆီးပေးသည်။

Taurine (တော်ရင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Taurine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Taurine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Taurine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Taurine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။
Taurine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Taurine (တော်ရင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Taurine ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။
Taurine ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် bipolar disorder ကို ပိုမိုဆိုးရွားစေသည် ဟူသော ယူဆချက်များလည်း ရှိနေပါသည်။။(bipolar disorder ဆိုသည်မှာ လူတယောက်တည်း တွင် စိတ်ဓာတ်ကျသွားလိုက်၊စိတ်ဓာတ်အလွန်တက်ကြွလိုက် တစ်ချိန်လုံး မျိုးစုံပြောင်းလဲနေသော စိတ်ရောဂါတစ်မျိုးဟု အကြမ်းဖျင်း မှတ်ယူနိုင်ပါသည်။) လေ့လာချက်တခုအရ အသက်၃၆နှစ်အရွယ် bipolar disorder ဝေဒနာရှင် အမျိုးသားတစ်ဦးသည် ဆေးကုသမှုခံယူထားသဖြင့် အတန်ငယ်သက်သာနေသော်လည်း Taurine၊inositol၊ကဖင်း နှင့် အခြားဓာတ်များပါဝင်သော အားဖြည့်အချိုရည် (ကျွဲရိုင်း ဟုလူသိများသော red bull) ဗူးအတော်များများကို ၄ရက်အတွင်း သောက်ပြီးနောက် mania ဟုခေါ်သော စိတ်အလွန်အမင်းကြွခြင်း ဝေဒနာ လက္ခဏာများဖြင့် ဆေးရုံပင် တက်လိုက်ရသည့် အဖြစ်ရှိခဲ့သည်။သို့သော် ထိုသို့ဖြစ်သွားရခြင်းမှာ Taurine၊ကဖင်းဓာတ်၊inositol တစ်ခုခုကြောင့်လား သို့မဟုတ် အခြားပါဝင်ပစ္စည်းတစ်ခုခုကြောင့်လား သို့မဟုတ် အဆိုပါ အရာများအားလုံးပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သလား ဆိုသည်ကိုမူ မသိနိုင်ပေ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Taurine (တော်ရင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Taurine (တော်ရင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Taurine သည် အတိုင်းအဆနှင့် စားသုံး/သောက်သုံးပါက အရွယ်ရောက်ပြီးသူများအတွက်ရော ကလေးများအတွက်ပါ စိတ်ချရသည်ဟု ထင်ရသည်။ လေ့လာချက်များအရ Taurineကို အရွယ်ရောက်ပြီးသူများတွင် အချိန်အတိုင်းအတာ ၁နှစ်အထိ၊ ကလေးများတွင် ၄လအထိ အန္တရာယ်ကင်းစွာ စိတ်ချလက်ချ အသုံးပြုနိုင်ကြောင်း သိရှိရသည်။အဆိုပါ လေ့လာမှုများတွင် ပါဝင်ခဲ့သူများ၌ Taurine ကြောင့် မည်သည့်ဘေးထွက်ဆိုးကျိုးမှ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။သို့သော် Taurine ၁၄ဂရမ်ခန့်ကို အင်ဆူလင်၊စတီးရွိုက်ဆေးများနှင့် အတူတကွ အသုံးပြုစားသုံးသော ကာယဗလသမားတစ်ဦးတွင် ဦးနှောက်ထိခိုက်မှုရှိခဲ့ကြောင်း မှတ်တမ်းတစ်ရပ် ရှိခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ရခြင်းမှာ Taurine ကြောင့်လား သို့မဟုတ် အခြားပစ္စည်းများကြောင့် ဖြစ်သည်လား ဆိုတာကိုမူ အတိအကျမသိရှိရချေ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Taurine (တော်ရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Taurine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

lithium သည် Taurine နှင့် ဓာတ်ပြုနိုင်သည်။
Taurine သည် ဆီးရွှင်စေသော အာနိသင်ရှိသည်။ထို့အပြင် Taurine သည် lithiumဓာတ်ကို ခန္ဓာကိုယ်မှ စွန့်ပစ်ခြင်းအား လျော့နည်းစေသည်။သို့ဖြင့် ခန္ဓာကိုယ်အတွင်း lithium ဓာတ်များ စုပုံများပြားလာကာ ၎င်း၏ ဘေးထွက်ဆိုးကျိုးများကို များလာစေသည်။အကယ်၍ သင်သည် lithium ကို သောက်သုံးနေလျင် Taurine ကို အသုံးမပြုမီ lithium ၏ ပမာဏကို ပြန်လည်ချိန်ဆရန်လိုသဖြင့် ဆရာဝန်အား အသိပေးပါ။

အစားအသောက်တွေနဲ့ အရက်က Taurine (တော်ရင်း) နဲ့ ဓာတ်ပြုနိုင်သလား

Taurine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Taurine (တော်ရင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Taurine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Taurine (တော်ရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Congestive heart failure နှလုံးရောဂါ အတွက် —> တစ်နေ့လျင် ၂-၆မီလီဂရမ်ကို ၂ကြိမ် သို့မဟုတ် ၃ကြိမ် ခွဲသောက်ရန်။
အသည်းရောင်ခြင်းအတွက် —-> ၄ဂရမ်ကို တစ်နေ့လျှင် ၃ကြိမ်နှုန်းဖြင့် ၆ပတ် သောက်ရန်။

ကလေးတွေအတွက် Taurine (တော်ရင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။e

Taurine (တော်ရင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Taurine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဆေးတောင့် ၅မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Taurine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ