Tamsulosin (တမ်ဆူလိုစင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Tamsulosin (တမ်ဆူလိုစင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Tamsulosin (တမ်ဆူလိုစင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Tamsulosin ကို အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်းကို ကုသရာ၌ အသုံးပြုသည်။ Tamsulosin သည် ဆီးကျိတ်ကို သေးသွားစေသော အာနိသင်မရှိပါ။ သို့သော် ၎င်းသည် ဆီးကျိတ်နှင့်ဆီးအိမ်ရှိ ကြွက်သားများကို ပြေလျော့စေခြင်းဖြင့် ဆီးကျိတ်ကြီးခြင်း၏ လက္ခဏာများဖြစ်ကြသော ဆီးသွားရာတွင် အစခက်ခြင်း၊ ဆီးသွားရ အားမရခြင်း၊ဆီးခဏခဏသွားခြင်း(ညအိပ်နေရင်း ဆီးထသွားရခြင်း) စသည်တို့ကို သက်သာစေသည်။
Tamsulosin သည် alpha blocker ဟုခေါ်သော ဆေးအုပ်စုဝင် ဆေးတမျိုးဖြစ်သည်။ Tamsulosin ကို သွေးတိုးရောဂါအတွက် မသုံးရပါ။
အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Tamsulosin ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
Tamsulosin ကို ဆီးကျောက်တည်ရောဂါတွင် ကျောက်ကို ဆီးနှင့်အတူ ခန္တာကိုယ်အပြင် ထွက်သွားစေရန် အသုံးပြုသည်။ အမျိုးသမီးများတွင် ဆီးအိမ်ပြဿနာများအတွက်လည်း အသုံးပြုနိုင်သည်။

Tamsulosin (တမ်ဆူလိုစင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။
Tamsulosin ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် တစ်နေ့လျှင် တစ်ကြိမ်) အစာစားပြီး မိနစ်၃၀အကြာတွင် နေ့စဉ် အချိန်မှန်မှန် သောက်ပါ။ ဆေးတစ်တောင့်လုံးကို အကုန် မြိုချပါ။ ဆေးတောင့်ကို ဖွင့်ခြင်း၊ချိုးခြင်း သို့မဟုတ် ဝါးစားခြင်းများ မပြုလုပ်ပါနှင့်။ ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။
Tamsulosin သည် သွေးပေါင်ကို ရုတ်တရက် ကျစေတတ်သဖြင့် မူးဝေထိုင်းမှိုင်းခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် သင့်ဆရာဝန်မှ ဆေးပမာဏကို တိုးပြီးနောက် ပထမဆုံး သောက်သုံးသည့်အခါတွင် ဖြစ်စေ၊ ဆေးသောက်ခြင်းကို ရပ်နားထားပြီးနောက် တဖန်ပြန်သောက်သည့် အခါတွင်ဖြစ်စေ ပိုမို၍ အဖြစ်များပါသည်။ ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တစ်ခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ အကယ်၍သင်သည် ဆေးကိုရက်အတော်ကြာ မသောက်ဖြစ်ဘဲ ပြန်လည်သောက်သုံးရန်လိုသည့် အခါမျိုးတွင် ဆေးပမာဏလျှော့ရန် လိုမလို သိနိုင်ရန်အတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။Tamsulosin သည် ၎င်း၏ အာနိသင်ပြည့်ဝစွာပြနိုင်ရန် ရက်သတ္တပတ် ၄ပတ်ခန့်ကြာမြင့်ကောင်း ကြာမြင့်ပါလိမ့်မည်။ သင်၏ ရောဂါလက္ခဏာများ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်အားအသိပေးပါ။

Tamsulosin (တမ်ဆူလိုစင်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Tamsulosin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Tamsulosin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Tamsulosin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Tamsulosin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ
Tamsulosin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tamsulosin (တမ်ဆူလိုစင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Tamsulosin ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။
—>ဓါတ်မတည့်ခြင်း
Tamsulosin ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။
—>ကလေးသူငယ်များ
ကလေးငယ်များတွင် Tamsulosin ကို အသုံးမပြုရပါ။
—>သက်ကြီးရွယ်အိုများ
လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Tamsulosin ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tamsulosin (တမ်ဆူလိုစင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Tamsulosin (တမ်ဆူလိုစင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက Tamsulosin သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
• မေ့လဲသွားတော့ မယောင်ခံစားရခြင်း။
• ရင်ဘတ်အောင့်ခြင်း။
• ချမ်းတုန်ဖျားခြင်း၊တုပ်ကွေးကွေးသကဲ့သို့ တကိုယ်လုံးနာကျင်ကိုက်ခဲခြင်း။
• လိင်တံအချိန်ကြာမြင့်စွာ (၄နာရီနှင့် အထက်) ထောင်မတ်ပြီး နာကျင်ခြင်း၊

အခြားပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ
• အနည်းငယ် မူးဝေထိုင်းမှိုင်းခြင်း။
• အားနည်းခြင်း။
• ခေါင်းကိုက်ခြင်း၊ပျို့ခြင်း၊ဝမ်းလျှောခြင်း။
• နောက်ကျောနာခြင်း။
• အမြင်ဝေဝါးခြင်း။
• သွားနှင့် ခံတွင်းပြဿနာများ
• အိပ်မပျော်ခြင်း။
• ပုံမှန်မဟုတ်သော သုတ်လွှတ်ခြင်း၊လိင်ဆန္ဒနည်းပါးလာခြင်း။
• နှာစေးခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Tamsulosin (တမ်ဆူလိုစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tamsulosin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် Tamsulosin ကိုအသုံးမပြုသင့်ပါဘူး။ သင့်ဆရာဝန် အနေနဲ့ Tamsulosin ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
—>Boceprevir
အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် Tamsulosin နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Atazanavir

• Carbamazepine

• Ceritinib

• Clarithromycin

• Cobicistat

• Conivaptan

• Dabrafenib

• Eslicarbazepine Acetate

• Idelalisib

• Indinavir

• Itraconazole

• Ketoconazole

• Lopinavir

• Mitotane

• Nefazodone

• Nelfinavir

• Nilotinib

• Piperaquine

• Posaconazole

• Primidone

• Ritonavir

• Saquinavir

• Siltuximab

• Tadalafil

• Telaprevir

• Telithromycin

• Voriconazole
အောက်ဖော်ပြပါ ဆေးများသည် Tamsulosin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။ သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
• Acebutolol

• Alprenolol

• Atenolol

• Avanafil

• Betaxolol

• Bevantolol

• Bisoprolol

• Bucindolol

• Carteolol

• Carvedilol

• Celiprolol

• Cimetidine

• Dilevalol

• Esmolol

• Labetalol

• Levobunolol

• Mepindolol

• Metipranolol

• Metoprolol

• Nadolol

• Nebivolol

• Oxprenolol

• Penbutolol

• Pindolol

• Propranolol

• Sildenafil

• Sotalol

• Talinolol

• Tertatolol

• Timolol

• Vardenafil

အစားအသောက်တွေနဲ့ အရက်က Tamsulosin (တမ်ဆူလိုစင်) နဲ့ ဓါတ်ပြုနိုင်သလား

Tamsulosin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tamsulosin (တမ်ဆူလိုစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tamsulosin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ဆာလဖာပါဝင်သော ဆေးများနှင့်မတည့်လျှင် —–> ဓါတ်မတည့်ခြင်း ဖြစ်နိုင်ချေ ပိုများသည်။
• သွေးပေါင်ကျလေ့ရှိလျှင် —–> သွေးပေါင်ပိုကျစေသဖြင့် သတိထားသုံးပါ။
• ပြင်းထန်သော ကျောက်ကပ်ရောဂါ
• ပြင်းထန်သော အသည်းရောဂါ ရှိလျှင် ဆေးကိုခန္တာကိုယ်မှ ဖယ်ထုတ်ရာတွင် ပုံမှန်ထက် နှေးသဖြင့် ဆေး၏အကျိုးသက်ရောက်မှုမှာ လိုအပ်သည်ထက် ပိုများနိုင်သည့်အတွက် သတိထားသုံးစွဲရမည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tamsulosin (တမ်ဆူလိုစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Tamsulosin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကနဦးဆေးပမာဏ —->ဝ.၄မီလီဂရမ် တနေ့လျှင် တကြိမ်
အများဆုံးသောက်နိုင်သည့် ပမာဏ —-ဝ.၈မီလီဂရမ် တနေ့လျှင် တကြိမ်

ကလေးတွေအတွက် Tamsulosin (တမ်ဆူလိုစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Tamsulosin (တမ်ဆူလိုစင်) ကိုဘယ်လိုရရှိနိုင်သလဲ

Tamsulosin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

• ဆေးတောင့် ဝ.၄မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးလွန်ခြင်း၏ လက္ခဏာများမှာ
—>မူးဝေထိုင်းမှိုင်းခြင်း၊ သတိလစ်ခြင်း၊အမြင်ဝေဝါးခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ခေါင်းကိုက်ခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tamsulosin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 16, 2017