မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Surgam ကို Rheumatoid arthritis၊ Osteoarthritis၊ ankylosing spondylitis၊ ကျောအောက်ပိုင်း နာကျင်ခြင်း၊ Fibrositis၊ capsulitis၊ epicondylitis အပြင် တခြား solft tissue inflammatory အခြေအနေ စတဲ့ Musculo-skeletal disorders များ၊ Sprains နဲ့ Strains ၊ Post-operative inflammation၊ pain နဲ့ တခြား Soft tissue injuries တို့မှာ ကုသလေ့ရှိပါတယ်။
သောက်သုံးဖို့
Surgam ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Surgam ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Surgam ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Surgam ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Surgam က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။
NSAID Administration ဆီ မွေးရာပါ မူမမှန်ခြင်းကို သတင်းပို့ကြပါတယ်။ ဒါပေမယ့် ဖြစ်လေ့မရှိကြလို၊ ထင်ထင်ရှားရှား တိတိကျကျ မရှိကြပါဘူး။ Tiaprofenic acid က အချင်းတိုင်အတားအဆီးကို ဖြတ်သွားပါတယ်။ သတ္တဝါတွေ လေ့လာခြင်းက Teratogenicity အတွက် သက်သေ မပြနိုင်ပါဘူး။ လူသားတွေ ကိုယ်ဝန်ဆောင်စဉ် ဘေးကင်းမှု၊ နို့တိုက်ကျွေးခြင်းကို သတ်မှတ်လို့မရပါဘူး။ တခြား NSAIDs တွေနဲ့ တူတာက foetus ဖြစ်နိုင်ချေထက် ကောင်းကျိုးက ပိုမသာခံရင်ကိုယ်ဝန်ဆောင် သို့မဟုတ် မွေးပြီး ပထမ ၃လပတ် ၂ခုမှာ Surgam ကို မသုံးစွဲသင့်ပါဘူး။ Foetal cardiovascular system(a closure of ductusarteriousus) အပေါ် NSAIDs ရဲ့ သိပြီးသား သက်ရောက်မှုတွေ အမြင်မှာ ကိုယ်ဝန်ရဲ့ နောက်ဆုံး၃လပတ်မှာ အသုံးပြုဖို့ အကြံပေးထားပါတယ်။ မွေးဖွားတာ နောက်ကျတတ်ပြီး မွေးဖွားတဲ့ အချိန်ကာလကလည်း မိခင်နဲ့ ကလေးရဲ့ သွေးထွက်တာ များတာနဲ့ လိုက်ပြီး ပိုကြာတတ်ပါတယ်။
မိခင်နို့ချိုထဲမှာ ပါဝင်တဲ့ Surgam ပမာဏကို လေ့လာတဲ့အခါ စုစုပေါင်းပါဝင်တာ အတော်နည်းပါးပါတယ်။ မှန်းခြေ ညွှန်ကြားထားတဲ့ ဆေးပမာဏရဲ့ 0.2% လောက်ပါ။ ဆေးဝါးဆိုင်ရာ ရည်ရွယ်မှု လို့ မထင်ရပါဘူး။ လိုအပ်ရင် နို့ချိုတိုက်ကျွေးခြင်း သို့မဟုတ် မိခင်ရဲ့ ဆေးကုသမှုကို ရပ်သင့်ပါတယ်။
သိရှိရတဲ့ ဓါတ်ပြုမှုတွေက အစာမကြေဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်/ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း၊ malaena ၊ သွေးအန်ခြင်း၊ anoresia ၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အူလမ်းကြောင်းမူမမှန်ခြင်း (ဝမ်းဖော်ဝမ်းရောင်ဖြစ်ခြင်း၊ ဝမ်းလျှော်ခြင်း၊ ဝမ်းချုပ်ခြင်း) အူအချဉ်ပေါက်ခြင်း၊ အစာအိမ်အတွင်း အရေကြည်ဖုဖြစ်ခြင်း၊ အူမရောင်ခြင်း၊ Crohn’s disease ၊ ပန်ခရိရ ရောင်ခြင်းကတော့ အဖြစ်တော်တော်နည်းပါတယ်။
အူသိမ်နာ၊ မသိသာတဲ့ သို့မဟုတ် သိသာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း သွေးသွန်ရောဂါ၊ အနာဖြစ်ခြင်းတို့ကို ကြားသိရပါတယ်။ အသက်ကြီးသူတွေနဲ့ ချွင်းချက်ကိစ္စတွေမှာ သေဆုံးမှုတွေ ဖြစ်နိုင်ပါတယ်။
အနီဖု၊ အင်ပျဉ်၊ ယားနာ၊ purpura ၊ alopecia ၊ erythema multiforme ၊ dermatitis bullous (Stevens-Johnson Syndrome သို့မဟုတ် toxic epidermal necrolysis)၊ အလင်းတုံ့ပြန်မှု စတာတွေ ဖြစ်ပါတယ်။
NSAIDs ကုသမှုနဲ့ ပတ်သက်ပြီး အောက်ပါ အလွန်အမင်း တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။
အတိအကျမဟုတ်တဲ့ ဓါတ်မတည့်မှုများ၊ ပန်းနာ၊ အထူးသဖြင့် aspirin နဲ့ တခြား NSAIDs တွေနဲ့ ဓါတ်မတည့်ရင်၊ bronchospasm ၊ အသက်ရှုလေးသောအနာ၊ angio-oedema ၊ anaphylactic shock တွေလည်းဖြစ်တတ်ပါတယ်။
Thromobocytopenia ၊ သွေးထွက်ချိန် ကြာမြင့်ခြင်း၊ သွေးထွက်ခြင်းကြောင့် သွေးအားနည်းခြင်း တို့ ဖြစ်တတ်ပါတယ်။
အမြင့်တက်ရင် မူးခြင်း၊ ခေါင်းနောက်ခြင်း၊ နားအူခြင်း၊ အိပ်ငိုက်ခြင်း
ခေါင်းကိုက်ခြင်း
အသည်းရောင်ရောဂါ၊ အသည်းဝါရောဂါ
ပုံမှန်မဟုတ်တဲ့ အသည်းလုပ်ဆောင်ပုံ စစ်ဆေးခြင်း
Surgam နဲ့ တိုက်ဆိုင်တာ မဟုတ်ပေမယ့် NSAID ကပို့တဲ့ တချို့ ဘေးထွက်ဆိုးကျိုးတွေကတော့
အာရုံကြောစနစ် မူမမှန်ခြင်း- အမြင်အာရုံကြော နာခြင်း
မျက်စိမူမမှန်ခြင်း- အမြင်အာရုံ အနှောက်အယှက်များ
Musculoskeleton နဲ့ ဆက်စပ် တစ်သျှူး မူမမှန်ခြင်း- paraesthesia
စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်း- စိတ်ဓါတ်ကျခြင်း၊ ရှုပ်ထွေးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း
ယေဘုယျ မူမမှန်ခြင်းနဲ့ စီမံမှုပိုင်း အခြေအနေများ- ပင်ပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်း
အာရုံကြော မူမမှန်ခြင်း- aseptic meningitis (အထူးသဖြင့် systemic lupus erythematosus၊ ရောထွေးနေတဲ့ ဆက်စပ်တစ်သျှူးတွေလို အလိုအလျောက် ခုခံမှု မူမမှန်ခြင်း) ရောဂါလက္ခဏာတွေအနေနဲ့ လည်ပင်းတောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားနာခြင်း
သွေးကြောနဲ့ နှလုံးဆိုင်ရာ မူမမှန်ခြင်း- ဖောခြင်း၊ သွေးတိုး၊ နှလုံးရောဂါဖောက်ခြင်း၊ စတာတွေကို NSAID ကုသမှုနဲ့ တင်ပြထားပါတယ်။
ဆေးရုံဆေးခန်း စစ်ဆေးမှုနဲ့ ရောဂါပြန့်ပွားရေးကာကွယ်ရေး အချက်အလက်တွေအရ တချို့ NSAID အသုံးပြုတာတွေက (အဓိကအားဖြင့် ပမာဏများများနဲ့ ရေရှည်) သွေးလွှတ်ကြောသွေးခဲနိုင်ခြင်းကို မြင့်တက်စေပါတယ်။ (ဥပမာ- myocardial infarction သို့မဟုတ် stroke)
Surgam ဟာ သင်အခ ုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
Surgam က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Surgam က သင့်ကျန်းမာရေးကို သက်ရောက်မှု ရှိစေပါတယ်။ ဒီသက်ရောက်မှုက သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဆေးရဲ့ သက်ရောက်မှုတွေကို ပြောင်းလဲစေပါတယ်။ သင့်လက်ရှိ ကျန်းမာရေးအခြေအနေကို သင့်ဆရာဝန်နဲ့ ဆေးပေးတဲ့သူတွေကို အမြဲ ပေးသိဖို့ အရေးကြီးပါတယ်။
Tiaprofenic acid ကို အောက်ပါအကြောင်းအရာများမှာ သတိနဲ့ အသုံးပြုသင့်ပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
လူရွယ်များ
တစ်နေ့ 600mg သို့မဟုတ် 300mg ၂ကြိမ် သို့မဟုတ် 200mg ၃ကြိမ်
အသက်ကြီးသူများ
လူရွယ်တွေအတွက် (အပိုင်း ၄.၄ အထူးသတိပေးချက်များနဲ့ သတိပြုစရာများ ကို ကြည့်ပါ)။ အသက်ကြီးသူတွေမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင်ချေ များနိုင်တာကြောင့် သတိပြုပြီး အသုံးပြုသင့်ပါတယ်။ ကျောက်ကပ်၊ နှလုံး၊ အသည်း အားနည်းသူတွေအတွက် ပမာဏကို နည်းနိုင်သမျှ နည်းရပါမယ်။ တစ်နေ့ 200mg ၂ကြိမ်အထိ လျှော့ချဖို့ ညွှန်ကြားထားပါတယ်။
NSAID က လိုအပ်တယ်လို့ ယူဆရင် အသက်ကြီးသူတွေအဖို့ သက်ရောက်အနည်းဆုံး ပမာဏကို ကာလတိုအတွင်းသာ အသုံးပြုသင့်ပါတယ်။ NSAID therapy အစအတွက် အစာအိမ်အူလမ်းကြောင်း သွေးထွက်ခြင်းကို ပုံမှန် စောင့်ကြည့်သင့်ပါတယ်။
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
Surgam ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Surgam ကို သုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။