backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sulfur (Topical) (ဆာလ်ဖာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Sulfur (Topical) (ဆာလ်ဖာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Sulfur ကို အရေပြားပြဿနာအမျိုးမျိုးကို ကုသဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။Sulfur ခရင်မ်၊လိုးရှင်း၊ဆေးရည် နဲ့ ဆပ်ပြာတောင့်တွေကို ဝက်ခြံကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။Sulfur ဆေးရည်ကိုတော့ အရေပြားရောင်ရမ်းခြင်းနဲ့ ဝဲရောဂါအတွက် ကုသဖို့ သုံးနိုင်ပါတယ်။ အခြားသော အရေပြားပြဿနာတွေမှာ အသုံးပြုဖို့လည်း ဆရာဝန်က ညွှန်ကြားနိုင်ပါသေးတယ်။

Sulfur (Topical) (ဆာလ်ဖာ) ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း တိကျစွာ လိုက်နာသုံးစွဲပါ။(ဆရာဝန်ညွှန်ကြားထားခြင်းမရှိဘဲ) သတ်မှတ်ထားတဲ့ အကြိမ်ရေထက် ပိုပြီး မသုံးစွဲသင့်သလို သတ်မှတ်ထားတဲ့ ကာလထက်ပိုပြီးတော့လည်း ပိုပြီးမသုံးစွဲသင့်ပါဘူး။ ဆေးကို မျက်လုံးထဲ မဝင်ပါစေနဲ့။ တကယ်လို့ မျက်စိထဲ မတော်တဆဝင်ခဲ့ရင် အမြန်ဆုံး ရေနဲ့စင်စင် ဆေးပစ်ပါ။

ခရင်မ် ဒါမှမဟုတ် လိုးရှင်းပုံစံ သုံးစွဲမယ်ဆိုရင်

ဆေးမလိမ်းခင်မှာ လိမ်းမယ့်နေရာကို ဆပ်ပြာနဲ့ ဆေးကြောပြီး ခြောက်သွေ့အောင် ပြန်သုတ်ရပါမယ်။ ပြီးရင်တော့ အလိုရှိတဲ့နေရာကို ဆေးလုံလောက်စွာ လိမ်းပြီး ညင်သာစွာ ဖိပွတ်ပေးပါ။

အရေပြားရောင်ရမ်းခြင်းအတွက် လိမ်းဆေးရည်အဖြစ် အသုံးပြုမယ်ဆိုရင်

ဆေးမလိမ်းခင်မှာ လိမ်းမယ့်နေရာကို ဆပ်ပြာနဲ့ ဆေးကြောပြီး ခြောက်သွေ့အောင် ပြန်သုတ်ရပါမယ်။ ပြီးရင်တော့ အလိုရှိတဲ့နေရာကို ဆေးလုံလောက်စွာ လိမ်းပြီး ညင်သာစွာ ဖိပွတ်ပေးပါ။

ဝဲရောဂါအတွက် ဆေးရည်ကို အသုံးပြုမယ်ဆိုရင်

  • ဆေးမလိမ်းခင်မှာ သင့်ခန္ဓါကိုယ်တခုလုံးကို ဆပ်ပြာနဲ့ သေချာစွာ သန့်စင်ဆေးကြောပြီး ခြောက်သွေ့အောင် ပြန်သုတ်ပါ။
  • ညအိပ်ယာဝင်ချိန်မှာ သင့်လည်ပင်းကနေ ခြေဖျားထိ တကိုယ်လုံးကို ဆေး နှံ့အောင်လိမ်းပြီး ညင်သာစွာ ဖိပွတ်ပေးပါ။ ဆေးကို သင့်ခန္ဓါကိုယ်ပေါ်မှာ ၂၄နာရီလောက်ထား ထားပါ။
  • ဆေးထပ်မလိမ်းခင် ရေတဝချိုးပစ်ပါ။
  • နောက်ဆုံးတကြိမ်လိမ်းအပြီး ၂၄နာရီအကြာမှာ သင့်တကိုယ်လုံးကို ရေများများနဲ့ ထပ်ချိုးပေးဖို့ အရေးကြီးပါတယ်။

ဆပ်ပြာတုံးပုံစံနဲ့ အသုံးပြုမယ်ဆိုရင်

ရေနွေးနွေးကိုသုံးပြီး အမြှုပ်များများထွက်အောင် လုပ်ပါ။ အလိုရှိတဲ့နေရာကို သေချာစွာပွတ်တိုက်ပြီး ဆေးပါ။ မိနစ်အနည်းငယ်ကြာအောင် ညင်သာစွာ ဖိပွတ်ပါ။ ကျန်နေတဲ့ ဆပ်ပြာမြှုပ်တွေကို သဘက် ဒါမှမဟုတ် တစ်ရှုးနဲ့သုတ်ပစ်ပါ။ ရေမဆေးပစ်ပါနဲ့။

Sulfur (Topical) (ဆာလ်ဖာ) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Sulfur ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ sulfur ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ sulfur ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Sulfur ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Sulfur ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sulfur (Topical) (ဆာလ်ဖာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

sulfur လိမ်းဆေးကို လိမ်းတဲ့အခါ အောက်ဖော်ပြပါ ဆေးတွေကို sulfur လိမ်းထားတဲ့ နေရာမှာ (ဆရာဝန်ရဲ့ အထူးတလည် ညွှန်ကြားချက်မရှိဘဲ) လုံးဝမလိမ်းရပါဘူး။

  • ဂျီးချွတ်ဆပ်ပြာများ၊မျက်နှာသစ်ဆေးများ။
  • အယ်လ်ကိုဟောပါဝင်သော အရည်များ (ဆေး သို့မဟုတ် အလှကုန်ပစ္စည်း)။
  • ဝက်ခြံပျောက်ဆေးများ၊အရေပြားကို ကွာကျစေနိုင်သော ဓါတ်ပစ္စည်းများ (ဥပမာ benzoyl peroxide, resorcinol, salicylic acid, or tretinoin) ပါရှိသည့် ဆေးများ။
  • အသားအရေကို ခြောက်သွေ့စေသည့် အလှကုန်များ သို့မဟုတ် ဆပ်ပြာများ။
  • ဆေးဝါးပါဝင်သော အလှကုန်များ။
  • အခြားသော အရေပြားလိမ်းဆေးများ။

အထက်ပါဆေးတွေကို sulfur လိမ်းဆေးလိမ်းထားတဲ့ နေရာတွေပေါ်ကို လိမ်းရင် ပြင်းထန်တဲ့ အရေပြားပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် မာကျူရီပါဝင်တဲ့ လိမ်းဆေးတွေ (ဥပမာ ammoniated mercury ဆေးရည်)ကိုလည်း sulfur လိမ်းထားတဲ့ နေရာမှာ မလိမ်းရပါဘူး။ မတော်တဆလိမ်းမိသွားရင် အနံ့ဆိုးတွေကို ဖြစ်ပေါ်စေနိုင်ပြီး အရေပြားကို ထိခိုက်စေတဲ့အပြင် အရောင်လည်း မည်းသွားစေနိုင်ပါတယ်။ မရှင်းလင်းတာတွေရှိသေးရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sulfur (Topical) (ဆာလ်ဖာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ကလေးနို့တိုက်ချိန်

ယခုဆေးဝါးကို ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sulfur (Topical) (ဆာလ်ဖာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Sulfur လိမ်းဆေးဟာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်ကို ဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားသမျှ ဘေးထွက်ဆိုးကျိုးတွေ အကုန်လုံးဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် ဖြစ်ပေါ်လာခဲ့ပြီဆိုရင်လည်း ဆေးဝါးကုသမှုကို အမြန်ခံယူရပါမယ်။

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသရပါမယ်။

  • ဆေးမလိမ်းခင်က မရှိခဲ့တဲ့ အရေပြားပြဿနာတွေ ပေါ်ပေါက်လာခြင်း။ အချို့သော ဘေးထွက်ဆိုးကျိုးတွေဟာ အထူးတလည်ကုသပေးဖို့ မလိုအပ်ပါဘူး။ သင့်ခန္ဓါကိုယ်နဲ့ ဆေးနဲ့ သဟဇာတဖြစ်သွားပြီ၊အသားကျသွားပြီဆိုရင် ဒီလက္ခဏာတွေ ပျောက်သွားမှာပါ။ ဒါ့အပြင် အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကိုလည်း သင့်ဆရာဝန်က ပြောပြဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေက ပိုဆိုးလာရင်၊ကာလကြာမြင့်စွာ ဆက်လက်ရှိနေရင် ဒါမှမဟုတ် မရှင်းလင်းတာတွေ ရှိတယ်ဆိုရင် သင့်ဆရာဝန်ကို ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်ပါတယ်။
  • အရေပြားနီရဲ၊ကွာကျခြင်း (ရက်အနည်းငယ်အကြာမှာ ဖြစ်ပေါ်လာနိုင်ပါတယ်)။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sulfur (Topical) (ဆာလ်ဖာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Sulfur ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Sulfur (Topical) (ဆာလ်ဖာ) နဲ့ ဓါတ်ပြုနိုင်သလား

Sulfur က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sulfur (Topical) (ဆာလ်ဖာ) နဲ့ ဓါတ်ပြုနိုင်သလဲ

Sulfur ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sulfur (Topical) (ဆာလ်ဖာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝက်ခြံအတွက်

လိုးရှင်းပုံစံ : တနေ့ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ လိမ်းနိုင်ပါတယ်။

ဆေးရည်ပုံစံ : 0.5% ပြင်းအားရှိတဲ့ ဆေးရည်ကို လိုအပ်သလို လိမ်းနိုင်ပါတယ်။

အရေပြားရောင်ရမ်းခြင်းအတွက်

ဆေးရည်ပုံစံ : 5 to 10% ပြင်းအားရှိတဲ့ ဆေးရည်ကို တနေ့ကို တကြိမ် သို့မဟုတ် နှစ်ကြိမ် လိမ်းနိုင်ပါတယ်။

ဝဲပေါက်ခြင်းအတွက်

ဆေးရည်ပုံစံ : 6% ပြင်းအားရှိတဲ့ ဆေးရည်ကို တညတခါ လိမ်းရမှာဖြစ်ပြီး သုံးညတိတိ လိမ်းရမှာပါ။

ကလေးတွေအတွက် Sulfur (Topical) (ဆာလ်ဖာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝက်ခြံအတွက်

ခရင်မ်ပုံစံနဲ့ ဆပ်ပြာတောင့်ပုံစံကို လိုအပ်ရင် လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

လိုးရှင်းပုံစံ : တနေ့ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ လိမ်းနိုင်ပါတယ်။

ဆေးရည်ပုံစံ : 0.5% ပြင်းအားရှိတဲ့ ဆေးရည်ကို လိုအပ်သလို လိမ်းနိုင်ပါတယ်။

အရေပြားရောင်ရမ်းခြင်းအတွက်

ဆေးရည်ပုံစံ : 5 to 10% ပြင်းအားရှိတဲ့ ဆေးရည်ကို တနေ့ကို တကြိမ် သို့မဟုတ် နှစ်ကြိမ် လိမ်းနိုင်ပါတယ်။

ဝဲပေါက်ခြင်းအတွက်

ဆေးရည်ပုံစံ : 6% ပြင်းအားရှိတဲ့ ဆေးရည်ကို တညတခါ လိမ်းရမှာဖြစ်ပြီး သုံးညတိတိ လိမ်းရမှာပါ။

Sulfur (Topical) (ဆာလ်ဖာ) ကိုဘယ်လိုရရှိနိုင်သလဲ

sulfur ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Sulfur လိမ်းဆေးခရင်မ် 2%
  • Sulfur လိုးရှင်း 2%, 5%
  • Sulfur လိမ်းဆေးရည် 0,5%, 10%
  • Sulfur ဆပ်ပြာတောင့် 5%, 10%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sulfur ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement