Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sulfacetamide sodium ကို မျက်စိမှာ ဘက်တီးရီးယား ကူးစက်မှု ကုသရန်အတွက် အသုံးပြုလေ့ရှိပါတယ်။

Sulfacetamide sodium အစက်တွေကို Sulfonamide လို့ခေါ်ပါတယ်။ ဒါက ဘက်တီးရီးယားတွေ ကြီးထွားဖို့လိုအပ်တဲ့ folic acid ထုတ်လုပ်မှုကို ကန့်သတ်ခြင်းဖြင့် အလုပ်လုပ်ပါတယ်။

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ဘယ်လိုသုံးသင့်သလဲ

Sulfacetamide sodium က မျက်စိအတွက်ပါပဲ။ နှာခေါင်း၊ ပါးစပ်တွေထဲ မသုံးရပါဘူး။ အသုံးပြုဖို့အတွက် ဦးစွာ လက်ဆေးပါ။ ခေါင်းကိုနောက်လှန်ပါ။ သင့်လက်ညှိုးကိုသုံးပြီး အောက်မျက်ခမ်းကို မျက်လုံးနဲ့ ဝေးရာကို ဆွဲပြီး အိတ်ပုံလေးဖြစ်အောင် လုပ်ပါ။ ဆေးကို အဲ့ဒီ အိတ်ပုံလေးထဲ ထည့်ပြီး သင့်မျက်လုံးကို ဖြည်းညင်းစွာ ပိတ်ပါ။ ဆေးထည့်ပြီး မျက်လုံးအတွင်းထောင့်ကို သင့်လက်နဲ့ ၂ခါ ၃ခါလောက် ချက်ချင်း ဖိပေးပါ။ မျက်တောင် မခပ်ပါနဲ့။ ၂မိနစ် ၃မိနစ်လောက် သင့်မျက်လုံးကို ပိတ်ထားပါ။ သန့်စင်တဲ့ တစ်ရှုးကို အသုံးပြုပြီး သင့်မျက်လုံး ပတ်လည်က ဆေးတွေကို ဖယ်ရှားပါ။ သင့်မျက်လုံးကို မထိမိအောင် ဂရုစိုက်ပါ။ သင့် လက်မှာ ပေနေတဲ့ ဆေးတွေကို ဆေးကြော ဖယ်ရှားပါ။

အရောင်ပြောင်းသွားရင် မသုံးပါနဲ့။

သင့်ဆေး မညစ်ညမ်းစေဖို့ ဆေးဘူးထိပ်ကို သင့်မျက်လုံးအပါအဝင် တခြားနေရာတွေနဲ့ မထိတွေ့ပါစေနဲ့။ အဖုံးကို တင်းတင်းကျပ်ကျပ် ပိတ်ထားပါ။

ပိုးကူးစက်မှုကို လုံးဝ ဖယ်ရှားရန် ဆေးကုသမှုကို အပြီးထိ ခံယူပါ။ ရက်အတန်ကြာ သင်သက်သာတဲ့အထိ ဆက် အသုံးပြုပါ။

နေ့စဉ် တူညီတဲ့ အချိန်မှာ အသုံးပြုရင် ပိုထိရောက်ပါတယ်။

သက်သာသွားရင်တောင် ဆက်အသုံးပြုပါ။ ဆေးသုံးဖို့ မမေ့ပါစေနဲ့။

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Sulfacetamide sodium  ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sulfacetamide sodium ကိုရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနဲ့။ Sulfacetamide sodium ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Sulfacetamide sodium ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဒီဆေးအသုံးမပြုခင်မှာ အောက်ပါအကြောင်းအရာတွေ ရှိရင် သင့်ဆရာဝန်ကို ပြောပြပါ။

  • Sulfacetamide sodium ရဲ့ ပါဝင်ပစ္စည်းတွေ သို့မဟုတ် တခြား sulfonamide ဆေးတွေ (ဥပမာ-sulfamethoxazole) နဲ့ ဓာတ်မတည့်ခြင်း။
  • ကိုယ်ဝန်ရှိစဉ် သို့မဟုတ် နို့ချိုတိုက်ကျွေးစဉ် ဒီဆေးကို ဆရာဝန်ရဲ့ ညွှန်ကြားမှုအတိုင်းသာ အသုံးပြုသင့်ပါတယ်။
  • တခြားဆေးဝါးတွေ သောက်သုံးခြင်း။ ဆေးဖက်ဝင် သို့မဟုတ် အားဖြည့်ဆေးဝါးလိုမျိုး ညွှန်ကြားချက်မပါဘဲ ဝယ်လို့ရတဲ့ ဆေးတွေပါဝင်ပါတယ်။
  • ဖျားနာခြင်း၊ မူမမှန်ဖြစ်ခြင်း၊ ဆေးဝါးအခြေအနေ။
  • မျက်စိမှ တခုခု ထွက်နေခြင်း

Sulfacetamide sodium က ဘက်တီးရီးယားကိုသာ ကုသနိုင်ပါတယ်။ ဗိုင်းရပ်စ်ကို မကုသနိုင်ပါ။

ကုသမှုကို ပြီးဆုံးတဲ့အထိ ခံယူပါ။ မဟုတ်ရင် ဆေးက ပိုးကူးစက်မှုကို လုံးဝပျောက်အောင် မလုပ်ပေးနိုင်ပါဘူး။ ဆေးရဲ့ ဘက်တီးရီးယားအပေါ် သက်ရောက်မှုလည်း လျော့သွားနိုင်ပါတယ်။ ဒါက နောင် ကုသမှုကို ခက်ခဲစေပါတယ်။

ရေရှည် သို့မဟုတ် ဆက်တိုက်အသုံးပြုတာက ဒုတိယအကြိမ် ပိုးကူးစက်မှုကို ဖြစ်စေတတ်ပါတယ်။ ရောဂါလက္ခဏာပေါ်ရင် ဆရာဝန်ကို ပြောပြပါ။ ဒါကို ကုသဖို့ ဆေးပြောင်းဖို့ လိုတတ်ပါတယ်။

ဒီဆေးလိုမျိုး  Sulfa (sulfonamide) က တခါတရံ ပြင်းထန်ပြီး သေစေနိုင်ပါတယ်။ နီရဲရောင်ရမ်းခြင်း၊ အင်ပျဉ်၊ အရေပြားကွာကျခြင်း၊ မျက်လုံး နီရဲယားယံခြင်း၊ ခံတွင်း၊ လည်ချောင်း၊ နှာခေါင်း၊ မျက်စိမှာ အနာဖြစ်ခြင်း၊ တုန်ရီခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ပိုဆိုးခြင်း၊ အလွန်အားနည်း ပင်ပန်းသလို ခံစားရခြင်း၊ သွေးထွက်ခြင်း၊ အသည်းရောဂါလက္ခဏာများ (ဥပမာ- ဆီးအမည်းရောင် သွားခြင်း၊ ဝမ်းပျော့ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အစာအိမ် ညာဖက်အပေါ်ပိုင်း နာကျင်ခြင်း၊ ပုံမှန်မဟုတ် ပင်ပန်းခြင်း၊ မျက်လုံး သို့မဟုတ် အရေပြား ဝါခြင်း) စတာတွေ ဖြစ်ရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် C  ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

နို့ချိုတိုက်ကျွေးစဉ်: မွေးကင်းစလေးတွေကို ပြုစုတဲ့အခါ ဘေးကင်းမှုကို မသိရှိသေးပါ။ မညွှန်ကြားပါ။

ဘေးထွက်ဆိုးကျိုးများ

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ ဒါပေမယ့်  လူတော်တော်များများမှာ မရှိတာ သို့မဟုတ် အသေးစားသာ ဖြစ်ပါတယ်။ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ခံစားရရင် သင့်ဆရာဝန်ဆီမှာ စစ်ဆေးမှု ခံယူပါ။

  • အတော်အသင့် ယားယံခြင်း
  • ဆူးသလို ခံစားရခြင်း
  • ပူလောင်ခြင်း

အောက်ပါပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ရင် ချက်ချင်း ဆေးကုသမှု ခံယူပါ။

  • နီရဲခြင်း
  • အင်ပျဉ်
  • ယားယံခြင်း
  • အသက်ရှုရခက်ခြင်း
  • ရင်ဘတ် တင်းကျပ်ခြင်း
  • ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လျှာ ရောင်ရမ်းခြင်း
  • မျက်လုံးထဲမှ တခုခု ထွက်ခြင်း သို့မဟုတ် ပိုဆိုးလာခြင်း
  • ဖူးရောင်ခြင်း
  • နာကျင်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Sulfacetamide sodium ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့် ငွေပါတဲ့ ပစ္စည်းတွေကို အသုံးပြုနေရင် ဒါက ဆေးရဲ့ သက်ရောက်မှုကို  ကျဆင်းစေနိုင်လို့ပါ။

အစားအသောက်တွေနဲ့ အရက်က Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Sulfacetamide sodium  က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Sulfacetamide sodium  ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေး အခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးအရည်: သတ်မှတ်ပမာဏက  1-3gtt q 2-3hr ; taper as condition responds

လိမ်းဆေး: သတ်မှတ်ပမာဏက ½ inch q3-4hr & HS; taper as condition responds

မျက်ခမ်းစပ်ရောဂါ

သတ်မှတ်ဆေးပမာဏက 2gtt q2hr ကို စနစ်တကျ ကုသမှုနဲ့ အတူ ခံယူရပါမယ်။

ကလေးတွေအတွက် Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • မျက်ခွံအတွင်းသား ရောင်ရမ်းနာသော ရောဂါ

၂လအထက်

  • ဆေးအရည်: သတ်မှတ်ပမာဏက 1-3gtt q 2-3hr ; taper as condition responds
  • လိမ်းဆေး: သတ်မှတ်ပမာဏက ½ inch q3-4hr & HS; taper as condition responds

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sulfacetamide sodium ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • Sulfacetamide sodium ophthalmic solution 10%, 15%, 30%
  • Sulfacetamide sodium ointment 10%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sulfacetamide sodium ကို သုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသုံးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 28, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 28, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ