Generic Name: Strontium (စထရိုတီရမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Strontium (စထရိုတီရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Strontium  ကို အောက်ပါရောဂါတွေအတွက် အဓိက အသုံးပြုလေ့ရှိပါတယ်။

  • အရိုးကင်ဆာကြောင့် ခံစားရသော အရိုးနာကျင်ခြင်း။
  • သွားကျဉ်ခြင်း။
  • အရိုးပွခြင်း၊အရိုးပါးခြင်း။
  • ဆီးကျိတ်ကင်ဆာ။

Strontium ကို တခြားရောဂါအခြေအနေတွေအတွက်လည်း သုံးနိုင်သေးတာကြောင့် အသေးစိတ်သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။

Strontium (စထရိုတီရမ်) ဘယ်လိုသောက်သုံးသင့်သလဲ

Strontium  ကို ဆေးရည်အဖြစ် သုံးစွဲတဲ့အခါ အစာစားချိန် တချိန်နဲ့တချိန်အကြားမှာ သုံးစွဲရပါမယ် (အစာ၊နို့နဲ့နို့ထွက်ပစ္စည်း၊ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေး စတာတွေကို သုံးစွဲအပြီး နှစ်နာရီလောက်အကြာ ညအိပ်ရာဝင်ချိန်မှာ သောက်ရင် အကောင်းဆုံးပါပဲ)။strontium-89 chloride ကတော့ ဆရာဝန်ညွှန်ကြားချက်ရှိမှ သုံးစွဲရတဲ့ ပုံစံဖြစ်ပြီး အကြောသွင်းဆေးအဖြစ် ဆရာဝန်က အန္တရာယ်ကင်းစွာ သွင်းပေးပါလိမ့်မယ်။ဒီဆေးကို အသုံးပြုပုံနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Strontium (စထရိုတီရမ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Strontium  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ strontium  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ strontium  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Strontium  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Strontium  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Strontium (စထရိုတီရမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Strontium  ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • Strontium ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။

•         အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Strontium (စထရိုတီရမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Strontium ကို သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းအဖြစ် သုံးစွဲမယ်ဆိုရင် ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။Strontium-89 ကိုတော့ ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ မသုံးစွဲသင့်ပါဘူး။ဘာလို့လဲဆိုတော့ Strontium-89 ဟာ ရေဒီယိုသတ္တိကြွပစ္စည်းဖြစ်တဲ့အတွက် သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။ဒါ့အပြင် Strontium-89 ဟာ မိခင်နို့ထဲမှာ ပါလာနိုင်တာကြောင့် နို့တိုက်ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Strontium သောက်ဆေးရည်ကိုတော့ သွေးဆုံးပြီးသား အမျိုးသမီးတွေမှာသာ သုံးစွဲသင့်ပြီး ကိုယ်ဝန်ဆောင်တွေမှာ စိတ်ချရမှုရှိမရှိ မသိရသေးတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ မသုံးစွဲသင့်ပါဘူး။Strontium ဟာ မိခင်နို့ထဲမှာ ပါလာနိုင်တာကြောင့် နို့တိုက်မိခင်တွေမှာ မသုံးစွဲသင့်ပါဘူး။ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Strontium (စထရိုတီရမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Strontium က အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း။
  • မှတ်ဉာဏ်များ ပျောက်ဆုံးခြင်း၊သတိမေ့တတ်ခြင်း။
  • နှင်းခူဖြစ်ခြင်း၊အရေပြားရောင်ရမ်းခြင်း။
  • သွေးကြောများအတွင်း သွေးခဲခြင်း။
  • သတိလစ်မေ့မျောခြင်း။
  • ပြင်းထန်သော ဓာတ်မတည့်ဝေဒနာများ ခံစားရခြင်း။

တကယ်လို့ သင့်အနေနဲ့ အရေပြားမှာ အနီစက်များထွက်ခြင်း၊အရည်ကြည်ဖုထခြင်း၊ဖျားခြင်း၊အကျိတ်များရောင်ခြင်း၊မျက်နှာ၊လျှာ၊လည်ချောင်း စသည်တို့ ရောင်ရမ်းခြင်း၊အသက်ရှုရ၊မြိုချရခက်ခဲခြင်း အစရှိတဲ့ ဝေဒနာတွေကို ခံစားလာရမယ်ဆိုရင် ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Strontium (စထရိုတီရမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Strontium  ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

  • အစာအိမ်အက်ဆစ်ရည်ကို ချေဖျက်ပေးနိုင်သော antacid တွေ (ဥပမာ Tums, Rolaids, Riopan, Amphojel, Maalox, Mylanta)ဟာ ခန္ဓာကိုယ်ကနေ strontium စုပ်ယူမှုကို လျော့ကျစေပါတယ်။
  • ပဋိဇီဝဆေးတွေ (ဥပမာ Quinolone, Tetracycline)နဲ့ strontium တို့ကို အတူတကွ သုံးစွဲတဲ့အခါ strontium ဟာ အစာအိမ်ထဲမှာ quinolones အုပ်စုဝင်ပဋိဇီဝဆေးတွေကို သွားပြီးကပ်တွယ်လိုက်ပါတယ်။အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်ကနေ quinolones စုပ်ယူမှုကို လျော့ကျသွားစေပါတော့တယ်။

မဟော်မုန်း၊ကျားဟော်မုန်းတွေနဲ့ strontium တို့ကို အတူတကွ သုံးစွဲတဲ့အခါ အဆိုပါ ဟော်မုန်းဆေးတွေဟာ ခန္ဓာကိုယ်ကနေ strontium စွန့်ပစ်မှုကို နှေးကွေးစေတဲ့အတွက် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ strontium ပမာဏ အလွန်များပြားလာပြီး ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Strontium (စထရိုတီရမ်) နဲ့ ဓာတ်ပြုနိုင်သလား

Strontium  က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Strontium (စထရိုတီရမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Strontium  ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

  • Paget’s disease လို့ခေါ်တဲ့ အရိုးရောဂါတမျိုး : Paget’s ရောဂါ ခံစားနေရတဲ့ လူနာတွေရဲ့ အရိုးတွေဟာ strontium ကို ပုံမှန်ထက် ပိုမိုစုပ်ယူပါတယ်။ဒီအချက်က ဘယ်လောက်အထိ အရေးပါသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
  • ကျောက်ကပ်ပြဿနာများ : strontium ကို ကျောက်ကပ်က စွန့်ပစ်တာဖြစ်တဲ့အတွက် ကျောက်ကပ်မကောင်းတဲ့သူတွေမှာ strontium ဓာတ်တွေ ခန္ဓာကိုယ်ထဲ စုပုံလာနိုင်ပါတယ်။ဒါကြောင့် သင့်မှာ ကျောက်ကပ်ရောဂါရှိရင် strontium ဖြည့်စွက်ဆေးတွေကို သတိထားပြီး သုံးစွဲရပါမယ်။ကျောက်ကပ်ရောဂါ အရမ်းဆိုးနေရင် strontium ကို မသုံးစွဲသင့်ပါဘူး။
  • သွေးခဲခြင်းဆိုင်ရာ ပြဿနာများ : strontium ဟာ ခန္ဓာကိုယ်တွင်း သွေးခဲဖြစ်ပေါ်မှုကို အနည်းငယ် ပိုများစေပါတယ်။ဒါကြောင့် နဂိုကတည်းက သွေးခဲခြင်းဆိုင်ရာပြဿနာရှိသူတွေမှာ ဒီအချက်က စိုးရိမ်စရာ ဖြစ်လာနိုင်တာမို့ သင့်မှာ အဆိုပါ ပြဿနာတွေရှိနေရင် strontium ကို မသုံးစွဲတာ အကောင်းဆုံးပါပဲ။
  • သွေးတိုးရောဂါရှိခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Strontium (စထရိုတီရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Strontium ဆေးမှုန့်အထုပ် : ဆေးတထုပ်မှာပါတဲ့ ဆေးမှုန့် ၂ ဂရမ်ကို ရေနဲ့ရောပြီး နေ့စဉ်သောက်ရပါမယ်။

Strontium ထိုးဆေး : 1.5 – 2.2 MBq/kg, 40- 60 µCi/kg ပမာဏကို အသုံးပြုလေ့ရှိပါတယ်။

ကလေးတွေအတွက် Strontium (စထရိုတီရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Strontium (စထရိုတီရမ်) ကိုဘယ်လိုရရှိနိုင်သလဲ

strontium  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Strontium ထိုးဆေး။
  • Strontium သွားတိုက်ဆေး။
  • Strontium ဆေးမှုန့်ပါဝင်သော အထုပ်ငယ်လေးများ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Strontium  ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ