Generic Name: Sophtal - Eye Drops (ဆိုဖ်တယ်လ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Sophtal – Eye Drops (ဆိုဖ်တယ်လ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Sophtal® ကို မျက်ခွံရောင်ခြင်း၊မျက်ဖြူသားရောင်ခြင်း၊ဖုံအမှုန်၊မီးခိုး သို့မဟုတ် နေရောင်ကြောင့် မျက်စိထိခိုက်ခြင်း၊ကသိကအောင့်ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေဖို့ အဓိက အသုံးပြုပါတယ်။ကူးစက်ပိုးဝင်တဲ့ အနေအထားတွေမှာတော့ လုံလောက်တဲ့ ပိုးသတ်ဆေးနဲ့ တွဲဖက်အသုံးမပြုဘဲ ဒီဆေးတမျိုးတည်းကို မသုံးသင့်ပါဘူး။Sophtal® ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတွေကို မေးမြန်းရပါမယ်။

Sophtal – Eye Drops (ဆိုဖ်တယ်လ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • သင့်လက်တွေကို သေချာစွာ ဆေးကြောပါ။ပြီးရင် မှန်ရှေ့မှာ ထိုင်ပါ သို့မဟုတ် မတ်တပ်ရပ်ပါ။
  • ဆေးပုလင်းအဖုံးကို ဖွင့်ပါ။
  • ခေါင်းကိုနောက်လှန်ပါ။အောက်မျက်ခမ်းကို အသာအယာ ဆွဲချပါ။
  • မျက်စဉ်းပုလင်းကို မျက်လုံးအပေါ်ယူပါ။အောက်မျက်ခမ်းကို အသာအယာဆွဲချထားလို့ ဖြစ်ပေါ်နေတဲ့ ခပ်ချိုင့်ချိုင့်နေရာလေးထဲကို မျက်စဉ်းတစက် ချပါ။ပိုးကူးစက်ခြင်းမှ ကာကွယ်ဖို့အတွက် မျက်စဉ်းပုလင်းထိပ်နဲ့ သင့်မျက်လုံး၊မျက်တောင်မွှေး ဒါမှမဟုတ် ဘာနဲ့မှ မထိပါစေနဲ့။

မျက်စဉ်းခတ်ပြီးတဲ့အခါ မျက်ခမ်းကို ပြန်လွှတ်လိုက်ပြီး ခေါင်းကို အောက်ငုံ့ကာ တတ်နိုင်သမျှ ကြာကြာမျက်စိမှိတ်ထားပါ(အနည်းဆုံး ၂ – ၃ မိနစ်လောက်ပေါ့)။

  • မျက်ရည်ပြွန်ရှိရာ (မျက်လုံးရဲ့ အတွင်းဖက်ထောင့်) နေရာကို လက်ချောင်းလေးနဲ့ တမိနစ်လောက်ဖိထားရပါမယ်။
  • တကယ်လို့ မျက်စိနှစ်ဖက်လုံးအတွက် ခတ်ဖို့လိုအပ်တယ်ဆိုရင် နောက်တဖက်ကိုလည်း အထက်မှာဖော်ပြထားတဲ့ နည်းလမ်းအဆင့်ဆင့်အတိုင်း ခတ်ပါ။
  • တချိန်တည်းမှာ မျက်စဉ်းနှစ်မျိုးခတ်ရမယ်ဆိုရင် မျက်စဉ်းတမျိုးနဲ့ တမျိုးအကြားမှာ အနည်းဆုံး ငါးမိနစ်လောက်တော့ စောင့်ပြီးမှ ခတ်ရပါမယ်။ဒါမှသာ ပထမမျက်စဉ်းရဲ့ အာနိသင်ကို လျော့မသွားစေမှာ ဖြစ်ပါတယ်။

ဆေးအသုံးပြုပုံနဲ့ ပတ်သက်ပြီး မရှင်းလင်းတာ၊သိရှိလိုတာတွေရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Sophtal – Eye Drops (ဆိုဖ်တယ်လ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Sophtal® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sophtal® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Sophtal® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Sophtal® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Sophtal® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sophtal – Eye Drops (ဆိုဖ်တယ်လ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Sophtal® ကိုမသုံးစွဲခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Sophtal® ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • Sophtal® ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓာတ်မတည့်ခြင်း။

•         အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် (ဥပမာ အသည်းနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ၊အရေပြားကူးစက်ရောဂါများ၊အရေပြားပူစပ်နီရဲနာကျင်ယားယံခြင်းများ၊ဆီးချိုရောဂါ သို့မဟုတ် သွေးလည်ပတ်မှု မကောင်းမွန်ခြင်း စသည်) ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sophtal – Eye Drops (ဆိုဖ်တယ်လ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ခွဲစိတ်မှုမခံယူမီ အချိန် :

ခွဲစိတ်မှုမခံယူခင် အချိန်မှာ သင်လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးအားလုံး (မိမိဖာသာ သုံးစွဲတဲ့ဆေး၊ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲတဲ့ဆေး၊သဘာဝဆေးဖက်ဝင်အပင်များ စသည်)အကြောင်းကို ဆရာဝန်အား ကြိုပြောပါ။

ကိုယ်ဝန်ဆောင်ချိန် :

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ကလေးနို့တိုက်ချိန် :

ယခုဆေးဝါးကို ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sophtal – Eye Drops (ဆိုဖ်တယ်လ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေအပြင် အခြားသော လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုရင် သင့်ဆရာဝန်ထံ ဆက်သွယ်မေးမြန်းပါ။

Sophtal® က အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • အရေပြား နီရဲ၊ယားယံနာကျင်ခြင်း။

ဆေးသုံးစွဲတဲ့နေရာမှာ ပူစပ်ပူလောင်ဖြစ်ခြင်း။

အချို့သော ဘေးထွက်ဆိုးကျိုးတွေက ပြင်းထန်တဲ့အတွက် အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

  • စိတ်ရှုပ်ထွေးခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း။
  • ခေါင်းကိုက်ခြင်း။
  • အသက်ရှုမြန်ခြင်း။
  • နားထဲတွင် အသံများကြားနေရခြင်း။
  • အကြားအာရုံဆုံးရှုံးခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။

ဝမ်းလျှောခြင်း။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Sophtal – Eye Drops (ဆိုဖ်တယ်လ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Sophtal® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အောက်ပါဆေးတွေက Sophtal® နဲ့ ဓာတ်ပြုနိုင်ပါတယ်။

  • သွေးကျဲဆေးများ (ဥပမာ warfarin, heparin)။
  • Methotrexate။
  • အခြားသော အက်စ်ပရင်ဆေးများ၊salicylate ပါဝင်သော ဆေးများ။

ဆီးဆေးများ။

အစားအသောက်တွေနဲ့ အရက်က Sophtal – Eye Drops (ဆိုဖ်တယ်လ်) နဲ့ ဓာတ်ပြုနိုင်သလား

Sophtal® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sophtal – Eye Drops (ဆိုဖ်တယ်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တနေ့ကို နှစ်ကြိမ်မှ လေးကြိမ်အထိ အသုံးပြုနိုင်ပါတယ်။

ကလေးတွေအတွက် Sophtal – Eye Drops (ဆိုဖ်တယ်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Sophtal – Eye Drops (ဆိုဖ်တယ်လ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sophtal® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Sophtal® မျက်စဉ်းဆေး 0.1 % ၁၀ စီစီ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sophtal® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ