Sominex (ဆိုမီနက်စ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Sominex (ဆိုမီနက်စ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Sominex (ဆိုမီနက်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

နှာချေဆတ်ခြင်း၊နှာရည်ယိုခြင်း၊မျက်ရည်ပူများကျခြင်း၊အင်ပြင်ထခြင်း၊အရေပြားအနီစက်များထွက်ခြင်း၊အခြားသောအအေးမိနှာစေး၊ဓါတ်မတည့်ခြင်းဆိုင်ရာ ပြဿနာများကိုကုသဖို့အတွက် Sominex® ကိုအသုံးပြုပါတယ်။ ခရီးသွားစဉ်မူးမော်ခြင်းကိုကုသဖို့၊အိပ်ပျော်စေဖို့နဲ့ပါကင်ဆန်ရောဂါရဲ့အချို့သောလက္ခဏာတွေကိုကုသဖို့လည်းအသုံးပြုနိုင်ပါတယ်။ ဒီအညွှန်းမှာ ဖော်ပြမထားတဲ့အခြားသောရည်ရွက်ချက်တွေအတွက်လည်းသုံးစွဲနိုင်ပါသေးတယ်။

Sominex (ဆိုမီနက်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းမှာဖော်ပြထားတဲ့အတိုင်းဒါမှမဟုတ်ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတာထက်ပိုသောက်ခြင်း၊လျှော့သောက်ခြင်း၊ကာလကြာရှည်ပိုသောက်ခြင်းတွေကိုမပြုလုပ်ရပါဘူး။ အအေးမိနှာစေးပျောက်ဆေးတွေဆိုတာဟာကာလတိုသာသုံးစွဲရမယ့် ဆေးတွေဖြစ်ပြီး ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားပြီဆိုတာနဲ့ရပ်ပစ်ရပါမယ်။ အသက်နှစ်နှစ်အောက်ကလေးတွေမှာဒီဆေးကိုမသုံးစွဲရပါဘူး။ ကလေးတွေအအေးမိ၊နှာစေးတာကြောင့် ဆေးတိုက်တော့မယ်ဆိုရင်ဆရာဝန်ကိုဦးစွာမေးမြန်းပြီးမှတိုက်ရပါမယ်။ အအေးမိနှာစေးပျောက်ဆေး၊ချောင်းဆိုးပျောက်ဆေးတွေကိုအလွန်ငယ်ရွယ်တဲ့ကလေးတွေမှာအမှားမှားအယွင်းယွင်းသုံးစွဲမိရင်အသက်အန္တရာယ်ထိရှိနိုင်ပါတယ်။ ကလေးအိပ်အောင်ဆိုပြီးဒီဆေးကိုမတိုက်သင့်ပါဘူး။ ဆေးရည်ပုံစံကိုအသုံးပြုမယ်ဆိုရင် ဆေးနဲ့အတူပါလာတဲ့ (ဆေးရည်ပမာဏတိုင်းဖို့အထူးစီမံထားတဲ့) အပ်ဒါမှမဟုတ်ခွက်၊ဇွန်းစတာတွေကိုစနစ်တကျအသုံးပြုရပါမယ်။ တကယ်လို့ဒီလိုတိုင်းတာတဲ့ပစ္စည်းကိရိယာတွေသင့်မှာမရှိဘူးဆိုရင် ဆေးဆိုင်ဒါမှမဟုတ်ဆရာဝန်ဆီက တောင်းယူရပါမယ်။

ခရီးတောက်ခြင်းအတွက်သုံးစွဲမယ်ဆိုရင် (ကားအကြာကြီးမစီးခင်၊လေယာဉ်/သင်္ဘောမစီးခင်၊ရိုလာကိုစတာလိုဟာမျိုးမစီးခင်) diphenhydramine ကိုနာရီဝက်လောက်ကြိုတင်ပြီးသုံးစွဲထားရပါမယ်။ အစာစားပြီးချိန်နဲ့အိပ်ယာဝင်ချိန်တွေမှာလည်း diphenhydramine ကိုဆက်လက်သုံးစွဲရပါမယ် (ခရီးသွားရင်းမူးမော်နိုင်မယ့်အနေအထားတွေရှိနေသေးရင်ပေါ့)။ အိပ်ပျော်ဖို့ရည်ရွယ်ချက်နဲ့ဆိုရင်တော့ diphenhydramine ကိုအိပ်ယာမဝင်ခင်နာရီဝက်လောက်မှာကြိုတင်သောက်သုံးရပါမယ်။ ဆေးစတင်သုံးစွဲပြီးခုနှစ်ရက်လောက်ကြာတဲ့အထိ ရောဂါလက္ခဏာတွေမသက်သာသေးရင်ဒါမှမဟုတ် ခေါင်းကိုက်ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊အရေပြားအနီစက်များထွက်လာခြင်းစတဲ့လက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ဆရာဝန်ကိုအသိပေးပါ။ ဒီဆေးဟာအရေပြားဓါတ်မတည့်ခြင်းရှိမရှိဆန်းစစ်တဲ့စစ်ဆေးမှုတွေကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ diphenhydramine သုံးစွဲထားကြောင်းဆရာဝန်ကိုကြိုပြောပါ။

Sominex (ဆိုမီနက်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

Sominex® ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင် နဲ့စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Sominex® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Sominex® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Sominex® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Sominex® ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sominex (ဆိုမီနက်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ဖော်ပြပါအချက်တွေရှိနေရင် ဆေးမသုံးစွဲခင်ဆရာဝန်ကိုကြိုပြောပါ။

  • ကိုယ်ဝန်ရှိခြင်းသို့မဟုတ်မိခင်နို့တိုက်ကျွေးနေခြင်း။ ဘာလို့လဲဆိုတော့ကိုယ်ဝန်ရှိချိန်၊နို့တိုက်ချိန်တွေမှာဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကိုပဲသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
  • အခြားသော ဆေးဝါးတွေသုံးစွဲနေရခြင်း (ဆေးဝါးတွေဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)။
  • Sominex® ရဲ့ပါဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားသော ဆေးဝါးတွေနဲ့ဓါတ်မတည့်ခြင်း။
  • အခြားသောနာမကျန်းမှုများ၊ရောဂါပြဿနာများရှိနေခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။

အောက်ဖော်ပြပါကျန်းမာရေးအခြေအနေတွေရှိနေရင်ဒီဆေးကိုသုံးစွဲသင့်ရဲ့လားဆိုတာကိုသိနိုင်ဖို့ဆရာဝန်ကို မေးမြန်းပါ။ အထူးသဖြင့် :

  • အစာခြေလမ်းကြောင်းပိတ်ဆို့နေခြင်း (အစာအိမ်ဒါမှမဟုတ်အူလမ်းကြောင်းပိတ်ခြင်း)။
  • ဆီးအိမ်ထွက်ပေါက်ပိတ်ခြင်းသို့မဟုတ်အခြားသောဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများခံစားနေရခြင်း။
  • အူဖောက်ထားရခြင်း (colostomy)။
  • အသည်းသို့မဟုတ် ကျောက်ကပ်ရောဂါရှိနေခြင်း။
  • ပန်းနာရင်ကြပ်ရှိခြင်း၊နာတာရှည်အဆုတ်ရောဂါရှိနေခြင်း (COPD) သို့မဟုတ်အသက်ရှုလမ်းကြောင်းဆိုင်ရာအခြားသော ပြဿနာများခံစားနေရခြင်း။
  • ချောင်းဆိုးသလိပ်ပါခြင်း၊ဆေးလိပ်သောက်ခြင်း၊အဆုတ်တွင်း လေအိတ်ငယ်များ သေးကျုံ့ပြီးကပ်ခြင်း (emphysema) သို့မဟုတ်နာတာရှည် လေပြွန်ရောင်ရောဂါကြောင့် ချောင်းဆိုးခြင်း။
  • နှလုံးရောဂါရှိခြင်း၊သွေးပေါင်ကျခြင်း။
  • မျက်စိတိမ်စွဲခြင်း။
  • သိုင်းရွိုက်ဂလင်းဆိုင်ရာ ပြဿနာများရှိခြင်း။

ပိုတက်ဆီယမ်ဖြည့်စွက်ဆေးဝါးများသုံးစွဲနေရခြင်း (Cytra, Epiklor, K-Lyte, K-Phos, Kaon, Klor-Con, Polycitra, Urocit-K) စတဲ့အခြေအနေတွေရှိနေရင်ပေါ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sominex (ဆိုမီနက်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Sominex (ဆိုမီနက်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်ထခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်းစတဲ့ဓါတ်မတည့်ခြင်းဆိုင်ရာလက္ခဏာတွေ ပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုအမြန်ဆုံးခံယူပါ။

အောက်ဖော်ပြပါလက္ခဏာတွေ ပေါ်ပေါက်လာရင် ဆေးသုံးစွဲခြင်းကိုချက်ချင်းရပ်လိုက်ပါ။

ရင်တလှပ်လှပ်တုန်လာခြင်း၊ရင်ခုန်သံများ မြန်လာခြင်း။

ဆီးသွားရခက်ခဲခြင်း၊ဆီးကျဉ်/ဆီးအောင့်ခြင်း။

ဆီးနည်းခြင်း၊ဆီးလုံးဝမသွားခြင်း။

စိတ်ရှုပ်ထွေးခြင်း၊မူးခနဲမိုက်ခနဲ ဖြစ်သွားခြင်း၊မေ့လဲသွားတော့မယောင်ခံစားရခြင်း။

လည်ပင်း/မေးရိုးတလျှောက်တင်းကြပ်နေခြင်း၊လျှာအကြောဆွဲခြင်း။

ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • မူးဝေထိုင်းမှိုင်းခြင်း၊ငိုက်မျဉ်းခြင်း၊ခန္ဓါကိုယ်အစိတ်အပိုင်းများဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိတော့ခြင်း။
  • အာခြောက်ခြင်း၊နှာခေါင်း၊လည်ချောင်းများ ခြောက်သွေ့ခြင်း။
  • ဝမ်းချုပ်ခြင်း၊ဗိုက်အောင့်ဗိုက်နာခြင်း။
  • မျက်စိခြောက်သွေ့ခြင်း၊အမြင်အာရုံများ ဝေဝါးခြင်း။
  • ညဖက်ဆေးသောက်ထားပြီး နောက်တနေ့လုံးငိုက်မျဉ်းနေခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Sominex (ဆိုမီနက်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sominex® ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Sominex (ဆိုမီနက်စ်) နဲ့ ဓါတ်ပြုနိုင်သလား

Sominex® ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sominex (ဆိုမီနက်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Sominex® ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sominex (ဆိုမီနက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Extrapyramidal Reaction (စိတ်ရောဂါကုသရာမှာအသုံးပြုတဲ့ ဆေးတွေကြောင့် ဘေးထွက်လက္ခဏာဆိုးဆိုးဝါးဝါးတွေ ပေါ်ပေါက်လာခြင်း) အတွက်

သောက်ဆေး : ၂၅ – ၅၀မီလီဂရမ်ကိုတနေ့၃ – ၄ကြိမ် သောက်ရပါမယ်။

ထိုးဆေး : ၁၀ – ၅၀မီလီဂရမ်ကိုအသားထိုးဆေး (အသားထိုးဆေးထိုးတဲ့အခါနက်နက်ထိုးရပါမယ်) ဒါမှမဟုတ်အကြောထိုးဆေးအဖြစ်လိုအပ်သလိုအသုံးပြုရပါမယ်။ လိုအပ်လာရင်၁၀၀မီလီဂရမ်ထိ ဆေးပမာဏကိုတိုးမြှင့်နိုင်ပါတယ်။

အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၄၀၀မီလီဂရမ် ဖြစ်ပါတယ်။

အိပ်မပျော်ခြင်းအတွက်

Diphenhydramine Citrate: ၇၆မီလီဂရမ်ပမာဏကို (ညအိပ်ယာဝင်ချိန်မှာ) တနေ့တကြိမ် သောက်သုံးရပါမယ်။

Diphenhydramine Hydrochloride: ၅၀မီလီဂရမ်ပမာဏကို (ညအိပ်ယာဝင်ချိန်မှာ) တနေ့တကြိမ် သောက်သုံးရပါမယ်။

ခရီးသွားရင်းမူးမော်ခြင်းအတွက်

သောက်ဆေး: ၂၅ – ၅၀မီလီဂရမ်ကိုတနေ့လျှင်၃ – ၄ကြိမ်သုံးစွဲနိုင်ပါတယ်။ ပထမဆုံးအကြိမ်ကိုတော့ခရီးမသွားခင်မိနစ်သုံးဆယ်ကြိုပြီး သောက်ရပါမယ်။ ခရီးသွားနေစဉ်တလျှောက်လုံးအစာမစားခင်နဲ့ညမအိပ်ခင်အချိန်တွေမှာတကြိမ်စီ သောက်ပေးရပါမယ်။

ထိုးဆေး : ၁၀ – ၅၀မီလီဂရမ်ကိုအသားထိုးဆေး (အသားထိုးဆေးထိုးတဲ့အခါနက်နက်ထိုးရပါမယ်) ဒါမှမဟုတ်အကြောထိုးဆေးအဖြစ်လိုအပ်သလိုအသုံးပြုရပါမယ်။ လိုအပ်လာရင်၁၀၀မီလီဂရမ်ထိ ဆေးပမာဏကိုတိုးမြှင့်နိုင်ပါတယ်။

အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၄၀၀မီလီဂရမ် ဖြစ်ပါတယ်။

နှာရည်ယိုခြင်းအတွက်

Diphenhydramine Citrate: သောက်ဆေး: ၃၈ – ၇၆မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။

အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၄၅၆မီလီဂရမ် ဖြစ်ပါတယ်။

Diphenhydramine Hydrochloride: သောက်ဆေး: ၂၅ – ၅၀မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။

အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

အအေးမိခြင်းလက္ခဏာများအတွက်

ယားယံခြင်းများအတွက်

အင်ပြင်ထခြင်းအတွက်

ကလေးတွေအတွက် Sominex (ဆိုမီနက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

နှာရည်ယိုခြင်းအတွက် :

ဆရာဝန်ညွှန်ကြားချက်ရှိမှအသုံးပြုသင့်သော ဆေးပုံစံ:

အသက်၁လနဲ့အထက် :

သောက်ဆေး : ၁၂.၅ – ၂၅မီလီဂရမ်ကိုတနေ့လျှင်၃ – ၄ကြိမ်သုံးစွဲရပါမယ်ဒါမှမဟုတ်ကလေးငယ်ရဲ့ကိုယ်အလေးချိန်၁ကီလိုတိုင်းအတွက် ဆေးပမာဏ၅မီလီဂရမ်သုံးစွဲတဲ့ပုံစံဒါမှမဟုတ်ကလေးငယ်ရဲ့ခန္ဓါကိုယ်မျက်နှာပြင်ဧရိယာ၁စတုရန်းမီတာတိုင်းအတွက် ဆေးပမာဏ၁၅၀မီလီဂရမ်သုံးစွဲတဲ့ပုံစံတို့ကိုသုံးစွဲနိုင်ပါတယ်။ အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

ထိုးဆေး : ကလေးငယ်ရဲ့ကိုယ်အလေးချိန်၁ကီလိုတိုင်းအတွက် ဆေးပမာဏ၁.၂၅မီလီဂရမ်ပမာဏကိုအသားထိုးဆေး (အသားထိုးဆေးထိုးတဲ့အခါခပ်နက်နက်ထိုးရပါမယ်)/အကြောဆေးအဖြစ်တနေ့ကို လေးကြိမ်ထိုးပေးရပါမယ်ဒါမှမဟုတ်ကလေးငယ်ရဲ့ခန္ဓါကိုယ်မျက်နှာပြင်ဧရိယာ၁စတုရန်းမီတာတိုင်းအတွက် ဆေးပမာဏ၃၇.၅မီလီဂရမ်ပမာဏကိုအသားထိုးဆေး (အသားထိုးဆေးထိုးတဲ့အခါခပ်နက်နက်ထိုးရပါမယ်)/အကြောဆေးအဖြစ်တနေ့ကို လေးကြိမ်ထိုးပေးရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

ဆရာဝန်ဆေးစာမလိုဘဲမိမိဖာသာဝယ်ယူသုံးစွဲနိုင်သော ဆေးပုံစံ :

Diphenhydramine Citrate:

အသက်၆ – ၁၂နှစ်အထိ : ၁၉ – ၃၈မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၂၂၈မီလီဂရမ် ဖြစ်ပါတယ်။

အသက်၁၂နှစ်နဲ့အထက် : ၃၈ – ၇၆မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၄၅၆မီလီဂရမ် ဖြစ်ပါတယ်။

Diphenhydramine Hydrochloride:

အသက်၂ – ၆နှစ်အထိ : ၆.၂၅မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၃၇.၅မီလီဂရမ် ဖြစ်ပါတယ်။

အသက်၆ – ၁၂နှစ်အထိ : ၁၂.၅ – ၂၅မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၁၅၀မီလီဂရမ် ဖြစ်ပါတယ်။

အသက်၁၂နှစ်နဲ့အထက် : ၂၅ – ၅၀မီလီဂရမ်ကို၄ – ၆နာရီခြားတခါ သောက်ရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ ဆေးပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

အိပ်မပျော်ခြင်းအတွက် :

အသက်၁၂နှစ်နှင့်အထက်:

Diphenhydramine Citrate: ၇၆မီလီဂရမ်ပမာဏကို (ညအိပ်ယာဝင်ချိန်မှာ) တနေ့တကြိမ် သောက်သုံးရပါမယ်။

Diphenhydramine Hydrochloride: ၅၀မီလီဂရမ်ပမာဏကို (ညအိပ်ယာဝင်ချိန်မှာ) တနေ့တကြိမ် သောက်သုံးရပါမယ်။

Extrapyramidal Reaction (စိတ်ရောဂါကုသရာမှာအသုံးပြုတဲ့ ဆေးတွေကြောင့် ဘေးထွက်လက္ခဏာဆိုးဆိုးဝါးဝါးတွေ ပေါ်ပေါက်လာခြင်း) အတွက်

အသက်၁လနဲ့အထက် :

သောက်ဆေး : ၁၂.၅ – ၂၅မီလီဂရမ်ကိုတနေ့လျှင်၃ – ၄ကြိမ်သုံးစွဲရပါမယ်ဒါမှမဟုတ်ကလေးငယ်ရဲ့ကိုယ်အလေးချိန်၁ကီလိုတိုင်းအတွက် ဆေးပမာဏ၅မီလီဂရမ်သုံးစွဲတဲ့ပုံစံဒါမှမဟုတ်ကလေးငယ်ရဲ့ခန္ဓါကိုယ်မျက်နှာပြင်ဧရိယာ၁စတုရန်းမီတာတိုင်းအတွက် ဆေးပမာဏ၁၅၀မီလီဂရမ်သုံးစွဲတဲ့ပုံစံတို့ကိုသုံးစွဲနိုင်ပါတယ်။ အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

ထိုးဆေး : ကလေးငယ်ရဲ့ကိုယ်အလေးချိန်၁ကီလိုတိုင်းအတွက် ဆေးပမာဏ၁.၂၅မီလီဂရမ်ပမာဏကိုအသားထိုးဆေး (အသားထိုးဆေးထိုးတဲ့အခါခပ်နက်နက်ထိုးရပါမယ်)/အကြောဆေးအဖြစ်တနေ့ကို လေးကြိမ်ထိုးပေးရပါမယ်ဒါမှမဟုတ်ကလေးငယ်ရဲ့ခန္ဓါကိုယ်မျက်နှာပြင်ဧရိယာ၁စတုရန်းမီတာတိုင်းအတွက် ဆေးပမာဏ၃၇.၅မီလီဂရမ်ပမာဏကိုအသားထိုးဆေး (အသားထိုးဆေးထိုးတဲ့အခါခပ်နက်နက်ထိုးရပါမယ်)/အကြောဆေးအဖြစ်တနေ့ကို လေးကြိမ်ထိုးပေးရပါမယ်။ အများဆုံးသုံးစွဲနိုင်တဲ့ပမာဏကတော့တနေ့ကို၃၀၀မီလီဂရမ် ဖြစ်ပါတယ်။

ဓါတ်မတည့်ခြင်းဆိုင်ရာလက္ခဏာများအတွက်

Sominex (ဆိုမီနက်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Sominex® (diphenhydramine) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • ထိုးဆေးပုံစံ။
  • သောက်ဆေးပြားပုံစံ။
  • အရည်ပုံစံ။
  • အမှုန့်ပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ့။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Sominex®ကို သောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 11, 2019