Generic Name: Solcoseryl® Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Solcoseryl® ကို ဘာအတွက်အသုံးပြုကြသလဲ

အနာကောင်းစွာမကျက်ခြင်း၊အပူလောင်/မီးလောင်ခြင်း၊ဆီးချိုဝေဒနာရှင်တွေမှာအာရုံကြောဆိုင်ရာ ပြဿနာများပေါ်ပေါက်ခြင်း၊သွေးလည်ပတ်မှုဆိုင်ရာ၊အာဟာရဓာတ်ဆိုင်ရာ ပြဿနာများရှိခြင်း၊အရေပြားအစားထိုးလဲလှယ်ထားခြင်းအပါအဝင်အခြေအနေအမျိုးမျိုးအတွက်Solcoseryl® ဆေးရည်ကိုအများဆုံးအသုံးပြုကြပါတယ်။ပလာစမာအလွှာပါးလေးတွေကို ဖြတ်ပြီးဂလူးကို့စ်ဓာတ်သယ်ဆောင်ခြင်း၊တစ်ရှူးတွေဆီအောက်ဆီဂျင်သယ်ဆောင်ခြင်းစတဲ့လုပ်ငန်းဆောင်တာတွေကိုအားပေးကူညီခြင်းဖြင့်Solcoseryl® ရဲ့အာနိသင်ပြပါတယ်။

Solcoseryl® ဘယ်လိုသောက်သုံးသင့်သလဲ

Solcoseryl® ကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းတိကျစွာလိုက်နာပြီးအရေပြားပေါ်မှာလိမ်းပေးပါ။ဆေးညွှန်းဒါမှမဟုတ်ဆရာဝန်ညွှန်ကြားထားတာထက်ပိုလိမ်းခြင်း၊လျှော့လိမ်းခြင်းဒါမှမဟုတ်အကြိမ်ရေပိုလိမ်းခြင်းမပြုရပါဘူး။

Solcoseryl® ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။

Solcoseryl® ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Solcoseryl® ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Solcoseryl® ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Solcoseryl® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Solcoseryl® ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Solcoseryl® အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ဖော်ပြပါအချက်တွေရှိနေရင်ဆေးမသုံးစွဲခင်ဆရာဝန်ကိုကြိုပြောပါ။

  • ကိုယ်ဝန်ရှိခြင်းသို့မဟုတ်မိခင်နို့တိုက်ကျွေးနေခြင်း။ဘာလို့လဲဆိုတော့ကိုယ်ဝန်ရှိချိန်၊နို့တိုက်ချိန်တွေမှာဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
  • အခြားသောဆေးဝါးတွေသုံးစွဲနေရခြင်း (ဆေးဝါးတွေဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)။
  • Solcoseryl® ရဲ့ပါဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားသောဆေးဝါးတွေနဲ့ဓာတ်မတည့်ခြင်း။

•        အခြားသောနာမကျန်းမှုများ၊ရောဂါပြဿနာများရှိနေခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Solcoseryl® ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Solcoseryl® ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးတွေကတော့

  • ခေါင်းကိုက်ခြင်း။
  • အမြင်အာရုံထိခိုက်ခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။

 

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Solcoseryl® နဲ့ ဓာတ်ပြုနိုင်သလဲ

Solcoseryl® ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Solcoseryl® နဲ့ ဓာတ်ပြုနိုင်သလား

Solcoseryl® ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။မလိုလားအပ်တဲ့ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Solcoseryl® နဲ့ ဓာတ်ပြုနိုင်သလဲ

Solcoseryl® ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Solcoseryl® ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တနေ့တကြိမ်လိမ်းပါ။

ကလေးတွေအတွက် Solcoseryl® ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့လိုအပ်ပါလိမ့်မယ်။အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ။

Solcoseryl® ကိုဘယ်လိုရရှိနိုင်သလဲ

Solcoseryl® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

  • ဆေးရည်ပုံစံ၅%။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Solcoseryl® ကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 2, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ