Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nitroprussid Sodium ကိုများသောအားဖြင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် သွေးတိုးရောဂါများကို ကုသရာတွင် အသုံးပြုကြပါသည်။ ထို့ပြင် ခွဲစိတ်ကုသမှုများပြူလုပ်ရာတွင် သွေးပေါင်ကို အနိမ့်အနေအထားတွင် ထားရန် အသုံးပြုပါသည်။

Nitroprussid Sodium ကို ဖော်ပြပါများအပြင် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်သလို အသုံးပြုနိုင်ပါသည်။

 

 

 

Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ဘယ်လိုသောက်သုံးသင့်သလဲ

Nitroprussid Sodium ကို ဆေးရုံဆေးခန်းများတွင် သွေးပြန်ကြောထဲသို့ ဆေးထိုးစက်နှင့် ထိုးသွင်းခြင်းဖြစ်သည်။ ယင်းကို သင့်ခန္ဓာကိုယ်ထဲတွင် လုံလောက်သော Nitroprussid Sodium ဓာတ်များရရှိချိန်အထိ သွင်းရန်လိုအပ်ပါသည်။

ထိုသို့ဆေးသွင်းနေချိန် သင့်အသက်ရှုပုံ၊သွေးပေါင်ချိန်နှင့် သွေးထဲရှိအောက်ဆီဂျင်ဓာတ်များကို စောင့်ကြည့်နေရန်လိုအပ်ပြီး

ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းများကို ပြုလုပ်ရန်လည်း လိုအပ်ပါသည်။

Nitroprussid Sodium နှင့် ကုသရန် အရေးပေါ်အခြေအနေများတွင် ကိုယ်ဝန်ရှိနေခြင်း၊ နို့တိုက်နေခြင်းများ၇ှိပါက ဆရာဝန်အားကြိုပြောရန်လိုအပ်ပါသည်။ ထို့ပြင် ထိုဆေးကို အသုံးပြုဖူးပါကလည်း သင့်ဆရာဝန်အားအသိပေးပါ။

Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Nitroprussid Sodium

ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်ထားပြီး အခန်းအပူချိန် 20ံC မှ 25ံC (68ံF မှ 77ံF) အတွင်းသိမ်းဆည်းပါ။

ထို့နောက် Nitroprussid Sodiumဆေးကို အကြောဆေးရည်များဖြစ်သော D5W/ RL/ NS များတွင်ထည့်ဖျော်ပြီး အခန်းအပူချိန်  25ံC တွင်ထားနိုင်ပြီး 4ံC ရှိသော ရေခဲသေတ္တာထဲတွင် ၂၄ နာရီကြာအောင်ထားနိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

Nitroprussid Sodium တွင်ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်လျှင်သို့မဟုတ် မွေးရာပါ အမြင်အာရုံချို့ယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဦးနှောက်ထဲတွင် သွေးခဲပိတ်ခြင်းများကြောင့် မျက်စိအမြင်အာရုံထိခိုက်ခြင်းများ၇ှိပါက Nitroprussid Sodium ကို အသုံးမပြုသင့်ပါ။

အထူးသဖြင့် သင့်မှာ သွေးတိုးရောဂါ ၊ကျောက်ကပ်ရောဂါ ၊အသည်းရောဂါ ၊သွေးအားနည်းရောဂါ၊ ၀က်ရူးပြန်ခြင်း ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်အကြိတ်ဖြစ်ခြင်းများရှိလျှင် ဆေးမသုံးမီတွင် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါသည်။

ထို့ပြင်အောက်ပါ ပြင်းထန်ဆိုးကျိုးများခံစားရပါက ဆရာဝန်သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။

  • လှဲအိပ်နေစဉ်တွင် သတိမေ့သလိုဖြစ်သွားခြင်း
  • အသက်ငင်ခြင်း။ အသက်ရှုကျပ်ခြင်း၊ အသက်ရှုမြန်နေခြင်း
  • စိတ်အာရုံ ရှုပ်ထွေးခြင်း၊ နားထဲတွင် ဆူညံသံများကြားခြင်း
  • မူးစေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ တက်ခြင်း
  • နှလုံးခုန် မမှန်ခြင်း
  • ခြေထောက် လက်တောက်များ အေးစက်လာခြင်း၊ ထုံလာခြင်း
  • ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ အကြောဆွဲခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်   C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

Nitroprussid Sodium သည်မိခင်နို့ရည်ထဲတွင်ပါဝင်မှုရှိမရှိနှင့် ကလေးအတွက် အန္တရာယ်ရှိမရှိ မသိရသေးသောကြောင့် သင်သည်နို့တိုက်မိခင်ဖြစ်ပါက Nitroprussid Sodium ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ရပါ။

Nitroprussid Sodium နှင့် ကုသရန် အရေးပေါ်အခြေအနေများတွင် ကိုယ်ဝန်ရှိနေခြင်း၊ နို့တိုက်နေခြင်းများ၇ှိပါက ဆရာဝန်အားကြိုပြောရန်လိုအပ်ပါသည်။ ထို့ပြင် ထိုဆေးကို အသုံးပြုဖူးပါကလည်း သင့်ဆရာဝန်အားအသိပေးပါ။

ဘေးထွက်ဆိုးကျိုးများ

Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

ထို့ပြင်အောက်ပါ ပြင်းထန်ဆိုးကျိုးများခံစားရပါက ဆရာဝန်သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။

  • လှဲအိပ်နေစဉ်တွင် သတိမေ့သလိုဖြစ်သွားခြင်း
  • အသက်ငင်ခြင်း။ အသက်ရှုကျပ်ခြင်း၊ အသက်ရှုမြန်နေခြင်း
  • စိတ်အာရုံ ရှုပ်ထွေးခြင်း၊ နားထဲတွင် ဆူညံသံများကြားခြင်း
  • မူးစေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ တက်ခြင်း
  • နှလုံးခုန် မမှန်ခြင်း
  • ခြေထောက် လက်တောက်များ အေးစက်လာခြင်း၊ ထုံလာခြင်း
  • ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ အကြောဆွဲခြင်း

မပြင်းထန်သော လက္ခဏာများမှာ

  • အရေပြား နီရဲလာခြင်း
  • အစာအိမ် အနည်းငယ်အောင့်ခြင်း၊ ပျို့ခြင်း
  • အရေပြားတွင် ပူစပ်ပူလောင်ဖြစ်ပြီး နီရဲလာခြင်း
  • အရေပြားတွင် မြင်နေရသော သွေးပြန်ကြောများစိမ်းနေရာမှ မဲနက်လာခြင်း
  • အကြောဆေးသွင်းထားသော သွေးကြောတ၀ိုက်တွင် နီရဲလာခြင်းတို့ဖြစ်ပါသည်။

အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Nitroprussid Sodium

ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) နဲ့ ဓာတ်ပြုနိုင်သလား

Nitroprussid Sodium က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Nitroprussid Sodium

ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်မှာ

  • သွေးတိုးရောဂါ
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • သွေးအားနည်းရောဂါ
  • ၀က်ရူးပြန်ခြင်း
  • ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်အကြိတ်ဖြစ်ခြင်းများရှိလျှင် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သွေးတိုးနေသော လူကြီးများအတွက် အရေးပေါ်သုံးရမည့် ပမာဏမှာ

ပထမအဆင့် အနေဖြင့်

အကြောထိုးဆေးကို အဆက်မပြတ်သွင်းရမည့် ပမာဏ မှာ 0.3 mcg/kg/min IBW ဖြစ်ပြီး

ထို့နောက်  အများဆုံး10 mcg/kg/min IBW အသုံးပြုနိုင်ပါသည်။

  • နှလုံးအလုပ်မလုပ်နိုင်သော လူကြီးများအတွက် သုံးရမည့် ပမာဏမှာ

ပထမအဆင့် အနေဖြင့်

အကြောထိုးဆေးကို အဆက်မပြတ်သွင်းရမည့် ပမာဏ 10 to 15 mcg/min ဖြစ်ပြီး10 to 200 mcg/min

အထိလျှော့နိုင်ပါသည်။

ထို့နောက်  အများဆုံး 280 mcg/min (4 mcg/kg/min).

အသုံးပြုနိုင်ပါသည်။

ကလေးတွေအတွက် Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်များအတွက် Nitroprussid Sodium

နှင့် ပတ်သက်ပြီး တိကျစိတ်ချရသောဆေးပမာဏများကို ဖော်ပြထားခြင်းမရှိသည့်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှသာ Nitroprussid Sodiumကို အသုံးပြု သင့်ပါသည်။

Sodium Nitroprusside (နိုက်ထရိုပရပ်စဒ် ဆိုဒီယမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Nitroprussid Sodium ထိုးဆေးတစ်ဘူးလျှင်  2ml (25mg/ 2ml) နှင့်  ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nitroprussid Sodium

ကို လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးထိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 25, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 25, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ